မိုက်ကယ်ဂျော်နီအောင်ပု နှင့် သိမ်မွေ့နက်နဲခက်ခဲသော ဓမ္မ တရားတော်မြတ်

လေပြေညှင်းသည် သုန်သုန်တိုက်လျှက်ရှိ၏
ရွာအဝင်လမ်းမသည် မချောမွေ့ မဖြောင့်ဖြူးသည့်တိုင် ကြမ်းတမ်း ကွေ့ကောက်ခြင်းအလျှင်းမရှိ
လူနေအိမ်ခြေတို့သည် ပြည့်သိပ်ကြပ်ညှပ်ခြင်းမရှိသော်လည်း ဟိုတစ်အိမ်သည်တစ်အိမ် ကျိုးတိုးကျဲတဲမတည်ရှိကြ
ရွာအတွင်းရှိ ကျွဲနွားတိရိစ္ဆာန်တို့၏အသံဗလံတို့သည်လည်း ဆူညံသည်မရှိလှ
လူတို့သည် ဟိုမှသည် ဥဒဟိုသွားလာနေကြပါသော်လည်း ကြက်ပျံမကျ ပျားပန်းခတ်မရှုတ်ထွေးလှ

ဒက်ဂလောက် ဒက်ဂလောက် ဒက်ဂလောက်

အလွန်ကြီးမားသန်စွမ်းသည့် မြင်းအနက်ကြီးတစ်ကောင်ကို အလွန်ကြံ့ခိုင်သန်မာသည့် ယောက်ျားတစ်ယောက်သည်
ရွာလမ်းအတိုင်း စီးနှင်လာခြင်းဖြစ်ပေတော့သည်။

ကတော်…ကတော်…ကတော်

တစ်ခုသောအိမ်၏ ဥကြင်းတွင် ဥဝပ်နေသော ကြက်မတစ်ကောင်သည် ဥကြင်းအတွင်းမှ ကတော်သံဖြင့် ပျံထွက်လာပြီးလျှင်
အဆိုပါ မြင်းစီးလူထွားကြီးလာရာလမ်းရှေ့ရှိ ဖုံထဲတွင် ဝပ်လိုက်ပြီးနောက် အတောင်တို့ကိုဖျန့်ကားကာ ဖျန့်ကားကာဖြင့်
သူမ ခန္ဓာကိုယ်ရှိ ကြက်သန်းတို့ကို သန့်စင်လျှက်ရှိနေလေတော့၏
ခပ်လှမ်းလှမ်း လမ်းသွယ်၏အတွင်းသို့ ဝင်ရောက်လုခင်ဖြစ်နေသော ဆွမ်းဆံစိမ်းခံကြွလာသည့် သီလရှင်အတန်းအဖွဲ့အတွင်းရှိ
ဥပဓိတည်ကြည်သော ကြည်ညိုဖွယ်ရှိသော မယ်သီလရှင်ငယ်တစ်ပါးသည် ထိုမြင်းစီးလာသော လူထွားကြီးကို
လှမ်း၍ ငေးကြည့်လိုက်သည်တွင် ခလုတ်တိုက်၍ ဆန်ဗန်းသည်မြေသို့ခလေ၏ ( ဟဲ့ အနိစ္စ )
ဘေးတစ်ဖက်တစ်ချက်စီတွင်ရှိသော နေရာဌာနတို့မှ  ဣတ္ထိယအမျိုးသမီး ပျိုပျိုအိုအို တို့သည် တစ်စုံတစ်ခုသော
ဇဝေဇဝါစိတ်ဖြင့် လမ်းဖက်သို့မျှော်၍ကြည့်ကြလေကုန်၏။
 အထီးမဟုတ်သော တိရိစ္ဆာန် အမတို့သည်လည်း ၎င်းတို့၏ သက်ဆိုင်ရာဘာသာအသံဗလံတို့ဖြင့် အော်မည်ကြလေကုန်၏။

မြင်းစီးလူထွားကြီးမှာကား လာရာလမ်းမှ အရှေ့ဦးတည်တူရှူရာကိုသာ မှန်မှန်နှင်လေနေတော့၏။
အကယ်စင်စစ် ထိုလူထွားကြီးလာရာလမ်းမှာ မြင်သာအောင် ပြောရပါမူ ရွာနောက်ဖက်လမ်းမှဝင်လာခြင်းဖြစ်ပြီး
ရွာဦး ( ရွာအဝင် ) လမ်းရှိဘုရားကုန်းကို ဦးတည်သွားနေခြင်းဖြစ်ပေတော့သည်။
( ထိုရွာ၏ ဘုရားကုန်းတည်ရှိပုံကို တစ်ခုသော ပိုစ့်တွင် ရေးသားပြီးဖြစ်ပါသည်)
ဤနေ့သည်ကား တန်ဆောင်မုန်းလပြည့်နေ့ဖြစ်လေတော့၏။

ရွာဦး ( ရွာအဝင်ဝ ) ဘုရားကုန်းနားသို့ရောက်သောအခါ လမ်းဘေးဝဲယာတွင် စီတန်းကာ ရှိသော
အနမ်းပင်တန်းကြီးကိုဖြတ်၍ နှင်လာနေသော မြင်းစီးလူထွားကြီးအား လူတစ်စုသည် မျှော်ကြည့်နေကြလေကုန်၏။
( ထို အနမ်းပင်ကြီးများသည် လူတို့စိုက်ထားသည်လား သဘာဝအရပေါက်နေသည်လားကိုမူ အတိကျမသိပါ )
မြင်းစီးလူထွားကြီးသည် ဘုရားကုန်းရှိ လူစုထံသို့ရောက်လတ်သော် မြင်းပေါ်မှဆင်းလေလျှင် လူတို့သည်
ထိုလူထွားကြီးအား ခရီးဦးကြိုပြုကြလေကုန်ပြီး ထိုလူကြီးစီးလာသောမြင်းကို ဘုရားကုန်းအတွင်းရှိ
သစ်တစ်ပင်တွင်ခြည်နှောင်ပေးကြခြင်းနှင့် မြင်းအတွက်ရေ၊ မြက်တို့ကို ကျွေးမွေးခြင်းအမှု့ကိုလည်း ပြုကြလေကုန်၏။
”လူတွေစုံကြပြီးလား” ( မေးသည် the မြင်းစီးလူထွားကြီး )
”စုံပါပြီဆရာကြီး” ( ပြန်ဖြေသည် the people )

ဤနေ့သည်ကား တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သဖြင့် ထိုဒေသ၏ ဂမ္ဘီရ ပညာရှင်တို့သည် မိမိတို့နှစ်သက်ရာအရပ်တွင်
ဂိုဏ်တူရာစုဖွဲ့၍ မိမိတို့၏ ပညာရပ်များကို နှီးနှောဖလှယ်ဆွေးနွေးတိုင်ပင်ကြခြင်းအမှု့ကိုပြုလုပ်ကြမည်ဖြစ်ကာ
ဘုရားကုန်းသို့စုဝေးရောက်ရှိနေကြခြင်းဖြစ်ရလေတော့သည်။
………………………………………………………………..
ထိုလူထွားကြီးနှင့် လူုစုတို့သည် စေတီဘေးဖက် ခပ်လှမ်းလှမ်း ထန်းပင်အောက်ရှိ ကန်တော့ပွဲ ဆီမီးဖရောင်းတိုင်
အမွှေးနံ့သာများ ထွန်းညှိထားပြီး စားသောက်ဖွယ်ရာများပြည့်နှက်လျှက်ရှိနေသော သစ်သား ခုံရှည်တစ်ခုံကို
စူစိုက်ကြည့်နေကြလေကုန်၏။
စားသောက်ဖွယ်ရာ အသား တစ်မည်ခြင်းကိုလည်း သုံးပေလုံးပတ်ခန့်ရှိ မြေအိုးများဖြင့် ထည့်ထားသည်ဟု သိရှိကြစေ။
ထိုသောအကြောင်းမှာ တန်ဆောင်မုန်းလပြည့်နေ့အခါသမယတွင် ဂမ္ဘီယ ပညာရှင်တို့သည် ဆိုခဲ့ပြီးပါသကဲ့သို့
တိုင်ပင်ဆွေးနွေးနှီးနှောဖလှယ်ပွဲတွင် ၎င်းတို့သက်ဝင်ယုံကြည်ရာ ဆိုင်ရာပိုင်ရာများကို စားသောက်ဖွယ်ရာများ
ကန်တော့ပွဲ ဆီမီးဖရောင်းနံ့သာများဖြင့် ပသထားကြခြင်းဖြစ်လေတော့၏။

ထိုစဉ်တွင် လူယောက်ျားတစ်ယောက်သည် ထိုခုံရှည်စီသို့ လျှောက်သွားလေပြီးလျှင် စားဖွယ်တို့ကိုကောက်ယူစားသောက်
လေသော် လူအချို့တို့သည် ကျယ်လောင်သောအာမေဋိတ်အသံတို့ကို ပြုကြလေကုန်ပြီး လူအချို့တို့သည်
ကြိမ်းမောင်းအော်ငေါက်ကြပြီး လူအချို့သည် ထိုနေရာသို့အလောတစ်ကြီး ပြေးသွားရန်ဟန်ပြင်ခိုက်
စာဖြင့်ရေးပြရန်ခက်ခဲသောအသံဖြစ်သည့် ချောင်းဟန့် အချက်ပေး ဟန့်တားသံ တစ်သံသည် ထွက်ပေါ်လာရ၏။
အသံပိုင်ရှင်မှာ မြင်းစီးလူထွားကြီးပင်ဖြစ်လေသည်။
( တစ်ခါသော် တစ်ခုသော အိပ်မက်တွင် ထိုသောအသံကို ကျွန်ုပ်သည်ကိုယ်တိုင်ကိုယ်ကျ ပြုဘူး၏ဟု အမှတ်ရဘူးပါသှ်။ )
 
လူတို့၏ မျက်နှာများပေါ်တွင် စိုးရိမ်ခြင်းပူပမ်ခြင်းများလည်းအထင်သားဖြစ်သွားသည်ကို မြင်သာကြစေကုန်။
လူတို့သည် တိတ်ဆိတ်သွားကြပြီး မြင်းစီးလူထွားကြီးကိုဝိုင်း၍ ကြည့်ကြလေကုန်သည်တွင်
အဲ့ဒါဘယ်သူလည်း ( the မြင်းစီးလူထွားကြီး ask to the လူစု )
ရွှေဘို ဖက်ကလို့ပြောတယ် He is the သူစိမ်းတစ်ယောက် ( one man ဖြေလိုက်သည်  )
The မြင်းစီးလူထွားကြီး Was ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် ခပ်ပြုံပြုံးလေးရှိလိုက်သည်တွင် စိုးရိမ်ခြင်းပူပမ်ခြင်းများဖြစ်သွားကြသော
လူတို့၏ မျက်နှာများသည် ပျော်ရွှင်ခြင်းအသွင်ကို တစ်မုဟုတ်ခြင်းပြောင်းလွဲသွားကြရလေတော့သည်။

တော်တော်စားကောင်းတာဘဲ (  the stranger man မှ ဆိုလေ၏ )
ဝုန်း …………. ( The stranger man ကိုင်ပေါက် to the ကန်တော့ပွဲ )

လူတို့သည် ထိုသောလူစိမ်းကိုတစ်လှည့် မြင်းစီးလူထွားကြီးကိုတစ်လှည့် ကြည့်နေကြလေကုန်ပြီး မည်သူမျှတို့သည်
မည်သည်ကိုမျှ မပြောဘဲ တိတ်ဆိတ်၍သာနေကြကုန်သည့်အခိုက်တွင် မြင်စီးလူထွားကြီးသည် တင်ပျဉ်ခွေ ထိုင်လျှက်
မျက်လုံးအစုံကိုမှိတ်၍ ငြိမ်သက်စွာပင် ရှိနေလေတော့၏။
ဖလပ်..ဖလပ်..ဖလပ်..အောက်အီးအီးအွတ်
ဟာ !!!!
ဟင် !!!!!!!!
………………………..
ဖလပ်..ဖလပ်..ဖလပ်..အောက်အီးအီးအွတ် ဟူသောအသံမှာ
အဆိုပါ ပသထားသည့်စာသောက်ဖွယ်ရာများအတွင်းရှိ တစ်မည်သော ကြက်သားဟင်းအိုးအတွင်းမှ
တစ်ကောင်သောကြက်ဖသည် ခုန်ထွက်လာပြီး အတောင်ပံခတ်ကာ တွန်ခြင်းဖြစ်ပြီး ထိုအခြင်းအရာကို မျက်ဝါးထင်ထင်
တွေ့ကြသော လူတို့သည်
 ဟာ !!!!
ဟင် !!!!!!!!
အာမေဋိတ်အသံများ ပြု၍ ပြု၍ ဖြစ်ကုန်ကြသည့်အခိုက်
ဂီး..ဂီး…ဂီးးးး
( အကယ်စင်စစ် သက်ဆိုင်ရာ အသံဗလံတို့သည် ပါရှိသည်ဖြစ်သော်လည်း စာဖတ်သူတို့ စာဖတ်ရာ၌ အဆင်ပြေစေရန်
အာမေဋိတ်အသံဗလံများ ကိုဖယ်ကျဉ်း၍ ရေးပါမည်။ ဤတွင် မြင်သာတတ်ကြပါရန် ပြောလိုသည်မှာ
သက်ဆိုင်ရာဟင်းအိုးအတွင်းမှ ထွက်လာသော သတ္တဝါတို့သည် ခုန်ထွက်လာသည့် လျှပ်တစ်ပြင်၌ပင်
ရုတ်ခြည်ဆိုသလို အကောင်အလုံးထည်ပေါ်လာသည့်သဘောဖြစ်ခြင်းပင် ) 
                                                                                              စာရေးစယာ 
 
ကြက်သားဟင်းအိုးထဲမှ ကြက်ဖတစ်ကောင်သည် ခုန်ထွက်လာပြီးတောင်ပံခတ် တွန်ကျူးလိုက်သည့်အချိန်တွင်ပင်
ငှက်သားဟင်းအိုးထဲမှ သိန်းငှက်ကြီးတစ်ကောင်သည် ခုန်ထွက်လာပြီး အဆိုပါ ကြက်ဖအား သုတ်ချီ၍ ကောင်းကင်သို့
ပျံတက်သွားလေတော့၏။
ထိုစဉ်တွင်ပင် ဝက်သားဟင်းအိုးထဲမှ တောဝက်တစ်ကောင်သည် ခုန်ထွက်လာလေပြီး ဘုရားကုန်းဘေးရှိ မှည့်ရင့်နေသော
စပါးတောသို့ဝင်ကာ စပါးပင်တို့ကို ကိုက်ဖျက်စားသောက်လတ်သော်
တစ်မည်သော တောကြောင်ဟင်းအိုးအတွင်းမှ
ကျားကြီးအလား အလွန်ကြီးသောကြောင်နက်ကြီး တစ်ကောင်သည်ခုန်ထွက်လာကာ အဆိုပါတောဝက်အား ကိုက်ချီ၍
စပါးတောတို့ကိုဖြတ်ကာ တောင်ပေါ်သို့တက်ရောက်သွားလေတော့သည်။
ထိုစဉ်အချိန် ထိုဌာနတွင် ရှိကြကုန်သော တစ်ယောက်ပင်မျှတွင်လျှင်လည်း လက်ပတ်နာရီ ဟူသည်မရှိရပါသောကြောင့်
မိနစ်ပိုင်းအတွင်းဟု သာဆိုပါမည် အပရောစိမေ့တလီ ( အနီးစပ်ဆုံး ) ဆိုရသော် နှစ်မိနစ်ထက်လွန်မည်မထင်။
ဇတ်လမ်းကိုချုပ်သော် လူစိမ်းသည် ကြက်ဖတစ်ကောင်အလား စိန်ခေါ်သောအခါ စွန်ရဲ၏ ထိုးသုတ်ခြင်းကိုခံရပြီး
တောဝက်တစ်ကောင်အလား လူတို့၏ အစီးပွားကိုဖျက်သောအခါ ကျားနက်တစ်ကောင်၏ ခြေမှုန်းခြင်းကိုခံရလေ၏။
……………………………….
………………………………..
ထိုမြင်းစီးလူထွားကြီးသည် သူ၏ ချစ်သောဇနီးကို အကြောင်းပြု၍ တစ်ဦးသောသားကို မွေးဖွားလေ၏
သူ၏ တစ်ဦးသောသားသည် တစ်ယောက်သော အမျိုးသမီးကို ချစ်ကြိုက်သည်မှ ကြင်ဖက်စုံပြီး တစ်ဦသောသားကို မွေးဖွား၏
ထို တစ်ဦးသောသားသည် အိမ်ထောင်အမှု့ပြုသောအခါ ငါးဦးသောသားတို့ကိုမွေးဖွားလေ၏
ထိုထို ငါးဦးသောသားတို့မှ လေးဦးမြောက်သားသည် တိုင်းရင်းသား လူမျိုးခြား အမျိုးသမီးတစ်ဦးနှင့် ဘာညာကွိကွဖြစ်ပြီး
လူယောက်ျား တစ်ယောက်ကို မွေးဖွားလေ၏
ထိုသူမှာ
www.myanmargazette.net မှ စာရေးစယာ မိုက်ကယ်ဂျော်နီအောင်ပု ဖြစ်လေတော့သတည်း။
……………………………….
တစ်နေ့သ၌ ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည် လက်အတွင်းဝယ် ငွေကြေးများ အနည်းငယ်လျှော့ပါးလာသောအခါ
ဖတ်ဘူးမှတ်ဘူးသည့် ပိဋကတ်စာပေများကို ပြန်လည် နှလုံးသွင်းမိသည့်အခိုက် အောက်ပါ ဓမ္မ သဘောတရားတစ်ခုကို
ပြန်ပြောင်း သတိရမိပါတော့၏။ ( ပိုက်ဆံမရှိလို့ တရားအားထုတ်သည်ကို နားလည်ကြစေ )
…………………………………………………………………….
သံယုတ္တနိကာယ်
ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်
( ၁ဝ ) ၅ .. ပုပ္ဖဝဂ်
၁ဝ – အနိစ္စသညာသုတ် ( စာ ။ ၁၅ဝ )
၁၀၂။ သာဝတ္ထိနိဒါန်း။
ရဟန်းတို့ မမြဲဟူသော အမှတ် အနိစ္စသညာ ကို ပွားများအပ် လေ့လာအပ်သော်
ကာမဂုဏ် တို့၌ စွဲမက်မှု ( ရာဂ )  အားလုံးကို ကုန်စေနိုင်၏၊
ရုပ်၌ စွဲမက်မှု ( ရူပရာဂ )  အားလုံးကို ကုန်စေနိုင်၏၊
ဘဝ၌ စွဲမက်မှု ( ဘဝရာဂ)  အားလုံးကို ကုန်စေနိုင်၏၊
အဝိဇ္ဇာအားလုံးကို ကုန်စေနိုင်၏၊
ငါ ဟူသော မာနအားလုံးကို နုတ်ပယ်နိုင်၏။
……………………………………………………………………..
ဓမ္မ တရား သည် သိမ်မွေ့နက်နဲ ခက်ခဲသည်ဟု ဆိုခြင်ပါသည်
ရံခါ ဓမ္မစာပေ တို့ကို ဖတ်ရှု့မိပါသောအခါ ဆိုလိုရင်းကိုနားမလည်နိုင်သော်လည်း ရံခါ နားလည်မိပါသည်။
ရံခါ ဓမ္မ တရား တို့ကို နာကြားမိသောအခါ ဆိုလိုရင်းကို နားမလည်နိုင်သော်လည်း ရံခါ နားလည်မိပါသည်။
နားလည်သည် ဆိုသော်လည်း သိသည်ဟု မဆိုသာခဲ့သလို
သိသည် ဆိုသော်လည်း နားလည်သည်ဟု ဆိုရန် ခက်လှချေ၏။

နားလည်သည် သိသည်ဟု ဆိုသော ထိုသော ဓမ္မ တရားတော်မြတ်ကို ကျင့်ကြံအားထုတ်နိုင်ခဲလှ၏။

နားလည်သည် သိသည်ဟု ဆိုသော ထိုသော ဓမ္မ တရားတော်မြတ်ကို ကျင့်ကြံအားထုတ်မိသောအခါ
အချို့သော အကြောင်းကို ကိုယ်တွေ့သိလေ၏ ( သိသော်ငြား ရှင်းပြနိုင်စွမ်းမရှိပါ )
အချို့သော အကြောင်းကိုမူကား လုံးဝမသိပါ ( မသိဟု ဆိုသော်ငြား လုံးဝနားမလည်ဟု မမည် )

ဆိုလိုသည်မှာ

ဓမ္မ တရားတို့သည် ဖတ်ရှု့၊သင်၊ အံ၊ ကြားနာယုံ ဖြင့် အလွယ်တစ်ကူမသိနိုင်
သိနိုင်သော်လည်း ကျင့်ကြံအားထုတ်နိုင်ရန်ခဲ၏
ကျင့်ကြံအားထုတ်နိုင်သော်လည်း ကိုယ်တွေ့သိရန် ခက်ခဲလှချေတော့၏။

ထိုသောအကြောင်းသည် ဓမ္မ ၏ အပြစ်မဟုတ် ကိလေသာတို့ဖုံးလွှမ်းသော ဘဝ(ခန္ဓာ )  ၌ အနိစ္စ ဟု မမှတ်ရှု့နိုင်သော
ငါ၏ အကြောင်းသည်သာ အပြစ်ဖြစ်ခြေတော့သည်တကား။
ဤ ကို ဥဒါန်းအဖြစ်ငါရင့်ကျူး၏
ထိုကို သစ္စာဟု ငါမှတ်ယူ၏
ထိုမှန်သော အယူ ( သစ္စာ ) သည် ငါ့အား လွှမ်းမိုးခြင်းဖြစ်တုံခြေသတည်း။

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံသရဏံ ဂစ္ဆာမိ

16 comments

  • ကျန်တာတွေတော့ မသိဘူး ..
    ဒါလေးတော့ ထောက်ခံချင်ပါတယ် …
    “….
    ဓမ္မ တရားတို့သည် ဖတ်ရှု့၊သင်၊ အံ၊ ကြားနာယုံ ဖြင့် အလွယ်တစ်ကူမသိနိုင်
    သိနိုင်သော်လည်း ကျင့်ကြံအားထုတ်နိုင်ရန်ခဲ၏
    ကျင့်ကြံအားထုတ်နိုင်သော်လည်း ကိုယ်တွေ့သိရန် ခက်ခဲလှချေတော့၏။
    …..”

    ဓမ္မ တရားတို့သည် ဖတ်ရှု့၊သင်၊ အံ၊ ကြားနာယုံ ဖြင့် အလွယ်တစ်ကူမသိနိုင်
    ဂေါတမ မြတ်ဗုဒ္ဓ ပွင့်တော်မူသောအခါမှာ ..
    ဘီလူးကြီးနှစ်ကောင် အဖြစ်ကို ရောက်နေနေပုံကို ထောက်ကြည့်ရင် …
    ပိဋကတ် အာဂုံဆောင်၊ အကုန်ဆောင်ထားတိုင်း ဓမ္မကို ကိုယ်တွေ့ မသိနိုင်ဘူးဆိုတာ ..
    သေချာပါတယ် …

    သိနိုင်သော်လည်း ကျင့်ကြံအားထုတ်နိုင်ရန်ခဲ၏
    ဒါကတော့ လက်တွေ့ စမ်းကြည့်လို့ ရနိုင်ပါတယ် …
    အမြင်မှာ လွယ်သလိုလို ထင်ပေမယ့် တကယ်တမ်း ကိုယ်တိုင်လည်း ထလုပ်ကြည့်ရော ..
    ကားသွားတာက များပါတယ် …

    ကျင့်ကြံအားထုတ်နိုင်သော်လည်း ကိုယ်တွေ့သိရန် ခက်ခဲလှချေတော့၏။
    ဒါကတော့ အားထုတ်တဲ့ နည်းလမ်း အပေါ်မှာ မူတည်နေနိုင်ပါတယ် …
    ပြီးတော့ .. လူတွေ ပြောပြောနေကြတဲ့ ပါရမီ ဆိုဒါဂျီးပေါ့ဗျာ ..
    တကယ်တမ်း တွေးကြည့်ရင်တော့ဖြင့် ပါရမီ ဆိုတာ ရှိပြီးသားမို့ ဒီတရားနဲ့ တွေ့နေရတာပေါ့ …
    (ဆရာတော်များ၏ တရားအရ)
    တရားနဲ့လည်း တွေ့၊ အားထုတ်ဖို့လည်း အခွင့် ရှိပါလျက်နဲ့
    ပျင်း ဆွဲ စွဲ နေရင်တော့ဖြင့် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့နော့ …
    ဒါကို ငါကတော့ တရားရဖို့ ပါရမီ မပါသေးပါဘူး … နောက်ဘဝ ပါရမီ ပါဖို့ အတွက်ပါ .. ဆိုပြီး ..
    ပါရမီ ဆိုဒါဂျီးကို လွှဲချလိုက်တော့ အဓိပတိ၊ ရွှေမန်းသူ၊ ရှမ်းမလေး တွေပါ ပါလာတော့တာပေါ့ … :mrgreen:

    အဲ … ဟိုပြောဒီပြော လျောက်ပေါ နေလိုက်တာ ဘယ်တွေရောက် ဘယ်တွေ ပေါက်ကုန်မှန်းတောင် သိဒေါ့ဘူး .. ဘိုပဲ ဖြစ်ဖြစ် ကွန်မန့်ဒေါ့ တော်တော် ရှည်သွားပီ …

    အိုက်ဒီ ဦးအောင်ပုကြီး ပြောတဲ့ စကားရပ်နဲ့ ပတ်သက်လို့ ..
    မိုးကုတ် ဆရာတော်ကြီးက တရားတော်တွေထဲမှာ ထည့်ပြောတတ်တဲ့ ဩဝါဒလေး ရှိသဗျ …
    ကျနော်တော့ မေ့နေတယ် …
    သိတဲ့လူတွေ ရှိရင် ပြောပေးကြပါဦးလို့ …

  • surmi

    November 25, 2012 at 9:53 am

    မမြင်ရတာကြာပြီဖြစ်တဲ ့ မိုက်ကယ်ဘပုရဲ ့ မူရင်းလက်ရာပါပဲ
    ကြိုက်တဲ ့ရှုထောင် ့ကတွေးပြီး လိုချင်တာဆွဲယူ လို ့ဆိုတဲ ့ ဗျူဟာမြောက်
    ရေးနည်း/အရေးအသားလို ့ဆိုချင်ပါတယ် ။
    ပုံပြင်နဲ ့ တရားသဘောကို ယှဉ်ထိုးပြောသွားတာကတော ့ဖြင့် အတော်လေးကို
    သိမ် ့မွေ ့တယ် ပေါ ့ ။ ဒါမျိုးအတုယူရမယ်ထင်တယ် ………
    တစ်စုံတစ်ယောက်က တစ်ယောက်သောသူကို တစ်ခုခု ပြောပါတယ်လို ့
    စွတ်စွဲလို ့မရတဲ ့ တစ်ခုခုကိုရည်ညွှန်းပြီး တစ်ခုခုပေးလိုက်တဲ ့
    ပို ့စ် တစ်ပုဒ်လို ့ ဆိုရင် မမှားလောက်ဘူးထင်ပါရဲ ့ …………….
    ကျနော ့ အတွေးမှားသွားရင်လည်း ဆောဆောတီးဗျို ့ …ဟဲဟဲ
    ဒါမျိုး မဖတ်ရတာကြာလို ့ အတော်ပဲဖြစ်သွားတယ် ။
    :hee:

  • ဦးကြောင်ကြီး

    November 25, 2012 at 10:55 am

    ဒကာအော်မိုက်ကယ်ပုမှ ထသို့ဆိုလျင် ရွာဦးကျောင်းဆြာတော် ဦးကြောင်ကြီးမှ အသို့ဆိုမည်။ “မူးလျင်မမောင်းနဲ့ မောင်းလျင်မမူးနဲ့၊ ဗူးလျင်မရောင်းနဲ့ ရောင်းလျင်မဗူးနဲ့” မသိလျင်မြေး သိလျင်အဘေး မသိတသိဆိုလျင် သင်ကိုယ်တိုင်ဖြစ်၏။ မမူးတမူးu မိုက်ကယ်အောင်ပု… မဟုတ်တရုတ်မှာ ကြေးမုံဂျီး၊ မမွတ်တမွတ်သည် ဟာဂျီခိုင်၊ မကျားတကျားကား စီတုံးဂေးဖြစ်၏။ :harr:

  • pooch

    November 25, 2012 at 1:03 pm

    ဘပုရေ နက်နဲတဲ့ တရားတော်ကိုမပြောပါနဲ့ အသိနက်တဲ့ ယောနသံဇင်ယော်လို စာအုပ်ကိုတောင် တခါဖတ်ပြီး ခုထိ နားမလည်နိုင်သေးတာမို့ နောက်ထပ် လက်ခံနိုင် ဖတ်နိုင်မဲ့ အချိန်ကို စောင့်နေတာပါ။

    ကိုယ့်ရဲ့ အခံ ဆည်းပူးလေ့လာမှုအားနည်းခဲ့တော့ တော်ရုံ သူများပြောလည်း တော်တော်နဲ့ မပေါက်နိုင်ခဲ့ပါဘူး။
    သုညတန်းအောက်ရောက်နေတုန်းပါ။ လေ့လာဆဲ ဆည်းပူးဆဲ သင်ယူဆဲပါ။ ဘဝဆိုတာ တသက်တာလေ့လာသင်ယူရမဲ့ ဘာသာရပ်ဆိုတော့ သေခါမှ ရပ်မယ် ထင်ပါတယ်။

    ဒီကြားထဲ ကိုယ်က စိတ်အခြေနေပေါ်မူတည်ပြီး မထော်မနန်းတွေ ပြောမိလုပ်မိတတ်ပါသေးတယ်။ ခွင့်လွှတ်နားလည်တတ်တဲ့ ပတ်ဝန်းကျင်တွေမှာ နေခွင့်ရခဲ့လို့သာ သက်ဆိုးရှည်နေတယ် မှတ်ပါတယ်။

    ဒါနဲ့ မသိလို့ မေးပါရစေ ။ အနမ်းပင်တန်းဆိုတာ ရွာတွေမှာ တကယ်ရှိတာလား ဘယ်လိုအပင်မျိုးတုန်း ။ဒါမှ မဟုတ်တင်စားတာလား ။ တင်စားတာဆိုရင်ရော ဘယ်လို အဓိပါယ်သက်ရောက်တာလဲ :mrgreen:

    • Moe Z

      November 25, 2012 at 2:03 pm

      မမပူးချ်ရေ အနမ်းပင်ဆိုတာ တကယ်ရှိပါတယ်
      ငယ်ငယ်ကရောက်ဖူးတဲ့ ဘီလူးကျွန်း(ဘပုရဲ့မွေးရပ်မြေထင့်)ဘက်မှာပေါတယ်
      မှတ်မိသလောက်ပြောပြရရင်
      သူကအပင်ကြီးမျိုး ပန်းတွေက ဆင်စွယ်ရောင်လိုလို အသားရောင်လိုလိုပဲ
      တစ်ပင်နဲ့တစ်ပင်ပွင့်တဲ့အရောင်ချင်းမတူဘူး
      အနံ့လည်းသိပ်မွှေးတယ် ဧကရာဇ်ပင်လိုအဆုပ်လိုက်ပွင့်တာ
      ရန်ကုန်မှာတော့ မတွေ့ဖူးဘူး

      ဘပုရဲ့သိမ်မွေ့နက်နဲတဲ့တရားကိုတော့ ဉာဏ်မမီလို့ ဖတ်သွားပါတယ်လို့ပဲပြောပါရစေရှင့် :mrgreen:

      • pooch

        November 25, 2012 at 2:56 pm

        ကျေးဇူးပါ မိုးစက်ရေ မတွေ့တာတောင် ကြာပေါ့ 😀

        • မိုက်ကယ်ဂျော်နီအောင်ပု

          November 25, 2012 at 7:20 pm

          အပေါ်ဂ အန်တီမိုးပြောတဲ့အတိုင်း
          ကွက်တိဘဲဗျ
          သူကသစ်ပင်ကြီးမျိုး သစ်ထုတ်လို့တော့မရဘူး
          ဒါပေမယ့်သစ်မာမျိုးလို့ဆိုနိုင်မလားဘဲ
          သစ်ပင်ရဲ့ သက်တမ်းပေါ်လိုက်ပြီး အတော်မာရေကျောရေရှိတယ်
          မိုးဒဏ်နေဒစ်ခံနိုင်လှတယ်
          အချို့နယ်တွေမှာဆို ပင်စည်လုံးလိုက် တံတားခင်းထားတာ
          နှစ်အတော်ကြာခံကြလေရဲ့
          စစ်တောင်းတံတားကြီးလောက်နီးနီးပေါ့ဗျာ :mrgreen:

  • (( ပိုက်ဆံမရှိလို့ တရားအားထုတ်သည်ကို နားလည်ကြစေ ))
    မဟုတ်တော့ဘူး ပြောင်းသွားပြီ………………………….
    ပြည်မသိ ဗာရာ
    မင်းမသိ ဗြမ္မဒတ်
    ငွေမတတ်နိုင်ပြန် အန်ကယ်ဆမ် ။

  • kai

    November 25, 2012 at 5:20 pm

    အဲဒီလိုလေလုံးတွေနဲ့.. ခြောက်စားမြှောက်စားတဲ့သူတွေရှိတယ်..။
    အဲဒီလိုလူတွေတကယ်ရှိတယ်…
    အဲဒီလိုလူတွေပြောတာကို.. တကယ်ယုံတဲ့သူတွေရှိတယ်..
    သေမတတ်ယုံတတဲ့သူတွေရှိတယ်..
    သေသွားတဲ့အထိ.. ယုံတဲ့သူတွေရှိတယ်..
    ရှိပါတယ်..ရှိနေပါတယ်..။

    အို..အသင်လောက..
    အံ့ဖွယ်သုတပါတကား.. :kwi:

    • မိုက်ကယ်ဂျော်နီအောင်ပု

      November 25, 2012 at 7:15 pm

      သဂျီး
      မတော်တရော်တွေ လိုက်မပြောနေနဲ့
      အထက်ဆရာတွေ ကိုင်လိုက်လို့
      ယားကျိယားကျိဖြစ်နေမယ်
      ဘာမှတ်နေသဒုံးဗျ 👿

  • မောင်ပေ

    November 25, 2012 at 9:25 pm

    အသင် မိုက်ကယ်ဂျော်နီသည် လီကောင်း ( ခရက်ဒစ်တူ ကိုပု )
    မာမွတ်ခိုင် သည် လီကောင်း
    အဝေရာ အဝါရေ သောက်သုံးခြင်း အမှုနှိုက်
    သာယာနိုင်ကြပါစေသတည်း

  • နီပေပါ

    November 25, 2012 at 11:08 pm

    ဖတ်ရင်းအတော် အသိတရား ရပေ၏။ တစ်ခါတလေ မတော်ဘဲ ကျပ်မပြည့်သူအဖြစ်လည်ကောင်း အတော်လွန်ပီး ကျပ်လွန်သူအဖြစ်လည်းကောင်း ကိုယ့်ကိုကိုယ် ပြန်မြင်မိလေ၏။အထက်ပါ စာစုအားဖတ်မိပီးနောက် လွန်စွာ ဆင်ခြင်ဖွယ်ရာများ မှတ်သားမိ၏။ ကျေးဇူးအထူးတင်ပါပေသည် ဆြာပု သို့ပေသိတချို ့များ တည့်တည့် ပြောရင်တောင် ရှက်ကြောမရှိကြကုန် အော်အနိတ်ဆ….အနိတ်ဆ

  • Wow

    November 26, 2012 at 11:54 am

    တောက်စ်…
    အခုတစ်လော ရွာထဲမှာ အထပ်မြင့်အိမ်ရာတွေချည်းပဲ။ မြင့်တော့မတက်နိုင်ဘူး … တော်ဘီ နာ့မြေစိုက်တဲလေးဘဲကောင်းဒယ် :kwi:

  • ဦးဦးပါလေရာ

    November 26, 2012 at 2:00 pm

    သိမ်မွေ့ နက်နဲ ခက်ခဲ လိုက်သမှ
    မျက်စေ့ကို လည်နေတာပါကလား…
    ဘာပဲဖြစ်ဖြစ် တရားဟောတာဆိုတော့ ဟုတ်သည်ရှိမဟုတ်သည်ရှိ သာဓုလေးတော့ခေါ်ဦးမှ…

    သာဓု… သာဓု… သာဓု…
    :harr:

  • Novy

    November 26, 2012 at 3:42 pm

    ဘပုရဲ့စာကို ဖတ်ပြီး အဖက်ဖက်ကနေ ဒေါင့်စုံအောင်တွေးလိုက်တော့
    ဖက်ဖက်ကို မောသွားတာပဲ
    ဥနှောက်လေးသေးပုံများပြောပါတယ်

Leave a Reply