လျှောက်ပတ်ကြည့်ရင်းတွေ့တဲ့ ဟာသတွေ
အမေရိကန်သမ္မတ ကလင်တန်လက်ထက်ကဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် မိုရီ သည် အမေရိကန်သို့ ချစ်ကြည် ရေး ခရီးထွက် မည် ဖြစ်သည်။ ခရီးမထွက် ခင် တွင် အဂ်လိပ်စကားပြောအနည်းငယ်သင်ကြား နေသည်။ အတူ လိုက် ပါမည့် ဘာသာပြန် သူမှ “ဝန်ကြီးချုပ်ခင် ဗျား သမ္မတ နဲ့ တွေ့တဲ့ အခါ မှာ လက်ဆွဲ နှတ်ဆက်ပြီး ၊ How are you? လို့ နှတ်ဆက်ပါ၊ အဲဒီ့ အခါမှာ သမ္မ တ က I am fine, and you. လို့ ပြန်မေးပါလိမ့်မယ်၊ အဲဒါပြီးရင် ဝန်ကြီးချုပ် က mee too လို့ ပြန်ပြောရုံပါ။ ကျန်တာတွေကို တော့ ကျွန် တော် ဘာသာပြန်ပေးပါ့မယ်။
ဂျပန်ဝန်ကြီးချုပ်နှင့် သမ္မတတို့တွေ့ကြသော်အခါ လက်ဆွဲ နှတ်ဆက်ပြီးနောက်
မိုရီ။ ။ Who are you? ( How are you နှင့် လွဲ၍ နှတ်ဆက်သည်)
ကလင်တန်။ ။ (ရုတ်တရတ် ကြောင်သွားသော်လည်း ဟာသပြောသည်မှတ်၍ ပြန်လည် ဟာသနှောလိုက်သည်) Well, I am Hilary’ husband, and you?har har.
မိုရီ။ ။ Me too, har har har
ဆရာမ။ ။ မနီ ကမာ္ဘ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။ ထိုအခါ
မနီ။ ။” ဘုရားသခင်” ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။
မနီ။ ။ (လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော်ပြန်လေသည် ) ” ဂျီးဆပ် ခရစ်”
ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။
ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာ
မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်
ဆရာမခမျာ ဘုမသိ ဘ မသိ ဖြင့် သတိလစ် သွား ရှာသည်။
မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့် အသက် ၉၃
နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည် သူ၏ ဆရာဝန်ထံ ရောက်လာပြီး
သူတို့ကလေးရတော့မည့်အကြာာင ်း ပြောပြလေသည်။
ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။
‘ကျွန်တော် ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းက အလွန်သတိမေ့တတ်တဲ့
လူတယောက်ဟာ အမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲ
ယူသွားပါတယ်၊ တောထဲမှာ ဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ ပက်ပင်းတိုးမိတော့ သူက
လက်ထဲမှာပါတဲ့ ထီးနဲ့ ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊ အဲဒီမှာ
ခြင်္သေ့ကြီးလည်း တုန်းခနဲ လဲကျသေဆုံးသွားပါရော’
‘ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီး
ပစ်လိုက်လို့ နေမှာပေါ့’
‘အခုလဲ ဒီအတိုင်းပါပဲခင်ဗျား’
တခါက လူနှစ်ယောက်ဟာတောထဲမှာမျက်စိလည် လမ်းမှားပြီးလမ်းပျောက်နေပါတယ်။ ဒါကို သစ်ခုတ်သမားတစ်ယောက်ကကယ်ပြ ီး အိမ်ကိုခေါ်လာတယ်။ညရောက်တော ့ အဲ့ဒီလူနှစ်ယောက် က သစ်ခုတ်သမားရဲ့သမီးကို——-တယ်။ဒါနဲ့ သစ်ခုတ်သမားလည်းအလွန်စိတ်ဆိုးပြ ီးသတ်မယ်လုပ်ပါရော။အဲ့ဒီလူနှစ်ေ ယာက်လည်း သစ်ခုတ်သမားကိုမသတ်ဖို့ဒူးထောက် တောင်းပန်တာပေါ့။ဒါနဲ့ သစ်ခုတ်သမားလည်းအခွင့်အရေးပေးတဲ ့အနေနဲ့ သူတို့နှစ်ယောက်ကို ခြံထဲမှာရှိတဲ့ သစ်သီး၁ဝလုံးစီ ခူးခဲ့ပါလို့ပြောလိုက်တယ်။မကြာခ င်မှာ ပထမလူက မက်မန်းသီး၁ဝလုံးကိုယူပြီးပြန်လာပါတယ်၊သစ်ခုတ်သမ ားက အဲ့ဒီမက်မန်းသီးကို မင်းရဲ့ဖင်ပေါက်ထဲကိုထည့်ရမယ်၊တ ကယ်လို့ ၁ဝလုံးလုံးထဲ့ပြီးတာတောင်တစ်ချက် မျှမရယ်ရင် အသက်ချမ်းသာခွင့်ပေးမယ်တဲ့၊ဒါနဲ ့ ပထမလူလည်းထဲ့နေတာ ၉လုံးမြောက်လည်းရောက်ရော အားပါးတရရယ်လိုက်လို့ သတ်ခံလိုက်ရပါတယ်။ယမမင်းဆီကိုရေ ာက်တော့ ယမမင်းက “မင်းကွာ ၊နောက်နှစ်လုံးသည်းခံလိုက် ရင် မင်းသေစရာမလိုတော့ဘူး၊ဘာကြောင့် ရယ်ရတာလဲ”လို့မေးတော့ ပထမလူက အရယ်ကိုမရပ်နိုင်သေးဘဲ “ယမမင်းကြီး ၊ကျတော်မျိုး မရယ်ဘဲနဲ့၁ဝလုံးလုံးထဲ့နိုင်ပါတ ယ်၊ဒါပေမယ့် ၉လုံးမြောက်မှာ ကျနော့သူငယ်ချင်းက ဒူးရင်းသီး၁ဝလုံးကို သယ်လာတာတွေ့လိုက်ရလို့ ပါ။”တဲ့
ခရီးသည်တင် လေယာဉ်ကြီးတစ်စီးပေါ်တွင် လေယာဉ်မယ်က ခရီးသည်များအား အသိပေးစကားပြောလေသည်။
လေယာဉ်မယ်… ကျေးဇူးပြုပြီး နားဆင်ကြပါရှင်။
ခရီးသည်များ….အားလုံးတိတ်ဆိတ်သွားပြီး လေယာဉ်မယ်ကို လှမ်းကြည့်လိုက်သည်။
လေယာဉ်မယ်…ဝမ်းသာစရာ သတင်းနှစ်ခု နဲ့ ဝမ်းနည်းစရာ စကားလေး တစ်ခွန်းလောက်ပြောကြားခွင့်ပြုပ ါ။
ခရီးသည်များ… ဆက်လက်နားထောင်နေသည်။
လေယာဉ်မယ်… ဝမ်းသာစရာ စကားကတော့ ပထမ အချက် အနေနဲ့ အခုခရီးစဉ် လေယာဉ်ခများကို အခမဲ့စီးနင်းခွင့်ပြုမှာမိ ု့ ငွေများပြန်လည်ထုတ်ပေးဖို့ ပါပဲ။
ခရီးသည်များ…. ဟေး… ဟုအော်ကာ ဝမ်းသာသွားကြသည်။
လေယာဉ်မယ်…နောက်ထပ် ဝမ်းသာစရာ တချက်ကတော့ ခရီးသည်တစ်ဦးကို ဒေါ်လာငွေ ၅၀၀ဝစီ အပိုထပ်ဆောင်း ပေးအပ်သွားမယ်ဆိုတာပါပဲ။
ခရီးသည်များ…. ဟေး… ဟုအော်လိုက်ကြပြန်သည်။
လေယာဉ်မယ်… ဝမ်းနည်းစရာတစ်ခုကတော့ ကျွန်မတို့ လေယာဉ် စက်ချွတ်ယွင်းပြီး မြေပြင်ကို ထိုးကျနေပြီဆိုတဲ့ စကားပါပဲ။
အားလုံကို်ကျေးဇူးတင်ပါတယ် ….
ခရီးသည်များ…”ဟိုက်”….
စိတ္တဇ ဆေးရုံ တစ်ခုမှာ ဆရာဝန်တွေဟာ ပြန်ကောင်းလာတဲ့ လူနာတွေကို ပြန်လွတ်ပေးဖို ့ စဉ်းစာကြပါတယ်။ အဲဒီမှာ သူတို ့ ဟာစမ်း သပ်မှုတစ်ခု လုပ်ကြပါတယ်။ Video ပြစက်ရှေ့မှာ ရှိတဲ့ ထိုင်ခုံတွေကိုဆေးသုတ် ပြီးတော့သူတိုကို Video ပြပါတယ်။ ဘယ်သူကများ ဆေးသုတ်တာကို သိမလဲ လို စမ်းသပ်ပါတယ်။ ဘယ်သူမှမသိကြပါဘူး။ ဒါပေမယ့် လူတစ်ယောက်ကတော့ ထိုင်ခုံတွေကို သေသေချာချာ ကြည့်
ပါတယ်။ ပြီးတော့ သတင်းစာတစ်စောင်ကို ထိုင်ခုံမှာဖြန် ့ခင်း ပြီးမှထိုင်တယ်။ ဆရာဝန်တွေက ဒီလူတော့ရောဂါပျောက်သွား ပြီဆိုပြီး အိမ်ကို ပြန်
လွတ်လိုက်ပါတယ်။ အိမ်ရောက်တော့ သူမိန်းမ ကမေးတယ်။
“ရှင် ထိုင်ခုံတွေမှာ ဆေးသုတ်ထားတယ်ဆိုတာသိတယ်ပေ ါ့ဟုတ်လား , ဘယ်လိုလုပ်သိတာလဲ”
“ဘာတွေလာပြောနေတာလဲ…ငါကအရ ပ်ပုလို ့ ထိုင်ခုံမှာသတင်းစာခုပြီးထ ိုင်တာဟ…”
လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။
“ဟေ့ကောင်…….မင်းဆင်းမှ ာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်..”
“မဆင်းဘူး….ဆရာ ပစ်ချင်လဲပစ်လိုက်..”
“မင်းတကယ်မဆင်းဘူးလား…. ငါ ပစ်လိုက်မှာနော်..”
“မဆင်းဘူးဆရာ…မဆင်းဘူး”
ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပ ါတယ်။ ဆရာဝန်က
အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာ ကေသနတ်ကိုယူလိုက်ပြီး
“ဟေ့ကောင်…. မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်..”
“ဟုတ်…ဟုတ်..ဆင်းလာပါပြီ. ..မပစ်ပါနဲ ့…ဆင်းပါပြီ..”
ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က
“မင်းက ငါပြောတုံးကတော့ မဆင်းဘူး…ဘာလိုသူပြောမှဆ င်းတာလဲ..”
“ဟာ..ဆရာကလူကောင်းဆရာရဲ ့..တကယ်မပစ်ဘူးဆိုတာကျွှန်ေ တာ်သိတယ်..အဲကောင်ကရုးနေတာ..တကယ ်ပစ်မှာ..”
ဒီတစ်ခါတော့ ရွာထိပ်မှာ ဇရပ်အကြီးကြီးတစ်ဆောင်ဆောက ်ပြီး သူဌးကြီး ဦးသာဒွန်းဆိုတဲ့နာမည်ကို အကြီးကြီးရေးပြီး ဒေါ်ပုဆိုတဲ့နာမည်ကို သေးသေးလေးပဲ ရေးထားပါတယ်။ ဒီဇရပ်ကိုတော့ သူဌေးကြီးဦးသာဒွန်းရဲ့ဇရပ ်လို့ ခေါ်မှာပဲဆိုပြီးတွေးနေပြန် တယ်။ ဒါနဲ့ ဘယ်လိိုခေါ်မလဲဆိုတာ သိချင်တော့ ခရီးသွားတစ်ဦးပုံ အယောင်ဆောင်ပြီး ခရီးသွားအဖွဲနဲ့ ရောလိုက်လာပါတယ်။ ညနေစောင်းလာတော့ ခရီးသွားဖော်တွေကို မေးပါတယ်။ ညကျရင် ဘယ်နေရာမှာများ တည်းခိုလို့ရနိုင်မလဲမေးတေ ာ့ ခရီးသွားတစ်ဦးက ခင်ဗျားတော်တော်ညံ့တာပဲ ရှေ့နားမှာ သူဌေးမကြီးဒေါ်ပုလှူထားတဲ့ ဇရပ်ရှိတယ်လေလို့ ပြောလိုက်ပါတယ်။ ဒီတစ်ခါမှာလဲ ဦးသာဒွန်းတစ်ယောက် ဒီမိန်းမရဲ့ လောင်းရိပ်အောက်က မလွတ်နိုင်သေးဘူးဆိုပြီး စိတ်ညစ်နေပါတယ်။
ဒါနဲ့ပဲ မထူးပါဘူးဆိုပြီး ဘုန်းကြီးဝတ်လိုက်ပါတယ်။ ဦးဇင်းဦးသာဒွန်း ရွာထဲကို ဆွမ်းခံကြွတဲ့အခါကျတော့လဲ လူတွေက သူဌေးမကြီးဒေါ်ပုရဲ့ ဦးဇင်းကြွလာပြီဆိုပြီးပြောကြပြ န်တယ်။ အော် ဘုန်းကြီးဝတ်တာတောင် ဒေါ်ပုနာမည်အောက်ကမလွတ်ဘူးဆိုပြီ း ဘုန်းကြီးကနေထွက်လိုက်ပါတယ ်။ နောက်ဆုံးတော့ ဦးသာဒွန်းလဲ မထူးပါဘူးဆိုပြီး ဘိန်းစားမယ်ဆိုပြီး ဘိန်းစားပါတော့တယ်။ အဲ ဒီတစ်ခါတော့ ဦးသာဒွန်းနာမည်ကြီးပါပြီ။ ဘယ်လိုနာမည်ကြီးလဲဆိုတော့ လူတွေခေါ်ကြတာက ဘိန်းစားသာဒွန်း ပါတဲ့။
သူငယ်ချင်းဖြစ်သူ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးအား အပျိုကြီတစ်ဦး ညည်းညည်းညူညူ ပြောကြားသည်ကား……….. .
“လောကမှာ ယောကျာင်္းအတော်များများက လူလိမ်လူညာတွေချည်းပဲ”
“ဘာဖြစ်လို့လဲဟ”
“တစ်ချိန်က ငါ့ကိုချစ်လှပါတယ် ကြိုက်လှပါတယ်ဆိုတဲ့ ယောကျာင်္းတွေ အများကြီးပဲ”
အဲဒီတော့ ဘာဖြစ်လဲ”
“ငါ့ကို ယူမယ့်သူကျတော့ တစ်ယောက်မှ မရှိလို့”
“ဟိုက်”
3 comments
kopauk mandalay
July 16, 2010 at 11:52 am
နိုင်ငံခြားက ဟာသတွေဖတ်ရတာ ရိုးနေပါပြီ။
မြန်မာဟာသလေးများလဲ တွေ့ရင်တင်ပေးကြပါအုံးနော်။
ဖတ်ချင်လို့ပါ။
nangkhamhtoo
July 17, 2010 at 4:12 am
ဖတ်လို့ကောင်းတယ်။ နောက်လည်း ဟာသတွေထပ်တင်ပေးပါ။
Thiri Lwin
July 17, 2010 at 5:44 am
ရယ်စရာကောင်းပါတယ်….