Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ယခု ရက်ပိုင်းအတွင်း ယာဉ်တိုက်မှု များပြားလာ

ခ်စ္ရင္ထူး IIDecember 13, 20121min58417

ယခု သီတင်းပတ်အတွင်း မော်တော်ယာဉ် တိုက်မှု သိသိသာသာ များပြားလာကြောင်း တွေ့နေရပါသည် .. ပူပူနွေးနွေး 12.12.2012 ည ပိုင်းက ကျွန်တော်တို့မြို့ ရှိ စစ်တပ်မှ ကားနှင့် ဆိုင်ကယ် တိုက်ပြီး ဆိုင်ကယ်မောင်းသူမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ် ။ ယနေ့ 13.12.2012 ညနေ 7.30 ဝန်းကျင်တွင် ဆိုင်ကယ်နှစ်စီးတိုက်မိပါတယ် ။
အဲဒီ အရင် ရက်များက အမဲသား သယ်ဆောင်လာသော ဆိုင်ကယ် နှစ်စီး တိုက်မိရာမှ တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးပြီး ကျန်တစ်ဦးမှာ ခြေထောက်ပြတ်/ ဖြတ်ရမလိုလို ဖြစ်နေပါတယ် ။
အဓိက ဖြစ်ရတာကတော့ ဆိုင်ကယ်နဲ့ပါ ဆိုင်ကယ် အစီးအရေအတွက်များပြား လာတာက တစ်ကြောင်း ၊ ပိုက်ဆံရှိရင် ဆိုင်ကယ် ဝယ်စီး လိုက်တာပဲ ယာဉ်စည်းကမ်း တွေ လမ်းစည်းကမ်းတွေ နားမလည် တာက တစ်ကြောင်းပါ ။ မြို့မှာ လမ်းက ကျဉ်းမြောင်း သည့် အပြင် အရှိန်ပြင်းစွာ မောင်းနှင်မှု ၊ မကျွမ်းကျင်ဘဲ မောင်းနှင်မှု စက်ချို့ယွင်းမှု လမ်းမညီညာ မှု တွေ အများအပြား ရှိနေခြင်းကလည်း ယာဉ်တိုက်မှု ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း တွေပဲ ဖြစ်ပါတယ် ။
ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ပါစေ ကိုယ်က ကားမောင်းရင် ဆိုင်ကယ်သမား မှားသည်ဖြစ်စေ မှန်သည် ဖြစ်စေ ကိုယ်က လျှော်ပေး ရတဲ့ ထုံးစံ( ယာဉ်ကြီး နှင့် ယာဉ်ငယ်) ဟာ ကျွန်တော်တို့ တိုင်းပြည်မှာ ပေါ်ပြူလာ ဖြစ်နေခဲ့ ဖြစ်နေဆဲ ဖြစ်ပါတယ် ။ အဲဒီတော့ ကားမောင်းသမားတွေဘက်က လျှော်ပေးရတော့တာပေါ့ ။ ဒါပေမယ့် ဘာဖြစ်လဲ ဆိုင်ကယ်သမားတွေ သေချင်သေမယ် မသေရင်လည်း ခြေပြတ် လက်ပြတ် ဆေးရုံတက်နေရမယ် ။
ကားမောင်းသမားတွေကရော တိုက်ချင်လို့တိုက်တာ မဟုတ်ပါဘူး ။ တောဘက်ကို သွားရင် ဖုန်တွေက အထောင်းထောင်းထ နေတယ် ကားတန်းမောင်းတော့ ဆိုင်ကယ်သမားက လမ်းဘေးဆင်းပေးပါတယ် ဒါပေမယ့် ကားတန်းကုန်သွားပြီ ထင်လို့ ဆိုပြီး လမ်းပေါ်တက်လာတယ် တိုက်မိတယ် တိုက်မိတယ် ဆိုတာနဲ့ လျှော်တော့ ဆိုတာချဉ်းပဲ ။ ကျွန်တော်က ကားလည်း မောင်းပါတယ် ဆိုင်ကယ်လည်း မောင်းပါတယ် ။
ပြီးခဲ့တဲ့ တစ်ပတ် လောက်က ကျွန်တော်တို့မြို့ကနေ ရန်ကုန်ကို သွားတဲ့ခရီးသည်တင် ကားတစ်စီး လူကို တိုက်မိတယ် တစ်ပိုင်းပြတ်သွားတယ်တဲ့ ။ ကောင်မလေးက အလျှူခံ မဏ္ဍပ်ကနေ ကားလာနေတာကို မသိဘဲ ထွက်လာတော့ …… ။
ကျွန်တော်ပြည် ကိုသွားတော့ ဒိုင်နာ ကားနဲ့ ခေါင်းခန်းကနေ လိုက်တယ် ဥသျှစ်ပင် နားမှာ လမ်းကျဉ်းကျဉ်းလေးကို ရှေ့က ဆိုက်ကားဆရာ ကဖယ် မပေးဘူး ဟွန်းတီးလဲ မရ
ကားဆရာက လီဗာ နင်းပြီး တိုက်မယ်လုပ်မှ အတင်းဆင်းပြေးတယ် ။ ကားဆရာက ပြောတယ် “ ကျွန်တော့နောက်မှာ ကျွန်တော့ကားကို အားကိုးပြီး လိုက်လာတဲ့ ခရီးသည် 30 လောက်ရှိတယ် သူက ရှေ့ကနေ ဘယ်လိုလုပ်နေမှန်းမသိဘူး အရှိန်နဲ့ သူ့ကို ကွေ့ရှောင်လိုက်လို့ ဘေးကို ကျသွားရင် ကားမှောက်မယ် ခရီးသည်တွေ ဒဏ်ရာရမယ် ကျွန်တော် အချုပ်ထဲရောက်မယ် သူ့ကို တိုက်ရင်လည်း အတူတူပဲ ဆိုတော့ .. .. ”” ဆိုပြီး ပြောပြပါတယ် ။
ကျွန်တော်ကတော့ အရေးကြီးရင် တော့ မောင်းတယ် အဲလိုမှ မဟုတ်ရင်တော့ ဖြည်းဖြည်းပဲ မောင်းပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်သူပဲ မှားမှား ရှင်းရတဲ့ အချိန် ကြာတယ် ။ ခရီးဖင့် တယ် ။ ဖြည်းဖြည်းသွားတော့ အန္တရာယ်ကင်းတယ် ။

စာဖတ်သူ အပေါင်း လိုရာခရီးကို ချောချောမွေ့မွေ့ ရောက်ရှိနိုင်ကြပါစေ ။
ချစ်ရင်ထူး

17 comments

  • ဦးဦးပါလေရာ

    December 13, 2012 at 10:13 pm

    ုကျုပ်ရဲ့သွားလာမှု့ပုံစံတွေမှာ
    လမ်းလျှောက်တယ်
    ဘတ်စကားစီးတယ်
    တက္ကစီစီးတယ်
    ကိုယ်ပိုင်ကားလဲမောင်းတယ်…။
    ဒါကြောင့် အဲဒီ လေးမျိုးလုံးဘက်က ကြည့်လို့ရတယ်…

    အနစ်နာဆုံးက ကိုယ်ပိုင်ကားမောင်းတဲ့သူ
    ဘယ်သူမှားမှား သူချည်းခံရတာ
    ကြည့်ရတာ ဒီနိုင်ငံရဲ့ ဥပဒေ စည်းကမ်း လုပ်ထုံးလုပ်နည်း တွေးခေါ်ပုံတွေက
    ကိုယ်စွမ်းကိုယ်စနဲ့ ကိုယ်ပိုင်ကားစီးနိုင်တဲ့သူတွေကို မနာလိုဖြစ်လွန်းတဲ့စိတ်တွေက
    ုပုံလောင်း ပေးလိုက်တာ ဖြစ်မယ်လို့ ကောက်ချက်ချမိတာပဲ……

    ကျုပ်သာ ဥပဒေ စည်းကမ်းတွေကို ရေးဆွဲခွင့်ရရင်
    တိုက်တဲ့သူမှားရင် တိုက်တဲ့သူကလျော်
    အတိုက်ခံရသူမှားရင် အတိုက်ခံရသူကသေချာပေါက် ဖြစ်တဲ့နည်းနဲ့ ပြန်လျော်ရမယ်ဆိုတဲ့
    အမှန်တကယ် တရားမျှတ တဲ့ ဥပဒေမျိုး ရေးဆွဲမိမှာ…

    (ကျုပ်က လေးတန်းအောင်တယ်လေ…
    ဘယ်ဟာမှန်တယ် ဘယ်ဟာမှားတယ်ဆိုတာလောက်တော့ အကြမ်းဖျင်းဆင်ခြင်နိုင်တာပေါ့….
    ဒန် တန့်တန်…….. :kwi: )

  • Mobile

    December 13, 2012 at 11:58 pm

    စိမ်း ဝါ နီ
    သတိ ဆီ ရေ လေ
    သတိ ဟွန်းတီးပါ (ဟွန်းကလွဲရင် အသံစုံမြည်သဗျာ)
    ရေ့ကိုက်တစ်ရာတွင် တံတားကျိုးနေသည် (မြန်မာနည်းပညာ နဲ့ဆောက်ထားတာမှဟုတ်ရဲ့လား)
    သတိ လမ်းပြင်နေသည် (ပြင်ပြင် လုပ်ထားတုံးက မှမကောင်းတာ တစ်သက်လုံးသာပြင်ပေတော့)
    တစ်နာရီ ၁၅ မိုင်ထက်လျော့မမောင်းရ (ဗရမ်းဗတာ ယာဉ်မောင်းတွေက ပေါးပါဘိသနှယ် အကုန်
    ဝင်တိုက်ကုန်မှာပေါ့)
    တစ်နာရီမိုင် ၃ဝ ထက်ပိုမမောင်းရ (စိတ်ချပါ လမ်းကမှ မကောင်းတာ ဘယ်သူကပိုမောင်းမှာလဲ)
    သတိ ကျောင်းရှိသည် (ဘုန်းကြီးကျောင်းပြောတာလား ဝင်ပြီးဝပ်ချခဲ့ဦးမှပဲ)
    လမ်းချော်သည် (ချော်မှာပေါ့ မြေသားလမ်းကြီးဟုတ်စာ)
    ရှေ့ကိုက်တစ်ရာမှစ၍ လမ်းမကောင်းတော့ပါ(နေရာတိုင်းတွင် တွေ့နိုင်ပါသည်)
    ယာဉ်စည်းကမ်းနဲ့ ပတ်သတ်လို့ ဒါလေးတွေ ပြေးမြင်မိတယ်ဗျာ
    ယာဉ်မောင်းတွေကလဲ စည်းကမ်းမရှိကြသလို လမ်းတွေကလဲ မစွံ့ပေါင်ဗျာ။
    ရပ်ကွပ်ထဲ ကြည့်လိုက် လမ်းလေးများကောင်းနေရင် မှတ်ထား အဲ့ဒါ ပစ်တိုင်းထောင် လမ်းလို့ခေါ်တယ်

  • MaMa

    December 14, 2012 at 8:12 am

    ကားတိုက်မှုတွေ များလာတာတော့ သိသိသာသာပဲ။
    ဖြေရှင်းဖို့ ကြိုးစားသံတော့ မကြားမိသေးဘူး။

    ကိုယ်တိုင်တော့ လမ်းသွားရင်……..
    (လမ်းလျှောက်၊ ကားစီး ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်)
    သမ္ဗုဒ္ဓေ ချည်း ဖိရွတ်နေမိတော့တာပဲ။ :buu:

  • ချစ်ရင်ထူး II

    December 14, 2012 at 8:52 am

    ကျုပ်သာ ဥပဒေ စည်းကမ်းတွေကို ရေးဆွဲခွင့်ရရင်
    တိုက်တဲ့သူမှားရင် တိုက်တဲ့သူကလျော်
    အတိုက်ခံရသူမှားရင် အတိုက်ခံရသူကသေချာပေါက် ဖြစ်တဲ့နည်းနဲ့ ပြန်လျော်ရမယ်ဆိုတဲ့
    အမှန်တကယ် တရားမျှတ တဲ့ ဥပဒေမျိုး ရေးဆွဲမိမှာ…
    အဲဒါလေးကို ကြိုက်ပါတယ် အဲဒီလိုပဲ ဖြစ်ရမှာပါ ဒါပေမယ့် ဥပဒေ ရေးဆွဲတဲ့သူတွေက ကားမမောင်းဖူး လို့ဖြစ်ပါလိမ့်မယ် ..

  • uncle gyi

    December 14, 2012 at 9:32 am

    တိကျခိုင်မာတဲ့ဥပဒေမဖြစ်မချင်း
    ရမ်းနေကြအုန်းမှာပါကိုကိုချစ်ရယ်
    သူတို့ကကျိုးမှာမကြောက်သေမှာမကြောက်ပေမဲ့
    ကိုယ်တွေကရှုပ်မှာကြောက်လို့အမြဲအလျော့ပေးပါတယ်ဗျာ
    နောက်မှသူတို့လိုလူချင်းတွေ့တော့ဆေးရုံရောက်ရောပေါ့

  • kyeemite

    December 14, 2012 at 10:11 am

    ဟုတ်ပါ့ ကိုချစ်ရင်ထူးရေ..
    ရန်ကုန်မှာလည်းခုတလော
    တိုက်လိုက်ကြတာခဏခဏပါပဲ…
    အကြောင်းတွေအများကြီးထဲက
    ကျနော်သတိထားမိတဲ့ အဓိကအကြောင်းကတော့
    စိတ်မရှည်ကြတာပဲ…အချိန်ကအရေးကြီးတာသိပါရဲ့..
    ဒီနေ့ လမ်းကြောအခြေအနေနဲ့ တွက်ပြီး အိမ်က ဝိရိယထားစောထွက်ရင်
    လမ်းမှာစိတ်ရှည်ရှည်မောင်းလို့ရတာပေါ့…
    ခုတော့ အသဲအသန် ဖြတ်ကွေ့၊ ကျော်တက်၊ စွတ်ထွက်….ဆိုတော့
    ဒုံးးးးး…..ဟောပြောရင်းနဲ့တိုက်ပါပြီဗျာ… :hee:

  • ဗုံဗုံ

    December 14, 2012 at 10:13 am

    အခုတစ်လော ကားတွေကလည်းပေါ ဆိုင်ကယ်တွေကလည်းပေါ ဆိုတော့ လမ်းပေါ်ရောက်ရင် ကိုယ်ကလည်းမတိုက်မိအောင် သူများကလည်း ကိုယ့်တိုက်မသွားအောင် မနည်းသတိထားရတယ် ဖြစ်ပြီဆိုမှနှစ်ဖက်လုံးထိခိုက်ကြတာဘဲလေ

  • Novy

    December 14, 2012 at 10:17 am

    နိုဗွီကတော့

    လမ်းလျှောက်တယ်-
    အေးအေးဆေးဆေးမလျှောက်ရပါဘူး ကားတိုက်မှာပူရ ဆိုက်ကားတိုက်မှာပူရ
    မြောင်းပေါက်ကျွံမှာပူရ

    ဆိုက်ကားစီးတယ်-
    ငါစီးလာတာဆိုက်ကားမှဟုတ်ရဲ့လား လူကိုတိုက်တော့မလို ကားကိုတိုက်တော့မလို

    ဘတ်စကားစီးတယ်-
    နားကိုပူနေတာပဲ စပါယ်ရာရဲ့ အသံ ခြေထောက်တွေလဲစုတ်ပြတ်နေတာပဲ အနင်းခံရတာ
    ထောက်လှန်းရေးလဲကြောက်ရ ခါးပိုက်နှိုက်လဲကြောက်ရ

    တက္ကစီစီးတယ် –
    ရသစုံကို ရတယ် ( ချယ်ရီပေးတဲ့ ရသစုံ ပိုစ်ဖြစ်လာသာကြည့်)

    ကိုယ်ပိုင်ကားလဲမောင်းတယ်-
    လူကြောက်ရ ရဲကြောက်ရ ဆိုက်ကားသမားကြောက်ရ ဘတ်စကားကြောက်ရ
    တက္ကစီစီးကြောက်ရ ကားပိတ်တာကြောက်ရ

    ဪ….သနားစရာဘဝလေးပါလားနော်

  • သီဟသူရချာလတာအာပေတူး

    December 14, 2012 at 3:28 pm

    08/12/2012 ည 7:00 လောက်က ကမာ္ဘအေးဘုရားလမ်းပေါ်အရှိန်ပြင်းပြင်းနဲ့ မူးပီးမောင်းလာတဲ့ ဆန်နီဆူပါဆလွန်းကားတစ်စီးက ဘီးတာယာတွေကွဲ အရှိန်ပျက်ပီး ပလက်ဖောင်းပေါ်လျှောက်နေတဲ့ လူ၄ယောက်ကိုတိုက်သွားတာ အိုက်ထဲမှာ မိန်းကလေးတစ်ယောက်က ဦးနှောက်နဲ့အာရုံကြောအရေးပေါ်ကိုရောက်တယ် နောက်ယောက်ျားလေးတစ်ယောက်က ညာခြေကျိုးပီး ဘယ်ခြေကျင်းဝတ်ကြေသွားတယ် … ကြေသွားတဲ့ခြေထောက်က မဖြတ်ရရုံတမယ်မို့……. အကောင်းတိုင်းပြန်မဖြစ်တော့ပါဘူးကွယ်………..
    အဲ့ဒီ ကောင်လေးက ကျနော့်ညီလေးပါ…..
    ဝေယံထွန်း၊ ရန်ကုန်ဆေးရုံကြီး၊ အဆောင် ၅ – ၆၊ VC.9

    • ရွှေ ကြည်

      December 14, 2012 at 11:11 pm

      ဟယ် စိတ်မကောင်းလိုက် ချာတူးရေ..။
      အကောင်းဆုံးကုသပြီး အကောင်းနီးပါးပြန်ဖြစ်ပါစေကွယ်..။

  • kyeemite

    December 14, 2012 at 4:09 pm

    အိုးမိုင်ဂေါ့…ချာပေတူးရဲ့ညီလေးလား…
    စိတ်မကောင်းပါဘူးကွယ်…
    အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ဆုတောင်းပေးပါတယ်…
    အဆောင် ၅ – ၆၊ ဆိုတာမတော်တဆထိခိုက်မှု့ ခွဲစိတ်ကုသဆောင်ပဲ….
    အဲဒီမှာဒီရွာသားတစ်ယောက်တောင် အက်ဆီးဒင့်ဖြစ်ပီး
    ၁၁-၁၂-၁၂ နေ့ကစရောက်နေလေရဲ့အရပ်ကတို့…. :byae:

  • သီဟသူရချာလတာအာပေတူး

    December 14, 2012 at 4:19 pm

    ဘယ်သူလဲ ဦးမိုက် ကျနော်နက်ဖန်ကျရင်အိုက်ကိုရောက်အုံးမှာ
    ကုတင်နံပါတ်သိရင်ပြောပါလား ဝင်နှုတ်ဆက်ရအောင် …

    • ဦးဦးပါလေရာ

      December 14, 2012 at 8:26 pm

      တွေ့ရင်သိမှာပါကွယ်…
      သမီးတို့ အိတုန်တို့ ဘော်ဘော်ထဲကပဲဟာ….
      အင်း…
      တကယ့်ကို စိတ်မကောင်းလိုက်တာ….

  • မောင်ပေ

    December 14, 2012 at 9:40 pm

    ကျုပ်တို ့မြို ့က ဘောစိတွေကတော့
    သူရို ့သားသမီးတွေအတွက် ကားတစ်စီးစီ ဝယ်စီးခိုင်းတော့တယ်
    အဲ့ခါကြတော့လဲ
    ကလေးတွေကငယ်သေးတော့
    ဆိုင်ကယ်နဲ ့ပဲ သွားလာနေရတဲ့ ကျုပ်လိုလူတွေဟာ
    ကလေးမောင်းတဲ့ကား ကို ရှောင်နေရတာကလား

  • ရွှေ ကြည်

    December 14, 2012 at 11:26 pm

    ပြည်ရန်ကုန်လမ်းမှာတခါကအိမ်ပြန်တော့ လမ်းမှာစီးလာတဲ့ကားက လမ်းပေါ်တက်လာတဲ့နွားကို ကြိုးစားပြီရှောင်လိုက်ပေမယ့် ရှေ့ပိုင်းကတော့လွတ်သွားပြီးနောက်ပိုင်းနဲ့ပွတ်ဆွဲမိ်ပါတယ် ကားလည်းယိမ်းထိုးသွားတယ်လေ နွားလေးခမျာလည်း ခြေထောက်ကျိုးသွားရှာတယ်လေ။ မထနိုင်တော့ဘူး။
    ကားကဟိုင်းဝေးကားမြို့ပြင်ဘက်ဆိုတော့ အရှိန်နဲ့မောင်းလာတုန်းဗြုန်းဆိုနွားက လမ်းပေါ်တက်လာတာ
    နောက်မှာလူပါတယ် ကြိုးလေးဘာလေးနဲ့ဆွဲလာတာမဟုတ်ဘဲ ဒီတိုင်းမလာတာ တော်တော်ပေါ့ဆတဲ့သူတွေ
    ကားသမားကလည်းဒီထက်ပိုပြီးရှောင်လို့မရတော့ဘူး ရှောင်ရင်မှောက်ပြီပဲ။
    ကားပေါ်မှာ ကလူလေးဆယ်လောက်ပါတယ် အကုန်လုံးထိတ်လန့်ကုန်တယ် အဲဒိမှာပဲဇာတ်လမ်းကစပါတော့တယ်။ ပိုင်ရှင်ကလျှော်ပါပေါ့ ကားသမားကလည်းလျှော်မယ်ပေါ့ လျှော်နိုင်မယ့်မမာဏကို ပိုင်ရှင်ကမကျေနပ် အုံနာကိုဖုန်းဆက်
    အို ကြာလိုက်တာကိုလွန်ရော ကားပေါ်ကလူကြီးတွေကဝင်ပြောပေးတယ်ကျေနပ်လိုက်ပါ
    မင်းတို့ဘာလို့သေချာမထိန်းလဲပေါ့ ကားသာမှောက်ရင်လူတွေတခုခုဖြစ်ရင်ရောမင်းကနွားပိုင်ရှင်ဆိုတော့
    လျှော်မှာလားလို့မေးပစ်လိုက်တယ် ဒါလဲမရဘူးဗျ ပြသနာရှာတာပဲ။
    အုံနာလိုက်လာမှပဲ သူတို့ရှင်းကျန်ခဲ့ပြီး ကားထွက်ရတော့တယ်။
    ဪ လူတွေ လူတွေ အသိဉာဏ်တွေ နည်းပါးကုန်ကြပြီထင်ပါတယ်။

    • Foreign Resident

      December 15, 2012 at 6:53 am

      အဘတို့ဆီမှာတော့ ၊
      အဝေးပြေး လမ်းမပေါ်ကို နွားဆွဲပြီး တက်လာပြီး ၊
      နွား နှင့် အဝေးပြေး ကား တိုက်မိလို့ကတော့ ၊
      နွားပိုင်ရှင် လျှော်ရမှာပဲ ။

      ကားလမ်းပေါ် နွားတက်ခွင့်မှ မရှိတာ ။

      • ခင်ခ

        December 15, 2012 at 11:35 am

        အဘဖောခင်ဗျ ဒီမှာကတော့ နွားပိုင်ရှင် နွားကျောင်းတဲ့သူက ဘုကြည့်ကြည့်ပြီး အခန့်မသင့်ရင် ဆဲတောင်ဆဲသေးသမျှ။ ကားလမ်းပေါ်နွားဖြတ်လို့ကတော့ ကားသာအရှိန်လျော့မောင်းရ ပါရောလား၊ တိုက်မိရင် မလွယ်ရေးချ မလွယ်ပါဗျ။

Leave a Reply