ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်၏ဓာတ်ပုံများ
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်၊အမာမြို့နယ်ခွဲတွင် မြို့နယ်ခွဲလျှပ်စစ်ရုုံးမှ မီးစက်မီးနှင့်ပေးဝေလျက်ရှိသော၊လျှပ်စစ်ဓာတ်အားမှာ
မြို့နေပြည်သူများထံမှ ကောက်ခံသော ငွေကြေးပမာဏနှင့်ယှဉ်လျှင် ဖြန့်ဝေပေးချိန်နာရီ အလွန်နည်းပါးသောကြောင့်
(၂၃-၁၁-၂၀၁၂)ရက်နေ့၊ညနေ ၄နာရီမှ ၆နာရီအထိ စည်းကမ်းနှင့်အညီ ၂နာရီကြာစီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကျင်းပခဲ့ကြပုံများဖြစ်သည်။
13 comments
မောင်ပေ
November 24, 2012 at 12:44 pm
သူရို ့မျက်နှာတွေကြည့်ရတာ တက်ကြွပျော်ရွှင်နေတဲ့ပုံပဲဗျို ့
surmi
November 24, 2012 at 1:57 pm
သွားပါရင်တော ့ ……စားမှာပဲ
ဒီတော ့ အီးပီစီ ရုံးက ကောင်တွေရဲ ့သွားတွေကို နှုတ်ပစ်လိုက်….!!!!!!
cobra
November 24, 2012 at 2:18 pm
မီးကလည်းစိတ်ပျက်ဖို့တောင်ကောင်းပါတယ်
ခုချိန်ထိပြည်တွင်းမှာမီးကပုံမှန်မရကြသေးပါလား
စိတ်ပျက်လိုက်တာနော်..။
aanyar thar
November 24, 2012 at 2:40 pm
ဆန္ဒပြ တောင်းဆိုတာကို တစ်ည ၄ နာရီပဲ ရအောင် ပြကြတယ်နော် ဘာလို့လဲဗျ ဒူးလောက်တင်တောင်းမှ့ ခြေမျက်စေ့လောက် ရမှာကို တောင်းရော့ပေါ့ဗျာ ၂၄ နာရီ လို့
•*¨နန်းတော်ရာသူ •*¨
November 24, 2012 at 6:57 pm
24နာရီတောင်းလို့မရဘူးလေ။
ဒီမြို့က လျှပ်စစ်ဓာတ်အားလိုင်းမရောက်ရှိဘူး။
မီးစက်အကြီးကြီးနဲ့ပေးရတာ။
မီးစက်အတွက် တစ်ည၄နာရီစာလုံလောက်တဲ့ဆီပမာဏကို အစိုးရထံမှရရှိတဲ့အပြင်၊ပြည်သူတွေဆီက တီဗွီသုံးရင်ဘယ်လောက်၊ရေခဲသေတ္တာသုံးရင်ဘယ်လောက်ဆိုပြီးထပ်ကောက်ပါသတဲ့။
ထိုသို့အပိုဝင်ငွေများရရှိတဲ့အပြင် လုံလောက်တဲ့ဆီကိုရရှိထားသော်လည်း မီးပေးချိန် နာရီကို လျှော့ချ ရင်းလျှော့ချရင်းက တစ်ည၂နာရီ-၄၅မိနစ်ပဲပေးတော့တဲ့အတွက် မြို့ခံတွေနဲ့ EP.C ဆွေးနွေးပွဲတွေ
အကြိမ်ကြိမ်လုပ်ပြီး ညှိနှိုင်းပေမယ့် ညှိလို့မရတာကြောင့် ဆန္ဒဖော်ထုတ်ခွင့်တောင်းပြီး
ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်။
ရွှေ ကြည်
November 24, 2012 at 10:34 pm
(((((((((((((((တောက်))))))))))))))))
လူပါးတော်တော်ဝကြတယ်နော် ညှိနှိုင်းလို့မရမှ ဒီလိုလုပ်တာဆိုတော့ထောက်ခံပါတယ် ချသာချ..။
အောင်မြင်ပါစေ အောင်မြင်ပါစေ အောင်မြင်ပါစေ..။
koyinmaung
November 24, 2012 at 3:08 pm
တနေ့မှလေးနာရီဘဲတောင်းတယ်ဆိုတော့
ရသင့်တာပေ့ါ တကယ်ဆို နည်းတောင်နည်းသေးတယ်……
ဒီထက်ပိုရသင့်နေပါပြီ…………..
garuda
November 24, 2012 at 4:26 pm
တစ်ည၄နာရီမီးရရှိရေးတောင်းတာ ပြည်ပမီဒီယာတွေထဲပါလာရင်တော့ နိုင်ငံခြားသားတွေ တအားအံ့ဩသွားကြမှာပဲ။
surmi
November 24, 2012 at 8:38 pm
မြို ့ပေါ်နေသူတွေက သိပ်သဘောမပေါက်ကြဘူးထင်တယ်
ရွှေဘို လိုနေရာမျိုးတောင် ၁၉၈၅ လောက်ကရောက်တော ့
ဒီလိုပဲ မီးစက်နဲ ့ ပေးနေရတာ …….
ဒီလောက်ဝေးလံ သီခေါင်တဲ ့နေရာကို မီး မရောက်နိုင်သေးဘူး
ချောင်းသာ တောင်မှမရသေးတာ
•*¨နန်းတော်ရာသူ •*¨
November 24, 2012 at 8:56 pm
ကိုဆာမိပြောတာမှန်ပါတယ်ရှင် မြို့သာဆိုပေမယ့် ကတ္တရာလမ်းတောင်မရှိတာ
ပုံတွေထဲမှာမြင်နိုင်ပါတယ်။
ချာရာဏသီ ဝန်မင်း တိမ်မည်း
November 24, 2012 at 10:46 pm
နှစ်ရက်တခါ မီးလာတဲ့ နေရာနဲ ့………..
ရွာမီးက ယူရတဲ့ နေရာနဲ ့……….
မီးမှန်တော့ လိုင်းက အားမပြည့်တာနဲ ့……..
အားပြည့်ပြန်တော့ မီတာ ဈေးကြီးတာနဲ ့……..
မီတာမှန်ပြန်တော့ မီတာခိုးတာနဲ ့……….
မပြောချင်ပါဖူးကွယ်………………………………………………………………………….
myanmar oscar
November 25, 2012 at 12:35 am
ပြောတော့ပါဘူး ဝန်မင်းရယ်…
တောသူ၊တောင်သားတွေကို အ တယ်လို့ထင်ပြီး
နှပ်ချနေသလားမှမသိတာ…………
jullies cezer
November 27, 2012 at 4:18 pm
ခက်တယ် သက်လယ် မျက်ချယ် ရယ် ပိုလို့ရောင်းစားပါတယ်လို့ပြောတဲ့
လူကြီးကလဲအထုတ်ပိုက်ပြီး အေးချမ်းစွာဒူးနှံ့လို့ပြည်သူတွေမှာသာ
ဒုံရင်းက ဒုံရင်း ………