Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွာထဲမှာ ပုံတွေ တင်ဖို့ အတွက်

ムラカミDecember 20, 20124min80015

 

ပိတ်သတ်ကြီးမင်ဂါပါဗျာ…

 

မောင်ဂီ့ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ခဲ့တဲ့ အကြောင်းအရာ တခုကို ချရေးလိုက်ပါတယ်ဗျာ…

မရေးဖြစ်တဲ့ အကြောင်း ကတော့ – ၁) ယူဇာအတော်များများ သိပြီး နားလည်ပြီး ဖြစ်မှာမို့ တကြောင်း

၂) ဘူးသီးကြော် အိုအက်စ် တင်ထားမိတော့ မီနျူးတွေက အင်္ဂလိ လိုမပေါ်တာကြောင့်

ရေးရမှာ အခက်အခဲ ရှိလို့ရယ်ပါ။

 

ခုတော့ ရေးဖြစ်သွားပါတယ်ဗျို့ …။ ရေးဖြစ်သွားတာကတော့ …

၁) အချိန်အားလေးရတုန်း မို့

၂) ခုတလော မန်ဘာအသစ်တွေ ပုံတင်တာ အဆင်မပြေတာတွေ အတွေ့ရများလို့

(ဆိုက်ရဲ့ ပုံတင်တဲ့ ဖီချာကလည်း အသစ်ပြောင်းသွားတာမို့)

၃) ဗူးသီးကြော်တွေနေရာမှာ အင်္ဂလိပ်စာကို အစားထိုးပြီး ရေးကြည့်ရင် အဆင်ပြေမယ် မြင်မိလို့

ရေးလိုက်ပါတယ်ဗျို့…

 

ဒီစာစုမှာ အပိုင်း ၂ပိုင်း ပါဝင်ပါမယ်။ အပိုင်း(၁)ကတော့

 

1. Microsoft Office Picture Manager

 

 0

 

 

Microsoft Office ထည့်သွင်းရင် အတူတူပါဝင်လာတဲ့ Software bundle ထဲက တခုဖြစ်ပါတယ်။

ဒီ software ကို စရှင်းရတဲ့အကြောင်းကတော့ ၂ခုရှိပါတယ်။

ပထမ တခုကတော့ ကျနော်တို့ ဒါ့ပုံတွေ ရိုက်ကြတဲ့အခါမှာ ဖိုင်ဆိုက် Large, Picture quality – fine

စသည်ဖြင့် ရိုက်လေ့ ရှိပါတယ်။ သာမန်အိမ်သုံး ကင်မရာက ထွက်လာတဲ့ ပုံတောင်

5 MB, 3MB ရှိနေတော့ သည်အတိုင်းတင်ရင်

၁) လိုကယ် အင်တာနက် ကော်နက်ရှင်နဲ့ အသက်ထွက်လိမ့်မယ်

၂) ဆာဗာလေးမယ်

၃) ဆာဗာမှာ ပုံဆိုက် လျှော့ချတဲ့ ပလပ်ဂင်ထည့်ထားလို့ အော်တို လျှော့မယ်ဆိုရင်လည်း

နံပါတ် ၁ အားထုတ်မှု သည် အချီးနှီး ဖြစ်မယ်

 

ဆိုတော့ အလွယ်ကူးဆုံး စက်တိုင်းနီးပါး ရှိနေနိုင်ဆုံး ဖိုတို ဆိုက်ဇ်ပြင်တဲ့ အပျော့ထည်မို့

မိတ်ဆက်လိုက်ပါတယ်

 

1) ကွန်ပြူတာထဲက ပုံကို right-click နှိပ်ပါ

2) Open with ဆိုတဲ့ နေရာမှာ Microsoft Picture manager ကိုရွေးပါ

ခုလိုမြင်ရပါမယ်။

 

1

 

၁) ကတော့ Application ရဲ့ Logo ဖြစ်ပါတယ်

၂) ဟာလက်ရှိ Zoom ဆွဲထားတဲ့ အနေအထားပါ (၁၀၀%)

၃) ကတော့ ပုံရဲ့ နာမည်နဲ့ ပင်ကိုယ် အရွယ်အစားကို ဖော်ပြပါတယ်

 

2

 

၁) အင်္ဂလိပ်စာ ဝင်းဒိုးပေါ်မှာတော့ သည်နေရာမှာ Edit Picture လို့ မြင်ရမှာဖြစ်ပါတယ်။

၂) ကတော့ အဲ့သည့် Button ကိုနှိပ်လိုက်ရင် ထွက်ကျလာမယ့် Box ဖြစ်ပါတယ်။

၃) ကတော့ အဲ့သည့်ထဲကမှ Edit Size လို့ ပေါ်နေမယ့် Button ဖြစ်ပါတယ်

အဲ့သည့်ကို နှိပ်ပါ။

 

3

 

၁) ဆိုက်ဇ် ရွေးတဲ့နေရာပါ ဒီနေရာမှာ ၆-မျိုး ရွေးနိုင်ပါတယ်။

– Document Large 1024 x 768

– Document Small 800 x 600

– Web Large 640 x 480

– Web Small 448 x 336

– Email Large 314 x 235

– Email Small 160 x 160 တို့ဖြစ်ပါတယ်

ဒါတွေဟာ ရှေးရှေးက အင်ဒတ်စတွီ စတန်းဒတ်တွေ ဖြစ်တာမို့ ခုခေတ် ကြီးမားမြန်ဆန်လာတဲ့

အချိန်မို့ နည်းနည်း ၁ ထစ် ပို ယူနိုင်ပါတယ်

ဆိုလိုသည်မှာ ကျနော် ရွေးသင့်တာ Web Large ဖြစ်ပေမယ့် ကျနော် နည်းနည်းပိုကြီးတဲ့

Document Small 800 x 600 ကို ရွေးပါတယ်။ ဒါဟာ ဆိုက်မှာ ကျနော် ပုံတင်တဲ့ ဆိုက်ဒ်

ဖြစ်ပါတယ်

၂) Confirmation လုပ်တဲ့ နေရာပါ မူရင်းပုံ အရွယ်အစား နဲ့ ဖြစ်သွားမယ့် ပုံအရွယ်အစားကို

ဖော်ပြထားပါတယ်။

 

၃) ကတော့ Save လုပ်ဖို့ ဖြစ်ပါတယ်။ မူရင်းပုံ ကို သပ်သပ် သိမ်းထားချင်ရင်တော့

File/ Save As/ ထဲကနေ သီးခြား file name ပေးပြီး သိမ်းပါ။

 

 

 

1

 

2. Uploading Photos to Mandalay Gazette

 

ယခုအပိုင်းကတော့ Mandalay Gazette မှာ ပုံတင်တဲ့ အဆင့်ဖြစ်ပါတယ်။

 

 

4

 

 

New post ယူပြီး Add Media ကို နှိပ်ပါ။

 

 

5

 

၁) ကျလာတဲ့ Dialog box ထဲက Upload Files ကို နှိပ်ပါ

 

6

 

 

၁) ပုံ တပုံချင်း တင်တဲ့ button ဖြစ်ပါတယ်

၂) ကတော့ ကွန်ပြူတာထဲက တပုံထက်ပိုတဲ့ ပုံတွေကို drag-drog နဲ့ ဆွဲယူပြီး လွှတ်ချတဲ့နည်း ပါ။

၃) ကတော့ တင်ထားတဲ့ ပုံတွေကို ထိန်းသိမ်းတဲ့နေရာ ဖြစ်ပါတယ် ။

တကြိမ်ထဲမှာ multiple upload လုပ်တဲ့လူတွေအတွက် ပုံတွေ အဲ့သည့်မှာ သွားရောက် ရွေးချယ်ပေးရပါမယ်။

 

 

ဒီနေရာမှာ ပြောစရာရှိတာက ဒီအဆင့် ထိပြီးပြီ ဆိုတာနဲ့ ပြီးတာ မဟုတ်သေးပါ။

ယခုအဆင့်ဟာ ပုံတွေကို MG ရဲ့ Server ထဲ တင်လိုက်တာဖြစ်ပြီး

ပိုစ့်ထဲ ဝင်မသွားသေးပါဘူး ပုံတွေကို ပို့စ်ထဲ မှာ ခင်းကျင်းဖို့ အတွက် နောက်အဆင့် တဆင့်ကျန်ပါသေးတယ်

ဆက်ပါမယ်။

 

7

 

 

၁) တင်လိုက်တဲ့ ပုံ library ထဲ ရောက်ရှိသွားပုံ ဖြစ်ပါတယ်။

၂) ကတော့ အနှီ ပုံရဲ့ detail information ပါ

၃) အဲ့သည့် အခြေအနေမှာ အိုကေ တန်းမနှိပ်ပါနဲ့ ဦး ။

Scroll bar ကို ဆွဲချပြီး အောက်ကို ဆင်းလိုက်ပါ။

 

8

 

၁) ပုံရဲ့ ခေါင်းစဉ် ထည့်ချင်ရင် သည်နေရာမှာ ထည့်နိုင်ပါတယ်။

၂) ပိုစ့်ထဲ ပေါ်မယ့် ပုံရဲ့ size ကို ရွေးချယ်တဲ့ နေရာပါ။

သည်စာစုရဲ့ အပိုင်း -၁ ကို မလုပ်ခဲ့ဘဲ သည်နေရာမှာ သင့်တော်ရာ အရွယ်ကို

ရွေးချယ်နိုင်ပါတယ်။ ဒါနဲ့များ ဘာကြောင့်များ ၁ကို ရေးထားသလဲ မေးရင်

ကော်နက်ရှင်မကောင်းတဲ့ နေရာက ပုံတင်ရတဲ့ ဒုက္ခကို ကိုယ်ချင်းစာလို့ပါ။

 

9

 

 

 

၁) ပုံ ပိုစ့်ထဲ ဝင်သွားပါပြီ .. သင့်တော်တဲ့ အရွယ်အစား ရှိမနေဘူးဆိုရင်

ပုံရဲ့ ဘယ်ဘက် အပေါ်ထောင့်က Edit Image ဆိုတဲ့ နေရာမှာ သွားပြီးပြင်နိုင်ပါတယ်

အဆိုပါ button ကို နှိပ်ရင် အောက်က Dialog box တက်လာပါလိမ့်မယ်

 

10

 

 

 

၁) ပုံရဲ့ size ကို percentage နဲ့ ပြင်နိုင်ပါတယ်..

၂) အဲ့ဒါမှ မရသေးရင်တော့ ဘေးနားက Advance ဆိုတဲ့ ခလုပ်ကို နှိပ်ပြီး

အသေးစိတ် ပြင်ဆင်နိုင်ပါတယ်

 

11

 

 

ပုံရဲ့ အရွယ်ကို ပြင်ဆင်နိုင်တဲ့ နေရာဖြစ်ပါတယ်။

ကျေးကျေးပါ။
တော်သေးဘီ

ခင်တဲ့
ဂီ

 

15 comments

  • Thuyazaw

    December 20, 2012 at 12:22 pm

    ယခုလို ရှင်းပြပေးတဲ့ အတွက် ကျေးကျေးဗျို့…..

  • ခိုင်ဇာ

    December 20, 2012 at 12:25 pm

    ဟုတ်။ ဆရာ ဂီ ရှင်းလိုက်တော့ လည်း လင်းသွားတာပဲ။
    ကျုပ် ဟို ဗေဒင် ဓာတ်ပုံတွေ တင်တုန်းက များဆို တော်တော်လည်နေတာ။
    ဆာဗာထဲ ကို ပုံ ၃ဝ လောက် ၃ ခါလားမသိဘူး။ ရောက်သွားတယ်။ ပုံ အရွယ်လည်းမချုံ့မိတော့ လာကြည့်တဲ့သူတိုင်း မူးတယ်ပြောသွားတယ်။
    🙁

    • S@i S@i Fin K@i

      May 7, 2013 at 12:51 pm

      တွေ့လား ..ပလီပလာဒွေ ….
      နောက် ….မရေးဘု….

      :byae: :byae: :byae:

      :byae: :byae:

      :byae:

      • KZ

        May 7, 2013 at 2:35 pm

        ခုတော့ ဘွတ်မာတ် လုပ်လိုက်ပြီ။
        အဲဒီတုန်း က ပေါက်တယ်။
        ပုံတင်တော့ ဘာမှ မမှတ်မိတော့ဘူး။။ ဘာက စရမှန်းလဲမသိဘူး။
        နာ့ မှတ်ဉာဏ်တွေ မကောင်းတော့ဘူး။
        :byae: :byae: :byae:
        :byae: :byae:
        :byae:

  • မင်းနန္ဓာ

    December 20, 2012 at 3:07 pm

    မောင့်ဂီရေ
    ပုံတင်တာတော့ ရှင်းသွားပါပြီ
    ကျုပ် အင်္ဂလိပ်စကားပြောလေးတွေ ပို့စ်တင်နေတာ စကားပြောမူဗီလေးတွေ ထည့်မရဖြစ်နေတယ်
    မူဗီကို ပို့စ်ထဲရောက်အောင် ထည့်နည်းလေး လင်းပါဦး
    သကြီးပြောသလို မန်းကျုမှာတင်၊ ပို့စ်အက်ဒစ်မှာ text ပြောင်းပြီး share> source code ကို ကော်ပီလုပ်ပြီး ထည့်တာလည်း မဝင်ပြန်ဘူး..
    အဲဒါလေး (သူကြီးကို အပူကပ်ရတာလဲ အားနာလာလို့) ကျုပ် ဘယ်နားမှားနေသလဲ ပြောပြပါအုံး
    အောနဲငိုက်ရှိမက်စု…

    • မောင့်ကျက်သရေ ဂီ့

      December 20, 2012 at 3:13 pm

      လစ်ဘရယ် သဂျီးရဲ့ ဘယ်သူမှမကျိတဲ့ မန်းဒလေးတုဘ် မည်းမည်းသည်းသည်းကြီး ပေါ် သွားစမ်းတင်ကျိ
      ပါလားဗျ. .. ကျနော် ကိ ဗီဒို မတင်ဖူးတော့ မသိဝူးဗျို့ …
      စမ်းကျိကျိ ပါ့မယ် ပီးရင် ပြန်ပြောပါ့မယ်..

      :gee:

      • မင်းနန္ဓာ

        December 20, 2012 at 4:56 pm

        Kai says:
        ပို့စ်ထဲ..Edit > html ပြောင်း.. အဲဒီ ထဲမှာ.. မူရင်း MandalayTube.com က..ဗီဒီယိုရဲ့.. Share > Embed code က..Code ကိုကူးထည့်ရင်… ဗီဒီယိုကို.. ပို့စ်ထဲဒါရိုက်မြင်ရမယ်ထင်ပါတယ်..
        အခုလောလောဆယ်.. ဒီပို့စ်မှာ.. လုပ်ပေးထားပါကြောင်း…
        သဂျီး အဲလိုပြောလို့ လုပ်ကြည့်သေးတယ် ပေါ်ဘူး
        ကုတ်ကို code, /code ခံပြီးထည့်ကြည့်တာလည်း ရဘူး
        :gee:

        • kai

          December 21, 2012 at 6:08 am

          အဲဒီအပေါ်ကကုဒ်မျိုးကိုပြောတာ…
          မူဗီပေါ်.. မောက်စ်ပွိုင့်တာတင်လိုက်ရင်… Share ဆိုတောပေါ်လာမယ်လေ..
          အဲဒီကနေ.. ကူးယူရတာ..

          ဒီပို့စ်ကို.. How to Write a Post မှာလင့်ခ်ပါမယ် ဂီဂီရေ..

        • ဘဲဥ

          December 21, 2012 at 9:57 am

          ဗျို့ တဂျီးမင်း အဲ့လို ဗီဒီယို တင်တော့ ဆိုဒ်ချုံ့ရသေးလားဗျ ။တင်တာ ဘယ်လိုမှ တင်မရလို့

        • kai

          December 21, 2012 at 11:24 am

          mandalaytube.com ထဲကို..
          ယူဆာ mandalay
          ပတ်စ်ဝပ် gazette
          နဲ့ဝင်ပြီးဗီဒီယိုတွေတင်ကြည့်နိုင်ပါတယ်..။

  • mobile (mandalay)

    December 20, 2012 at 4:34 pm

    မောင့်ကျက်သရေ ဂီ့ ကျေးဇူးပါဗျို့ ပုံတင်တာ ကျုပ်လဲတင်တတ်တာမဟုတ်ဘူးဗျ။
    လက်တည့်စမ်းကြည့်လိုက်ပါ့ဦးမယ်။

  • kkk

    December 21, 2012 at 10:42 am

    ကျေးဇူးပဲဗျာ……

  • Mr. MarGa

    December 21, 2012 at 1:15 pm

    ကလိစရာတော့ မရှိသေး
    သို့သော် မှတ်ထားလိုက်သည်

  • kai

    May 7, 2013 at 2:22 pm

    ဘေးက.. How to Write a Post မှာ ဒီပို့စ်က.. နံပါတ်၅အနေနဲ့ပါပြီးသားပါ..
    =
    ဖတ်ပါ၊..မှတ်ပါ၊..ပြီးမှတင်ပါ..။
    1. Writing Guidelines

    2. Learn-how-to-do-1

    3. Learn-how-to-do-2

    4. Learn-how-to-do-3
    5. Learn-how-to-do-4

Leave a Reply