Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန္တလေးဂဇက်အဖွဲ့ဝင်များဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲ

 

 

 

 

 

 

သိုင်းသိုင်းဝိုင်းဝိုင်းလေးရေးချင်ပေမယ့် ရှုပ်ထွေးသွားမှာစိုးလို့ လိုရင်းလောက်ပဲ အတိုချုပ်ပြီး ကြေငြာပါရစေ…။

ပြောဖို့ ဖြေဖို့ ဖြည့်ဖို့  လိုအပ်တာတွေကိုတော့ ကွန်မင့်လေးတွေနဲ့ပဲ ပြောပါရစေ….။

ဥက္ကဌ မပဒုမ္မာကိုယ်စား အသိပေးကြေငြာခြင်းဖြစ်ပါကြောင်း….။

 

 

နှစ်သစ်ရဲ့ မှတ်တိုင်သစ်

၂၀၁၃ နှစ်သစ်ရဲ့အစမှာပဲ မန်းဂဇက်ရွာကြီးရဲ့မှတ်တိုင်သစ်တခု စိုက်ထူပါတော့မည်…..။

မန္တလေးဂဇက်အဖွဲ့ဝင်များဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲ  မကြာမီ ကျင်းပပါတော့မည်…။

ရွာထဲမှာ အနေကြာသည်နှင့်အမျှ ရွာသူားတွေ စာချင်း ခင်မင်ရင်းနှီးမှု့ရင့်သန်လာသည့်နောက်

လူချင်းလဲ  ပျော်ပျော်ပါးပါး  တွေ့ဆုံကြ   မိတ်ဖွဲ့ကြ  ဆက်ဆံရေးသစ်တွေထူထောင်ကြရအောင်နော်……….

 

 

ဘယ်သူတွေ တွေ့ဆုံကြမှာလဲ

အားလုံး…

အားလုံး….

တက်ရောက်နိုင်သမျှ  မန်းဂဇက်ရွာကြီးရဲ့ အဖွဲ့ဝင်(Member) အားလုံး…

 

 

နေ့ရက်အချိန်အခါ နေရာကတော့-

ကန်တော်ကြီး ကရဝိတ်ဥယျာဉ်ထဲက မျှော်စင်ကျွန်းသို့အဝင်လမ်းထိပ်မှာရှိတဲ့

P3  ထိုင်းစတိုင် စားသောက်ဆိုင်မှာ

၂၀၁၃ ခုနှစ် ဇန္နဝါရီလ ၂ဝရက်  တနင်္ဂနွေနေ့

နံနက်  ၉းဝဝ နာရီမှ  ၁၂းဝဝ နာရီအတွင်း

 

 

ဘယ်လိုအစီအစဉ်တွေရှိသလဲ

တက်ရောက်လာတဲ့ မန်ဘာတွေကို နွေးထွေးပျူငှာ လှိုက်လှဲစွာ ကြိုဆိုဧည့်ခံမယ်

မနက် ၉းဝဝ တိတိမှာ အခန်းအနား စ မယ်…..

၂၀၁၂ ဇူလိုင်လ မှ ဒီဇင်ဘာလအထိ မန်းဂဇက်ချစ်သူများ စာပေဆုရသူများကို

ဆုလက်ဆောင်တွေ ဂုဏ်ပြုချီးမြှင့်မယ်……

တက်ရောက်လာတဲ့ မန်ဘာများက အပြန်အလှန်မိတ်ဆက်စကား (တစ်မိနစ်လောက်စီ) ပြောကြမယ်……

ပြီးတော့ အမှု့ဆောင်အဖွဲ့က စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံကျွေးမွေးမယ်…….

မန်းဂဇက်ရွာသူကြီး ဦးခိုင်က ကြိုတင်ပေးပို့ထားတဲ့ အိုင်တီဆိုင်ရာ ခေတ်မီ အသုံးအဆောင်ပစ္စည်းများနဲ့ ငွေသားကံစမ်းမဲတွေကို သူကြီးရဲ့အမှတ်တရလက်ဆောင်အဖြစ် မဲဖေါက် ပေးအပ်မယ်……

အဲဒီရှေ့နားမှာရပ်ထားတဲ့ –

၂၀၀ဝ ပါဂျဲရိုး ဖါးပြုတ် တစ်စီးရယ်

၁၉၉ရ – လင်ခရူဇာပရာဒိုတစ်စီးရယ်

၂၀၀၃ – ကယ်ဒီးနားစက်ရုပ်တစ်စီးရယ်

၂၀၀၁ – တိုယိုတာ အာအေဗွီဖိုး တစ်စီးရယ်

အဲဒီကားတွေကတော့ မဲဖေါက်တဲ့အထဲပါမယ်မထင်ဘူး……

(အဲဒါသူများကားတွေ)

 

 

ဒီတွေ့ဆုံပွဲကို တက်ရောက်မယ့် မန်ဘာတွေက ဘာလုပ်ဖို့လိုမလဲ…

ဟုတ်ကဲ့…

ဒီပိုစ့်မှာ တက်ရောက်မယ်ဆိုတဲ့အကြောင်း ကွန်မင့်လေးနဲ့ စာရင်းပေးပါခင်ဗျား….

ဒီလိုကြိုတင်စာရင်းယူရတာက အစားအသောက်တွေကို တက်ရောက်မယ့်လူဦးရေအတိုင်း ကြိုတင်မှာကြားရမှာမို့ပါ…။

စာရင်းပေးဖို့ နောက်ဆုံးရက်က  ၁၅.၁.၂၀၁၃ ည ဆယ့်တစ်နာရီ အထိဖြစ်ပါတယ်။

ကွန်မင့်နဲ့ စာရင်းပေးဖို့ အဆင်မပြေရင်လဲ အမှု့ဆောင်တစ်ဦးဖြစ်တဲ့ (ရွှေတိုက်စိုး 0973114322) ထံ ဖုန်းဖြင့်ဆက်သွယ်ပြီး စာရင်းပေးနိုင်ပါတယ်…။

 

စာပေဆုရသူတွေကို ဂုဏ်ပြုချီးမြှင့်မယ့် အစီအစဉ်က-

၂၀၁၂ ဖူလိုင်လ မှ ဒီဇင်ဘာလအထိ ခြောက်လအတွင်း လစဉ် အကြိုက်ဆုံးစာပေဆုရသူတွေ ကိုယ်တိုင်တက်ရောက်ယူဖို့ဖြစ်ပါတယ်…။

ကိုယ်တိုင်တက်ရောက်မယူနိုင်ရင်လဲ အခြားတစ်ယောက်ကို ကိုယ်စားတက်ရောက်ယူစေနိုင်ပါတယ်။ ကိုယ်စားယူမယ်ဆိုရင်တော့ ကိုယ်စားယူမယ့်သူကို ဥက္ကဌမပဒုမ္မာထံသို့ဖြစ်စေ အမှု့ဆောင် (ရွှေတိုက်စိုး 0973114322) ထံသို့ဖြစ်စေ ၁၈.၁.၂၀၁၃ နောက်ဆုံးထားပြီး ကြိုတင်အကြောင်းကြားပေးပါခင်ဗျား…။

ကိုယ်တိုင်လဲမယူ ကိုယ်စားလှယ်လဲ မလွှတ်ဘူးဆိုရင်လဲ အဲဒီအကြောင်းလေးကို ဥက္ကဌမပဒုမ္မာထံသို့ဖြစ်စေ အမှု့ဆောင် (ရွှေတိုက်စိုး 0973114322) ထံသို့ဖြစ်စေ ၁၈.၁.၂၀၁၃ နောက်ဆုံးထားပြီး ကြိုတင်အကြောင်းကြားပေးပါခင်ဗျား…။ တချို့မန်ဘာတွေကို လူချင်းမသိတော့ ပုံမှားရိုက်သွားနိုင်လို့ပါခင်ဗျား…။

 

နိဂုံး

ရွာသူားတို့ရေ……..

ခင်ခင်မင်မင် ပျော်ပျော်ပါးပါး ဆုံကြရအောင်…..

ဆက်ဆက်လာကြနော်….။   ။

 

ခင်မင်စွာဖြင့်

ဦးဦးပါလေရာ

 

ကန်တော်ကြီး ၊ မင်္ဂလာဈေးထိပ်

ကန်တော်ကြီး မင်္ဂလာဈေးထိပ်က……

MG130109_0006

မျှော်စင်ကျွန်းကိုအဝင် လမ်းခွဲထိပ်မှာ……

 

ပုံမတင်တတ်လို့  သည်းခံကြပါ အရပ်ကတို့….

 

 

202 comments

  • P chogyi

    January 8, 2013 at 9:35 am

    ရွာသူ/ရွာသားများနဲ့
    တွေ့ဆုံချင်တဲ့အတွက်
    လာဖြစ်အောင်လာခဲ့ပါမယ်
    ကျွန်တော်ကိုလဲ စာရင်းထည့်ထားပေးပါ။

    • padonmar

      January 11, 2013 at 1:15 am

      လေယာဉ်အက်ဆီးဒင့်က ၂ကြိမ်တောင်လွတ်တဲ့ ဖိုးကံကောင်း P chogyi ကို ဗျူးချင်တာနဲ့ အတော်ပါပဲ။

      • P chogyi

        January 14, 2013 at 9:20 am

        အစ်မရေ
        တွေ့ကြဆုံကြတဲ့အခါ
        မိတ်ဆွေဖွဲ့ရင်းစကားတွေပြောကြတာပေါ့။

  • ကထူးဆန်း

    January 8, 2013 at 9:40 am

    စကော နဲ့ တောင် ရွက်ရမယ် ဆိုတော့ ကျောက်စီမ်းတုံးကြီးများလား :bar:

    • MaMa

      January 8, 2013 at 10:31 am

      ကထူးဆန်းရယ် ဖတ်ရွေးတွေရဲ့ ဘတ်ဂျတ်အနေအထားကို တွက်လိုက်ရင်….
      ကျောက်စိမ်းတုံးဆိုရင် မှန်ဘီလူးနဲ့ ကြည့်ရမယ့်အရွယ်ပဲ ဖြစ်လိမ့်မယ်။ :harr:

      • nature

        January 12, 2013 at 3:38 pm

        မှန်ဘီလူးနဲ့တောင်မရလောက်ဘူး။ အာကာသကြည့်မှန်ပြောင်းနဲ့ကြည့်မှ ခပ်ရေးရေးမြင်ရမယ်။ 😛

  • ကထူးဆန်း

    January 8, 2013 at 9:44 am

    ကိုနာဂ ၊ ကိုဘုန်းကျော် ၊ ဖြိုး ၊ တို့လည်း သတိရမိပါရဲ့ ..
    :kwi:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    January 8, 2013 at 11:20 am

    ကျွန်တော် အားအား… မအားအား… အရောက်လာမည်ဖြစ်ကြောင်း…
    ဒီရက်ပိုင်း အတော်လေးမအားတာနဲ့ ဖျားနေတာနဲ့… အွန်လိုင်းကို ခပ်ပြူးပြူး… ခပ်ပြာပြာ ဝင်လာမိသောကြောင့် ကော်မန့်လေးတောင် သေချာမရေးနိုင်တာခွင့်လွှတ်ကြပါစေကြောင်း…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • ဆူး

    January 8, 2013 at 11:39 am

    အဲ့ဒီ ပွဲ ကို ဆူး လာပါမယ်..
    ကူညီပေးဖို့ လိုအပ်တာ ရှိရင်လည်း တာဝန်ပေးအပ်ခဲ့သော် ကူညီရန် အသင့်။
    စောစောက ကံစမ်းမဲ ကိစ္စ ကတော့ အရမ်းစိတ်ဝင်စားပါတယ်။
    သူများကားတွေ ဆိုတော့ အရမ်း ဝမ်းနည်းသွားပြီ.. အဟင့်..

  • Thuyazaw

    January 8, 2013 at 11:50 am

    ဘယ်လိုနည်းနဲ့မှ မလာရောက်ပါခင်ဗျား…..

    • Foreign Resident

      January 8, 2013 at 2:42 pm

      ” ကန်တော်ကြီး ကရဝိတ်ဥယျာဉ်ထဲက မျှော်စင်ကျွန်းသို့အဝင်လမ်းထိပ်မှာရှိတဲ့
      P3 ထိုင်းစတိုင် စားသောက်ဆိုင်မှာ ”

      ကရဝိတ်ဥယျာဉ် ဆိုတာ ဘယ်နားမှာ ရှိတာလဲ ။
      မျှော်စင်ကျွန်း ဆိုတာကရော ဘယ်နားမှာ ရှိတာလဲ ။
      အဘ အဲဒီ နှစ်ခုစလုံးကို မသိဘူး ။

      အဘ က ကန်တော်ကြီး ဆိုတာ တစ်ခုပဲ သိတယ် ။

      • amatmin

        January 8, 2013 at 6:32 pm

        ကန်တော်ကြီးကို ရောက်ခဲ့ပီဆိုရင် ကရဝိတ် ဖောင်တော်/ဌက်..ရှိတဲ့နေရာကို ..
        ဝင်ပေါက်က ဘယ်သူ့ကို မေးမေး ရလောက်ပါ့မယ်..
        ဦးပေါ်ဦးစကားတခွန်း(အထင်)ငှားသုံးရရင် ဘယ်သူ့ပါးရိုက်မေးမေးဆိုလား.. 🙂
        သူ့ထဲကို ဝင်ဖို့ အပေါက် ၂ ပေါက်ရှိပါတယ်..
        စားသောက်ဆိုင်တွေ နဲ့ နီးတဲ့အပေါက်.ကိုမေးရင်အဆင်ပြေပီး..
        P3 စားသောက်ဆိုင်ကလည်း အပေါက်နဲ့ အနီးဆုံး ဆိုင်ပဲ ခင်ဗျ..

      • amatmin

        January 8, 2013 at 7:20 pm

        ကျနော် ငှားသုံးမိတာ ခုံတော် မောင်ကျဘမ်း ဇဂါးဆိုတာလေးကို
        ခွက်ဒစ် ပြန်ပေးပါတယ်..နော့

        • မိတိုက်ဂျီး ပေါဒါ မှန်လောက်ဒယ်ကွ ….
          ဘာတဲ့ …
          ဥမတ်ဂျီး ကို ဘာလုပ် ညာလုပ် ဆိုလားဘာဘဲ …
          ဂယ် သိချင်ရင် ဟိုဘက်က ကွန်မန့်ဒွေဒဲ ပျံကျည့်ဘာ .. ငွင်းး ငွင်းး :mrgreen:

          အခု .. ဒီဇဂါး အရ ဆိုရင်ဒေါ့ဖြင့် ….
          ဥမတ်ဂျီး အဖော်ခေါ်လာရဲ ခေါ်လာကျည့် …
          ခေါ်လာလို့ဂဒေါ့ ..
          ကျုပ်က ရှင်ဥတ္တမကျော် နေရာက ဝင်သရုပ်ဆောင်ပလိုက်မှာ …
          ဘာမှတ်လဲ .. ငွင်းး ငွင်းး :mrgreen:

      • ဦးဦးပါလေရာ

        January 8, 2013 at 11:02 pm

        ရပြီ ကိုဖေါရေ-
        ကျုပ်က မြေပုံတခုခုပေါ်မှာ လမ်းတွေ လမ်းညွှန်တွေထည့်ဆွဲပြီး စကင်ကူး တင်ပေးမလို့ ကြိုးစားနေတာ… ဘယ်မြေပုံမှ စိတ်တိုင်းမကျလို့

        အခု ဂူးဂဲပုံမှာထည့်ဆွဲရင် အဆင်ပြေမယ်
        တရက်တော့ စောင့်ပါဗျို့…

        • Foreign Resident

          January 10, 2013 at 3:35 am

          ကျေးဇူးပါ ဦးပါ ၊ အခုတော့ သေချာသိသွားပါပြီ ။

  • water polo

    January 8, 2013 at 3:29 pm

    ကျွန်တော်လဲလာပါမယ်ခင်ဗျ….
    ကျွန်တော်က မန်ဘာအသစ်ပါခင်ဗျ..အားလုံးကိုတွေ့ရတာဝမ်းသာပါတယ်…
    အားလုံးနဲ့တွေ့ဆုံရမယ်ဆိုတော့ ဝမ်းသာပီတိဖြစ်မိပါတယ်…
    အခုလိုအစီအစဉ်ဖြစ်မြောက်အောင်လုပ်ပေးကျမဲ့ သူတွေအားလုံးကိုလဲ ကျေးဇူးတင်မိပါတယ်ခင်ဗျ…

  • အလင်းဆက်

    January 8, 2013 at 7:20 pm

    ကိုကြောင်ဝတုတ်..ရွက်ရင်..ကြည့်လို့ကောင်းမယ် ။

    :kwi:

    ချိတ်ချိုးနဲ ့နော်…
    စ..တာ
    အဟိ

  • marblecommet

    January 8, 2013 at 8:52 pm

    ဒီပွဲကို ဝမ်းမြောက်ဂုဏ်ယူစွာ တက်ရောက်ပါမည်ခင်ဗျား

  • သူရဿဝါ

    January 9, 2013 at 9:41 am

    အခုပဲ အဲဒီ ဆုပေးပွဲကို ဇန်နဝါရီထဲမှာ လုပ်မယ်လို့ ကျွန်တော့်ကို တစ်ယောက်က ပြောခဲ့တာ သတိရလို့ ဂေဇက်ထဲ ဝင်မွှေတာ အဆင်သင့် ဒီပိုစ့်ကိုတွေ့ပါတယ်။ တစ်လ တစ်ခါ ဆုရသူများကို ဂုဏ်ပြုချင်စိတ် ရှိပါတယ်။ ဒီထဲက လူတွေနဲ့လည်း တွေ့ဖူးချင်စိတ်ရှိပါတယ်။ ကံကောင်းထောက်မစွာ အဲဒီနေ့ (၂၀. ၁. ၂၀၁၃) က ကျွန်တော့် ရှားရှားပါးပါး အားရက်ထဲက တစ်ရက်လည်း ဖြစ်နေပြန်ပါတယ်။ အဲဒီနေ့ လာပါမယ် .. စာရင်းပေးပါတယ်ဗျ။

    • Foreign Resident

      January 10, 2013 at 2:06 am

      ပထမ အချက် ။
      ကို သူရဿဝါ ကို ကျနော်တို့ကလည်း တွေ့ဆုံ ခင်မင်ချင်ပါတယ် ။
      လာမယ် ဆိုတဲ့အတွက် ကျေးဇူးတင် ဝမ်းသာစွာနှင့် ကြိုဆိုပါတယ် ။

      ဒုတိယ အချက် ။
      ရင်နင့်အောင် says:
      ကျွန်တော့်ကိုရော တွေ့ချင်ဘူးလားလို့ း))

      ကျနော်တို့က ရွာသူား အားလုံးကို ဖိတ်ခေါ်တာပါဗျာ ။

      တတိယ အချက် ။
      အခုမှ သေချာကြည့်မိတယ် ။
      ကို သူရဿဝါ နှင့် ကို ရင်နင့်အောင် နှင့် က ၊
      Avatar ထဲမှာ ရုပ်ချင်း တော်တော် ဆင်ကြတယ်နော် ။
      ညီ အစ်ကို လို့ပြောရင် ယုံလောက်တယ်ဗျ ။

      • အရီးခင်လတ်

        January 10, 2013 at 5:04 am

        ဝေါင်း ……
        သူရဿဝါလို နာမည်ကြီး ဘလော့ဂါ လာတာ ဆိုရင် ဂဇက်ပွဲ က ပိုပြီး တင့်တယ်သွားမှာပါ။
        မှတ်ချက် ဘာပေးရမှန်း မသိလို့ သာ တော်ရုံမပေးဖြစ်တာ။
        သူရဿဝါ စာတွေကို အရမ်းသဘောကျပါတယ်။

        ရင်နင့်အောင် ရဲ့ စာတွေ ကိုလဲ အားလုံး ကြိုက်ကြပါတယ်။
        :hee:

    • သူရရေ
      မင်းနဲ့ငါက အမြဲတေ့လွဲ
      ဝမ်းနည်းစရာကောင်းတာက ရွာပွဲကို ကျနော်မလာဖြစ်တော့ပါ
      19-25 ကျနော်ဘောစိ ခရီးထွက်မည်တဲ့
      သေဟဲ့နန္ဒိယ လို့သာအော်လိုက်ပါသည်

  • etone

    January 9, 2013 at 1:15 pm

    မင်္ဂလာပါ ဦးဦးရေ … ။
    တခါတည်းနဲ့ ရွာသူရွာသား အတော်စုံစုံလင်လင်တွေ့ရမဲ့ပွဲမို့ …. လာဖို့ ကြိုးစားပါဦးမယ်… ဒါပေမယ့် … ကျန်းမာရေးကြောင့် minor operation တစ်ခု ဒီလထဲ လုပ်ဖို့လည်းရှိသေးတာ ၊ ရက်ကွန်ဖမ်းမဖြစ်သေးလို့ပါ ….. ။ ကွန်ဖမ်းဖြစ်တဲ့ရက်နဲ့ အဲ့ဒီနေ ့နဲ့များ တိုက်ဆိုင်နေခဲ့လျှင် ….. လွမ်းစရာတွေ ဖြစ်ကုန်တော့မယ် .. ။ :byae:
    ဘာပဲဖြစ်ဖြစ်ပေါ့လေ .. ရွှေတိုက်ဆီကို ဖုန်းဆက်ပြီး အကြောင်းကြားပါမယ် ဦးဦးရေ ။

  • ဦးဦးပါလေရာ

    January 10, 2013 at 6:35 am

    Etone လို လက်ရင်းရွာသက်ရှည်မန်ဘာတွေ လာကိုလာရမှာပေါ့…
    အိတုန်နဲ့ဒေါက်တာကို အစကတည်းက စာရင်းမှတ်ထားပြီးသားပါ သမီးရေ…

  • ဦးဦးပါလေရာ

    January 10, 2013 at 6:43 am

    အဘ က ကန်တော်ကြီး ဆိုတာ တစ်ခုပဲ သိတယ် ။

    အဘဖေါပြောတာ မရိပ်မိကြဘူး……
    :harr:

    အဘဖေါက ကန်တော်ကြီးဆိုတာ (ယခင်)ကန်တော်ကြီးပဲလေ့စ်ဟိုတယ်က စပါး ကိုပဲသိတယ်လို့
    ပြောတယ်မထင်ကြဘူးလား…
    :kwi:

  • ဂန္ဓာရီ ဆြာအုပ်

    January 10, 2013 at 11:37 am

    လာဦးမှာ….
    လေဒီ အုတ်ကိုပါ မမ်ဘာဝင်ခိုင်းပြီးခေါ်လာမယ်နော် ဟီး

  • cobra

    January 10, 2013 at 5:33 pm

    ကျွန်တော်လည်းလာပါ့မယ်။
    ရွာထဲကလူတွေနဲ ့လည်းတွေ ့ရမယ် ဝါးတီးလည်းစီစဉ်ထားတယ်ဆိုတော့
    အမိုက်ပဲ လာခဲ့ပါ့မယ်။

  • surmi

    January 11, 2013 at 12:12 am

    မနက်ကပဲ သတင်းတစ်ခုရပါတယ် ….
    ဦးကျော်ခဲ က လာဖို့ ၈၀% ပါတဲ့ ။ ခွင် ့ကိစ္စနဲ့ လေယေဉ်လက်မှတ်စီစဉ်နေပါတယ် …။
    လက်မှတ်ဖိုး (၇) သိန်းကျော် အကုန်ခံပြီး ရွာသူားတွေကို ဆုံတွေ ့ချင်လွန်းလို့ လာမှာပါ ။
    ဒီတွေ ့ဆုံပွဲ အပေါ်မှာ အလေးအနက်ထားတဲ့ ဦးကျောက် ရဲ ့ စိတ်ဓတ်ကို အထူး လေးစားမိပါတယ် …..
    ဒီရွာပေါ်မှာ ထားရှိတဲ့ သံယောဇဉ်ကိုလည်း သတိပြုမိပါတယ် ။ ကျနော်တို့ လို ပြည်တွင်းမှာနေသူတွေ
    အနေနဲ့လည်း အဆင်ပြေမယ်ဆိုရင် လာရောက်ဆုံတွေ ့ကြရင်း ….. ခင်မင်မှု တစ်ဆင် ့တိုးလို့
    မိတ်ရင်း ဆွေရင်း တွေအဖြစ် ဆုံတွေ ့ ကြပါစို့ ……..
    မျက်နှာဖုံးခွါချ …. ပကတိ အပြုံး တွေနဲ့ ပျော်ပျော် ပါးပါး ညီရင်းအစ်ကို ၊ မောင်ရင်းနှမ တွေလို
    အားလုံးကို ဆုံတွေ ့ချင်ပါတယ် ……
    ကျနော် စာရင်း ပေးပါတယ် ……

    (ခရီးယာယီ များနေတာမို့ နောက်ကျနေတာပါ ။ ခုလည်း မကြာမှီ ခရီး ထွက်ရဦးမှာပါ ။အချိန်မှီ …
    မှီရာ အချစ် …အဲလေ ..မှားလို့ …မှီရာ ရထားစီးပြီး လာဖြစ်အောင် လာပါ ့မယ် …၊။ )

    • ရွှေ ကြည်

      January 12, 2013 at 10:16 am

      ထောက်ခံပါတယ် ဗျို့ 😆 ဒါပေမယ့် မိရွှေကြည်တယောက်တော့ ဒီပွဲနဲ့လွဲပြီမို့ ဝမ်းနည်းမိတယ်။
      အားလုံးပျော်ရွှင်ကြပါစေ အဲဒိနေ့မှာ အားလုံကို သတိတရနဲ့ စိတ်ကူးနဲ့ပွဲတက်လိုက်ပါ့မယ်။

  • padonmar

    January 11, 2013 at 1:04 am

    မောင်ဝါဝါတို့ ရင်နင့်အောင်တို့လို ဘလော့ဂါတွေ လာမယ်ဆိုတော့ ဒို့ပွဲက ခေသူမဟုတ်ပေပဲ။
    အောင်မိုးသူ နဲ့ အဆက်အသွယ်ရှိရင် ဆုလာယူဖို့ ပြောလိုက်ကြပါအုံး။

    ဦးကျောက်ခဲ ပုစဉ်းစီးလာရင်တော့ အဘဆွေနေရာ ထည့်ပြီး သရုပ်ဆောင်ခိုင်းလိုက်ရမယ်။
    ကိုဆာမိလည်းလာရင်တော့ ခေတ်သစ်ပုဂံပြည်ကဖို့ အရည်းခိုင်ကိုပါ ရအောင်ခေါ်ရမယ်။
    ပျော်စရာကြီး။

    • အာဂ

      January 11, 2013 at 3:40 pm

      ယနေ့သတင်းများအရ ဦးကျော်ခဲ လာမည်ဖြစ်ကြောင်း ၎င်း၏ ဖေ့ဘွက်မှာ ယခုကဲ့သို့ရေးသားထားပါသည်။

      လေယာဉ်ပျံလက်မှတ်ရပြီ….ငပလီကိုကွယ်… ^
      ဟုတ်ပေါင်…ရန်ကုန်ကို…
      ၁၈ရက် သောကြာနေ့ည ၁၁:၃၅ မှာ ရောက်၍ ၂၁ရက် တနလာင်္နေ့ နံနက်လင်းအားကြီး ဝ၁:၀ဝ မှာ ပြန်ပါမည်….
      ကိုရွှေတိုက် ကို ဦးကျောက် ပွဲတက်ပါမည့် အကြောင်း ကျေးဇူးပြု၍ သတင်းပို့ပေးကြပါ….. 😀
      ဟောင်ကောင်မှ အလိုရှိသည်များ မှာကြားနိုင်ပါသည်……

      • အာဂ

        January 11, 2013 at 3:41 pm

        မှတ်ချက် ဦးကျော်ခဲ အစား ဦးကျောက်ခဲ ဟုပြန်ဆင်ဖတ်ရှုပေးပါရန်…။

      • kai

        January 11, 2013 at 4:24 pm

        ကျုပ်ပါပွဲတက်ချင်လာပြီ..
        မိသားစုနဲ့ဆို.. တယောက်၁၅၀ဝ အမြောက် ၃ = ၄၅၀ဝ ဘာကြေး..ညာစရိပ်နဲ့.. သိန်း၉၀-၁၀ဝလောက်ကုန်မယ်မှန်းတယ်..
        ဘယ်သူစပွန်ဆာမလည်းဟင်င်င်… :buu:

        • အရီးခင်လတ်

          January 11, 2013 at 9:43 pm

          လွတ်လပ်သော လူများ စိတ်သွားတိုင်း ကိုယ်ပါတာကို သဘောကျရင်
          တိုင်းမရှင်း နဲ့ နောက်ပြန်သွားပြီး လူပြိုကြီး ပြန်လုပ် သူကြီးရေ့။
          အခုမှ တိတ်တိတ်လေး နောင်တ ရမနေနဲ့။
          :kwi:

  • padonmar

    January 11, 2013 at 1:12 am

    မိုချိုက ဆုယူဖို့ ကိုယ်စား သူ့အမေနဲ့ အဖော်တစ်ဦးလာမယ်လို့ စာရင်းပေးပါတယ်။
    ……………
    ဆရာအုပ်လာမယ်ဆိုရင် ပွဲမှတ်တမ်းတင်ဓာတ်ပုံတွေကို မီးနင်းပွဲနဲ့ တူအောင်ရိုက်နော်။
    ………….
    ပွိုင့် ခြောက်သောင်းကျော်ရထားတဲ့ Cobra လာမယ်ဆိုတော့ ဦးFatty တို့ Intro တို့ သတိရတယ်၊ဘယ်ပျောက်နေကြပါလိမ့်၊
    ကိုပေါက်လို ဗျိုးဟစ်လိုက်မယ်။ ရွာကိုပြန်လာကြပါဗျိုး။ု

  • အာဂ

    January 11, 2013 at 3:37 pm

    ကျွန်တော်မျိုးကြီး မောင်အာဂလည်း လာရောက်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ နည်းနည်းလေးပွဲစည်သွားအောင်လို့…။ ကော့တေး။ ပန့်၊ဘီယာများ စီစဉ်ပေးလျင်အတိုင်းထက်အလွန်ကျေးဇူးတင်မည်ဖြစ်ကြောင်း အရက်သမား သမဂ္ဂ ကိုယ်စား အကြံပြု ဆွေးနွေးတင်ပြအပ်သည်။
    လွန်တာရှိ ဝန်တာမိပါ ဆြာ ဆ ဆရာများ ခဗျာ။

    • Khaing Khaing

      January 14, 2013 at 3:39 pm

      ဘော်ဒါကြီးတို့ကတော့ လုပ်ပီ … တစ်ခါသေဖူး ပျဉ်ဖိုးနားမလည်သေးဘူးနဲ့တူတယ် ….
      ဒီက ဘော်ဒါက အဲဒါတွေ လုပ်လို့မရသေးဘူးလေ …. စိတ်လျော့ထားရတာ … သွားရည်ကျအောင်မလုပ်နဲ့ …

  • ကထူးဆန်း

    January 11, 2013 at 3:47 pm

    ၁၁-၁-၂၀၁၃

    Count Down .. 8 Days to go …
    Call now for your seat ..
    ဟိ ဟိ ..

  • ဦး ကျောက်ခဲ

    January 11, 2013 at 4:23 pm

    ရွာ့လူကြီးမင်းများခင်ဗျား

    ရွာသူရွာသားများ ဆုံစည်းပွဲနေ့ကျရင် မောင်ကျောက် နေမရထိုင်မရ ဖြစ်နေမယ့်အရေးတော့ ပြေလည်သွားပါပြီ။
    တဝေးတလံ ကနေ မနှေးအမြန် လာရတာမို့ မောင်ကျောက်ကို ၂မိနစ်လောက်တော့ လျှာရှည်ခွင့်ပြုပါ ခင်ဗျား…
    အဲဒါလေး….. အဲဒါလေး….
    :harr:

    • ခင်ခ

      January 11, 2013 at 4:50 pm

      အမှု့ဆောင်အဖွဲ့ကြီး ခင်ဗျ။
      ဦးကျောက်ခဲရဲ့ တောင်းဆိုချက်ကလေးကို လိုက်လျောပေးလိုက်ပါအုံးလို့ သူခမျာ အတော်ကို ကြိုးစားလိုက် တာကို ဖေ့ဘုတ်မှ ဖတ်ရလို့ပါ။ လိုက်လျောပေးပါ နော် နော်လို့။

    • Foreign Resident

      January 11, 2013 at 4:51 pm

      ဦးကျောက် ။
      ၂ မိနစ် မဟုတ်ဘူး ၊ ၂ နာရီ ဆက်တိုက် ပေးပြောမယ် ။
      အဘတို့ ဒီမှာ ၁ မိနစ်ကို ဘာပြောရမလဲ မသိဖြစ်နေတာနှင့် ၊ အတော်ပဲ ။

      • MaMa

        January 11, 2013 at 5:42 pm

        ထောက်ခံပါတယ် FR ရေ။
        အဝေးကြီးက လိင်ဗျံစီးပြီးလာရတဲ့ ဦးကျောက်ခဲကို ကျမအတွက် ၁မိနစ်လည်း ပေးပါတယ်။ :harr:

        • ဂန္ဓာရီ ဆြာအုပ်

          January 11, 2013 at 10:57 pm

          လိင်ဗျံစီးပြီးလာမတဲ့ ..ကြောက်ချာဂျီး

  • အလင်းဆက်

    January 11, 2013 at 6:25 pm

    ဒါရှို…
    ရှာပေ ဟောကြောပွဲရေး.တစ်ထု..ဖစ်တွားတာပေါ့..နော် ။
    ကောင်းပါလေ့….ကောင်းပါလေ့…ဂျာ.။
    🙂

  • padonmar

    January 11, 2013 at 10:19 pm

    ဆုပေးဖို့ အော်ဇီကလာမယ့် အဘဖေါ၊ဆုယူဖို့ ဟောင်ကောင်ကလာမယ့် ဦးကျောက်ခဲ တို့ရဲ့ ဂဇက်သံယောဇဉ်ကြိုးက တော်တော်ခိုင်ပါလားနော်။
    ပြည်တွင်းကလည်း အားပေးကြပါအုံး။
    ဂဇက်မိသားစုဝင်တွေ အားလုံးကို ဖိတ်ခေါ်နေပါတယ်။
    (သဂျီးမပါ-သူ့အတွက် စပွန်ဆာမတတ်နိုင်လို့)

  • 8ရက်နေ့ကမှ ရန်ကုန်ကနေမန်းလေးပြန်ရောက်တာ
    အခု20ရက်နေ့တစ်ခေါက်ပြန်လာရမယ်ဆိုတော့
    အလုပ်ကို ဘယ်လိုအကြောင်းပြပြီးသွားရမလဲဆိုတာ အကြံလေးပေးကြပါအုံး
    လာချင်လွန်းလို့

    • kai

      January 12, 2013 at 1:19 am

      ကိုပေါက်လာရင်.. နောက်နှစ် ကွန်ဖရင့်ကို.. မန်းလေးမှာလုပ်ဖို့တိုင်ပင်ကြပေါ့..။
      ..နောက် နောက်တနှစ်ကတော့.. လော့ကျတဲ့ကျလိကျလိမှာလုပ်မယ်..လို့..။ :kwi:

      • ကိုခိုင် ကျနော်မလာဖြစ်တော့ဘူး သေချာသွားပြီ
        ကျနော်ဆရာက 19-25 သူခရီးထွက်မယ်ကြေညာသွားပြီ
        ဝမ်းနည်းပါ၏

    • Foreign Resident

      January 12, 2013 at 2:56 am

      ဟုတ်တယ် ၊ နောက် တစ်လှည့်ကို မန္တလေးမှာ လုပ်သင့်တယ် ။
      ဘယ်လိုလဲ ၊ မန္တလေး သူားတွေ အဆင်ပြေ မလား ။

      • ဦးဦးပါလေရာ

        January 12, 2013 at 7:20 am

        နောက်နှစ်ကွန်ဖရင့်ကို မန္တလေးမှာလုပ်ရင် မန်းသူားတွေကတော့အဆင်ပြေတယ်
        (ဧည့်ဝတ်ကျေတတ်လွန်းလို့ ဖြူခါပြာခါကျ ကျန်ခဲ့မှာတခုပဲ :harr: )

        ရန်ကုန်က သွားကြမယ့်သူတွေသာ စဉ်းစားရမှာ…။
        ခဲတပစ် သာသာလောက်တောင် သွားမလားမသွားမလားလုပ်နေတာ
        အနည်းဆုံး အသွားအပြန် နှစ်ညအိပ် စားရိတ်လေးသောင်းလောက် ကုန်မယ့်ခရီးဆိုတော့…

        :mrgreen:

        • မင်းနန္ဓာ

          January 12, 2013 at 8:53 am

          ၁၈ ရက်(သောကြာ) ညကားနဲ့ ရန်ကုန်ဆင်း၊ စနေနေ့ လည်ပတ်၊ တနင်္ဂနွေ မနက် တွေ့ဆုံပွဲတတ်ပြီး ညနေကားနဲ့ ပြန်ပါမည်။
          နေပြည်တော်-ရန်ကုန် (Elite express) ၆၀၀ဝ x ၂ = ၁၂၀၀ဝ ကျပ်
          စနေနေ့ စားစရိတ်သုံးနှပ်စာ = ၆၀၀ဝ ကျပ်
          တနင်္ဂနွေနေ့ မနက်စာ+နေ့လည်စာ အတွက် တွေ့ဆုံပွဲမှာ အဝတီးလိုက်၊ ဒါဆို ညစာ = ၂၀၀ဝ ကျပ် ပဲကုန်တော့မယ်.. :harr:
          ဗဟန်းသုံးလမ်းက ရုံးမှာတည်းပြီး တက္ကစီနဲ့ ပွဲကို အသွားအပြန် = ၃၀၀ဝ ကျပ်ခန့်
          မမျှော်လင့်သော အသုံးစရိတ်က အင်း.. ၅၀၀၀ဝ ကျပ်လောက် :mrgreen:
          စုစုပေါင်း ၇၃၀၀ဝ ကျပ်.. ရှင်မွေးလွန်းထံ အသုံးစရိတ် တင်ထားပါသည် ဟီ ဟိ

    • ဂန္ဓာရီ ဆြာအုပ်

      January 13, 2013 at 8:14 am

      ဒါလေးများ. ရန်ကုန်မှာ ဖိနပ်မေ့ကျန်ခဲ့လို့ လို့ပြောပြီးပြန်လာ

  • Fall Guy

    January 11, 2013 at 11:58 pm

    ကျွန်တော်လဲ ရွာသူရွာသားတွေ နဲ ့တွေဆုံဖူးချင်လို့လာချင်ပါတယ်….။
    လာနိုင်ဖို့ကတော့ ကြိုးစားနေဆဲပါ……။

  • Crystalline

    January 12, 2013 at 11:38 am

    အဲဒီစားသောက်ဆိုင်မှာ စီစီတီဗွီ နေရာအနှံ့တပ်ခိုင်းထားသည်။…နောက်မှပြန်ကြည့်မည်။ :kwi:

  • ကထူးဆန်း

    January 12, 2013 at 2:26 pm

    ဦးစံလှကြီး ကော ဘာစီး တက်မလဲ ခင်ဗျ..
    မှော်ဆရာ ၊တပ်မ၇ရ တို့ လည်း အသံကြားချင်မိပါရဲ့..

  • Nyein Nyein

    January 12, 2013 at 2:34 pm

    20 ရက်နေ့ကို ဘာအကြောင်းရှိရှိဖျက်ပြီး ဆုပေးပွဲကို လာခဲ့ပါမယ်။ :mrgreen: ရွာထဲကလူတွေလည်း တော်တော်ဆုံမှာဆိုတော့ ပျော်စရာကြီးပဲနေမှာ။

    • MaMa

      January 12, 2013 at 11:02 pm

      စိတ်မကောင်းစရာပဲ ကိုပေါက်ရေ။
      ဒါပေမယ့် အားတော့ မလျှော့နဲ့အုံး။
      ကံအားလျှော်စွာ အခြေအနေ ပြောင်းလဲသွားရင် ၁၉ ရက်နေ့ကျမှ ကြုံရာကားနဲ့လိုက်လို့ရသေးတယ်။

  • padonmar

    January 12, 2013 at 10:52 pm

    ကိုပေါက်ကြီးရာ
    ရွာစားကျော်လာမယ်ဆိုလို့ ပျော်မလို့ရှိသေး။
    လွမ်းအောင်လုပ်ပြီ။
    ဘောစိကို 21 ရက်နောက်ပိုင်းမှ ခရီးထွက်ဖြစ်အောင် မန်းမှုတ်ပေးကြမယ်လေ။

  • ဂန္ဓာရီ ဆြာအုပ်

    January 13, 2013 at 8:12 am

    ကန်တော်ကြီးထဲက မျှော်စင်ကျွန်းဘက်ကို လာဖူးတဲ့ သူလဲရှိမယ်.. မလာဖူးတဲ့သူလဲရှိမယ် ထင်ပါတယ်.. ဒါကြောင့် ဒီနေ့ မျှာ်စင်ကျွန်းထဲဝင်ပြီး P3 စားသောက်ဆိုင်ကို ဝင်ရိုက် ပစ်လိုက်တယ်..မှားစရာ အကြောင်းမရှိပေမယ့် မသိသေးတဲ့ သူတွေအတွက် မျက်စိထဲမှ မြင်ယောင်နေအောင် တင်ပေးလိုက်တာဖြစ်ပါတယ်.. ဒီ post မှာကြည့်ပါ..https://myanmargazette.net/163470/travel

  • kthwinzayarmyo

    January 13, 2013 at 11:02 am

    မိုးပြာတပည့်လေးလည်း လာမယ်ဆိုတဲ့ အကြောင်း
    မိန်းမ နှင့် ကလေး 1နှစ်သား ခေါ်လာပါမည့် အကြောင်း
    သတင်းပို့ပါတယ် ခင်ဗျား

    • Foreign Resident

      January 13, 2013 at 11:43 am

      ကြိုဆိုပါတယ်ဗျာ ။
      တကယ့် မိုးပြာလားဟင် ။

  • kthwinzayarmyo

    January 13, 2013 at 12:48 pm

    Uniform ကတော့ မပြာ(သေး)ပါဘူး၊
    စိတ်ထဲမှာတော့ အပြာရင့် ရင့်

  • ရွာထဲမှာ စာရေးတဲ့နေရာမှာဖြစ်စေ
    မိမိကိုယ်ပိုင်ဘဝမှာ ကျင်လည်ရာမှာဘဲဖြစ်စေ
    မိမိနှစ်သက်တဲ့ မိမိယုံကြည်ရာမှာ နေထိုင်ပြောဆိုခွင့်ရှိပါတယ်။
    ဒါက လူတစ်ယောက်ချင်းစီရဲ့အခွင့်အရေးပါဘဲ။

    အခုကျနော်တို့တွေ့ဆုံမယ့် ပွဲလေးက စာရေးသားခြင်း စာဖတ်ခြင်း မှာဝါသနာပါသူအချင်းချင်း ဆုံတွေကြရအောင်
    စီစဉ်တဲ့ ပွဲလေးဖြစ်သလို
    ဖတ်ရွေးအဖွဲ့(ကိုယ်ဝါသနာအရကိုယ်လုပ်သူများ)က နှစ်သက်လို့ရွေးထားတဲ့ အနှစ်သက်ဆုံးစာမူပိုင်ရှင်တွေကို
    ကျနော်တို့ရဲ့ ချွေးနည်းစာ ငွေတွေထဲက တတ်နိုင်သလောက်အသုံးပြုပြီး ဂုဏ်ပြုပွဲလေးလဲဖြစ်ပါတယ်။
    အပျော်တွေစွန်းနေ အပျော်တွေစုနေစေဘို့ ကြည်နူးခြင်းတွေမျှဝေကြဘို့ရည်ရွယ်ပြီးလုပ်တဲ့ပွဲလေး
    ဖြစ်ပါတယ်။

    ဒီပွဲက အလုပ်ရုံဆွေးနွေးပွဲလဲမဟုတ်ဘူး။
    ဆန္ဒပြုထောက်ခံပွဲလဲမဟုတ်ဘူး။
    ကန့်ကွက်မဲတောင်းခံတဲ့ပွဲလဲမဟုတ်ဘူး
    စာပေချစ်သူတွေ သန့်သန့်လေး ဆုံဆည်းတဲ့ပွဲလည်းဖြစ်ပါတယ်။
    ဘာအရောင်အသွေးမှလဲ ခြယ်မထားပါဘူး။

    အဲတော့ kthwinzayarmyo လဲံ ရွာထဲက စာပေချစ်သူ တစ်ယောက်အနေနဲ့ တက်ရောက်နိုင်သလို
    တက်ရောက်ခွင့်လဲရှိပါတယ်။

    • Mr. MarGa

      January 13, 2013 at 1:57 pm

      လေးပေါက်ရေ
      နောက်နှစ် မန်းလေးမှာ လုပ်မလား
      ဘယ်လိုလဲ
      အဆင်ပြေမလား
      (မန်းလေးသားက ပြန်မေးတာ) :mrgreen:

  • Mr. MarGa

    January 13, 2013 at 2:06 pm

    အတွေး တစ်ခု ပေါ်မိတယ်
    သဂျီးက ကိုယ်တိုင်မလာနိုင်ရင်တောင်မှ
    ရွာသူားတွေကို ဗီဒီယိုနဲ့ ဟိုနည်းနည်း ဒီနည်းနည်း ပြောမပေးချင်ဘူးလား
    ဒါရိုက် မပြောချင်ရင်လဲ ဗီဒီယိုဖိုင်ပို့ပြီးတော့လေ
    ကိုယ့် ရွာသူားတွေပဲဟာကို

    • Green Rose

      January 13, 2013 at 5:53 pm

      Mr. Marga,

      သူကြီးကို အချွန်နဲ့ မ နေတာလား။ ကြည့်ရဲလို့လား.. တော်ကြာ ဟိုက ရွာပွဲမလာရလို့ စိတ်မကောင်းဖြစ်နေတာ အကယ်ဒမီကား ၁ဝ ကားစာလောက် ငိုပြလိုက်လို့ ဟုတ်ပေ့ဖြစ်နေမယ်နော်.
      သူကြီးဆိုတော့လည်း ကျော်လို့မရ.. ရပ်လို့မဖြစ်နဲ့.. (အခွေကိုပြောတာနော်)…
      :mrgreen: :harr:

  • No Name

    January 13, 2013 at 6:20 pm

    မန်ဘာတွေ အများကြီး လာမှာဆိုတော့
    ပျော်စရာကြီး နေမှာ
    ကျုပ်လည်း လာချင်ပါနဲ့ဗျာ။
    ဒါပေမယ့် နေရာက အမေရိကန်မှာ ဆိုတော့
    တက်ရောက်ဖို့ မလွယ်တဲ့အတွက် ပုံတွေ တက်လာမှပဲ
    ကြည့်ရင်း ကြည့်နူးပါတော့မယ် ။

  • cobra

    January 13, 2013 at 7:38 pm

    Mr.MarGa ပြောတာထောက်ခံတယ်
    သူကြီးမင်းရဲ ့ စကားတွေကိုလည်းနားထောင်ချင်တာပေါ့။

  • kyeemite

    January 14, 2013 at 11:54 am

    ကျနော်လည်းလာမှာပါ…
    နှစ်သစ်အကူးမှာ ဖခင်ကြီးကိစ္စနဲ့စိတ်ရောလူရော
    မအားတာနဲ့ ရွာနဲ့အဆက်အသွယ်ပြတ်နေခဲ့ရလို့ပါ…
    အားလုံးကိုခင်တဲ့…
    ကြီးမိုက်။

  • Shwe Ei

    January 14, 2013 at 12:26 pm

    မနက်ပိုင်း အခမ်းနားမစခင်ရောက်အောင် လာပါမယ်။
    မင်ဂလာဆောင်တခုသွားစရာရှိလို့ စောစောပြန်ပါမယ့်အကြောင်း
    အကြောင်းကြားပါတယ်ခညာ။

Leave a Reply