အိပ်မက် စင်းစင်း
“ အိပ်မက်စင်းစင်း”
“ အိပ်မက်စင်းစင်း”
ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အတော်မြင့်မြင့် တောင်ကုန်းလေးပေါ်မှာ
အပြာရောင်ဝတ်စုံနဲ့ချစ်သူ
ပြုံးလို့ပျော်လို့ ရီလို့မောလို့
စကားတွေပြောနေလိုက်ပုံက
အိပ်မက်ထဲမှာတောင်ချစ်စရာ
ဒါပေမယ့် အဲဒီလူက ကျနော်တော့မဟုတ်ဘူး။
အိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အေးစက် တိတ်ဆိတ်ငြိမ်သက်နေတဲ့
ကော်ဖီဘားလေးအတွင်းမှာ
အနက်ရောင်ဝတ်စုံနဲ့ချစ်သူ။
ညင်သာမူ့ကင်းတဲ့စကားလုံးတွေနဲ့ပစ်ခွင်း
ချစ်ခြင်းကလွဲလို့ ဘာမှမရှိတဲ့ကျနော်နဲ့
လမ်းခွဲဘို့ ဆန္ဒတွေဖော်ထုတ်။
ကျနော်ကတော့ မင်သက်မိတဲ့ကျောက်ရုပ်လိုုငုတ်တုတ်။
အော် သိပ်ကိုစင်းတဲ့အိပ်မက်ပါဘဲနော်။
ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ
(8-12-2012)
13 comments
ကိုပေါက်(မန္တလေး)
December 10, 2012 at 9:03 am
မနေ့ကစစ်ကိုင်းရောက်တော့ တိမ်ပြာပြာနဲ့တောင်ကို ကြည့်ရင်း လက်ဆော့ရင်း စိတ်ထဲ
တွေးမိတာလေးကို ချရေးထားတာပါ။
aye.kk
December 10, 2012 at 9:18 am
အဝေးကကြည့်ကြည့်
အနီးကကြည့်ကြည့်
လှပသည့်လက်ရာလှလှများပါဘဲ။
ကဗျာကစိတ်ခံစားချက်ထင်းထင်းလေးပါဘဲ။။
Mobile
December 10, 2012 at 10:07 am
လမ်းသလားပေမယ့် လမ်းမများပါဘူး
ကြင်နာမြတ်နိုးတတ်တဲ့ ချစ်တတ်တဲ့ အသည်းလေးနဲ့လူပေါ့ ………..
ဗုံဗုံ
December 10, 2012 at 10:26 am
သိပ်ကို ရိုးစင်းလှပတဲ့ ကဗျာလေးပါဘဲ 🙂
jullies cezer
December 10, 2012 at 12:26 pm
လေးပေါက်များများလမ်းသလား ဒါမှမရောက်ဖူးတဲ့နေရာစုံတွေ့ရမြင်ရမှာ ……..
ကိုပေါက်(မန္တလေး)
December 10, 2012 at 3:22 pm
လေးပေါက်ကလဲ သွားနိုင်သ၍သွား ဆော့နိုင်သမျှဆော့
တွေးနိုင်သမျှတွေး ရေးနိုင်သမျှရေးပါဘဲ။
အဲဒါတွေပြီးရင်တော့ တင်နိုင်သ၍တင်ပါဘဲ။
အကယ်၍များ ကွန်ပြူတာရှေ့မထို်င်နိုင်တော့တဲ့တစ်နေ့ရောက်ရင်တော့ ဘယ်လိုလုပ်ရမယ်မသိဘူးဗျို့
Mobile
December 12, 2012 at 7:33 pm
လွယ်ပါတယ် ကိုပေါက်ရာ အမွေခံပေးဖို့ တစ်ယောက်ပဲလိုတာပါ………
Hnin Hnin
December 10, 2012 at 3:35 pm
နှလုံးသားက နူးညံ့ပါဘိ…ကဗျာမှာ ပေါ်၏… 🙂
လေးပေါက်ရေ…..
ဒီရက်ပိုင်း မအားလို့ စာဖတ်ကျဲနေ၊ မမန့်ဖြစ်ပေမယ့် လေးပေါက်ရဲ့ ပုံလှလှလေးတွေကိုတော့
နေ့တိုင်း ဝင်ကြည့်နေတာပါပဲ….
MaMa
December 10, 2012 at 4:10 pm
ကဗျာကို သိပ်မခံစားတတ်ဘူး။
ဒါပေမယ့် အခုကဗျာကတော့ လွယ်ကူရှင်းလင်းပြီး အဓိပ္ပါယ်ပေါက်လွယ်လို့ သဘောကျတယ်။ :hee:
ပုံလေးပါတော့ ရုပ်ပြကဗျာလို့ ပြောရမယ်ထင်တယ်။
မောင်ပေ
December 10, 2012 at 7:15 pm
နတ်ရေကန်ထဲကျခဲ့သလိုပါကလား
Mr. MarGa
December 10, 2012 at 7:30 pm
လေးပေါက် ကဗျာရေးတာ အခုမှ တွေ့ဖူးတယ်
ဝင် ခံစားသွားတယ်နော်
ကိုပေါက်(မန္တလေး)
December 11, 2012 at 1:04 pm
ကိုမာဃရေ
ကဗျာက ရေးခဲလို့ပါ။
တစ်ခါတစ်ခါ စိတ်ကူးပေါက်မှာ
ရေးရင်လဲ တစ်ထိုင်တည်းဘဲရေးတာပါ။
surmi
December 11, 2012 at 1:52 pm
ကဗျာတွေမတွေ ့ရတာ တော်တော်တောင်ကြာသွားပြီနော်
တစ်နှစ်လောက်တောင်ရှိမလားပဲ
အစ်ကိုရေ ……
လက်လည်းဆော ့ရင်း အတွေးလေးတွေလည်းလုပ်ပါဦး…