“အရောင်တွေရောယှက်နေတဲ့ဆောင်းညနေခင်းလေးးးးးးးးးးးးးးးးးးးးးးးးးးးး”
“အရောင်တေွရောယှက်နေတဲ့ဆောင်းညနေခင်းလေးးးးးးးးးးးးးးးးးးးးးးးးးးးး”
ဆောင်းအခါသမယ
ညနေခင်း
မင်းဝံတောင်စွယ်
နေမင်းရယ်ကွယ်ခါနီး
ကွင်းပြင်ရယ်ကျယ်ကျယ်
လွမ်းစဖွယ်ညနေခင်း။
အဝေးမှာတောင်ပြာပြာ
အနီးမှာ မြက်စိမ်းစိမ်း
တစ်လောကလုံးကတော့
လိမ္မော်နီဝါ ရောယှက်လိမ်းလိမ်း
သဘာဝကိုင်းပင် ယိုယိမ်းယိမ်း
မြင်ရသူ အလွမ်းကူလို့
စိတ်တွေတိမ်းတိမ်း။
အရောင်တွေရောယှက်ပါတဲ့
ဆောင်းညနေခင်းရယ်ကြောင့်
“ပိန်းပိတ်အောင်မမှောင်ခင်လေး
ဆည်းဆာအလှဖြာဝေ”တဲ့
ကိုရဲလွင်ရဲ့ ပန်းခရမ်းပြာ သတိရမိသေး။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
(14-12-2012)
14 comments
ကိုပေါက်(မန္တလေး)
December 18, 2012 at 12:06 pm
ဒါကတော့ပြီးခဲ့တဲ့ 16-12-2012 နေ့ညနေခင်းက မန်းလေးမြို့ အနောက်တောင်ဘက်က ရှမ်းကလေးကျွန်းရဲ့ ညနေခင်းလေးပါဘဲ
Mobile
December 18, 2012 at 12:11 pm
မင်္ဂလာပါ ကိုပေါက် ရေ
၈ဝ နွဲယိမ်း နှင့် ၈၂ အလှည့်အပြောင်းပုံလေးကို သဘောတွေ့မိကြောင်းးးးးးးးးးးး
နန်းတွင်ဂ ပုံရေးတွေဂို တင်ပေးပါအုံး ချိုမှ တင်လဲပေးဝူးးးးးးးးးးးးးးးးးး
အိမ်ပြန်ချိန်ကိုတောင် မတိဒေါ့ဝူး ဘယ်ချိန်တင်မယ်ဆိုတာ မသိတော့ဝူး
ဒီကစောင့်နေတူ ဝို… ဝို……. စောင့်နေသူ
ကိုပေါက်(မန္တလေး)
December 18, 2012 at 12:52 pm
နန်းတွင်းပုံတွေက တင်ပေးဘို့အချိန်စောင့်ရပါမယ်။
မန်းလေးဂေဇက် ရတနာပုံသတင်းစာအတွက်
မြနန်းစံကျော်ရွှေနန်းတော်သို့အလည်သွားခြင်းဆိုတဲ့နာမယ်နဲ့ဆောင်းပါးပို့ထားပါတယ်။
အဲဒီက ပုံနှိပ်ပြီးမှာသာ ကျနော်က ပုံတွေတင်လို့ရပါမယ်။
ဒါကြောင့် ခဏတော့စောင့်ပေးစေလိုပါတယ်။
မောင်ပေ
December 18, 2012 at 12:16 pm
ရှုပ်ရှုပ်ယှက်ယှက်
ဘုတ်ဘုတ်တက်တက်
ဂျုတ်ဂျုတ်ဂျက်ဂျက်
ထုတ်ထုတ်ဖွက်ဖွက်
ဂလုတ်ဂလုတ် ဂလက်ဂလက်
Novy
December 18, 2012 at 1:07 pm
နွဲ့ယိမ်း လေးကို ယိမ်း ယိမ်း ယိုင်ယိုင် ကြိုက်မိတော့
ရှုပ်ရှုပ်ယှက်ယှက် တွေရင်ထဲကို ရောက်လာပြီပေါ့
လေးပေါက်ရေ…
ဗုံဗုံ
December 18, 2012 at 1:10 pm
မိုက်ချက်ကတော့ ကမ်းကုန်ပါဘဲ လေးပေါက်ရေ လှမှလှ 🙂
moonpoem
December 18, 2012 at 1:15 pm
လှလိုက်တာ လေးပေါက်ရယ်။(လေးပေါက်ဓာတ်ပုံလေးတွေကို ပြောတာပါ)။ မန်းတလေးတောင် အခု တော်တော်လေး အေးနေပြီဆို။လေးပေါက်ရေ ကျန်းမာရေးလည်း ဂရုစိုက်ပါဦး အရမ်းအေးတဲ့ အချိန်တွေမှာ ဓာတ်ပုံထွက်ရိုက်ရင် ပိုပြီး သတိထားရမယ်ဗျို ့။
ကိုပေါက်(မန္တလေး)
December 18, 2012 at 2:19 pm
ဟုတ်ပါ လကဗျာရေ
အခုရက်မနက်အေးလွန်းလို့ လမ်းတောင် ထွက်မလျောက်ဖြစ်ဘူး။
ချွေးအအေးပါတ်မှာစိုးလို့။
သတိပေးတာ ကျေးကျေးပါခင်ဗျာ
ကြည်ဆောင်း
December 19, 2012 at 9:15 am
အလှည့်အပြောင်းပုံလေးကိုသဘောကျလိုက်တာ…
ဘယ်လောက်များအချိန်ယူပြီးစောင့်ရိုက်လိုက်ရပါလိမ့်…
MaMa
December 20, 2012 at 9:47 am
ဓာတ်ပုံတွေကို ကြိုက်ရတဲ့အထဲမှာ ပန်းချီကားလို လူလုပ်မဟုတ်တဲ့ …
သဘာဝရဲ့ အရောင်တွေကြောင့် ပါပဲ။ :hee:
aye.kk
December 20, 2012 at 10:11 am
တစ်ပင်ကို…
တစ်ပင်ကူး…
မြူးထူးလျှက်ကယ်…
ရှုတ်ရှက်ရယ်နေချင်တဲ့…
ကိုင်းပင်လေးတွေ….
လေယူရာတိမ်းးးးးးးးးးး
ယိမ်းတယ်တဲ့လေး။။
Ma Ei
December 20, 2012 at 11:51 am
နွဲ့ယိမ်းလေး လှလိုက်တာ…
အချိန်ရရင် စက္ကူရောင်စုံနဲ့ Handmade Postcard လေးလုပ်ဘို့ တေးထားပါတယ် ကိုပေါက်ရေ…
Hnin Hnin
December 20, 2012 at 3:06 pm
လိမ္မော်ရောင်ပုံလေးတွေနဲ့ လိမ္မော်ရောင်စာသားတွေက ဟပ်နေတာပဲ..လေးပေါက်ရေ….
တစ်မူထူးခြားတဲ့ လိမ္မော်ရောင်အလှများကို ခံစားသွားပါတယ်…
ကိုပေါက်(မန္တလေး)
December 20, 2012 at 4:16 pm
အဲဒီနေ့က မထင်မှတ်ဘဲ ပုံကောင်းလေးတွေရလိုက်တယ်ဗျ