လိပ်ပြာငယ်ရဲ့နိဂုံး
ဝေးကွာခြင်း မှတ်တိုင်ရဲ့ အဆုံးအစမရှိတဲ့လမ်း
မျှော်လင့်ခြင်းတောင် လက်လွှတ်လိုက်ရတဲ့အဖြစ်
အသိ နဲ့ ဝိဉာဉ်တွယ်ကပ်နေသရွေ့
အရိပ်တစ်ခုလို လိုက်ပါတွယ်ငြိတတ်တဲ့ ခါးသက်သက်ခံစားချက်
သံယောဇဉ်အစစ်တွေလို့ ယောင်ယောင်မှားမှားမှတ်ယူရအောင်
ရင်ဘတ်တစ်ခုလုံးစာ အင်အားမဲ့
တကယ်လို့ လောကကြီးထဲမှာ မရှိတော့ဘူးဆိုရင်
တကယ်ကို မတွေ့ကြတော့ဘူးဆိုရင်
တကယ်ကြီးကို ပျောက်ကွယ်သွားပြီဆိုရင်
ပက်သက်ခဲ့ဖူးသူအနေနဲ့ အမှတ်ရမလား
တိုးတိုးသက်သက် သိချင်ပါရဲ့
ရှင်သန်မှုတွေ ခဝါချရလောက်အောင် ရူးမိုက်ခဲ့ဖူးတဲ့ လူတစ်ယောက်
နာနာကျင်ကျင်နှုတ်ဆက်တယ်
အချစ်ရယ်………နောက်ဘဝမှာလည်း နင်အသဲခွဲသွားတဲ့သူ ငါပဲဖြစ်ပါရစေ ။ ။
6 comments
ကိုပေါက်(မန္တလေး)
December 11, 2012 at 5:13 pm
အချစ်ရယ်………နောက်ဘဝမှာလည်း နင်အသဲခွဲသွားတဲ့သူ ငါပဲဖြစ်ပါရစေ ။ ။
ဘယ်သူတွေဘယ်လိုပြောပြော မမေ့နိုင်မမုန်းရက်
နင်ရက်စက်သမျှ ရင်စည်းခံ
ဝဋ်ကြီးပြန်သူလေးလို့ ဆိုချင်ဆို
အချစ်ကြီးသူအဖြစ်နဲ့ ကျမ
ရှင်နဲ့ ဘဝဆက်တိုင်းဆုံပါရစေနော်။
(ထပ်ပွားကြည့်တာပါ×
ဆုမြတ်မိုး
December 12, 2012 at 8:30 am
အလှည့်ဆိုတာရှိခဲ့ရင်တော့…နင်ရင်ဖွင့်ပြီးစောင့်နေလှည့်ဆိုတဲ့စကား……ဘယ်သူမှမကြားအောင် တိုးတိုးလေးရွတ်ရင်း
မောင်ပေ
December 11, 2012 at 6:52 pm
နိဂုံး
ဂျိဖုံး
ကြည့်ပုန်း
မိရှုံး
နိစ်ပြုံး
ညှိသုံး
ရှိလုံး
*******
ဘာရယ်မဟုတ်ပါဘူး
ကဗျာဖတ်ပြီး သဘောကျလို ့
ကဗျာဖွဲ ့ကြည့်ပါတယ်
ဆုမြတ်မိုး
December 12, 2012 at 8:31 am
ရှိလုံး
နောက်ဆုံး
ဝုန်းခနဲနဲ့ပြုတ်ကျ
Mobile
December 11, 2012 at 10:52 pm
ကဗျာလေးက အငြိုးဖွဲ့မှု လေးများပါနေသလားလို့ . . .
ဆုမြတ်မိုး
December 12, 2012 at 8:28 am
အငြိုးထက် အမုန်းတွေပိုပါနေတယ်လို့ ကဗျာလေးကဆိုတာပါပဲ း)