မန္တလေးဂဇက်အဖွဲ့ဝင်များဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲ
သိုင်းသိုင်းဝိုင်းဝိုင်းလေးရေးချင်ပေမယ့် ရှုပ်ထွေးသွားမှာစိုးလို့ လိုရင်းလောက်ပဲ အတိုချုပ်ပြီး ကြေငြာပါရစေ…။
ပြောဖို့ ဖြေဖို့ ဖြည့်ဖို့ လိုအပ်တာတွေကိုတော့ ကွန်မင့်လေးတွေနဲ့ပဲ ပြောပါရစေ….။
ဥက္ကဌ မပဒုမ္မာကိုယ်စား အသိပေးကြေငြာခြင်းဖြစ်ပါကြောင်း….။
နှစ်သစ်ရဲ့ မှတ်တိုင်သစ်
၂၀၁၃ နှစ်သစ်ရဲ့အစမှာပဲ မန်းဂဇက်ရွာကြီးရဲ့မှတ်တိုင်သစ်တခု စိုက်ထူပါတော့မည်…..။
မန္တလေးဂဇက်အဖွဲ့ဝင်များဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲ မကြာမီ ကျင်းပပါတော့မည်…။
ရွာထဲမှာ အနေကြာသည်နှင့်အမျှ ရွာသူားတွေ စာချင်း ခင်မင်ရင်းနှီးမှု့ရင့်သန်လာသည့်နောက်
လူချင်းလဲ ပျော်ပျော်ပါးပါး တွေ့ဆုံကြ မိတ်ဖွဲ့ကြ ဆက်ဆံရေးသစ်တွေထူထောင်ကြရအောင်နော်……….
ဘယ်သူတွေ တွေ့ဆုံကြမှာလဲ
အားလုံး…
အားလုံး….
တက်ရောက်နိုင်သမျှ မန်းဂဇက်ရွာကြီးရဲ့ အဖွဲ့ဝင်(Member) အားလုံး…
နေ့ရက်အချိန်အခါ နေရာကတော့-
ကန်တော်ကြီး ကရဝိတ်ဥယျာဉ်ထဲက မျှော်စင်ကျွန်းသို့အဝင်လမ်းထိပ်မှာရှိတဲ့
P3 ထိုင်းစတိုင် စားသောက်ဆိုင်မှာ
၂၀၁၃ ခုနှစ် ဇန္နဝါရီလ ၂ဝရက် တနင်္ဂနွေနေ့
နံနက် ၉းဝဝ နာရီမှ ၁၂းဝဝ နာရီအတွင်း
ဘယ်လိုအစီအစဉ်တွေရှိသလဲ
တက်ရောက်လာတဲ့ မန်ဘာတွေကို နွေးထွေးပျူငှာ လှိုက်လှဲစွာ ကြိုဆိုဧည့်ခံမယ်
မနက် ၉းဝဝ တိတိမှာ အခန်းအနား စ မယ်…..
၂၀၁၂ ဇူလိုင်လ မှ ဒီဇင်ဘာလအထိ မန်းဂဇက်ချစ်သူများ စာပေဆုရသူများကို
ဆုလက်ဆောင်တွေ ဂုဏ်ပြုချီးမြှင့်မယ်……
တက်ရောက်လာတဲ့ မန်ဘာများက အပြန်အလှန်မိတ်ဆက်စကား (တစ်မိနစ်လောက်စီ) ပြောကြမယ်……
ပြီးတော့ အမှု့ဆောင်အဖွဲ့က စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံကျွေးမွေးမယ်…….
မန်းဂဇက်ရွာသူကြီး ဦးခိုင်က ကြိုတင်ပေးပို့ထားတဲ့ အိုင်တီဆိုင်ရာ ခေတ်မီ အသုံးအဆောင်ပစ္စည်းများနဲ့ ငွေသားကံစမ်းမဲတွေကို သူကြီးရဲ့အမှတ်တရလက်ဆောင်အဖြစ် မဲဖေါက် ပေးအပ်မယ်……
အဲဒီရှေ့နားမှာရပ်ထားတဲ့ –
၂၀၀ဝ ပါဂျဲရိုး ဖါးပြုတ် တစ်စီးရယ်
၁၉၉ရ – လင်ခရူဇာပရာဒိုတစ်စီးရယ်
၂၀၀၃ – ကယ်ဒီးနားစက်ရုပ်တစ်စီးရယ်
၂၀၀၁ – တိုယိုတာ အာအေဗွီဖိုး တစ်စီးရယ်
အဲဒီကားတွေကတော့ မဲဖေါက်တဲ့အထဲပါမယ်မထင်ဘူး……
(အဲဒါသူများကားတွေ)
ဒီတွေ့ဆုံပွဲကို တက်ရောက်မယ့် မန်ဘာတွေက ဘာလုပ်ဖို့လိုမလဲ…
ဟုတ်ကဲ့…
ဒီပိုစ့်မှာ တက်ရောက်မယ်ဆိုတဲ့အကြောင်း ကွန်မင့်လေးနဲ့ စာရင်းပေးပါခင်ဗျား….
ဒီလိုကြိုတင်စာရင်းယူရတာက အစားအသောက်တွေကို တက်ရောက်မယ့်လူဦးရေအတိုင်း ကြိုတင်မှာကြားရမှာမို့ပါ…။
စာရင်းပေးဖို့ နောက်ဆုံးရက်က ၁၅.၁.၂၀၁၃ ည ဆယ့်တစ်နာရီ အထိဖြစ်ပါတယ်။
ကွန်မင့်နဲ့ စာရင်းပေးဖို့ အဆင်မပြေရင်လဲ အမှု့ဆောင်တစ်ဦးဖြစ်တဲ့ (ရွှေတိုက်စိုး 0973114322) ထံ ဖုန်းဖြင့်ဆက်သွယ်ပြီး စာရင်းပေးနိုင်ပါတယ်…။
စာပေဆုရသူတွေကို ဂုဏ်ပြုချီးမြှင့်မယ့် အစီအစဉ်က-
၂၀၁၂ ဖူလိုင်လ မှ ဒီဇင်ဘာလအထိ ခြောက်လအတွင်း လစဉ် အကြိုက်ဆုံးစာပေဆုရသူတွေ ကိုယ်တိုင်တက်ရောက်ယူဖို့ဖြစ်ပါတယ်…။
ကိုယ်တိုင်တက်ရောက်မယူနိုင်ရင်လဲ အခြားတစ်ယောက်ကို ကိုယ်စားတက်ရောက်ယူစေနိုင်ပါတယ်။ ကိုယ်စားယူမယ်ဆိုရင်တော့ ကိုယ်စားယူမယ့်သူကို ဥက္ကဌမပဒုမ္မာထံသို့ဖြစ်စေ အမှု့ဆောင် (ရွှေတိုက်စိုး 0973114322) ထံသို့ဖြစ်စေ ၁၈.၁.၂၀၁၃ နောက်ဆုံးထားပြီး ကြိုတင်အကြောင်းကြားပေးပါခင်ဗျား…။
ကိုယ်တိုင်လဲမယူ ကိုယ်စားလှယ်လဲ မလွှတ်ဘူးဆိုရင်လဲ အဲဒီအကြောင်းလေးကို ဥက္ကဌမပဒုမ္မာထံသို့ဖြစ်စေ အမှု့ဆောင် (ရွှေတိုက်စိုး 0973114322) ထံသို့ဖြစ်စေ ၁၈.၁.၂၀၁၃ နောက်ဆုံးထားပြီး ကြိုတင်အကြောင်းကြားပေးပါခင်ဗျား…။ တချို့မန်ဘာတွေကို လူချင်းမသိတော့ ပုံမှားရိုက်သွားနိုင်လို့ပါခင်ဗျား…။
နိဂုံး
ရွာသူားတို့ရေ……..
ခင်ခင်မင်မင် ပျော်ပျော်ပါးပါး ဆုံကြရအောင်…..
ဆက်ဆက်လာကြနော်….။ ။
ခင်မင်စွာဖြင့်
ဦးဦးပါလေရာ
ကန်တော်ကြီး မင်္ဂလာဈေးထိပ်က……
မျှော်စင်ကျွန်းကိုအဝင် လမ်းခွဲထိပ်မှာ……
ပုံမတင်တတ်လို့ သည်းခံကြပါ အရပ်ကတို့….
202 comments
ဦးဦးပါလေရာ
January 4, 2013 at 9:13 pm
အခန်းအနားပြင်ဆင်ရေးဆပ်ကော်မတီ
ရွှေတိုက်စိုး – ဥက္ကဌ
အမတ်မင်း – အဖွဲ့ဝင်
ကြိုဆိုဧည့်ခံရေးဆပ်ကော်မတီ
အမတ်မင်း – ဥက္ကဌ
ရွှေတိုက်စိုး – အဖွဲ့ဝင်
ပြန်ကြားရေးဆပ်ကော်မတီ
ရွှေတိုက်စိုး – ဥက္ကဌ
အမတ်မင်း – အဖွဲ့ဝင်
:harr:
မဟာရာဇာ အံစာတုံး
January 4, 2013 at 10:07 pm
ဂလိုလားဂျ .. ဒါဆိုရင်ဒေါ့ ….
အမတ်မင်းနဲ့ ရွှေတိုက်စိုး
ဘတစ်ပြန် ကျားတစ်ပြန်ဘဲ …….
သူတို့နှစ်ယောက် နပန်းချရင် ကျုပ် ဘေးကနေ လက်ခုပ်တီးပေးဘာ့မယ် …
ဖျောင်း .. ဖျောင်း .. ဖျောင်း .. ဥမတ်တွ …
ဖျောင်း .. ဖျောင်း .. ဖျောင်း .. မိတိုက်တွ …
ဟီဟိ …
လုံမလေးမွန်မွန်
January 4, 2013 at 10:13 pm
ဟီးဟီး…တစ်ယောက်ကတော့ လူပိုဂျီးမို့ လွတ်လွတ်လပ်လပ် လုပ်နိုင်ပေမယ့်… ပူပူနွေးနွေးထောင်ထဲက နောက်တြောက်ကိုတော့ ဘရာကြော်ပါလို့… (အဟိ…)
ကိုပေါက်(မန္တလေး)
January 7, 2013 at 3:19 pm
နောက်တစ်ယောက်ကလဲ လူလွတ်ဖြစ်သွားပြီဒဲ့
(နောက်ဆုံးသတင်း)
ဂန္ဓာရီ ဆြာအုပ်
January 5, 2013 at 12:48 am
ဟိုက်ရှားဘား..
လူအင်အားတောင့်တောင့်တင်းတင်းနဲ့ ပါလားဟရို့
Khaing Khaing
January 7, 2013 at 4:25 pm
အော် … သူတို့ပဲ နေရာပြောင်းလုပ်နေကြတာကို … မြန်မာပြည်အစိုးရလိုပါပဲလား …. အကျီင်္ပြောင်းဝတ်ထားလိုက်တာပေါ့လေ ……..
မောင်ပေ
January 4, 2013 at 9:19 pm
ပျော်ဆရာကြီးဟေ့
ရွာသူစင်ဂဲလေးများ စာရင်းကို
ဂေဇက်ရွာသား မောင်ပေ့ ထံတွင် အမြန်ဆုံးပေးကြပါရန်
မှတ်ချက် စင်ဂဲ = single
ဟီဟိ
:kwi: :kwi:
ဘဲဥ
January 5, 2013 at 10:09 am
တိုတိုပေ့ သများဂ စင်ဂယ်ဘာချင့် :harr:
မဟာရာဇာ အံစာတုံး
January 4, 2013 at 10:04 pm
ရဘူးးးဂျာ .. ရဘူးးး

ဟိုကားဂျီးဒွေ ကံစမ်းမဲ ထည့်မှ လာမယ် …
ဒါဗျဲ .. ငွင်းး ငွင်းး
တက်ရောက်မည် ဖြစ်ပါကြောင်း စာရင်း ပေးဘာဒယ် ….
ကျုပ်ကို တွေ့ပါက ဝိုင်း၍ အာဘွားများ မပေးဂျရန် …

ကျိုကျိုတင်တင်လည်း ပန်ကြားအပ်ဘာဂျောင်းးးး
ဆု တက်ရောက် မယူနိုင်သူများ ကိုယ်စား
ကျုပ်ကနေ အနစ်နာခံပြီး အပိုင်သိမ်း .. အဲ .. အဲ .. ယူပေးဘာမယ် …
ယင်းသို့ တက်ရောက် ယူပေးခ အနေဖြင့်မူ …
သမီး၊ တူမ၊ မြေးမ နှင့် ပေးချားရမည် ဖြစ်ပါကြောင်း ……. ငွင်းး ငွင်းး
လုံမလေးမွန်မွန်
January 4, 2013 at 10:20 pm
မဲဖောက်ဖောက် မဖောက်ဖောက် (ဖောက်မယ်ဆိုရင်တော့ လိုချင်တာပေါ့နော်..)
ဘာကျွေးကျွေး မကျွေးကျွေး.. (ကျွေးမယ်ဆိုတာ သေချာလို့ပြောတာ..)
လုံမလေးကတော့ လာမှာပဲ…
တစ်မိနစ်စာ ပြောဖို့ကို ကြိုရေးထားလိုက်ဦးမယ်… သာလိကာဆိုတော့ တော်တော်လေး ချုံ့ရမယ်ထင်တယ်.. 🙂
စီစဉ်သူများအားလုံးကို ကျေးဇူးပါလို့…
surmi
January 4, 2013 at 11:20 pm
တာဝန်အရ အော်လိုက်ဦးမယ် ………
မော ့များနှင် ့တကွ သဂျီးခင်ဗျာ
ဒီပို ့စ်လေးကို ရွာထိတ်မှာ ခဏချိတ်ပေးထားပါလားဗျာ
ဒါမှ ဝင်ဖတ်သူများသိနိုင်ပါမယ် ။
(အရင်တခါက မြင်ပါလျက်နဲ ့မအော်မိလို ့ ဟဲဟဲ )
padonmar
January 5, 2013 at 12:10 am
ဇူလိုင်=ဝင့်ပြုံးမြင့်(ကိုယ်စား-အလင်းဆက်)
ဩဂုတ်=အောင်မိုးသူ
စက်တင်ဘာ=ဦးကြီးမိုက်
အောက်တိုဘာ=မိုချို
နိုဝင်ဘာ=ဦးကျောက်ခဲ
ဒီဇင်ဘာ=………..?
လာနိုင်မလာနိုင်နဲ့ မလာနို်င်ရင်ဆုလာယူခိုင်းမယ့်သူ အကြောင်းကြားပါရန်။
(အပိုဆုကိုတော့ တောင်းတဲ့သူကိုပဲပေးပါမယ်)
မဲန်ဘာအားလုံးကိုဖိတ်ခေါ်ပါတယ်။
Foreign Resident
January 5, 2013 at 2:27 am
” ဆု ရရ ၊ မ ရရ ၊
မဲ ဖောက်ဖောက် ၊ မ ဖောက်ဖောက် ၊
ဘာ ကျွေးကျွေး ၊ မကျွေးကျွေး ”
အဘ ကတော့ လာဖြစ်အောင် လာမှာ ၊
လေယာဉ် လက်မှတ်တောင် ဝယ်ပြီးပြီ ။
ခင်ခ
January 5, 2013 at 9:16 am
အဘဖော လာရောက်ဖို့ အားခဲထားတာသိရလို့ ဝမ်းသာတယ်ဗျို့။ တွေ့လည်းတွေ့ချင်မိပါရဲ့။
စည်ကားပျော်ရွှင်တဲ့ ဆုံတွေ့ပွဲလေးဖြစ်မှာ အမှန်ဘဲလို့ ပိုစ့်ဖတ်ရင်း တွေးမိတယ်လေ။
ပိုစ့်ပိုင်ရှင် ဦးပါ ခင်ဗျ ကျွန်တော်က Jan 25 ဝန်းကျင်လည်း ရန်ကုန်ဆင်းဖို့ ကိစ္စလေးရှိသမို့ အခုရွာပွဲ အပတ်တော့ ရန်ကုန်ဆင်းဖြစ်မယ်မထင်လို့ မတက်ရောက်နိုင်တာကို စိတ်မကောင်းစွာနဲ့ တောင်းပန်းလိုက် တယ်ဗျာ။
•*¨နန်းတော်ရာသူ •*¨
January 5, 2013 at 4:35 pm
အဘဖောလာမယ်ဆိုတော့ပိုလာချင်သွားတယ်။
ကျန်တဲ့ရွာသူားတွေကိုလည်းတွေ့ချင်တယ်။
မလာနိုင်ဖို့ကများပါတယ်။မလာနိုင်ရင်တော့ မွန်မွန်က ဓာတ်ပုံတွေများများရိုက်ပေးထားပါ။
တောင်ငူမှာရှိနေရင်အကောင်းသား နေ့ချင်းပြန်လာလို့ရတယ်။
ဦးကြောင်ကြီး
January 5, 2013 at 9:59 am
အကျန်ပေးရရင် ၂၀၁၃ ဇန်နဝါရီလ ဆုရှင်ကိုပါ တခါထဲ ပေးလိုက်ရင် ကောင်းမလားလို့၊ ဘတ်ဂျက် ဘယ်လိုရှိလဲတော့ သိဘူးပေါ့ဗျာ။ သို့သော် လောကဓမ္မတာ ကွေးသောလက် မဆန့်ခင် ဆန့်သောလက် မကွေးခင် စကားလဲရှိထားတော့.. တော်ကြာနေ ပြည်တွင်းစစ်ဖြစ်ရင် ဘယ်နှယ်လုပ်မီဒုံး… ရွှေတိဂုံမှာ လဒနားသွားတာလဲ သိသားနဲ့….
မှတ်တိုင်သစ်
ဘလတ်ဘိုင်ဖြစ်
တက်ချိုင်ပစ်
နတ်ကိုင်ရစ်
သက်ပိုင်ချစ်
လာဘ်ဖြိုင်နှစ်
ဓာတ်လှိုင်အစ်
ဇာတ်နိုင်ကစ်..။
ဦးဦးပါလေရာ
January 8, 2013 at 12:19 am
2003 ဇန္နဝါရီအတွက်က လတဝက်စာပဲ ရှိဦးမှာလေ…
ဒီလိုလုပ်မလား..
ဆုကိုတခြမ်း ခြမ်းပြီး လတဝက်စာ အရင်ပေးနှင့်မယ်…
:kwi:
MaMa
January 5, 2013 at 10:11 am
ရွာထဲမှာ တစ်ခေတ်နောက်ကျ မကျန်ခဲ့ရလေအောင်…….
သူများပျော်လို့ မပျောက်လိုက်ရ မရှိရလေအောင်…….
ရွာသူားများအား ဖိတ်ကြားလိုက်ရပါသည်။
ဤသည်ကား ကြော် အောင် ညာ ခြင်း မဟုတ်။ :harr:
ထို့ကြောင့် တက်ရောက်မည့်သူစာရင်း ပေးသွင်းသွားပါသည်။
MaMa
January 5, 2013 at 4:19 pm
သတ်ပုံတွေတော့ မှားကုန်ပြီ။
သတ်ပုံစစ်တယ်လို့ပဲ သဘောထားတော်မူကြပါကုန်လော့ :kwi:
ရွာသူ jujuma .
January 5, 2013 at 12:18 pm
ဟုတ်ကဲ့ တတ်ရောက်မည့်သူ စာရင်းပေးပါတယ် ..
ဂျူးမ က တောသူဆိုတော့ နေရာ သိပ်မသိဖြစ်နေတယ် …
ကန်တော်လေးဘက်က … အရင် Royal Garden ထင်တယ်ဟုတ်လားမသိဘူးနော် ….. :kwi:
နွေဦး
January 5, 2013 at 12:29 pm
အဲဒီနေ့မှာ ယောင်နန နဲ့ အဖိုးကြီးတယောက် ဝင်လာခဲ့တယ်ဆိုရင် အဲဒါ ကျုပ် နွေဦး လို့ မှတ်ပါဗျာ…
amatmin
January 5, 2013 at 12:31 pm
ကျော့်ကိုလည်း စာရင်းသွင်းပေးပါ နော့..
ဒါနဲ့ ဇဂါးအတင်းစပ်…ပွဲတက်ဖော်ခေါ်လာလို့ရော.ရသလား ဟင်င်.. 😛
မဟာရာဇာ အံစာတုံး
January 5, 2013 at 12:41 pm
ပွဲတက်ဖော်က ဘူဒုံးးး
မိတိုက် လား ….
ခင်ခ
January 5, 2013 at 1:26 pm
ကိုအမတ်မင်း ကလည်း ပွဲတက်ဖော်ခေါ်မရရင် မန်ဘာအရင် ခုရက်ပိုင်းဝင်ခိုင်းလိုက်လေ။
အဲဒါဆို မန်ဘာဖြစ်ရောပေါ့ ဟုတ်ဘူးလား၊
ဒါကိုလည်းသိမှာပါ သက်သက်ကြွားချင်တာထင့်ပါ့။
ဘဲဥ
January 5, 2013 at 1:56 pm
ကိုရင်မတ်……
ဟောဒီဂ ဒေါ်ဘဲဥတစ်ယောက်လုံးဂို မေ့ထားတယ်ထင်ပါ့
သများဂ…. အချစ်ကိုသာဝေစားနိုင်မယ် အဲ့..ဟုတ်ပါဘူး
မုန့်ကိုသာဝေစားနိုင်မယ်နော် ဟွင်း..ဟွင်း……………..
လုံမလေးမွန်မွန်
January 5, 2013 at 6:11 pm
ချိရင် ခေါ်လာဘာဒဲ့…အနော် တစ်ယောက်စာ လျှော့စားပေးဘာမယ်… :harr:
surmi
January 5, 2013 at 12:40 pm
အဟမ်းးးးးး
မန်ဘာအားလုံးဆိုတော ့ ကိုမိုးပြာတို ့လည်းပါတာပေါ ့နော ……..ဟုတ်စ 🙂
အေးဝတီကြီးလည်း လာမလား မဆိုနိုင်ဘူး ….. မင်္ဂလာပါဆိုပြီး အသံပေးနေတယ်
:harr:
Foreign Resident
January 5, 2013 at 7:06 pm
ကို မိုးပြာ တို ့၊ မ အေးဝတီကြီး တို့ လာမယ်ဆိုရင်လည်း ၊
ဘာမှ ကန့်ကွက်စရာ မရှိပါဘူး ။
ရွာသူား တစ်ယောက် အနေနှင့် ဝမ်းမြောက် ဝမ်းသာစွာပဲ ကြိုဆိုရမှာပါပဲ ။
အယူအဆ ဆိုတာ လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါတယ် ။
ကျနော်တို့နှင့် အမြင်မတူသည် ဖြစ်စေကာမူ ၊
ယုတ်မာ ကောက်ကျစ်မှု မရှိသူများကို ကျနော်ကတော့ လေးစားပြီးသားပါ ။
ဦးဦးပါလေရာ
January 7, 2013 at 8:15 am
ဒီလို အများနဲ့စုပေါင်းလုပ်ဆောင်ဆောင်ကြရာမှာ
အများအတွက် စုပေါင်းလုပ်ဆောင်ကြရာမှာ
(အကြိုက်ဆုံးပိုစ့် ရွေးတာ အပါအဝင်ပေါ့လေ..)
ကျုပ်တို့ကလဲ နိုင်ငံရေး ဘာသာရေး မျက်နှာဖုံးတွေတပ်မထားကြပါဘူး…
သူတပါးကိုလဲ နိုင်ငံရေး ဘာသာရေးမျက်မှန်တွေတပ်ပြီး မကြည့်ကြပါဘူး…
မယုံရင်…….
စောင့်ကြည့်……
:hee:
ကိုပေါက်(မန္တလေး)
January 5, 2013 at 2:44 pm
ကိုပေါက်
ရောက်နိုင်မရောက်နိုင်
ပိုင်နိုင်စွာ မပြောနိုင်သေးပါ
အရီးခင်လတ်
January 5, 2013 at 6:42 pm
ကိုပါရေ့
မအားတဲ့ ကြားက စုစည်းပေးနေတာလေးတွေ အတွက် အများကြီး အားကျမိပါတယ်။
ကျွန်မလဲ ထီပေါက်လို့ကတော့ ချက်ခြင်း အပ်ပ်ပါးကလပ်စ် က လက်မှတ်ဝယ်ပြီး ကို အပြေးလာမှာ။
အရီးလတ် ကအပိုတွေ ရွှီးတယ်။
မဖြစ်နိုင်ဘူးလို့ မတွေးကြပါနဲ့။
(၁) ထီက အပါတ်တိုင်း ဖွင့်သည်။
(၂) လစဉ် ထီ ထိုးသည်။
(၃) သူများတွေ သန်းထီကြီးများ ပေါက် တာကို သတင်းထဲတွင် လက်တွေ့ မြင်ရ ကြားရသည်။
အားလုံး က လက်တွေ့ကျကျ လုပ်နေတာပါဘဲ။
ထို့ကြောင့် မလာနိုင်ဘူး လို့ အပြတ် မပြောပါ။ 😆
မှတ်ချက် –
ပွဲကို မရောက်လာရင် အရီးလတ် တော့ ထီမပေါက်ပြန်ဘူး လို့ တွေးကြပါ။
သတင်း နဲ့ ပုံရိပ် များ ကို မျှော်လင့်နေပါတယ်။
ကိုရင်စည်သူ
January 5, 2013 at 7:05 pm
ပြီးပြည့်စုံတဲ့ တွေ့ဆုံဆုပေးပွဲဖြစ်ပါစေ.. ဆုတောင်းပေးပါတယ်..
ရွာမှရှိရင်တော့ စာပွဲထိုးဖြစ်ဖြစ် ကူညီရ ကူညီချင်တာ..။
(ဒါမှ စားပွဲထိုးနဲ့ မာနရှင်လေး ဆိုပီး ပို့စ်တစ်ပုဒ်ရေးဖို့ ကုန်ကြမ်းရရင်
ရသွားနိုင်တယ်…
အောင်မြင်ပျော်ရွှင်ကြပါစေ…
မတူတဲ့အမြင်တွေခဏဖယ်ထားလို့… နှစ်သစ်မှာ ပျော်ရွှင်စရာပွဲလေး ဖြစ်မယ်
မှန်းဆမိပါတယ်။ ပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးသူများကလည်း
နာသုံးနာနဲ့ သမားဂုဏ်ပြည့်စုံကြသူများမို့.. အားရမိပါတယ်…
(ဖားတာများသွားပြီ…. သားကိုယ်စား တစ်ယောက်လောက် လွှတ်လို့ရလားဟင်.. အဟီးး ) :kwi:
MaMa
January 5, 2013 at 7:19 pm
ဟိုးးးးးးးးးး အပေါ်က မောင်ကြွား
အဲ- မှားလို့။
မောင်မတ်လို ပွဲတက်ဖော်ရှိရင်တော့ ကိုယ်စားလွှတ်လို့ ရပါတယ်။ :harr:
ကိုရင်စည်သူ
January 6, 2013 at 2:38 pm
ဟုတ်.. ဟုတ်…
တားကိုယ်စား… ယပလက်စာကျွေးမယ့် ဆိုင်ကို ကိုရင့် ပါတာနာယုသန်ဒါတင်လေးကို လွှတ်လိုုက်ပါ့မယ်နော်.. :harr:
သော်ဇင် (လွိုင်ကော်)
January 5, 2013 at 7:09 pm
အင်း သူများတွေတော့ တက်မှာလား မတက်မှာလားမသိ။ ကျွန်တော်လည်း အဲဒီထဲမှာပါနေတယ်။ လာလည်း လာချင်တယ်။ ရက်နီးမှပဲ ထက်မန့်တော့မယ်ဗျို့..။ တကယ်တော့ မန်ဘာတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရတာ ဘယ်လောက်ဝမ်းသာစရာကောင်းမလဲ တွေးတာကြည့်တော့ဗျာ။
အလင်းဆက်
January 5, 2013 at 7:23 pm
ဆက်ဆက် လာပါနော်….
ဆိုလို ့….
ပြောလိုက်မယ် ။
ဟုတ် ။
ဆက်ဆက် .. လာမှာ ။
( ကိုယ်စား ယူပေးပါလို ့.. မဝင့်ပြုံးမြင့်က.. ပြောသံ ကြား ထားတယ် ။ )
———————
ဆရာမ ဝင့်ပြုံးမြင့် ကိုယ်စား…. ဆု
ယူ မပေးဖြစ်လည်း..
ရွာသား.ကာလသားချောလေးတစ်ယောက်အနေနဲ ့
လာ..ပြီး…
ဖလန်းဖလန်း..ထ …ဦးမှာပါ ။
——————–
:kwi:
ကိုပေါက်(မန္တလေး)
January 7, 2013 at 3:31 pm
ဖလမ်းဖလမ်းထရင်းက နေ အိမ်ထောင်တွေ ဘာတွေကျရင်လဲ ကျသွားနိုင်တတယ်
အဲ လေးဂွစာလဲ မိသွားနိုင်တယ် သတိနဲ့နေပါ
ဆက်ဆက်လေး
အလင်းဆက်
January 5, 2013 at 7:31 pm
ဒါနဲ ့…
အန်တီမမက
အနောင်စာ.. လုပ်မှာလား ။
:kwi:
မိုချို
January 5, 2013 at 9:05 pm
ကိုယ်တိုင် လာချင် လွန်းလို့ ဖလမ်းဖလမ်း ဖြစ်နေပါတယ်။ ဒါပေမယ့် ကိုယ့် ကိုယ် ကို မပိုင်တဲ့ ဘွ ဆိုတော့ ကွန်ပူတာလေး ထဲကနေပဲ အခမ်း အနား တတ်ရပါတော့ မယ်။
ဆုကိုတော့ မိုချို့ ကိုယ်စား အမေ လာယူပါလိမ့် မယ်။ အမေ့ ကို တိုက်တိုက် သို့ မဟုတ် အန်တီ ပဒုမ္မာဆီ ကို ဆက်သွယ်ခိုင်း လိုက်ပါ့ မယ်။
အန်တီ ပဒုမ္မာ………
အန်တီ့ ဆီ မေးလ် ပို့ ထား ပါတယ် ။ပြန်ပေး ပါဦးနော်။
ဗုံဗုံ
January 6, 2013 at 2:26 pm
မိဗုံကတော့ လာချင်ပါရဲ့ ရန်ကုန်လည်း မလာတတ်တာမို့ သဂျီးပေးမယ့် ကံစမ်းမဲနဲ့တော့လွဲပါပြီ
ဘဘသဂျီး နောက်တစ်ခါ မန်းလေးမှာ ပွဲလုပ်ပေးပါ စားဖို့တာဝန်ကို မိဗုံယူဖို့ ရဲရဲကြီးအာမခံပါတယ် :harr:
Mr. MarGa
January 7, 2013 at 1:10 pm
ဗေးကလုံ
ယောက္ခမဂျီးနဲ့ လိုက်ခဲ့လေ
ဘယ်လိုလဲ
အလင်းဆက်
January 6, 2013 at 6:42 pm
ဟဲ ့ မိဗုံ
စားဖို ့ ပဲ..လား ။
ဦး ဆက်တို့ က …
အစား နဲ ့အသောက်ကို..တွဲ ထားတာ..ကွယ့် ။ ခွါ မရဘူး ။
ပြိးတော့….ညည်း တာဝန်ယူတယ်.ဆိုတာ..
ပဲကြီးလှော် တစ်ခြမ်းစီနဲ ့ ရေတစ်ခွက်စီလား…။
:kwi:
ဟိဟိ ။
နောက်တာနော် ။
ဗုံဗုံ
January 7, 2013 at 11:05 am
ဦးလေး လင်းဆက်ကလည်း အ လိုက်ထှာနော် စားဖို့တာဝန်ယူတယ်ဆိုတာ သူများကျွေးတာကိုပြောတာ
ဒါကြောင့်မို့လည်း ဒီအသက် ဒီအရွယ်ထိ မိန်းမမရရှာတာဘဲ ဟွန်း :harr:
uncle gyi
January 6, 2013 at 9:48 pm
ကောင်းပါလေ့
ဂေဇက်ကလူတွေစုစည်းမှု
အန်ကယ်ကတော့ဒီဇင်ဘာကပဲရန်ကုန်ဆင်းပြီးပြီဆိုတော့
မလာနိုင်တော့ပါကြောင်း
နောက်မှပဲပုံတွေထိုင်ကြည့်ပြီးငေးတော့မယ်
Shwe Tike Soe
January 7, 2013 at 9:27 am
တက်ရောက်မယ့်သူများအား အခုကစ မှတ်နေပီနော်.. စာရင်းပေးပြီးမလာလို.ကတော့….ဟွန်.
အဲဒီပွဲနေ.ကျရင် ဝင်ပေါက်ကို P3 စားသောက်ဆိုင် မန်းလေးဂဇတ်ပွဲသွားမလို.လို.ပြောရင် ဝင်ကြေးပေးစရာမလိုအောင်စီစဉ်ထားပါတယ်… အဲအဲ ဒါပေမယ့်.. ပထမဆုံးလာမယ့် အယောက် ၃ဝ ကိုပဲ နော်………. ကဲဝင်ကြေးသက်သာအောင် အစောဆုံးလာကြနော…………..ခိခိခိ
P3 ရှေ.ရောက်ရင်လဲ ရွာကာလသားဂေါင်း ကိုအမတ်မင်းက တောင်ရှည်ည်ည်ည် မောင့်ကြက်သရည် ဂေါင်းပေါင်းနဲ. ကြိုနေမှာပါ…
ပြီးတော့ စားသောက်ဆိုင် ဝင်ဝင်ချင်းမှာ ဧည့်မှတ်တမ်း လက်မှတ်ထိုးဖို.လဲမမေ့နဲ.နော်..(လက်မှတ်တွေစုထားပြီး ခွိခွိခွိ)…
ဧည့်မှတ်တမ်း ထိုးပြီးရင် လက်ဆော့ဖို. ရေးချင်ရာရေး ဘုတ်လေးထောင်းထားတယ်.. ရေးခဲ့ပေးအုံးနောာာာာ…
မဟာရာဇာ အံစာတုံး
January 7, 2013 at 11:29 am
နာဂ နောက်ဖေးပေါက်ကနေ ဝင်မယ် ..
ကိုင်း …
ဂလိုဆို ဘိုလုပ်မဲ .. ငွင်းး ငွင်းး
Shwe Tike Soe
January 7, 2013 at 11:44 am
နောက်ဖေးပေါက်က ဝင်ရင်တော့ ဝက်စာပုံးပဲ တွေ.မယ်.. ဟဲဟဲဟဲ…
အံချာဒုံးကြီး ကို ဝက်စာပုံးကြီးနဲ. ဧည့်ခံရမှာပေါ့ဂျာ…….
Foreign Resident
January 7, 2013 at 9:43 am
ဦးပါရေ ။
ဆုံမယ့် နေရာ သေချာသွားပြီ ဆိုရင် ၊
ဒီ Post ထဲမှာ မြေပုံ / လမ်းညွှန် လေးပါ ထည့်ပေးလိုက်ရင် ကောင်းမယ် ။
ဦးဦးပါလေရာ
January 8, 2013 at 12:06 am
အဘဖေါပြောတာဟုတ်တယ် –
မြေပုံလေးဆွဲပြီထည့်ကြည့်ဦးမယ်..။
နွယ်ပင်
January 7, 2013 at 10:09 am
နွယ်ပင် + အာဂ စာရင်းပေးသွားပါတယ် အာပုဂျီးချင့် ..
ဒါနဲ့ လာရမယ့်နေရာက သိပ်ေ0းလို့ နှစ်ရက်လောက် အချိန်ယူရမယ် ထင်ပါတယ် ခိခိ …. 🙂
putoo
January 7, 2013 at 12:39 pm
~~ လာမယ်မလာဘူး ကတော့ မင်းရဲ့ သဘောပါ ~~ ဟီး လာတော့ လာချင်တယ် .. သားကို ဘယ်သူမှမတိ ကျတော့ လာရဲဘူးဗျ .. ဓါတ်ပုံတွေပဲ စောင့်ကြည့်တော့မယ် ဆုရတဲ့သူတွေအားလုံးကိုယ်စား အရမ်းလည်းဝမ်းသာတယ် ဂုဏ်လည်းယူပါတယ်ဗျာ .. 🙂
Shwe Tike Soe
January 7, 2013 at 2:15 pm
လာမယ်ဆိုရင်သာစာရင်းပေးပါဗျာ..
ဂိတ်မှာရပ်စောင့်ကြိုနေမယ့် ကိုအမတ်မင်းဆိုသူကို နပန်နှစ်ချက်လောက်အုပ်ပြီး အစ်ကို ကျွန်တော်ပူတူးပါလို.မိတ်ဆက်လိုက်.. ဒါဆို ပြီးပီ ဟိဟိဟိဟိ
မောင့်ကျက်သရေ ဂီ့
January 7, 2013 at 2:21 pm
စကားမစပ် ကိုတိုက် ရေ ….
မန်းဂဇက် ပိုစ့်တွေ ကို ဖတ်ရွေး အိုင်ဒီယာ စခဲ့သူ တယောက်ဖြစ်တဲ့
ဘဘ ဘလက် ကြီးရော ပျောက်နေပါလားဗျာ…
သူရော လာမှာလား ..သိချင်သားဗျို့
:kwi:
Shwe Tike Soe
January 7, 2013 at 3:32 pm
I don’t Know
分かりません。
나도 몰라
我不知道
ဦး ကျောက်ခဲ
January 7, 2013 at 1:49 pm
ဆုယူဖို့ထက် ရွာသူရွာသားများနဲ့ ဆုံလိုတာကြောင့် အလွန်ပြန်လာချင်ပါသော်လဲ…. ယခုအချိန်အထိ လေယာဉ်လက်မှတ်မရသေးပါ၊ ခုံပြည့်နေပါသည်တဲ့…..
အဲ….အဲ လက်မှတ်မရသေးတော့ ခွင့်ကလဲ မတင်ရသေးဘူးခင်ဗျ………
ဆိုတော့ကာ….. အကြောင်းပြန်ပါမည် ခင်ဗျား။
Shwe Tike Soe
January 7, 2013 at 2:18 pm
လက်မှတ်မရဒါများ ဘာပူစရာလိုလဲ ဦးကျောက်ရာ စုကေ့စ် ထဲဝင်ကွေးပြီး လိုက်ခဲ့ပေါ့ဂျာ..
တန်ဆာခက ပိုတောင်သက်သာသေး ဟေဟေဟေး
လာစေချင်တယ်ဂျာ လာခဲ့ဂျာ.. စာရင်းထဲထည့်လိုက်ပီဂျာ.. လာလာမလာလာ..ဟိဟိ
TheWinner
January 7, 2013 at 2:21 pm
လာချင်တယ်နော်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်မပိုင်တဲပ ဘဝမို့ မသေချာသေးပါကြောင်း—-
သူကြီးပို့တဲ့ ကားတွေသာ တကယ်ဆိုရင်တော့ အပျက်ကို လာကဲလိုက်မှာ သေချာပါကြောင်း။
အကယ်ဒမီဗန်းကိုင်စာရင်း – ဟုတ်ပါဘူး – ဆုဗန်းကိုင်စာရင်းရော ထွက်ပြီလားဟင်။
Novy
January 7, 2013 at 2:56 pm
မလာရင် ပွဲမစည်မှာစိုးလို့
လာမဲ့သူစာရင်းထဲ ခဲလေးတို့ထားလိုက်ပါအုံးနော်
ကိုပေါက်(မန္တလေး)
January 7, 2013 at 3:36 pm
ဆုဗန်းကိုင်လုပ်လိုသော ရွာသူားများ ဦးပါလေရာ မေးလ်သို့ ပို့ပြီး လျောက်လွှာတင်စေလိုပါကြောင်း
putoo
January 7, 2013 at 3:59 pm
ကိုမတ်ကို နပန်တော့ မရိုက်ချင်ပါဘူးဗျာ .. တော်ကြာ လွှတ်တော်အမတ်ကို နပန်ရိုက်တယ်ဆိုပြီး နာမည်ကြီးနေဦးမယ် .. ဗန်းတော့မကိုင်ချင်ပါဘူးဗျာ .. ဇကောတော့ကိုင်ချင်တယ် .. ဒါနဲ့ အဟွာ .. ပါဦးမှာလား .. (ပုလင်း ပုလင်း) အဟီး (ဦးဗိုက်ကိုယ်စား) 😛
Shwe Tike Soe
January 7, 2013 at 4:19 pm
ပါမှာပေါ့ဗျာ..ဘယ်နေမလဲ….
ရေပုလင်း..
ငံပြာရည်ပုလင်း..
ဆားပုလင်း..
ကြိုက်တာသာ ယူမော့ ပူတူးလေး
Foreign Resident
January 7, 2013 at 5:04 pm
” ( ပုလင်း ပုလင်း ) အဟီး ( ဦးဗိုက်ကိုယ်စား ) ”
ကို ရွှေတိုက်စိုး ရေ ။
အင်းးးး ၊ စိန်ဗိုက်ဗိုက် ကိုလည်း မရ ရအောင်ခေါ်သင့်တယ်နော် ။
ဘယ်လို သဘောရလဲ ။
ဦးဦးပါလေရာ
January 8, 2013 at 12:11 am
စိန်ဗိုက်ကို ရအောင်ခေါ်နိုင်သူကို ဆုချီးမြှင့်မယ်….
:harr:
Shwe Tike Soe
January 8, 2013 at 9:21 am
ဂယ်လားဟင် ဟွင်းဟွင်းဟွင်း…
ဘီအီး ကို ပါကင်လိုက်ဝယ်ထားတယ် မျှားခေါ်မယ်….. ခိခိခိ
Khaing Khaing
January 7, 2013 at 4:33 pm
ကိုယ်က အပျိုစင်လေး စင်ဂယ် ဆိုတော့ မိဘအုပ်ထိန်းမှုအောက်မှာ ဗိုင်းကောင်းကျောက်ဖိနေလို့လေ …..ဟိုသွားဒီသွားမသွားတော့ဘူးလို့ စိတ်ကူးထားတာ … အခုတော့ အကျွေးအမွေးလေးနဲ့ မဲပါဖောက်ပေးဦး မှာဆိုတော့ သူကြီးဆီက ကံစမ်းမဲလေးတော့လိုချင်သား …… ပြီးရင်သမီးလေးကို ကန်တော်ကြီးလိုက်ပို့ပေးလိုက်မယ် … ဝင်ကြေးကလည်း မပေးရဆိုတော့ တန်တယ် တန်တယ် … တက်ဦးမှာ လာဦးမှာ ….
မဟာရာဇာ အံစာတုံး
January 7, 2013 at 4:48 pm
အပိုစင် လည်း ပေါဒေးးး
သမီးလေး ကိုလည်း ပေါဒေးးး
နာ့ မာမီဒေါ့ .. တွားပီ ထင်ဒယ် .. ဟီဟိ ..
Shwe Tike Soe
January 7, 2013 at 4:51 pm
ရွာသူားတွေ.ဆုံပွဲနှင့် ဆုပေးပွဲတွင် မီးပုံးပျံလွှတ်တင်ပွဲပါ ပူတွဲတင်ဆက်မည်…………
ယခုလွှတ်တင်မည့်မီးပုံပျံမှာ ရိုးရိုးမီးပုံးပျံမဟုတ်ပဲ သင်းဘောသီး မီးပုံပျံဖြစ်သည်……
ခိခိခိ
Khaing Khaing
January 8, 2013 at 12:19 pm
မိတိုက် … ညည်းလည်း မီးပုံးပျံလုပ်တတ်တယ်မှတ်လား …. သင်္ဘောသီးမီးပုံပျံတော့မလုပ်တတ်တာ သေချာတယ် … ညည်းရဲ့မီးပုံးပျံဆိုရင်တော့ ပုပုလုံးလုံးသေးသေးလေး ဘာနံမည်ပေးရင်ကောင်းမလဲ …. အိုင်တီမီးပုံးပျံပေ့ါနော် ………..ခွပ်ခွပ်ခွပ်
မင်းသုဝေ
January 7, 2013 at 4:43 pm
ရွာအလှူတုန်းကလိုက်မယ်လုပ်ပြီး အဆင်မပြေဖြစ်လိုက်တာ
ဒီတစ်ခေါက်တော့ ဆက်ဆက်လာမယ်ဗျို့
Tin Tin
January 7, 2013 at 5:29 pm
ရွာသူရွာသားတွေနဲ့ ပျော်ပျော်ပါးပါး တွေ့ဆုံချင်ပါတယ်. .
စာပေဆုပေးပွဲကိုလည်း အားပေးချင်ပါတယ်..
လာနိုင်အောင်တော့ကြိုးစားပါ့မယ်… လာဖြစ်ရင်တော့ ပြန်ပြောပါမယ်နော်…..
nature
January 7, 2013 at 7:53 pm
ဆုပေးပွဲသို့တက်ရောက်ပြီးဆုယူ ….(အဲ…ဆုမှမရပဲ) မည့်သူများအား အားပေးမည်ဖြစ်ပါကြောင်း…။
အလင်းဆက်
January 7, 2013 at 8:05 pm
တိန်…
မိဗုံတို့ကတော့…
ချက်ကောင်းကို.. ထိအောင်.. ပြောတတ်ပါ့ ။
သျှားသက်မာန်
January 7, 2013 at 8:48 pm
သျှားသက်မာန်ကိုလည်းတက်ခွင့်ပြုပါနော်….ကျွန်မလည်းတက်ခွင့်ရချင်လို့ပါ.
လုံမလေးမွန်မွန်
January 7, 2013 at 10:06 pm
တက်ပါ တက်ပါ သမီးရယ်… ရဘာဒယ်…
Mလုလင်
January 8, 2013 at 2:59 am
တက်ပါ တက်ပါ သမီးရယ် .. သမီးကြီးကြီး က ခွင့်ပြု နေပြီ ပဲ …
ဝင့်ပြုံးမြင့်
January 7, 2013 at 10:30 pm
ပြုံးတော့ လာနိုင်တော့မှာ မဟုတ်ဘူး။ ၂ဝ ရက်နေ့မှာ သားကို ကာကွယ်ဆေးထိုးရမှာမို့လေ။ ဓာတ်ပုံတွေပဲ အဝကြည့်တော့မယ်။ ပွဲနေ့ကျရင် မန်းဂေဇက်ဆိုတဲ့ စိတ်ကူးထဲက ပုံရိပ်ယောင် ရွာသာယာကလေး တကယ် အသက်ဝင်လာသလို အားလုံးဟာ အံ့ဩစရာလေးတွေချည်း ဖြစ်နေတော့မှာနော်။
ဦးဦးပါလေရာ
January 8, 2013 at 12:15 am
အကယ်ဒမီဗန်းကိုင်လိုမျိုး ဆုဗန်းကိုင်လေးတွေလဲ ဖိတ်ခေါ်ချင်ပါတယ်။
ဒါပေမယ့် ပြဿနာက ပေးမယ့်ဆုက ဗန်းနဲ့တော့ မဆံ့လောက်ဘူး….
မသကာ စကောထဲ ထည့်ပြီး ခေါင်းနဲ့ရွက်ရင်တော့ ဖြစ်နိုင်လောက်တယ်…
ဒီတော့ကာ-
ဆုစကော ရွက် ကွမ်းတောင်ကိုင်လေးများကိုလဲ ဖိတ်ခေါ်ပါကြောင်း….
:harr: