အရောင်
ညအစဉ် လင်းလတ်ခွင့်မပေးတဲ့ထဲမှာလဲ ငွေလမင်းလဲ ပါပါတယ်လေ
သူ့ဝန်းရံမှာ မှီခိုနေတဲ့ ကြယ်လေးတွေတောင် အတွေးပြောင်းလို့ထင်တယ် ဒီနေ့လဲ အဝေးတစ်နေရာကို ရောက်လို့နေပြီလေ
လွမ်းတယ်ကွယ် တစ်ခါလွမ်းတိုင်း ငါစာတွေရေးဖွဲခဲ့ရတာ အခုဆို စာရွှက်လေးတွေတောင် စကားပြောတက်နေပြီ
သူတို့ပြောတာလေးကို မင်းကြားနိုင်မယ်ဆိုရင် လှောင်ရယ်လို့နေရော့မယ်ထင်တယ်နော် သူတို့ပြောတာလေးတွေက
ချစ်သူရေ ငါလွမ်းတိုင်းကောက်ခဲ့ဖူးတဲ့ စွယ်တော်ရွှက်လေးတွေတောင် အခုဆို ခြောက်ခန်းလို့ ငါ့တို့လေးတွေနဲ့အတူ ပိတ်လှောင်ခံနေရတယ်တဲ့
ရယ်ရတယ်နော် ငါဘာတွေတွေးမိနေပါလိမ့် လွမ်းလို့ရူးတာလား ရူးချင်လို့ လွမ်းမိတာလား အချစ်ဆိုတာ ဘာအရောင်လဲ ငါသိမိတာလေးကတော့ အချစ်မှာ အရောင်မရှိပါဘူး ရှိတယ်ဆိုရင် သတ်မှတ်ချက်တွေဘဲဖြစ်မယ် သူတို့တစ်တွေသတ်မှတ်တဲ့ အရောင်အောက်မှာ ငါမရောက်ချင်ဘူး ငါသိတဲ့ အချစ်ဆိုတာ အေးချမ်းတဲ့ မေတ္တာတရားတစ်ခုပါ ဒါဆို အမုန်းဆိုတာရော လူတိုင်းမုန်းဖူးပါလ်ိမ့်မယ် မုန်းချင်ယောင်လဲကြိုးစားမိပါလိမ့်မယ် အမုန်းဆိုတာ ငါ့အတွက်တော့ အပြုံးလက်ဆောင်လေးတစ်ခုပါ လူတစ်ယောက်ကို ချစ်ဖို့ထက် မုန်းဖို့လွယ်ပါတယ် ငါဘယ်တော့မှ မမုန်းပါဘူး ဘာဖြစ်လို့လဲဆိုတော့ ငါပေးခဲ့မိတာ အပြုံးတွေလေ
သံယောဇဉ်က ငါ့အတွက်တော့ အဖော်ပြုနေတော့မယ်ဆိုရင် ရင်ထဲမှာ အချစ်မိုးတွေရွှာတဲ့တစ်နေ့
ငွေလမင်းလဲ ငါ့နံဘေးမှာ ဝန်းရံလို့ အဆင်းတန်ဆာတွေနဲ့ ငွေကြယ်လေးတွေကလည်း ကခုန်မြူးကြတော့မယ် အေးချမ်းတဲ့ စမ်းချောင်းလေးရဲ့ဘေးမှာ ငြိမ်းချမ်းမှုဆိုတဲ့ မုဒိတာတွေက ရင်မှာအစဉ်ပေါက်ဖွားရင် ချစ်သူရေ ကြည်ဖြူတယ်ဆိုရင်
အစဉ်ရယူပိုင်ဆိုင်နိုင်ပါစေလို့
ပိတောက်မိုး
6 comments
Mobile
November 22, 2012 at 10:39 pm
ဒဿန အတွေး
မပြတ်ချရေး
ကဗျာပင်ပျိုးတဲ့ ပိတောက်မိုးရေ
အာပေးသွားပါတယ်ဗျာ။
blackchaw
November 23, 2012 at 9:18 am
အားပေးဖတ်ရှုသွားပါတယ် ကိုပိတောက်မိုးရေ…။

ခိုင်ဇာ
November 23, 2012 at 9:33 am
အချစ်က အရောင် အမျိုးမျိုးပဲ တဲ့

စိတ်ခံစားချက်ပေါ်မူတည်ပြီး အရောင်ပြောင်းတယ် တဲ့
ရွာသူ jujuma .
November 23, 2012 at 11:17 am
အချစ်မှာ အရောင် ပါ လာရင် .. တည်မြဲဖို့ ခက်ပီပေါ့ … :hee:
juu juu
November 23, 2012 at 3:27 pm
အချစ်နဲ့ပတ်သတ်ပြီးဘာမှမသိတော့ဘူး သိရင် ရှင်းပြကြပါဦးနော် ……..စိတ်ရှုပ်လွန်းလို့ မေ့ထားချင်ပြီ…. ခက်တာကမေ့ပစ်လို့လည်း တစ်စက္ကန့်မှမရဘူး…………
padauk moe
November 23, 2012 at 6:33 pm
မေ့လိုမရတာမဟုတ်ပါဘူး မမေ့နိုင်အောင် တားဆီးထားနိုင်တာလဲ အချစ်ရဲ့ စွမ်းအားတွေဘဲလေ