Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆြာအုပ် နှင့် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၉)

 ဂျူလိုင်လတုန်းက ကပေါက်တို့ဌာနီ မန်းလေးကို ဒုတိယ အခေါက် အနေနဲ့ ခဏရောက်ခဲ့တုန်း ရိုက်မိခဲ့တာလေးတွေ ဖြစ်ပါတယ်.. ပထမနေ့ရောက်ရောက်ချင်း မင်းကွန်းကို စက်လှေနဲ့ သွားဖြစ်ပါနယ်.. ဖွက်ချက် ဖွက်ချက် စက်လှေကြီး နဲ့  ၂ နာရီ လောက်စီးခဲ့ရပါတယ်.. ပထမ အခေါက်တုန်းကတော့ မင်းကွန်းကို စစ်ကိုင်းဘက် က သွားပေမယ့် .. ဒီတစ်ခေက်တော့ စက်လှေနဲ့သွားဖြစ်ပါတယ်.. လေဒီအုပ်ပါ အပါအဝင်ပေါ့..

မင်းကွန်းဒေသက ကမ္ဘာ့အကြီးဆုံး အုတ်ပုံကြီးလို ဖြစ်နေတဲ့ ပုထိုးတော်ကြီး၊ ဧရာဝတီမြစ်ထဲ ခေါင်းပိုင်း ရေသောက်ဆင်းသွားလို့ ဖင်ပိုင်းပဲ ကျန်တော့တဲ့ ကမ္ဘာ့အကြီးဆုံး ခြင်္သေ့ ရုပ်တုဖင်ပိုင်း၊ ကမ္ဘာပေါ်တွင် ထိုးနိုင်ခေါက်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းတော် ကြီး တည်ရှိပါတယ်။

ရောက်တဲ့ အချိန်က ဧရာဝတီမြစ်ရေကြီးနေပါတယ်.. မြစ်ထဲက ရွာတွေတော်တော်များများ ရေမြုပ်နေတာ တွေ့ရပါတယ်.. နှစ်တိုင်း အဲလိုပဲဆိုပေမယ့် ဒီနှစ်က ပိုဆိုးတယ် ထင်ပါတယ်.. လူရော၊ တိရိစာ္ဆန် တွေရော အကုန်ပြောင်းပြီး ဧရာမြစ်ကမ်းဘေးမှာ တဲလေးတွေထိုးနေကြတာ တွေ့ရပါတယ်.. အသေးစိတ်သိချင်ရင်တော့ ကပေါက် ကိုမေးကြည့်ဗျို့

ဧရာဝတီမြစ်ကမ်းနဘေးက ငွေသောင်ယံကမ်းရဲ့နဘေးမှာ ရေမြုပ်နေတဲ့ရွာ

တဖြေးဖြေးနီးလာတဲ့ မင်းကွန်း
ပုထိုးတော်ကြီးနဲ့ မင်းကွန်းဆိပ်
မင်းကွန်းဆိပ်
ဧရာဝတီမြစ်ဖြတ်ကူးမဲ့ ဂျူနီယာ ညောင်ဦးဖီး (ဒီပုံလေးကိုတစ်ခါတင်ဖူးပါတယ်)
ပုထိုးတော်ကြီး

ပုထိုးတော် ကြီး ကို ဘိုးတော်ဘုရား က ဦးဆောင်တည် ခဲ. ပြီး သူကိုး ကွယ်နေနဲ. ဗေဒင်ဆရာ ဟောကြားချက်အရ ဒီပုထိုးတော် ကြီး ပြီး ရင် ဘုရင် နတ်ရွာစံမည ် တိုင်းပြည်ပျက်မည် ဆိုတာကြောင်. ပြီးမြောက်အောင် မတည် နိုင်ခဲ.ပါဘူး။ ယခု ကျန်ရှိနေတဲ. ပုထိုးတော် တည်လက်စ ဆောက်လုပ်ချိန်အတွင်းမှာလဲ ကျွန်တွေ သုံ.ပန်းတွေ အများကြီး မတရားအခိုင်းခံရပြီး သေဆုံးခဲ.ပါတယ်။ ဘိုးတော်ဘုရားရဲ. ပုထိုးတော်ကြီး ဆောက်လုပ်တဲ. ရည်ရွယ်ချက်က တကယ်လို. ပုထိုးတော်ကြီး ပြီးသွားရင် ပုထိုးတော်ကြီးထိပ်ဆုံးမှ ကြည်.ရင် စစ်ကိုင်းတိုင်း ရွေဘိုမြို.ကို မြင် နိုင်စေရန်ဖြစ်သည်။ တကယ် လို. အဲ.ဒီပုထိုးတော်ကြီးသာ ပြီးမြောက်မယ်ဆို ကမာ္ဘအကြီး ဆုံး ၁၅ဝ မီတာ ဉာဏ်တော် ရှိတဲ. ပုထိုးတော်ဖြစ်မှာလေ။ ယခု တည်လက်စ အခြေ လေး တောင် အင်မတန်ကြီးမားနေပြီး ကမာ္ဘအကြီးဆုံး အုတ် ပုံ ဖြစ်နေပြီလေ။ မန္တလေးတောင်ကနေကြည်.ရင်တောင် အထင်းသားမြင်ရတယ်။ ၁၈၃၈ ခုနှစ်မှာ ပြင်းထန်းတဲ. ငလျှင်ဒဏ်ကြောင်. ပုထိုးတော်ကြီး အက်ကွဲခဲ.ရပါတယ်။ ဒါပေမယ် ပုထိုးတော် က ထိုင်တော်မူ ဘုရားကတော. ပျက်စီးခဲ.ခြင်းမရှိပါဘူး။ (Credit: Tun Tun Aung : http://blog.royal-myanmar.com)

ပုထိုးတော်ကြီး..ဘေးက အတက်လှေကားပါ.
အတက်လှေခါး
ဘာလဲတော့မသိ အမွှေးတိုင်လေးတွေထောက်ထားတယ်
ပုထိုးတော်ကြီးပေါ်ကမြင်ကွင်း
ပုထိုးတော်ကြီးအပါ်မြင်ကွင်း
ကျောက်ပြားလေးတွေထပ်ထားတာကလည်း ဘာမှန်းမသိတဲ့နောက်တစ်ခု..
ပုထိုးပေါ်ကမြင်ရတဲ့ ဧရာဝတီ
ပုထိုးတော်ကြီင်္းပေါ်ကတွေ့ရတဲ့ မြသိန်းတန်စေတီ
ပုထိုးတော်ကြီင်္းပေါ်ကတွေ့ရတဲ့ မြသိန်းတန်စေတီ
မြသိန်းတန်စေတီ
မြသိန်းတန်စေတီ
မြသိန်းတန်စေတီ ပေါ်ကတွေ့ရတဲ့ ပုထိုးတော်ကြီင်္း
မင်းကွန်းခေါင်းလောင်းကြီး

ကမာ္ဘ ့သမိုင်းဝင် ခေါင်းလောင်းတော်ကြီးများအနက် မင်းကွန်းခေါင်းလောင်းကြီးသည် တန်ချိန် (၉၀)ကျော်ရှိကာ တတိယအကြီးဆုံး ခေါင်းလောင်းအဖြစ် ကမာ္ဘ မှတ်တမ်းဝင် ထူးခြားသော မြန်မာ့ ဂုဏ်ဆောင် ဖြစ်သည်။ ခေါင်းလောင်းတော်ကြီးသည် စတင်သွန်းလုပ် ခဲ့ရာမှ ၁၃၇ဝ ခုနှစ်၊ ကဆုန်လတွင် သက်တမ်း ၂၀ဝ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ကမာ္ဘ ပထမ ့အကြီးဆုံး ခေါင်းလောင်းကြီးသည် တန်ချိန် (၂၀၀)ကျော် ရှိကာ ရုရှားနိုင်ငံ မော်စကိုမြို ့တွင် ရှိသည်။ ဒုတိယ အကြီးဆုံး ခေါင်းလောင်းကြီးမှလည်း မော်စကိုမြို ့တွင် ရှိပြီး တန်ချိန် (၁၂၈) ကျော်ရှိသည်။ မော်စကိုတွင် ရှိသော ခေါင်းလောင်းများမှာ တီးနိုင် ခေါက်နိုင်ခြင်း မရှိသဖြင့် အသံပိုင်းဆိုင်ရာ လေ့လာခွင့် မရကြပေ။

မင်းကွန်းခေါင်းလောင်းကြီး၏ အသံတော်မှာ (၁)မိုင်ခန် ့လောက် ကပင် ကြားနိုင်သည်။ ထို ့ကြောင့် တီးနိုင် ခေါက်နိုင်သော ခေါင်းလောင်းတော်များ တွင် မင်းကွန်း ခေါင်းလောင်းကြီး သည် ကမာ္ဘ အကြီးဆုံးအဖြစ် မှတ်တမ်းတင်နိုင်သည်။

ခေါင်းလောင်းတော်ကြီးကို သွန်းလုပ်ရာ ကြေးစသော အလေးချိန် ပိသာပေါင်း (၅၅၅၅၅) ပိသာ ကုန်ကျခဲ့၍ လွယ်လင့်တကူ မှတ်နိုင် ရန် “မင်း-ဖြူ-မှန်-မှန်-ပြော” ဟူသော သင်္ကေတ တစ်ခု တီထွင်ခဲ့သည်။ ခေါင်းလောင်းမသွန်းမီ စုဆောင်းထားသော ကြေးများကို ချိန်တွယ်ပြီးမှ သွန်းသောကြောင့် ပိသာ အလေးချိန်ကို တိတိကျကျ ရခဲ့ခြင်း ဖြစ်သည်။

 ခေါင်းလောင်းတော်ကြီး၏ အတိုင်းအတာများ

  • အဝအချင်း    –           ၁၆ ပေ၊ ၉ လက်မ
  • လုံးပတ်အချင်း           –           ၅၁ ပေ၊ ၃ လက်မ
  • အစောက်      –    ၂ဝ ပေ၊ ၃လက်မ
  • အထူ            –          ၁ပေ၊ ရလက်မ
  • အမြင့်           –           ၂ရပေ၊ ၈လက်မ တို ့ ဖြစ်သည်။ (ဆွဲကွင်းထိပ်မှ အောက်စွန်းအထိ)

Credit : http://mayzuu.multiply.com

ခြင်္သေ့ဖင်ပြတ်ကြီး

ရှေ့ပိုင်းကြည့်ချင်ရင်တော့ ကိုပေါက်(မန္တလေး) ရဲ့“သမိုင်းအဖြစ်မှန်ကို သက်သေခံနေတဲ့…………” မှာကြည့်ပါ

ဧရာဝတီမြစ်ထဲကမြင်ရတဲ့ ပုထိုးတော်ကြီး (၂၀၀ရ ခုနှစ်)
မင်းကွန်းဆရာတော်ဘုရားကြီးလွမ်းစေတီ  (၂၀၀ရ ခုနှစ်)
မင်းကွန်းဆရာတော်ဘုရားကြီးလွမ်းစေတီ  (၂၀၀ရ ခုနှစ်)
မင်းကွန်းဆရာတော်ဘုရားကြီးပုံတော်  (၂၀၀ရ ခုနှစ်)

ပုံတော်မှာ လူ နေရာရွှေ့ပြောင်းကြည့်သော်လည်း လူ ပြောင်းလဲရာဘက်သိုု့ လိုက်ကြည့်သလို ဖြစ်အောင်လုပ်ထားပါတယ်။

အော် .. တောင်ကြီးမီးပုံးပျံက မသွားဖြစ်တော့တဲ့ အကြောင်း  အသိပေးအပ်ပါတယ်ဗျာ.. မအားတာကြောင့်ပါ..

14 comments

  • ခိုင်ဇာ

    November 22, 2012 at 7:17 pm

    ပုုထိုုးတော်ကြီး နီးနီးလာတဲ့ သုုံးပုုံကိုု အကြိုက်ဆုုံးပဲ။ ခြင်္သေ့ က ခေါင်းပြတ်နေတာ ဟုုတ်ဘူးလား။. :harr:

    • ဂန္ဓာရီ ဆြာအုပ်

      November 22, 2012 at 8:51 pm

      အွန်..
      ခေါင်းပြတ်နေတာ.. ဖင်ပြတ်ကြီးလို့ရော ပြောလို့ရဘူးလား..
      ဖင်ကနေပြတ် နေတာလေ !@#$%^ + – X အီးရှုပ်ကုန်ပီ.. တိတော့ဝူး

  • အဲ …
    ဂျူနီယာ ညောင်ဦးဖီး ဆိုတာကို ဂန္ဓာရီဆြာအုပ် ဆိုပြီး
    ယောင်တောင်တောင် ဖတ်လိုက်မိသေးရဲ့ …. :mrgreen:

    ပုံတွေ အားလုံး ကြိုက်သဗျာ …
    မြသိန်းတန်စေတီ ဆိုတဲ့ ပုံလေးကို အတော် ခိုက်မိပါကြောင်း ….။

    • ဂန္ဓာရီ ဆြာအုပ်

      November 22, 2012 at 9:01 pm

      မောင်အံကတော့ အဲလိုခုန်ချချင်ပြီနဲ့တူတယ်.. ဟွန်း

  • မောင်ပေ

    November 22, 2012 at 8:07 pm

    ဒုတိယပုံ ကို အရမ်းကြိုက်မိတယ်ဗျို ့
    တောင်ကြီးပွဲက ဓါတ်ပုံဆရာတွေ တော်တော်များများသွားချင်ကြမယ့် ပွဲပဲ ထင်ပါရဲ ့
    ဒီနှစ်မကြုံ နောက်နှစ်ပေါ့ဗျာ
    စကားမစပ် ဟက်ပီးနယူးရီးယား ပုဂံမှာ ရှိမလား

    • ဂန္ဓာရီ ဆြာအုပ်

      November 22, 2012 at 8:46 pm

      newyear တော့ ရှိလောက်ဘူးဗျ.. xmas ကတော့ ပြင်ဦးလွင်မှာရှိမလားပဲ..

  • weiwei

    November 22, 2012 at 8:43 pm

    မြသိန်းတန်စေတီ ပုံတွေလှတယ် ..
    မင်းကွန်းကို တစ်ခေါက်ပဲ ရောက်ဖူးတယ် … ဒီပုံတွေမြင်တော့ ထပ်သွားချင်စိတ်ပေါက်လာပြီ ..

  • pazflor

    November 22, 2012 at 9:05 pm

    ပုံတွေ အကုန်လှပခင်ဗျာ။ ပုထိုးတော်ကြီးကိုရော ထိန်းသိမ်းစောင့်ရှောင်မှူ့ မလုပ်ကြဘူးလားခင်ဗျ။
    မင်းကွန်းခေါင်းလောင်းကြီးကတော့ ကမာ္ဘအကြီးဆုံး မဟုတ်တော့ဘူးခင်ဗျ။
    တရုတ်ကခေါင်းလောင်းက ကျော်တက်သွားတယ်။
    http://en.wikipedia.org/wiki/Bell_of_Good_Luck

    • ဂန္ဓာရီ ဆြာအုပ်

      November 23, 2012 at 9:09 am

      ဒါပေမယ့် သူတိုဟာကြီးက ၂၀၀ဝ ခုနှစ်က မှပါ အနော်တို့က ရှေးဟောင်း

  • လုံမလေးမွန်မွန်

    November 22, 2012 at 10:18 pm

    ဘယ်ထောင့်ကပဲကြည့်ကြည့် ရှေးကျတဲ့ဟန်ပန်နဲ့ ခန့်ညားတဲ့ထုထည်ရှိတဲ့ မင်းကွန်းက လှနေဆဲပါပဲ… သီတာ(၇)တန်နဲ့ မြသိန်းတန်စေတီရဲ့ ဗိသုကာကလည်း အံ့မခန်းပါ..

    အခု ငလျင်ဒဏ်ကြောင့် ပုထိုးတော်ပေါ်တက်ခွင့်ကို ပိတ်ထားတယ်လို့ သိရပါတယ်… မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေ တည်တံ့ခိုင်မြဲပါစေလို့…

  • သကြားလုုံးကြော်

    November 23, 2012 at 4:10 am

    ကြည့်ဦး ပြောတဲ့ပုုံက …ကမ္ဘာ့အကြီးဆုုံး အုုပ်ပုုံတဲ့။ မှန်းချက်နဲ့ နှမ်းထွက်မကိုုက်တဲ့ ဘိုုးတော်ဘုုရားကြားရင် လဲသေလောက်တယ်။
    စစ်ကိုုင်းက သာယာလိုုက်တာ။ ငယ်ငယ်တုုန်းကရောက်တုုန်းက ခြင်္သေ့ဖင်ပြတ်တွေရှိမှန်း မှတ်တောင်မမှတ်မိဘူး။ အုုပ်ပုုံတွေပဲထင်မိလိုု့လားမသိဘူး.. ဟီး ဟီး

  • blackchaw

    November 23, 2012 at 9:16 am

    ဆရာအုပ်ရေ…
    ဓါတ်ပုံလေးတွေ ကြည့်ပြီး အားကျလိုက်တာဗျာ…။
    အဲဒီလိုရိုက်တတ်…ရိုက်ချင်တာခင်ဗျ…။
    လေးလေးစားစား အားပေးသွားပါတယ်ဗျာ…။

  • lynnsatyar

    November 23, 2012 at 9:39 am

    မင်းကွန်းဆိပ် ဆိုတဲ့ ပုံလေးကို အရမ်းကြိုက်ပါတယ်…။ ကျွန်တော် ဓါတ်ပုံပညာပိုင်း နားမလည်ပါဘူး..။ ဒါပေမယ့် သစ်ပင်ကြီးပေါ် နေရောင်ကျနေပုံ ၊ သစ်ပင်ရဲ့ အရိပ်က ရေပေါ်ကျနေပုံ ၊ ဟိုး အနောက်က နေရောင် တောက်တောက်ရှိုင်းရှိုင်းအောက်က စေတီ ဖြူဖြူနဲ့.. သစ်ပင် စိမ်းစိမ်းစိုစိုတွေ…၊ ရေထဲက အမျိုးသမီးနဲ့ လှေတွေ… ဆင်ပြီးတော့ရိုက်ထားသလားလို့တောင် ထင်ရလောက်အောင်ကို ရှုခင်းက ပြီးပြည့်စုံလွန်းနေတယ်လို့ ခံစားရပါတယ်ဗျာ…။

  • Khaing Khaing

    November 23, 2012 at 10:30 am

    ပုထိုးတော်ကြီးပေါ်တက်တာ တော်တော်ပူတယ်ရှင့် …… အဲဒီမှာ အုပ်ပုံလေးတွေဘာလို့ပုံထားလဲမေးကြည့် တော့ စေတီတည်ထားတာတဲ့လေ …. လူ(၃)ယောက်လာရင် (၃) လုံးဆင့်ထားတယ် … လူ(၅) ယောက်လာရင် (၅) လုံးဆင့်ထားတတ်ကြတယ် …. ဒါပေသည့် ကုသိုလ်ရမရတော့မသိ … ငလျှင်လှုပ်ရင်ပဲဖြစ်ဖြစ် အကြောင်းတစ်စုံတစ်ရာကြောင့်ပဲဖြစ်ဖြစ် အုပ်ခဲပုံလေးတွေ ပြိုကျခဲ့ရင် အောက်မှာရှိတဲ့ ဘုရားဖူးတွေအတွက် အန္တရာယ်များလှပါတယ် ……

    နောက်တစ်ခုထူးခြားတာပြောပြသေးတယ် …. ဂူထဲမှာရှိတဲ့ ဘုရားဆင်းတုတော်ရဲ့မေးစေ့မှာ `၀´လုံးပုံ ပေါ်နေတယ်လို့ပြောပါတယ် … ညီမတော့ ကြည့်တာပဲ မတွေ့ခဲ့ရဘူး ….

    မကြာသေးခင်တုန်းကမှ ရောက်ထားတဲ့နေရာလေးတွေကို ဓာတ်ပုံထဲမှာပြန်မြင်ရတော့ လွမ်းသလိုလိုတော့ ဖြစ်မိပါတယ် …..

Leave a Reply