အလင်းရောင်ကိုဆော့ကစားခြင်း
အလင်းရောင်ကိုဆော့ကစားခြင်း
ဟုူိးအရင်ခေတ်က ကင်မရာနဲ့ဆော့ကစားဘို့ဆိုတာ အတော်လေးကို ငွေကုန်ကြေးကျ များတဲ့အလုပ်ဖြစ်ပါတယ်။
အဲတော့လဲ ဓါတ်ပုံရိုက်တယ်ဆိုတာ ငွေကြေးတတ်နိုင်သူ ဝါသနာကြီးလွန်းသူနှင့် အသက်မွေးဝမ်းကျောင်းပြုသူများသာ ဆောင်ရွက်နိုင်တဲ့ ပညာရပ်တစ်ခုဖြစ်ခဲ့ပါတယ်။
ကင်မရာ တစ်လုံးရှိရမယ်။
ဒီကင်မရာကို ကိုယ်လိုရာခိုင်းစေနိုင်တဲ့အတတ်ပညာရှိရမယ်။
ဓါတ်ပုံရိုက်ပြီဆိုကတည်းက ဖလင်ထည့်ရမယ်။
တစ်လိပ်လုံးမကုန်မချင်း ရို်က်ရမယ်။
ပြီးရင်ဖလင်ဆေးရမယ်။
ကူးရမယ်။
ပျက်သည်ဖြစ်စေကောင်းသည်ဖြစ်စေ ကူးပြီးမှာသာအဖြေပေါ်တော့
ငွေအများကြီးကုန်ပြီးမှ ကိုယ့်လိုချင်တဲပုံလေးတစ်ပုံရပါတယ်။
နောက်တစ်ချက်က အချိန်အများကြီးစောင့်ရတာပါဘဲ။
နောက်ပိုင်း အော်တိုဒစ်ဂျစ်တယ်ကင်မရာတွေပေါ်လာပါတယ်။
ကို်ယ်တိုင် ဓါတ်ပုံပညာကို အများကြီးသိစရာမလိုဘဲ အဆင်သင့်လုပ်ပေးထားတာလေးကို
ဆွဲသုံးလိုက်ရုံနဲ့ ပုံလေးတွေ လှတပတ ရလာနို်င်ပါတယ်။
ရိုက်ထားတာကို ချက်ခြင်းကြည့်လို့ရတယ်။
မကြိုက်ရင်ပြန်ဖျက်လို့ရတယ်။
“မှတ်တမ်းပြား” လေးထဲမှာ ယာယီသိမ်းထား ။
တစ်နေရာမှာပြန်ကူးပြီး အမြဲသိမ်းထားလို့ရတယ်။
မလိုချင်တော့ရင် “မှတ်တမ်းပြား”က နေဖျက်ပစ်လို့ရတယ်။
အားလုံ့းသက်သာလွယ်ကူလို့လာပါတယ်။
အဲတော့ ကျနော်လို့ ဘာမှ မတတ်တဲ့ ဝါသနာရှင်တွေလက်ဆော့လို့ရသွားပါတယ်။
ငယ်ကတည်းက အလင်းတန်းလေးတွေ အလင်းစက်ကလေးတွေဖြာကျ
နေရင်အရမ်းနှစ်သက်ခဲ့ပါတယ်။
ကိုယ်တိုင်ကင်မရာရိုက်ချိန်မှာလဲ လက်တွေ့ရိုက်ဘို့ကြိုးစားပါတယ်။
သစ်ရွက်ကြိုသစ်ရွက်ကြားကနေ အလင်းလေးတွေဖြာကျနေတာကို အမိအရဖမ်းဘို့
ကြိုးစားခဲ့မိပါတယ်။
ပညာရှင်တွေလို့တော့ သေသပ်လှပတဲ့ပုံလေးတွေမရခဲ့ပေမယ့်
ကိုယ့်စိတ်အဆာပြေလောက်တဲ့ပုံလေးတွေကိုတော့ ရခဲ့ပါတယ်။
အဲဒါလေးတွေကတော့
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(5-12-2012)
10 comments
minnannawar
December 11, 2012 at 10:37 am
ကိုပေါက်ရေ… No.2 နဲ့5 ကို အရမ်းကြိုက်ပါ တယ်။
ဖလင်ခေတ်က ဓါတ်ပုံတွေအများကြီး ရိုက်ခဲ့ဘူးပါတယ်။ တစ်လိပ်လုံးရိုက်ခဲ့ပြီး ဖလင်ဆေးရာမှာ လက်ကလွတ်ကျပြီး အလင်းဝင် သွားလို့ ပုံတွေဆုံးရှုံးရတာလည်းကြုံဖူးပါတယ်။ အခုခေတ်တော့ လွယ်မှလွယ်… မကြိုက်ပြန်ရိုက်၊ မကြိုက်မချင်းရိုက်၊ ကောင်းမှကောင်း။
ရှခင်းတွေ၊ နေဝင်နေထွက်တွေ အစား ဘဝသရုပ်ဖေါ်လေးတွေ ရိုက်ပြီးတင်ပါအုံးလို့ အကြံပြုချင်ပါတယ်။
Mobile
December 11, 2012 at 10:40 am
ဓာတ်ပုံပညာ ဆိုတာထိုကဲ့သို့ ရှိသကိုး
ဖလင်ကင်မရာကို တစ်ခါမှ မကိုင်ဖူးခဲ့ပါကြောင်း(ဒီဂျစ်တယ် ကင်မရာကိုလဲ ထိုနည်း၎င်း)
ကြည့်ရှု့ခံစား လေ့လာမှတ်သား သွားပါကြောင်း
Khaing Khaing
December 11, 2012 at 11:18 am
လေးပေါက်ရေ … ဒီပို့စ်နဲ့တော့မဆိုင်ပါဘူး … အခုရက်ပိုင်း ခေါင်းတွေရှုပ်ထွေးပြီး ဦးနှောက်စားနေလို့ ဦးနှောက်စားစရာတွေဆို မဖတ်ဖြစ်ဘူး …. လေးပေါက်ကိုတော့ အားကျမိတာအမှန်ပဲ … ဂေဇက်မှာ ပုံတွေ ဝေဝေဆာဆာ မပြတ်တန်းတင်နိုင်သလို တစ်ခြားသူများရဲ့ပို့စ်တွေလည်း ဝင်ရောက်ဆွေးနွေးနိုင်တယ် …. FB မှာလည်း ဓာတ်ပုံတွေတင်နိုင် … နေ့ခင်းဆိုလည်း အလုပ်ကို မနားမနေ လုပ်နိုင်သလို လူမှုရေးကိစ္စတွေလည်း မလစ်ဟင်းခဲ့ဘူး …. ဒါက ရှေးကုသိုလ်ကောင်းခဲ့တယ်လို့ ဆိုနိုင်မလား … စိတ်သွားတိုင်းကိုယ်ပါနိုင်တယ်ဆိုတာ ဒါမျိုးပေ့ါ ……….
လေးပေါက်ပို့စ်တွေမှာ မမန့်ဖြစ်ပေမယ့် ဓာတ်ပုံတွေကိုတော့ ကြည့်ဖြစ်တယ် .. တစ်ခါတစ်လေ လွမ်းစရာပုံ တွေ သတိရစရာပုံတွေဆို ရင်ထဲခံစားရလို့ သေချာမကြည့်တော့ဘူး ….. သမီးက တစ်ခုခုဆို စူးစူးနစ်နစ်ခံစားရတတ်လို့ ……….
ကိုပေါက်(မန္တလေး)
December 11, 2012 at 1:17 pm
minnannawarရေ ကျနော်က ရူ့ခင်းပုံရိုက်တာ ပိုအားသန်ပါတယ်.
နောက်အလင်းရောင် နဲ ့တိမ်တွေ၊ ရေထဲမှာအရိပ်ကျနေတာတွေကို ပိုသဘောကျတော့
ပိုရိုက်ဖြစ်ပါတယ်။
နောက်ရက်တော့ သဘာဝရူ့ခင်းလေးတွေလဲကြုးိစားလို့ရိုက်ပါအုံးမယ်။
Mobileရေ
ကိုပေါက်က လက်ဆော့ တဲ့အဆင့်ပါကွဲ့။
မယ်ခိုင်ရေ
လေးပေါက်ပို့စ်မှာ ဆိုင် ဆိုင် မဆိုင် ကြိုက်တာရေးလို့ရပါတယ်။
သူငယ်ချင်းတွေကိုလဲ နုတ်ဆက်လို့ရတယ်။
ပေါက်ကရပြောချင်ရင်လဲ ရတယ်။
သူများမထိခိုက်ရင်ပြီးရော။
လေးပေါက်အသက် မငယ်တော့ဘူးလေ။
ပြေးနိုင်လွှားနိုင်လှရင်နောက် ငါးနှစ်ဆယ်နှစ်ပေါ့။
နောက်အသက်ငါးဆယ်တန်းရောက်မှ အင်တာနက်ပေါ်ရောက် စာတွေရေး
ကင်မရာကိုင် လက်ဆော့ တွေလုပ်ရတာကိုးအေ့။
အဲတော့ ဘိုဆန်ဆန်လေးပြောရရင် နေသာတုန်းအဝတ်လှန်းပေါ့အေ၊
မြန်မာဆန်ဆန်လေး ပြောရရင် မိုးရွာတုံး ရေခံပေါ့အေ။
အဲတော့ ကလေးတွေထက် ဝါယမ ပိုစိုက်ရ ကို်ယ်နားရမယ့် အချိန်တွေကို ဖဲ့ပေးရပေါ့။
ဒါတောင် မဒမ်ပေါက်က လေးပေါက်ဘာလုပ်လုပ် ခွင့်လွှတ်နေလို့အေ့။
လေးပေါက်အတွက်အိမ်ဆိုတာ ည အိပ်ချိန်လောက်ဘဲ နေတာလောက်ပဲဖြစ်နေပြီ။
မနက်(7း30)အိမ်ကထွက် အလုပ်သွား။
ထမင်းစားတော့လဲ အလုပ်ထဲမှာ အိမ်ကထည့်ပေးတဲ့ ထမင်းချိုင့်နဲ့မနက်စာ စား။
ည (7)နာရီလောက်အိမ်ပြန်ရောက်။
ထမင်းစားပြီးလက်ဖက်ရည်ဆိုင်ပြန်ထွက်။
ညကိုးနာရီကျော်ရင် အင်တာနက်ဆိုင်သွား 11ကျော်ပြန်လာအိပ်။
ဆို်င်မှာရေးလက်စ မကုန်ရင်အိမ်မှာဆက်ရေး။
12နာရီပါတ်ဝန်းကျင်အိပ်။
မနက်ငါးနာရီပါတ်ဝန်းကျင် ပြန်ထ လမ်းလျောက်။
လမ်းလျောက်ရင်းလက်ဆော့။
အလုပ်ပိတ်ရက် မနက်ပိုင်းမဒမ်ကိုဈေးပို့ ဘုရားပို့
နေ့လည်တစ်နာရီကျော်တာနဲ့ လေးပေါက်ကိုယ်ပိုင်အချိန်ဘဲ။
ဒီလို ဒီလိုနဲ့ဘဲ မီးသဂြိုဟ်မယ့် နေရာနဲ့ နီးသထက်နီးလာတာပေါ့။.
မသေခင်လေးမှာတော့ လုပ်နိုင်သ၍လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါ၏။
Khaing Khaing
December 11, 2012 at 3:14 pm
ဒီကြားထဲ ဧည့်ဝတ်ကျေတာတွေကိုထည့်ပြောဦးလေ …. သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေတွေလာရင် အပြေးအလွှားတွေ့ရ သွားရတွေလည်းရှိသေးတယ် …. လေးပေါက်လို့တော့မလုပ်နိုင်ဘူးလေးပေါက်ရေ ….. ရူးသွားလိမ့်မယ် …….
ဘဲဥ
December 11, 2012 at 3:40 pm
အဲ့ဒီ ရူးသွားလိမ့်မယ်ဆိုတဲ့ကိစ္စကို မြန်မြန် အကောင်အထည်ဖော်လိုက်တော့လေ
ဘာလို့ လူသိအောင် လျှောက်ပြောနေတာလဲ
သာမီးလေးကိုတော့ တားတားနဲ့ စိတ်ချလိုက်ပါလို့
ဗုံဗုံ
December 11, 2012 at 4:11 pm
ပုံနံပါတ် (13) လေးကို အကြိုက်ဆုံးပါ လေးပေါက်အိပ်ချိန်နည်းပြီး လမ်းမှန်မှန်လျှောက်တာတောင် နည်းနည်းဝနေတယ်ထင်တယ်နော် ဘဲဥ ပုံထဲမှာမြင်လိုက်တာပြောတာလေ 🙂
ကိုပေါက်(မန္တလေး)
December 11, 2012 at 5:03 pm
ဟုတ်တယ် ဘေးကလုံရေ
2009မှာ ဆေးရုံတက်တာပေါင်130 ထိကျသွားတယ်
အခုတော့ ပေါင် 180 ထိရောက်သွားပြိ
ပေါင်200မဖြစ်အောင်ကျုးိစားနေပါ၏.
လူကတော့ သွက်ပါသေး၏။
မိုး မင်းသား
December 11, 2012 at 7:09 pm
ကိုပေါက်ရေ
အားလုံးကိုခံစားသွားပါတယ်…….အကုန်လုံးကိုလည်းကြိုက်ပါတယ်….
အကြိုက်ဆုံး(၂)ပုံကတော ့….မှဲ ့မှဲ ့ရဲရဲအလင်းစက်နဲ ့
အလင်းပေါက်ကို(လုံးဝ)…ကိုခံစားသွားပါတယ်ခင်ဗျာ……..
ချစ်ခြင်းမေတ္တာဖြင် ့
ကိုပေါက်(မန္တလေး)
December 15, 2012 at 11:55 am
မိုးမင်းသားလေးပျောက်နေတာ ကြာသလိုဘဲနော်။