ဒီခေတ်ကြီးမှာ မိဘစပ်ပေးလိုု့ယူရတာ အတော်နည်းနေပါပြီ။ မိဘတွေကလည်း ကိုုယ်ရှာပေးလိုုက်တဲ့ အိမ်ထောင်ဖက်က မကောင်းရင် ကိုုယ့်ဘာသာကိုုယ် ယူကြုံးမရဖြစ်မှာ စိုုးလိုု့ မရှာပေးချင်ကြတော့ပါဘူး။ အချိန်တန်အရွယ်ရောက်တဲ့ လူငယ်တွေကြိုက်တာရွေးထားတာ သင့်တော်တယ်ဆိုုရင် ရုုပ်ရှင်ထဲကလိုု အတင်းဆွဲမခွဲတော့ဘူး။ အလုုပ်ထွက်လုုပ်တဲ့ မိန်းကလေးတွေ များလာတဲ့ ဒီခေတ်မှာ လူငယ်တွေကိုုယ်တိုုင်ကလည်း အိမ်မှာထိုုင်ပြီးမိဘရှာပေးမှာစောင့်မနေစရာမလိုုဘဲ သူ့ဘာသာ အလုုပ်မှာကျောင်းမှာ ချိတ်မိစပ်မိနဲ့ ရှာတွေ့သွားကြပါတယ်။ ဒီလိုုနဲ့ မိဘပေးစားလိုု့ယူရတယ်ဆိုုတာ ကျမအဖေအမေတိုု့ခေတ်ကနဲ့စာရင် အတော်နည်းလာပါပြီ။ ခက်တာက ကိုုယ်တိုုင်မရှာ ချင်တဲ့ လူငယ်တွေကျမှပဲ မိဘက မီးထိုုးရတော့တယ်။ ကျောင်းမှာတုုန်းကလည်းမရှာ၊ အလုုပ်မှာလည်းမရှာ၊ မတွေ့ရင်လည်းမယူ၊ မိဘရှာပေးရင်တော့ ယူမယ်ဆိုုတာမျိုးပေါ့။ ကိုုယ်တိုုင်ရှာရတဲ့ risk ကလည်းနည်းတာမှမဟုုတ်တာ။ ကိုုယ်တိုုင်စိတ်ကြိုက် ကောင်းတယ်ထင်လိုု့ရွေးလိုုက်ပြီးမှ မကောင်းရင် မိဘကိုု အပြစ်တင်လိုု့လည်းမရ၊ ကိုုယ့်အပြစ်နဲ့ကိုုယ်မိုု့ ကြိတ်ခံရမှာ။ ဒီလိုုနဲ့ မိဘတွေခေါင်းပေါ် တာဝန်ပြန်ရောက်လာရော။ “လဲ့လဲ့ကိုု ခဏခဏလာစပ်နေကြတယ်တဲ့” ကျမညီမဝမ်းကွဲက ရန်ကုုန်ကအောင်တဲ့ […]