“ပန်းဆီရောင်လွှမ်းတဲ့ ဆောင်းး ညနေခင်းလေး”
“ပန်းဆီရောင်လွှမ်းတဲ့ ဆောင်းး ညနေခင်းလေး”
နှင်းမကြွင်းတဲ့ဆောင်းဒီဇင်ဘာ
ညနေအေးအေး ။
အတွေးတွေတဖြာဖြာ
ရှမ်းကလေးကျွန်း
အေးသာယာ။
တလိမ့်ချင်းလှိမ့်လို့လာ
တစ်ယောက်ထဲ
အဖော်လဲမပါ။
ငေးကာငေးကာ
တွေးကာတွေးကာ
လာနေရင်း။းးးးးးးးးးးးးးးးးးး
နေမင်းက မင်းဝံဆီ
ပုန်းကွယ်မယ့်ဟန်ချီ
ပြန်မယ်ချီ အရောင်တွေပေးတော့
မနှေးအမြန်လက်လာဆော့ဘို့
မြက်စိမ်းယိမ်းယိမ်းညီညီ
လိမ္မော်နီဝါတွေအဖော်စပ်ပါလို့
လှညနေခင်းးးးးးးးးးးးးးးးးး
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
(13-12-2012)
15 comments
ခိုင်ဇာ
December 20, 2012 at 10:20 am
ကိုကြီးပေါက်။ အဲဒါ ပုစွန်ဆီရောင် ခေါ်သလား။ လှတယ်နော်။
(ဟယ်။ ပြောရင်း မြန်မာပြည်က ပုစွန်ထုတ်ကြီးလွမ်းလာပြီ) :harr:
မဟာရာဇာ အံစာတုံး
December 20, 2012 at 10:38 am
ကဗျာဆန်တဲ့ ဆောင်းညနေခင်း
ကဗျာလေးနဲ့ ညနေခင်း
ကျနော်လည်း ဝင်ရောက်ကာ အားပေး ..
အဟေးး ဟေးး
ဗုံဗုံ
December 20, 2012 at 10:40 am
နေမင်းက မင်းဝံဆီ
ပုန်းကွယ်မယ့် ဟန်ချီ
ပြန်မယ်ချီ အရောင်တွေပေးတော့
အမလေးးး လေးပေါက်ရယ်
လှရက်လေခြင်း :harr:
ပုံလေးတွေ လှလွန်းလို့ ကဗျာလေးနဲ့တင်စားတာလေ 🙂
mobile (mandalay)
December 20, 2012 at 5:21 pm
ဟုက်ကဲ့ ဟုက်ကဲ့ အခုလို ဝင်ရောက်အားပေးတဲ့အတွက်
လေးပေါက်ကိုစား ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ။
လေးပေါက်ရေ ကျနော်တို့ တစ်မြို့တည်းသားတွေပဲဗျာ
:harr:
ဗုံဗုံ
December 20, 2012 at 7:57 pm
ဟယ် နင်က ဘယ်တုန်းက မန်းလေးသား ဖစ်သွားတာလဲဟင် ကမ်ဘာပျက်တဲ့ထဲ နင်ပါသွားပြီအောက်မေ့နေတာ :kwi:
Ma Ei
December 20, 2012 at 11:46 am
အလှညနေခင်းလေးတွေ လှလိုက်တာ…
ဒီအတောတွင်း အလုပ်များနေလို့ ရွာနဲ့ ဝေးနေရတယ်…
ဓါတ်ပုံလေးတွေကြည့်ရတာ ဆက်ပင်ပန်းဘို့ အားဖြစ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်…
ကိုပေါက်(မန္တလေး)
December 20, 2012 at 12:41 pm
ကျနော်လဲကံကောင်းထောက်မစွာနဲ့ရှမ်းလေးကျွန်းကိုရောက်သွားတော့
ကျနော်မိတ်ဆွေများအတွက် ပုံလှလှလေးတွေရလိုက်ပါတယ်
Thuyazaw
December 20, 2012 at 1:51 pm
ကဗျာနဲ့ ပုံ အင်မတန်လိုက်ဖက်ပါကြောင်း …..
ကိုပေါက်(မန္တလေး)
December 20, 2012 at 4:18 pm
ကျေးဇူးတင်ရှိပါကြောင်း
Hnin Hnin
December 20, 2012 at 4:28 pm
လိမ္မော်ကို အနီဆမ်း ပုံတွေက လန်း… 🙂
aye.kk
December 20, 2012 at 4:47 pm
ပန်းဆီရောင်လွှမ်းတဲ့
ဆောင်းညနေခင်းလေးက
နှစ်နှစ်သက်သက်ခံစားကြည်နှူးစရာမြင်ကွင်းလေးပါဘဲ။။
mobile (mandalay)
December 20, 2012 at 5:23 pm
ကိုပေါက်ရေ အခုတင်ပေးထားတဲ့ ပုံလေးတွေကိုတော့ဖြင့်
အကုန်လုံးကို သဘောကျလို့ ကူးယူထားလိုက်ပါတယ်ခင်ဗျ။
ကဗျာလေးကိုတော့ သိပ်မကြိုတ်လို့ ကူးယူမထားလိုက်တော့ဘူး။
ကိုပေါက်(မန္တလေး)
December 20, 2012 at 6:24 pm
ကြိုက်သော်ယူ
မကြိုက်သော်မယူ
စိတ်တိုင်းကျ ပြုတော်မူ
ရွှေ ကြည်
December 20, 2012 at 7:09 pm
လေးပေါက်ရေ လှလိုက်တာနော်လွမ်းတယ်ဗျာ မြန်မာပြည်ကို
ဒီမှာတိမ်တွေပဲမြင်နေရတယ် တိမ်သဘောကျတဲ့ရွှေကြည်တောင်မုန်းတယ် နေရာဒေသစွဲကြောင့်လားမသိ။
ကဗျာလေးနဲ့မို့ ခံစားလို့မိုက်တယ်ဗျ။
MaMa
December 20, 2012 at 8:27 pm
လှလိုက်တဲ့ အရောင်လေးတွေ :hee: