ဒေဝါလီပွဲတော်ည
ပြီးခဲ့တဲ့ တစ်ပတ် နိုုဝင်ဘာ ၁၃ရက်နေ့က ဟိန္ဒူဘာသာဝင်တွေရဲ့ ဒေဝါလီပွဲ (Diwali) မှာရိုုက်ထားတဲ့ ဓာတ်ပုုံတချို့ ပါ။ မြန်မာ သီတင်းကျွတ် နဲ့ခပ်ဆင်ဆင် မီးထွန်းပွဲတော်ပေ့ါ။ အိမ်တွေမှာလည်း မီးထွန်းကြတယ်။ ဒီထက်ပိုုပြီးတော့တော့ဒေဝါလီပွဲ အကြောင်း ဂူဂယ်လုုပ်ထားသလောက်ပဲသိတာမိုု့ ပိုုသိတဲ့သူများ ရှင်းပြပေးကြပါ။ မြန်မာစကားက အလုုပ်အကိုုင်အရှုုံးတွေပေါ်လို့ပိတ်ရရင် ဒေဝါလီခံတယ် ဆိုုတာနဲ့ ဆိုုင်မဆိုုင်တော့ မသိဘူး။ ဘယ်ကနေဘယ်လိုု ဒေဝါလီခံတယ် ဆိုုတဲ့ စကားဖြစ်လာလဲဆိုုတာတော့ သိချင်သား။
လာတဲ့လူတွေကိုု ဧည့်ခံကျွေးမွေးတဲ့ စမူဆာ စားကြပါ။ သောက်စရာအချိုရည်ကတော့ မန်ကျီးရည်ကိုု ငရုုပ်သီးရော ၊ မဆလာရော၊ တခြားပူစပ်စပ် အမှုန့်တွေရော ခပ်ထားတယ် ထင်ရတဲ့ အရည်။ နာမည်မေ့သွားပြီ။ ငယ်ငယ်က အဖေ့ကုုလားသူငယ်ချင်းက နှစ်တိုုင်း အိမ်ကိုုပိုု့ပေးနေကျ စမိုုင်တော့ မပါဘူး။ အဲ .. စမိုုင်က ဟိန္ဒူစာရောဟုုတ်ရဲ့လားမသိဘူး၊ ဒေဝါလီလား၊ အစ်လား၊ တခြားပွဲလားတော့ မသိတော့ဘူး။ စားလိုု့ကောင်းတာပဲမှတ်မိတယ်။ ဘာမှသိပ်မသိပါဘူးလိုု့ ကြိူပြောထားပါတယ်နော်။
ဆီမီးခွက်အိုုးဖုုတ် ရှားတော့ တခါသုုံးသောက်ရေခွက်လေးတွေနဲ့ မီးထည့်ထွန်းရတယ်။
Rangoli လိုု့ခေါ်တဲ့ သဲရောင်စုုံတွေနဲ့ ပန်းချီပုုံဖော်ကြတယ်။
လက်မှာ ဟန်နာတက်တူးတွေ (ဆေးမှင်ကြောင်) ရေးပေးကြတယ်။ ဒီဟန်နာတက်တူးတွေက တော့ အိန္ဒိယပွဲတော်တော်များများမှာ လုုပ်ပေးကြတယ်ထင်တယ်။ မင်္ဂလာဆောင်တိုု့ ဘာတိုု့မှာရောပေါ့။ ဒီဆေးမှန်ကြောင်က တစ်ပတ်လောက်ပဲခံပြီး တဖြေးဖြေး အရောင်မှိန်ရင်းနဲ့ ပျောက်သွားတော့ ခဏအပျော်ဆိုု ကောင်းမှကောင်း။
အခုုလက်ပေါ်မှာမြင်ရတဲ့ မှင်လိုုမျိုးဆေးက နာရီ နည်းနည်းကြာရင် ခြောက်ပြီး ကွာကျသွားတဲ့ အခါ အောက်မှာ အညိုရောင် ဆေးမင်ကြောင်ပုုံစံကျန်ခဲ့ရော။ အဲဒီ အသားပေါ်မှာထင်ကျန်ခဲ့တဲ့ အရာကမှ တစ်ပတ် နှစ်ပတ်လောက်ခံတာ။
ဒီကောင်မလေးက မီးပန်းဆော့မလိုု့ ပြင်နေတာ။ အမွှေးတိုုင်နဲ့ ကန်တော့နေတာ မဟုုတ်ဘူးနော်။
အိန္ဒိယလူမျိုးတွေက အကအရမ်းဝါသနာပါတယ်။ ပွဲမပိတ်ခင် ဘောလိဝုု အကနဲ့ လူကြီးရော လူငယ်ရော ကလေးတွေရော မရှက်မကြောက်ဝင်ကကြရော။ ငယ်ငယ်က ကုုလားကားတွေကြည့်ရင် ကလွန်းလိုု့ ရုုပ်ရှင်ထဲမှာပဲထင်တာ။ အက ကသူတိုု့ culture ရဲ့ တစိတ်တပိုုင်းပဲ။ အခုုတော့ သူတိုု့ကြည့်ရတာနဲ့တင် တော်တော်ပျော်စရာကောင်းတယ်။ နိုုက်ကလပ်တွေကလိုု စက်စီဒန့်စ် မဟုုတ်ဘဲ အဖွဲ့လိုုက် တော်တော်ခုုန်ပေါက် လှုပ်ရှားရတယ်။ ကတဲ့ အနုုပညာနဲ့ ဝေးလွန်းလိုု့ ငယ်ငယ်ကမှုန်ရွှေရည် အကသင်ပေးတဲ့ ဆရာမလှလှတောင် လက်မြှောက်သွားရတဲ့ကျမက ဘောလိဝုုအကသင်တန်းလေးများ သွားတက်ရင်ကောင်းမလားတောင်စိတ်ကူးမိတယ်။ ဗျိုင်းကပုုံပဲပေါက်ပေါက် ပျော်စရာကောင်းလိုု့။
မှတ်ချက်။ ဒ့ါပုုံ ဆရာသမားများဝေဖန်ပေးကြပါရှင့်။
16 comments
ခိုင်ဇာ
November 20, 2012 at 2:21 pm
ဓာတ်ပုံတွေက လှတယ်။
အင်္ဂလိပ်လို ရေးတော့ Deepavali တဲ့။ မြန်မာလို ဘယ်လို ဒေဝါလီသွားလည်း မသိ။
အသားမနာရင်တော့ အဲ့ တက်တူးလေးတွေ စိတ်ဝင်စားသား။ 🙂
သကြားလုုံးကြော်
November 21, 2012 at 2:05 am
အသားမနာဘူး။ အကြာကြီးလဲမခံတော့ ရိုုးပြီးပျင်းသွားတဲ့ အချိန်လောက်ကျ ပျက်သွားတော့ အတော်ပဲ။ အိန္ဒိယ လူမျိုးတွေတင်မက တခြားလူတွေလည်း ဟန်နာတက်တူး ရေးပေးတာ လမ်းပေါ်မှာတွေ့ဖူးတယ်။ မခိုုင်ဇာတိုု့ရဲ့ စဉ်းကမ်းကြီးကြီး ဖင်ခေါင်းကျယ်ကျယ် ခြင်ကျားပူမှာတော့ လမ်းပေါ်မှာဟန်နာတက်တူး သမားတွေ မရှိလောက်ဘူးထင်တယ်။ 😀
အဲဒီဆေးတွေတော့ ရေးဖိုု့အဆင်သင့် ကတော့ဗူးလေးတွေနဲ့ ကုုလားဆိုုင်တွေမှာရောင်းတာတွေ့ဖူးတယ်။ ကိုုယ့်ဖာသာကိုုယ်ဆွဲချင်ရင်ပေါ့။
ခိုင်ဇာ
November 21, 2012 at 5:34 am
အင်း။ ဟုတ်တယ်။ ဒီမှာ တော့အဲဒါမျိုးတွေ့ဖူးဘူး။ ကယ်ရီကေးချားသမားလည်း မတွေ့ဖူးဘူး။ ဆေးဘူးတွေရှိတယ်။ မလုပ်တတ်တော့ မထူးပေါင်။ အသား စတစ်ကာမျိုးတော့ ဟိုတလောက တွေ့လို့ ဝယ်ထားလိုက်တယ်။
ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှားက ကမ်းခြေတွေမှာ အဲလိုရေးတာတွေရှိတယ်၊
ဒါနဲ့ ညီမ ချိုချဉ်ကြော်က ဘယ်မှာတုန်းလို့ မေးဖို့မေ့သွားတယ်။ (သကြားလုံးနဲ့ ချိုချဉ် အတူတူပင်ဖြစ်၏) :harr:
သကြားလုုံးကြော်
November 23, 2012 at 3:43 am
မမခိုုင်ဂျာနော် … တူညားနာမယ်လှလှလေး ပျက်တွားဦးမယ်။ ရဘူး ရဘူး။ သကြားလုုံးမှ သကြားလုုံး။ ဟီး ဟီး။
နေရာကတော့ အောက်မှာ သူဂျီး ဘီဒိုုလေသံနဲ့ မေးထားလိုု့ ဖြေထားတယ်။
Thu Wai
November 20, 2012 at 2:27 pm
မြန်မာတွေရဲ့ သီတင်းကျွန်မီးထွန်းပွဲလိုပါပဲ ဘုရားကိုပူဇော်တာပေါ့ ။
တစ်ခုရှိတာက တော့ မြန်မာဘုရားက တစ်ဆူတည်း ။
ဟိန္ဒူတွေကတော့ နတ်ဘုရားတွေများတယ် ဗုဒ္ဓဘုရားလဲပါတာပေါ့နော် ။
ထေရဝါဒမှာက ဗုဒ္ဓဘုရား နတ်ပြည်ကနေဝါဆိုပြီးဆင်းလာတာကိုပူဇော်တာ ။
ဟိန္ဒူတွေကျတော့ နတ်ဘုရားတွေများလို့ထင်တယ် စုံအောင်စောင့်လိုက်ရတာ သီတင်းကျွတ်ပြီးနည်းနည်းကြာမှ နတ်ဘုရားတွေအကုန်စုံသွားလို့ ပူဇော်တာထင်တယ်။
ထင်တာကိုပြောတာ ဟီး….ဟီး
ဘာပဲပြောပြော သူများအသက်မသတ်ပဲ ဆီမီးပူဇော်ပြီး ပျော်ပွဲရွှင်ပွဲသက်သက်လုပ်တဲ့ ဘာသာချင်းတူလို့အားပေးတယ်။
သကြားလုုံးကြော်
November 21, 2012 at 1:37 am
ဂလိုုလား။ ဝင်ရှင်းပြတာကျေးဇူးပါ ။
ကိုုသူဝေပြာမှပဲ နတ်ဘုုရားတွေလည်း အိန္ဒိယ စံတော်ချိန်နဲ့ ကြွကြတဲ့ပုုံ
pooch
November 20, 2012 at 3:09 pm
စမိုင်က ဒီဖက်မှာတော့ ဆယ်မယ်လို့လည်း ခေါ်တတ်ကြတယ်။ ဆယ်မျိုးပြည့်အောင် ထည့်ချက်လို့တဲ့ ။ နောက်ပိုင်း ခေါ်ရင်း စမိုင်ဖြစ်သွားတာ။ ကျမလည်း စမိုင်လို့ပဲ ခေါ်တတ်တယ်။ စားရတာ ဆိမ့်လို့ ကြိုက်တယ်။ ဟိန္ဒူစာမဟုတ်ဖူးလေ။ သိတယ်ဟုတ်။
ဟုတ်ပါ့ ညီမပြောတဲ့ လူမွဲစာရင်းခံလို့ ဖြစ်တဲ့ ဒေဝါလီတော့ ကျမလည်း သိချင်သား ။ သိသူများ ပြောပေးကြပါ။
နောက်ပြီး အဲ့ဒီက မီးခွက်နဲ့ မီးထွန်းပုံလေးကို သဘောကျတယ်။ ဒီမှာလည်း ဒီလိုခွက်လေးတွေ နဲ့ ထွန်းကြရင်ကောင်းမယ် ။ အန္တရယ်လည်း ကင်းတယ် လေတိုက်လည်း မငြိမ်းတော့ဘူး။ လျှပ်စစ်မီး ဘယ်လောက်လှလှ ဖယောင်းမီးကလည်း ထွန်းရတာ ပိုပြီး လှပြီး စိတ်ဝင်စားစရာကောင်းတယ်။ မဟုတ်ရင် ဖယောင်းတိုင် အကုန်ထွန်းရတဲ့ ညဆို မငြိမ်းမချင်း ထိုင်စောင့်နေရတာ တအိမ်လုံးပတ်ပြီး ။ မီး လောင်မှာကြောက်လို့ ။
လက်မှာ ဆေးခြယ်တာကို သဘောကျတယ် ။ ဒန်းဆေးနဲ့ပဲ ခြယ်ကြတာပါ။ အသိတွေ တွေ့မိသလောက်။ တခါလောက်တော့ ခြယ်ပြီး ဓာတ်ပုံရိုက်ကြည့်ချင်တယ်။
သကြားလုုံးကြော်
November 21, 2012 at 2:10 am
ဟုုတ်တယ် အမရေ၊ ဖယောင်းတုိုင်မီးကမှလှတာ။ ဟိုုတလောက တရုုတ်လမုုန့်ပွဲမှာ ဝေပေးတုုန်းကရလိုုက်တဲ့ စက္ကူမီးပုုံးလေးသေးသေးတွေထဲမှ ဘက်ထရီနဲ့ မှန်ရီရီ လျှပ်စစ်မီးလုုံးလေးတွေပါတယ်။ မီးပုုံးအပြင်ကကြည့်တော့ တူသလိုုလိုုပေမဲ့ ဖယောင်းတိုုင်မီးလိုုလှုပ်လှုပ်ရှားရှားမဟုုတ်ဘဲ မီးသေကြီး။
စမိုုင်ဆိုုတာရှင်းပြသွားတာကျေးဇူးပါ။ သုူ့နာမည်နဲ့သူဟုုတ်သားပဲ။
မဟာရာဇာ အံစာတုံး
November 20, 2012 at 3:19 pm
ဒေဝါလီ ပွဲတော် ဖြစ်တည်လာပုံက ..
ဒီလိုပါ … ဟိုလိုပါ …
ဒေဝါလီနဲ့ ဒေဝါလီ ဆက်စပ်မှု ရှိ၊ မရှိဆိုတဲ့ ကိစ္စကလည်း ..
ဒီလိုပါ .. ဟိုလိုပါ ….
ကျုပ် မျက်လုံးထဲမတော့ ..
စမူဆာကြီးတွေပဲ မြင်မြင်လာတယ် …
စားဂျင်ဒယ် .. ဂျလွတ် .. ရှလွတ် …
သကြားလုုံးကြော်
November 21, 2012 at 2:12 am
စားပါစားပါ ဝအောင်စားပါ။ ဝင်အားပေးသွားလိုု့ ကျေးဇူးပါနော်
မောင်ပေ
November 20, 2012 at 7:52 pm
မန်းတလေးမြို ့က အသိဟိန္ဒူတွေကတော့ “ ဒေ့ဗ်ပါလီ ” ပွဲလို ့ ခေါ်ကြ သုံးကြတယ်
ကျုပ်ငယ်ငယ်တုန်းကတော့ (၁၉၉၅လောက်အထိ) မန်းတလေးမြို ့၂ရလမ်း တစ်လျှောက် ၊ ၈၄လမ်းမှသည် ၇၉လမ်းအထိ ၊ ဒီပွဲရောက်တိုင်း ၃ ရက်လောက် စတိတ်ရှိုး တွေ ၊ ရဟတ်တွေ ၊ ၁၂ရာသီမုန် ့ဈေးသည်တွေ နဲ ့ စည်စည်ကားကားနဲ ့ပျော်စရာကြီးပေါ့ ။ ပိတ်ကားထောင်ပြီး ပရိုဂျက်တာလို စက်မျိုးနဲ ့(ဘာစက်လို ့ခေါ်လဲ မသိ) ဘောလီးဝုဒ်ကားတွေ တစ်ညလုံး ပြတယ် ။ အခုနောက်ပိုင်းတော့ အချိုမုန် ့ဆိုင် အနဲငယ်နဲ ့၊ ဗမာမုန် ့သည် အနဲငယ်လောက်ပဲ တွေ ့ရပါတော့တယ် ။
စနေနေ ့ညတိုင်း ဟိန္ဒူဘုရားကျောင်းတွေမှာ ဘုရားပူဇော်ကြတာကို တစ်ရက် ညလုံးပေါက် သွားလေ့လာဖူးတယ် ၊ သီချင်းတွေတီးပြီး ပူဇော်ကြတာဗျ
သကြားလုံးကြော် ရဲ ့ပုံတွေအားလုံးကတော့ ရှယ်ဖြစ်ပါကြောင်း
အဲဒါ…အဲဒါ
သကြားလုုံးကြော်
November 21, 2012 at 2:24 am
ဦးဦးပေ ပြောမှ ကုုလားကားကြည့်ပြီး ဘောလီးဝုုအက ခုုန်ပေါက်ရရင်ကောင်းမလား စဉ်းစားမိတယ်။
အသိကုလားတစ်ယောက် ကိုု သူ့သုုငယ်ချင်းကမှာတယ် ”ကျမကြည့်ဖူးတဲ့ ကုုလားကားကအချစ်ဇတ်လမ်းလေးကြိုက်လိုု့ ရှင်အိန္ဒိယကပြန်လာရင် အဲဒီအခွေလေးရှာဝယ်လာပေးပါ” လိုု့မှာလိုုက်တယ်တဲ့။ အဲဒီလူပြန်လာတော့ အခွေတော့ပါလာတယ်၊ မှာလိုုက်တဲ့ အခွေမဟုုတ်ဘူးတဲ့။ သူ့သူငယ်ချင်းကိုုပြောလိုုက်တယ် ”ကြည့်ကြည့်ပါဦး။ မှာလိုုက်တဲ့အခွေ မဟုုတ်လည်း ကိစ္စမရှိဘူး၊ ဇတ်လမ်းတွေက အကုုန်တူတူချည်းပဲ” တဲ့။
အိန္ဒိယက ကုုလားကိုုယ်တိုုင်ပြောတာနော်။ လူမျိုးခွဲတယ် လာမပြောနဲ့ဦး။ ဟွန်း 🙂
ဓာတ်ပုုံတွေကြည့်ပြီး ဝင်အားပေးသွားလိုု့ကျေးဇူးပါရှင့်
kai
November 21, 2012 at 4:03 am
ဘယ်နေရာဘယ်ဒေသလည်းရေးပါဦး..
နိုဝင်ဘာမှာ ဒီလောက်အနွေးထည်တွေနဲ့.. အေးတော့အေးတဲ့ မြောက်ပိုင်းဒေသပဲ..လောက်သိကြတာ..။
ဆိုတော့…
အမှောင်ထဲဒီလိုရိုက်နိုင်ပုံထောက်တော့… အချဉ်တော့မပေါက်လောက်သေးဘူး..
(ဘယ်ပေါက်မလဲ.. အချို(သကြားလုံး)ကြော်ထားသကိုး.. :kwi: )
ကျုပ်တော့.. ပြီးခဲ့တဲ့သီတင်းကျွတ်မှာ အယ်လ်အေဘုန်းကြီးကျောင်းက ဆီမီးတထောင်ပန်းတထောင်ပွဲ.. ကင်မရာလက်စွမ်းပြလိုက်တာ.. ဖြူလိုက်..မဲလိုက်နဲ့..
စာရင်းချုပ်တော့.. တပုံမှ မရလိုက်.. :buu:
သကြားလုုံးကြော်
November 23, 2012 at 3:39 am
နေရာဒေသကတော့ (ဘုုန်းကြီးကျောင်းပွဲ ဖိတ်စာတွေထဲမှာလိုု) အမေရိကန်ပြည်ထောင်စုု၊ ကာလီဖိုုးနီးယားပြည်နယ် (မြောက်ပိုုင်း)၊ ကုုလားများပေါသောမြို့။
Inz@ghi
November 21, 2012 at 4:57 am
Shallow DoF ပုံတွေပဲ. ဗယာကြော်ပါဗျာ.
ဝတ်စုံပြည့်နဲ့ကောင်မလေးပုံ တပုံပဲ ghosting ဖြစ်နေတာ တွေ့တာပဲဗျို့
ကျန်တဲ့ပုံတွေ အားလုံး နှစ်သက်ပါကြောင်းးး
တော်သေးပြီ
aanyar thar
November 21, 2012 at 4:50 pm
ဟာရေး အစ်တိုရီ..ပါ ..သကြားလုံးလေး