Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖြစ်တတ်ကြတဲ့ အိမ်ထောင်သည်ဘဝ အမှားများမှ

TheWinner GetprizeNovember 28, 20121min78016
မင်းထင်
မင်းထင်စင်္ကာပူရောက်နေတာ တစ်လလောက်ရှိပါပြီ။ ရောက်စက ပျင်းလိုက်တာလည်း မပြောပါနှင့်တော့။ အစ်ကိုကြီးကို ဆေးလာကုဖို့ ရောက်နေတာပါ။ အစ်ကိုက ခေါင်းထဲက အကြိတ်ကို ထုတ်ရမှာလေ။
စုစုပေါင်း သိန်း ၃၀ဝ လောက် ကုန်မယ်မှန်းတာပဲ။ ရှိလို့တော့ မဟုတ်ပါဘူး။
မိသားစုတွေ အကုန်လုံးပေါင်းပြီး အချိုးကျ ရှယ်လိုက်တော့ ပြည့်သွားတယ်။ မရောက်ဘူးတဲ့ နေရာမှာပေမယ့် အိမ်ရှင်တွေက ကူညီကြပါတယ်။ ဒါပေမယ့် အစ်ကိုကလည်း နေ့တိုင်း ဆေးခန်းပြရတာ မဟုတ်တော့ ဒီရက်တွေကို ဘယ်လို ကျော်ဖြတ်ရပါ့မလဲနော်။
ကိုယ့်ဆီမှာသာဆို လုပ်စရာတွေက ဒုနှင့်ဒေး။
ပုသိမ်ကနေ ၁ဝ မိုင်လောက် ဆက်သွားရတဲ့ တိုက်နယ်ဆေးရုံလေးမှာ မင်းထင်နဲ့ မစိုးတို့ အတူတကွ တာဝန်ကျပါသည်။
မစိုးဆိုတာလား မင်းထင်ရဲ့ မဟေသီပေါ့။ သူလည်း ဆရာဝန်မလေးပါပဲ။ နယ်မှာဆိုတော့ ဆေးရုံနဲ့ ကိုယ်ပိုင်ဆေးခန်းလေးကလည်း နီးနီးလေးလေ။ ဆေးရုံပြီး ဆေးခန်းပြေးပေါ့။ မစိုးနဲ့ အိမ်ထောင်ကျတာ ၄ နှစ်လောက်ရှိပါပြီ။ သမီးလေးကတော့ နှစ်နှစ်ပြည့်တော့မယ်။
ဒါပေမယ့်လည်း အိမ်ထောင်ရေးက အဆင်ပြေတယ်တော့ မဟုတ်ပါဘူး။
မစိုးက မင်းထင်ထက် ၈ နှစ်လောက်ကြီးတယ်။ ကျောင်းပြီးတော့ ရွာနဲ့ နီးတဲ့ ဆေးရုံလေးမှာ ကျရင်းကနေ မစိုးနဲ့ တွေ့ဖြစ်တာ။
ချစ်လားဆိုတော့လည်း – အင်း – ချစ်သလို၊ မချစ်သလိုပါပဲ။ ကျောင်းတုန်းကရည်းစားလိုတော့ ရင်မခုန်ခဲ့ပါဘူး။
သူ့ကိုတော့ အဲလို မဖြစ်ဘူး။ ဒါပေမယ့် အမြဲ စိတ်ညစ်စရာတွေနဲ့ ပြည့်နေတဲ့ မစိုးကို အားပေးရင်းနဲ့ပဲ သနားပိုမိသွားတယ်။
ပြီးတော့ ယူဖြစ်သွားကြတယ်။
အမေကတော့ သူချစ်တဲ့သားကို ရင်ကျိုးတာပေါ့။ မစိုးက မင်းထင်ကို အရမ်းနိုင်တာပဲ။
သူဖြစ်တာတွေ မဖြစ်တဲ့မင်းထင်၊ ကွမ်းအရမ်းကြိုက်တဲ့မင်းထင်၊ အားရင် ရွာလယ်က ဘိလိယက်ခုံကို ပြေးတတ်တဲ့ မင်းထင်ကို သူမကြိုက်တာတွေ အများကြီးပဲ။
ပြီးတော့ သူက ကိုယ့်ထက်ပိုပြီး လုပ်သက်ရင့်တဲ့ ဆရာဝန်မလေ ကိုယ့်ထက်ပိုတော်တာပေါ့။
အဲဒီတော့ လူကြားထဲမှာ၊ အမျိုးတွေ ကြားထဲမှာ၊ လူနာတွေ ကြားထဲမှာ ခဏခဏ အအော်ခံရတယ်။
ပြီးတော့ ဒုတိယ ကလေးလည်းယူဖို့ မစိုးကို ဘယ်တော့မှ ပြောလို့ မရဘူး။
ပြောလိုက်တိုင်း 2nd child လိုချင်ရင် 2nd wife ရှာပဲ ပြောခံရတယ်ဗျာ။ အင်း ခုတော့လည်း ဒီအသံတွေတောင် မကြားရတာ အတော်ကြာပါပြီ။ သမီးကိုလည်း အရမ်းလွမ်းတယ်။
ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့ အခြေအနေကနေ အခုတော့ သူငယ်ချင်း အကူအညီနဲ့ မင်းထင်တော့အရမ်းကို အဆင်ပြေနေပါပြီ။
Facebook မှာ မင်းထင် သူငယ်ချင်းတွေလည်း အများကြီးရနေပြီလေ။
Facebook က အတော်လေးလည်း စွဲလမ်းဖို့ကောင်းတာကို သိသွားပြီ။
ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့လည်း ပြန်တွေ့ဖြစ်တယ်။
အဲ… တခါတလေတော့လည်း ကောင်မလေးတွေနဲ့ Chat လုပ်ပေါ့နော်။
အင်း… တခါတလေတော့လည်း တစ်နေကုန် အချိန်က ဘယ်လို ကုန်သွားလဲတောင် မသိတော့ဘူး။
………………………………………………………
မစိုး
ဘဝမှာ အဆင်မပြေတာတွေက အများကြီးပါပဲ။ အဖေတို့က ဆရာဝန်ဖြစ်အောင်သာ ကျောင်းထားပေးထားတာ အခက်အခဲတွေက အများကြီးပါပဲနော်။ ကျောင်းပြီးတော့ ပုသိမ်နားက ဆေးရုံသေးသေးလေးမှာ တာဝန်ကျရင်းနဲ့ မောင်နဲ့ ဆုံဖြစ်တယ်။
အင်မတန်ကို ပွင့်လင်းပြီး ခင်မင်ဖို့ကောင်းတဲ့သူ၊ စိတ်ညစ်သမျှ ရင်ဖွင့်တာကို အမြဲဖေးမတတ်တဲ့သူ၊ မစိုးအပေါ်မှာ ဂရုတစိုက်ရှိတတ်လှတဲ့
သူ့ကို ချစ်မိနေတယ်။ ဒါပေမယ့် သူမချစ်တာ သိပါတယ်။ မစိုးကို အမတစ်ယောက်လိုပဲ သဘောထားတာကိုပေါ့။
မစိုးငိုရင်တော့လည်း ပျာပျာသလဲပဲ ဂရုစိုက် ဖေးမတတ်ပြန်ပါရော။ အနေနီးလာတဲ့ တစ်နေ့မှာတော့ မစိုးတို့ မှားမိကြတယ်။
သူ့ကို မယူဖို့ ပြောပါတယ်။ ဒါပေမယ့် လက်ထပ်မယ်ပြောတယ်။ ဒီလိုနဲ့ပဲ မစိုးတို့ ယူဖြစ်ကြတယ်။
အောင်မလေးနော် – ကြီးကျယ်လိုက်ကြတဲ့ သူ့အမေတွေပေါ့ – သူ့သားကိုများ ဖြစ်နေလိုက်ကြတာ။ သည်းသည်းကို လှုပ်နေကြတာပဲ။
မစိုးရှေ့မှာ အမြဲပြောတာကတော့ “သား – အမေတို့က အသီးစားချင်လို့ အပင်စိုက်တာတဲ့နော်”
တော်တော်သည်းညည်းခံရပါတယ်။ နောက်တော့လည်း မဟုတ်မခံတဲ့ မစိုးပဲ- သူ့အမေနဲ့ ဘယ်အဆင်ပြေတော့မလဲ။
အိမ်ထောင်ကျပြီးတော့လည်း ပိုပြီးတော့ချစ်ရပါတယ်။ ဒါပေမယ့် ကိုယ်ထက်ငယ်သူကို ယူထားမိတော့လည်း မလွယ်ပါဘူးနော်။
စိတ်ထင်တာတွေကို အမြဲတမ်းပဲ ဇွတ်တရွတ်လုပ်တာပဲ။ မစိုးလည်း ဒုက္ခတမျိုးပါပဲ။
ကျောင်းတုန်းက ကိုယ့်ကို ကြိုက်တဲ့ စီနီယာကို ရွေးလိုက်ရရင် ကောင်းမှာနော်။ ခုတော့ သူနဲ့က အမြဲစိတ်ညစ်ရတယ်။
ယူထားတဲ့ ယောက်ျားကဦးမဆောင်တော့လည်း ကိုယ်ကပဲ ဦးဆောင်နေရတယ်။ သူပြောတော့ သူ့မိဘတွေ ပြေလည်တယ်သာပြောတယ်။ ကိုယ်ကပဲ ပေးနေရတာပါပဲ။ အခုတော့လည်း သူ့ကို နွဲ့နွဲ့ပျောင်းပျောင်းပြောဖို့ စိတ်ကူးမရှိတော့ဘူး။
စိတ်တိုင်း မကျတာတွေပဲ များနေတာပဲနော်။
ဟုတ်တယ်လေ – ဆေးရုံက တစ်မျိုး၊ ဆေးခန်းက တစ်မျိုး၊ ပြီးတော့ သမီးက တစ်မျိုး နဲ့။ သူကလည်းလေ Operation ဆို သိပ်မလုပ်ရဲဘူး။ မစိုးကတော့ အကုန်လုပ်တာပဲ။ ရင်ဘတ်က အကျိတ်ထုတ်မလား၊ ကလေးမွေးမလား၊ Accident ဖြစ်လာလို့ အရေးပေါ် ခွဲစိတ်လိုက်ရမလား။ နယ်မှာကတော့ အကုန်လုပ်ပဲလေ။
အင်း… ရသမျှလေး ခြစ်ကုတ်စုထားပါတယ်။ သူ့အစ်ကို ရောဂါအတွက်တဲ့ အင်းလေ… သူ့မျက်နှာနဲ့ဆိုတော့လည်း ထည့်ရမှာပေါ့။
စိတ်တော့ သိပ်မပါလှပါဘူး။ သူ့အမေကို ကြည့်မရလို့။ သူတို့ ကားကိုတော့ မရောင်းပဲနဲ့လေ။ မစိုးတို့ကို လာပြီးစိုက်ပေးခိုင်းထားတယ်။ အရေးပေါ်အခြေအနေမှာ သူတို့ ကားဈေးကလည်း ကျနေတော့ ပေးတော့ ထားလိုက်ပါဦးမယ်။
………………………………………………………
မင်းထင်
ပျင်းလွန်းလို့ Facebook မှာ အချိန်ကုန်ရင်းကနေ တနေ့တော့ Status တခုကို သွားတွေ့လိုက်တယ်။
အမေတစ်ယောက်က သူ့သမီးလေးကို ရေးထားတာလေးကိုပါ။ စိတ်ဝင်စားလို့ ဝင်ကြည့်လိုက်တော့ တော်တော်လှတဲ့ မိန်းမပဲ။
လှတာထက်အတော်ယဉ်တာပဲ။ ပြီးတော့ မင်းထင်ထက်တော့ ကြီးမယ်ထင်တယ်။ ဒါပေမယ့် မစိုးထက်တော့ ငယ်ပုံပဲ။
ကိုယ်တိုင်က ဆရာဝန်တစ်ယောက်လည်း ဖြစ်နေတော့လည်း နည်းနည်းလေး ဝင်ပြောချင်လိုက်တာနဲ့ Hi လုပ်လိုက်တယ်။
ဘာမှ ပြန်ပြောမလာဘူး။
နောက်ရက်လည်း သူမကို ညဘက်တွေ on-line မှာ တွေ့နေဖြစ်တယ်။ ၂ ရက်၊ ၃ ရက်လောက် ဆက်နှုတ်ဆက်ဖြစ်တယ်။
အဲ… တရက်မှာတော့ ပြန်ပြောတယ်။ ဒါပေမယ့်လည်း ခဏပဲ Hi ပြန်လုပ်ပြီး ပြန်ထွက်သွားပြန်ရော။
ကြီးကလည်း ကျယ်ပါ့နော်။ အဲ… တစ်ရက်မှာတော့ သူနဲ့ စကားတွေ အကြာကြီး ပြောဖြစ်တယ်။
ပြောရင်းနဲ့ လေးစားလာမိတယ်။

(အပိုင်း ၂ ဆက်ပါမည်)

16 comments

  • kyeemite

    November 29, 2012 at 9:17 am

    အင်း..ဇတ်လမ်းကစိတ်ဝင်စားဖို့တော့ကောင်းသားဗျ…
    အရေးအသားလည်းကောင်းပါတယ်…စောင့်ဖတ်မယ်ဗျို့

  • Mon Kit

    November 29, 2012 at 10:04 am

    တွေးထင်စရာလေးတွေ ပေးသွားတယ်ပေါ့လေ…
    နောက်အပိုင်းကို စောင့်မျှော်နေပါမယ်…

  • jullies cezer

    November 29, 2012 at 10:17 am

    နောက်အပိုင်းကိုစောင့်နေမယ်ဗျို့…..

  • candle .

    November 29, 2012 at 11:21 am

    အပိုင်း နှစ် အမြန်လေးနော်..

  • ရွာသူ jujuma .

    November 29, 2012 at 11:47 am

    ဇာတ်လမ်းက ခုမှစတာပေါ့လေ ..
    ဆက်လက်အားပေးသွားပါ့မယ် …

  • juu juu

    November 29, 2012 at 2:02 pm

    လင်မယားဖောက်ပြန်တဲ့ပို့စ်ဆိုရင်တော့ မဖတ်ချင်တော့ဘူး သစ္စာမရှိတာ တွေကိုအရမ်းမုန်းလို့

    • TheWinner

      November 29, 2012 at 2:19 pm

      ဂျူးဂျူးအားမပေးရင်တော့ ဆက်မရေးတော့ဘူးနော်။

  • လုံမလေးမွန်မွန်

    November 29, 2012 at 2:12 pm

    အင်း..မိသားစုက အားကိုးတကြီးမျှော်လင့်ထားတဲ့ သူရဲကောင်းသားလေး…
    ကိုယ့်ထက်ပိုတော်တဲ့ မိန်းမကို ယူထားပြီး ကိုယ့်အသုံးမကျမှုကို ကိုယ်မမြင်၊ မိန်းမဘဝကို မစာနာဘဲ မိန်းမကို စိတ်ကုန်နေတဲ့ ယောက်ျား….
    ကိုယ့်ထက်ငယ်၊ ကိုယ့်လောက်မတော်တဲ့ ယောက်ျားကို ရထားပြီး ယောက်ျားရှေ့က ဦးဆောင်နေရလို့ ယောက်ျားကိုမနူးညံ့နိုင်တော့တဲ့ မိန်းမ…

    အစ်မရေ…ဆက်ရေးပါဦးနော်… ဘာဆက်ဖြစ်မလဲ သိချင်နေပြီ…

    ခင်တဲ့
    လုံမလေး

  • TheWinner

    November 29, 2012 at 2:21 pm

    ဆက်ရေးဖို့က ပြသာနာပဲနော်။ ဇာတ်ကောင်တွေသိသွားရင် ဘယ်ပြေးရမှန်းမသိလို့။ ရွာထဲပတ်ပြေးရင် မမိလောက်ပါဘူးနော်။
    ကယ်ကြပါဦး။

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 29, 2012 at 4:09 pm

      ဇာတ်ကောင်တွေသိသွားမှာစိုးရင်တော့ အဆင်ပြေနိုင်မယ်ဆိုရင် ကြိုတင်ခွင့်တောင်းသင့်ပါတယ်…
      တကယ်လို့များ ခွင့်မတောင်းရင်တောင်… မသိနိုင်လောက်အောင် ဖွက်ရေးတာတို့ နာမည်တွေ နေရပ်တွေနဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို လွှဲပြီးရေးသင့်တယ်လို့မြင်ပါတယ်…
      တော်ကြာ ကိုယ့်စာကိုနှစ်ယောက်လုံးဖတ်ပြီးတော့ နှစ်ယောက်လုံးအမြင်မှန်မရဘဲ… ကိုယ့်ပရောဂကြောင့် တစ်ခုခုဖြစ်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်ပါစိတ်မကောင်းဖြစ်နေရပါဦးမယ်…
      ဘာပဲဖြစ်ဖြစ်… (၂)ခါပြန်ဖတ်သွားတယ်နော်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • TheWinner

        November 29, 2012 at 6:43 pm

        ကြောင်ဝတုတ်အကြံပေးတာရော ကူညီတာပါ ကျေးဇူးပါ။

  • ရွှေ ကြည်

    November 29, 2012 at 5:49 pm

    အမွန်နဲ့ တသဘောတည်းပါပဲရှင့်..။ အိမ်ထောင်မှုဆိုတာနားလည်မှုမရှိရင် ဒုက္ခတွင်းကြီးလိုပဲနေမယ်ထင်တယ်..။
    ရည်းစားဘဝနဲ့အိမ်ထောင်သည်ဘဝအရမ်းကွာတယ်ဆိုတာ သိသာသွားတာပေါ့..။
    နှစ်ယောက်တည်းနဲ့ပဲဆိုင်တယ်ဆိုပေမယ့်အသိုင်းအဝိုင်းဆိုတာအနည်းနဲ့အများ သက်ရောက်မှုရှိတယ်ဆိုတာလေးလည်းသတိထားစရာပါပဲ..။
    အကြောင်းပြချက်အမျိုးမျိုးပြပြီးဖောက်ပြန်နေကြတာကိုမုန်းတယ်..။
    အနောက်တိုင်းမဟုတ်ဘူးဆိုတာ သတိရကြပါဦး..။ ယောက်ျားမိန်းမ ကလေးတွေရပြီးမှ မင်္ဂလာဆောင်ကြ ကွဲကြ
    မောင်နှမ ဆွေမျိုးတွေတောင်ဘယ်လိုစပ်ရမယ်မှန်းမသိတဲ့ ယဉ်ကျေးမှုမျိုးမြန်မာပြည်မှာမထွန်းကားလာပါစေနဲ့လို့ပဲဆုတောင်းပါတယ်..။

  • TheWinner

    November 29, 2012 at 6:51 pm

    ရွှေကြည်ရေ – မောပါတယ်နော် – အဲဒီ အိမ်ထောင်ရေးရဲ့ နားလည်မှုဆိုတာကိုပေါ့။
    တကယ့်ကို လွယ်မလိုနဲ့ ခက်ခဲတဲ့ အိမ်ထောင်မှုပါပဲကွာ။

  • အစ်မရေ ဒါက ရသခံစားဖို့သက်သက် အက်ဆေးတစ်ပုဒ်ပဲမဟုတ်လား။
    ဖြစ်ရပ်မှန်တော့မဟုတ်လောက်ပါဘူးနော်။
    ဆက်လက်စောင့်မျှော်နေမယ်နော်
    ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာ။
    ရိုးရိုးစင်းစင်းတွေးမိနိုင်ကြသလိုပဲလား၊အလှည့်အပြောင်းလေးတွေနဲ့လားဆိုတာ ဆက်ပါဦး။
    ဝါကျတွေကတော့ အပိုအလိုမရှိ ဖတ်ရတာ အဆင်ချောလှပါကြောင်းးးးးးးးးးး

  • uncle gyi

    November 29, 2012 at 10:54 pm

    ဇာတ်ကအခုမှပြည်တည်တုန်းမပြီးသေးဖူးဆက်ရန်နဲ့
    ဒါပေမဲ့ပြိီးသလောက်နဲ့မန်းလိုက်မယ်
    အစကတည်းကမဖြစ်လာရမယ့်ဇာတ်
    မိန်းကလေးကလည်းသိတယ်ကိုယ့်ကိုမချစ်တာ
    ယောကျာ်လေးကလည်းသိတယ်သူ့ကိုမချစ်တာ
    ၂ယောက်စလုံးကအခုခေတ်ကာလသားသမီးတွေလို့ယူဆလိုက်ရင်
    တခါမှားယုံနဲ့ဆက်မကသင့်တဲ့ဇာတ်

  • သခင် Mobile

    December 1, 2012 at 3:53 am

    အစအဆုံးဖတ်ပြီးမှပဲ ဝေဖန်မှုလေးဘာလေး ပြုတော့မယ်
    အခုတော့ ကူးယူထားလိုက်တယ်ဗျာ

Leave a Reply