မင်းဝံသို့မျှော်ကြည့်ခြင်း…………………














“မင်းဝံကိုငေးကြည့်မိခြင်း”
စစ်ကိုင်းတောင်ဆိုတာ မင်းဝံတောင်းတန်းကြီးရဲ့အစလို့ပြောနိုင်ပါတယ်။
ဧရာဝတီမြစ်ကမ်းနံဘေးက စစ်ကိုင်းမြို့မြောက်ဘက်ခြမ်းမှာမင်းဝံတောင်တန်းကြီးကို
ဧရာဝတီမြစ်ကြီးနဲ့ယှဉ်လျက်တွေ့နို်င်ပါတယ်။
စေတီပုထိုးဘုရားများစွာရှိတဲ့စစ်ကိုင်းတောင်ကတော့ အင်မတန်ကျက်သရေရှိလို့လှပ။
စစ်ကိုင်းတံတားအောက်ခြေမှာဓါတ်ပုံရိုက်အပြီး အလင်းရောင်ကူးပြောင်းစ ခြောက်နာရီခွဲလောက်မှာတော့
တံတားပေါ်ပြန်တက်လာခဲ့ကြပါတယ.်။
တံတားပေါ်ရောက်တဲ့အခါမှာတော့ ဆိုင်ကယ်ကိုလမ်းဘေးရပ်။
တံတားအဟောင်းဘက်ဆီကိုငေးကြည့်ရင်း လက်ဆော့
တောင်ဘက်ထိပ်ရောက်ပြန်တော့ မြူငွေ့တွေဝေနေတဲ့ စစ်ကိုင်းတောင်ကိုလက်ဆော့
ရင်း မင်းဝံတောင်ကိုငေးးးးးးးးးးးးးးးးးးးးးးးး။
အဲဒါနဲ့ဘဲ ဆိုင်ကယ်ကိုဖြည်းဖြည်းမောင်းလို့ပြန်အလာ
ရွှေကြက်ကျဆိပ်ကမ်းကိုအလွန်မှာတော့ မင်းဝံတောင်ရိုးကိုနေခြည်အခကိုမြင်လိုက်ရတဲ့အခါ
………………………………………………………………………………………..
ကိုပေါက်လမ်းသလားနေသည်
24-11-2012
18 comments
Mr. MarGa
December 3, 2012 at 10:57 am
ပုံ ၂၊ ၁၄၊ ၁၆ တို့ကို သဘောကျမိပါကြောင်း
ကူးယူသွားပါကြောင်း
လေးပေါက်အား အသိပေးပါ၏
ဗုံဗုံ
December 3, 2012 at 10:59 am
လေးပေါက်ရဲ့ ဓာတ်ပုံတွေက အပြင်မှာထက်ပိုလှတယ်နော် ဗုံဗုံတို့လည်း စစ်ကိုင်းတံတားပေါ်ရောက်ရင် သရဲမရဲ စီးအောင် ဆိုင်ကယ်စီးကြတာ ဓာတ်ပုံတော့ တစ်ခါမှ မရိုက်ဖူးသေးဘူး နောက်ကျရင်တော့ ရိုက်ပြီးတင်အုံးမယ် လေးပေါက် ငိုနဲ့နော် (စတာ) ပုံလေးတွေ အရမ်းလှတယ် မင်းဝံတောင်တန်းကြီးမြင်ပြီး လေးပေါက် ဘုန်းကြီး ဝတ်ချင်စိတ်မပေါက်ဘူးလားဟင် ဗုံဗုံတော့ စစ်ကိုင်းချောင်ရောက်ရင် သီလရှင်ဝတ်ချင်စိတ်ပေါက်ပေါက်သွားတယ် နေရတာ အပူသက်သာလို့ (အဟီး)
ကိုပေါက်(မန္တလေး)
December 3, 2012 at 4:29 pm
ဖောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး(ဘောလုံးဖောက်သံ)
(လေးပေါက် ဘုန်းကြီး ဝတ်ချင်စိတ်မပေါက်ဘူးလားဟင်)လို့မေးတယ်ဆိုရင်အဲဒီအမေးဟာ
မှားပါတယ်ခင်ဗျာ…………..(တနင်္ဂနွေနေ့ တိုင်းလာသော ဆန်းထွဋ်လေသံဖြင့်ပြောသည်)
ဗုံဗုံ
December 3, 2012 at 11:07 am
လေးပေါက်ရဲ့ ပုံလေးတွေ အရမ်းလှတယ်နော် မိဗုံတို့လည်း စစ်ကိုင်းတံတားပေါ်ရောက်ရင် လီဗာအကုန်တင်ပြီ း ဆိုင်ကယ်စီးပြိုင်ကြတာ ဓာတ်ပုံရိုက်ဖို့တော့ သတိမရဖူးဘူးရယ် အဲ ကင်မလာလေးနဲ့ လှည့်ရိုက်နေတဲ့ ဦးလေးတစ်ယောက်တော့ တွေ့ဖူးတယ် လေးပေါက်လားမသိဘူး ခပ်ချောချောနဲ့လေ (ဖားထားမှ သားလေး ဘာလေးရှိလားမသိဘူး ချွေးမတော်ရအောင်) အဟီး နောလေးပေါက်
ကိုပေါက်(မန္တလေး)
December 3, 2012 at 4:32 pm
ဖောင်းးးးးးးးးးးးးးးးးးဖောင်း။။။။။။။။။။။။။။။။။
စင်ပေါ်က ဆင်းလို့ရပါပြီခင်ဗျာ……………….
(ကင်မလာလေးနဲ့ လှည့်ရိုက်နေတဲ့ ဦးလေးတစ်ယောက်တော့ တွေ့ဖူးတယ် လေးပေါက်လားမသိဘူး ခပ်ချောချောနဲ့လေ ) လို့ပြောတဲ့အပြောလေးက မှားပါတယ်။
လေးပေါက် က ပေါင်200နီးပါ ဗိုက်ပူပူ အသားမဲရတဲ့အထဲ ရှေ့သွားတွေက ကျိုးနေပါသေးတယ်။
ဆံပင် ဖြူတစ်ဝက် နက်တစ်ဝက် တစ်လောကလုံးသူ့လုပ်စားစားနေတဲ့မျက်ခွက်နဲ့လူဖြစ်ပါတဲ့အပြင်
ပြောလဲရင်သဟောက်သဟဲ လူဆိုးပုံဖြစ်ပါတယ်ခင်ဗျာ။
Hnin Hnin
December 3, 2012 at 10:29 pm
အရမ်းလှသော ပုံပြာပြာလေးတွေပါ…..
၂..၈..၁၄..၁၅….တို့ကို အခိုက်ဆုံးပဲ…
ပြီးတော့…လေးပေါက်ရေ ….ကို်ယ့်ကိုယ်ကို အဲ့လို အမြဲမပြောပါနဲ့ဂျ…
)
နော့အစ်ကိုတစ်ယောက်လည်း အပြောကတော့ သဟောက်သဟာ၊ ကျယ်လောင်ဟောင်ဖွာ
( သူ့ကို ‘ ဦးအာကျယ်ကြီး ‘ လို့ ကွယ်ရာမှာ ခေါ်တယ်လေ
စိတ်ရင်းက တကယ်တော့ နူးညံ ကောင်းမှကောင်း…အဲဒါပဲ အရေးကြီးတယ်… 🙂
စိတ်ရင်း နူးညံ့လို့သာ ဒီလို သဘာဝအလှလေးတွေကို ခံစားတတ်ပြီး ပုံလှလှလေးတွေ
အမြဲထွက်အောင် ရိုက်နိုင်တယ်လို့ ထင်ပါတယ်…
surmi
December 3, 2012 at 11:52 am
ကျနော်ရိုက်ရင်ဒီလိုတစ်ခါမှမရဘူး
အတွေ ့အကြုံ ပညာနဲ ့ လေ ့လာမှုကြောင်ထင်တယ်
ဂဇက်ထဲရောက်ပြီးမှ ဓတ်ပုံအကြောင်းပိုပြီးသိလာရတယ်
ကင်မရာ အသေးနဲ ့ ဒီပုံမျိုးတွေထွက်တာတွေ ့တော ့ အားကျမိတယ်
ဒါနဲ ့ ဖေ ့စ်ဘွတ်မှာ တင်ထားတာလေးဒီနေ ့တွေ ့ရတယ်
တော်တော်သဘောကျမိပါတယ် ။
ကိုပေါက်(မန္တလေး)
December 3, 2012 at 12:37 pm
ကျနော်ကံကောင်းထောက်မစွာနဲ့ ရူ့ခင်းကောင်းကောင်းနေရာတွေကို အချိန်ကိုက်ရောက်သွားတာကြောင့်
ပုံလှလှလေးတွေကို ပိုင်ဆိုင်ခွင့်ရတယ်လို့ ထင်ပါတယ် ကိုဆာမိရေ
မောင်ပေ
December 3, 2012 at 1:11 pm
ဒါပြီးခဲ့အပတ် မိုးတွေအုံ ့တဲ့နေ ့က သွားရိုက်ခဲ့တာလားဗျ
candle .
December 3, 2012 at 1:21 pm
ပုံတွေအားလုံး တအားမိုက်တယ်..
14 နဲ ့ 15 ကတော့ ကဗျာဆန်ပြီး ကျက်သရေရှိလွန်းလို ့..ကူးယူခွင့်လေးပြုပါနော်..
ကိုပေါက်(မန္တလေး)
December 3, 2012 at 1:55 pm
ဟိုးပြီးခဲ့တဲ့ ဥပုဒ်နေ့က သွားထားတာ
kyeemite
December 3, 2012 at 3:51 pm
ကိုပေါက်ရေ…ဓါတ်ပုံတွေကြည့်တိုင်း
လာလည်ချင်စိတ်ပဲပေါ်ပေါ်လာတယ်ဗျို့…
ဒီဇင်ဘာနောက်ဆုံးပါတ်လောက်တော့
လာလည်ဖို့ မှန်းထားတာပဲ…
ကိုပေါက်(မန္တလေး)
December 3, 2012 at 10:30 pm
ကိုမိုက်ရေ လာပါ တွေ့ချင်ပါ၏။
မန်းလေးလက်ဖက်ရည် ဖန်ဆိမ့်လေးသောက်ပြီး စကားဆိမ့်ဆိမ့်လေးတွေပြောကြရအောင်
Mobile
December 3, 2012 at 8:16 pm
မင်္ဂလာပါ ကိုပေါက်ရေ
ဒီတစ်ခါရိုက်ထားတဲ့ပုံ တွေကိုတော့ အားလုံးနီးပါးကို သဘောကျမိတယ်ဗျာ။
တစ်ခုတော့မေးစရာလေးရှိလို့ အင်ဝ တံတားဆိုတာကို ကျနော် တစ်ခါမှ မရောက်ဖူးလို့ဗျ
ဘယ်နေရာနဲ့ ဘယ်နေရာကို ဆက်ထားတဲ့ တံတားဖြစ်တယ်ဆိုတာလေး . . . . . .
ကိုပေါက်(မန္တလေး)
December 3, 2012 at 10:23 pm
အင်းဝ တံတားဆိုတာ မူလရှိခဲ့တဲ့ တံတားအဟောင်းကိုခေါ်တာပါ။
စစ်ကိုင်းတံတားလို့လဲခေါ်ပါတယ်။
တောင်ဘက်ခြမ်း က သပြေတန်းခံတပ်နားကနေ စပါတယ်။
မြောက်ဘက်က တော့ စစ်ကိုင်းဘက်ကမ်းပေါ့။
အင်းဝတံတားလို့ခေါ်ရခြင်းအကြောင်းက အဲဒီတံတားအခြေက နေ အင်းဝဘက်ကမ်းကို ဖောင်
လှေ သမ္ဗာန်တွေနဲ့ ကူးလို့ရနိုင်လို့ပါဘဲ။
Mလုလင်
December 3, 2012 at 10:11 pm
နံပါတ် 15 လေး က ဖမ်းစား တယ်ဗျ …
ကိုပေါက်(မန္တလေး)
December 4, 2012 at 6:43 pm
လုလင်ရေ နောက်တစ်ခါလာရင် စစ်ကိုင်းတံတားဟေ့နော်ာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ
ကိုပေါက်(မန္တလေး)
December 6, 2012 at 5:19 pm
ဒီနေ့မနက်တောင် စစ်ကိုင်းတံတားဘက်သွားပြီး လက်ဆော့ခဲ့သေးတယ်။
ဆင်များရှင်ဘုရားပုံတွေတင်ပေးမယ်နော်