သည်နှောင်ကြိုး tie
ဟိုးအရင်အတိတ်
လွမ်းမိတယ်စိတ်
ဖြစ်ချင်တာပဲသိ
ဖြစ်လိမ့်မယ်လဲထင်ခဲ့
ဖြစ်လာခဲ့တော့
မဖြစ်ချင်တာတွေ…
အပြစ်တင်မယ်ဆို
ကံကိုလား
ညဏ်ကိုလား
ဟန်ကိုယ့်ဖို့
မာန်တို့ခဲ့ပေမဲ့
ဒဏ်အစို့စို့သာ
ရင်ဝယ်ပိုက်
ငိုကွဲ့ငမိုက်သား…
သံသရာ
ခံလာတာ
ကြိမ်ဖန်များစွာလို့
ပညတ်ခွာထု
အမှန်ပြုပေမဲ့
ဘယ်လိုမှ
ဖြတ်မရတယ်
ငါကိုယ်တိုင်
ဖက်တွယ်ထားတဲ့
သံယောဇဉ်ကြိုး…။
11 comments
mobile (mandalay)
December 19, 2012 at 11:06 am
သံယောဇဉ်ကြိုး
ပြန်ပြောရင်မိုး
ရွဲးလို့စိုကာ
မျက်ရည်ပြိုကျ
အမှန်အမှား
ညဏ်မများဖို့
ငမိုက်သားကို
ပြောချင်ပေမယ့်
အခုတော့ကွယ်
နှောင်းလွန်ပြီမို့
ကျိတ်မှိတ်ကာသာ
ခံပေဦးတော့
ကံဆရာ ပလီညာ ဖန်လေတဲ့…………………
ဘဲဥ
December 19, 2012 at 11:20 am
Dနှောင်ကြိုး ရစ်ပတ်လို့ ရုံးမရဒေါ့ဘူး…….
မဟာရာဇာ အံစာတုံး
December 19, 2012 at 11:40 am
သံယောဇဉ် ကြိုး
တကယ်ဆိုး
တဟိုးတည်း ဟိုးထား
ဒီကြိုးများ
ဖြတ်သင့်တဲ့ အချိန်မှာ
ကုန်စင်အောင် ဖြတ်ပစ်လိုက်ပါ
ဒါ သင့်အတွက် အမှန်တရားသာ …….။
မောင်ပေ
December 19, 2012 at 12:17 pm
သည်နှောင်ကြိုး
အပီဆောင်တိုး
ရီပြောင်သူခိုး
ဒီမောင်ငဆိုး
ပလီကြောင်ပိုး
ဗုံဗုံ
December 19, 2012 at 12:21 pm
သံယောဇဉ်ကြိုး
ကြောင်ကြီးဝင်တိုး
လက်သည်းတွေကျိုး
တိုးသထက်တိုး :harr:
ဦးကြောင်ခြေရာ နင်းကြည့်တာလေ :kwi:
kyeemite
December 19, 2012 at 1:10 pm
အလဲ့….ဆြာကြောင်ကြီးတယ် နုနေပါလား…(နူတာမဟုတ်နော်)
သံယော ဇဉ်ကြိုး
ပြန်ပြော ရင်ဆိုး
အမှန်သဘော နင်တိုး
ကံသဘော အရင်ပျိုး
မပန်တော့ ရင်ကျိုး။ :kwi:
MaMa
December 19, 2012 at 1:47 pm
အခုမှပဲ ကြောင်ကြီးရဲ့ ရင်တွင်းဖြစ် ကလီစာတွေ တွေ့ရတော့တယ်။ :kwi:
မင်းနန္ဓာ
December 19, 2012 at 2:14 pm
တန်တော့
စင်ကာပူက
မနိုဘဲကြီးကို
တကယ်ကြွေနေတာ ထင်ရဲ့
…
ခွိေွိ
ခိုင်ဇာ
December 19, 2012 at 3:13 pm
အောင်ကြူး ရင်ဝှက်ပန်းတွေ ပေါ်လာပြီ။
ဘယ်လိုမှ
ဖြတ်မရတယ်
ငါကိုယ်တိုင်
ဖက်တွယ်ထားတဲ့
သံယောဇဉ်ကြိုး…။
ဟုတ်တယ်။ ဒီတစ်သက်တော့ ဘယ်တော့မှ ဖြတ်မရ၊ မပြတ်တဲ့ ကြိုး။ :harr: :harr:
အလင်းဆက်
December 19, 2012 at 4:09 pm
ဒါမှ ဒို့ အူးကြောင်ကွ
🙂
koaung
December 19, 2012 at 7:03 pm
: ပြန်မပြောချင်တဲ့ သံယောဇဉ်
တကယ်တွေးရင် မောင်မောတာမိုု ့
အင်းယားကန် ထိုုနဘေးမှာ
ပူဆွေးကာ မောင့်မျက်ရည်
ခမ်းခဲ့ပေါ ့ အတိတ်ကခြေရာများ
ဝေဝါးကာ ပျောက်ပြယ်ခဲ ့ပါပေါ့
တူနှစ်ကိုုယ် နီးပါရက်နဲ ့
မပြည့်စုုံဒီဘဝ သက်ပြင်းသာအခါခါချပါလိုု ့
ဝေးခဲ့ရကြောင်း. I also want to cry.