Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သိက္ခာရှိရှိ

minn_annawarJanuary 9, 20131min69018

မြန်မာပြည်မှာ မြန်မာနိုင်ငံသူ၊နိုင်ငံသားအတော်များများ ကွန်ပြူတာသုံးနိုင်လို့   အသုံးပြုနေကြပါပြီ။

ဒါပေမဲ့ တရားဝင် software သုံးနေကြ၊ သုံးနိုင်ကြသူ ရာခိုင်နှုံးဘယ်လောက်များရှိနေပါပြီလဲ။

တနေ့ တနေ့   တွေ့တွေ့ နေရတဲ့ software အသစ်အသစ်လေးများကို သုံးချင်နေကြသူများလည်း ရှိကြမှာပါ။

ဒါပေမဲ့မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ လိုချင်တဲ့ software ကိုအလွယ်တကူ၊ တရားဝင်ဝယ်ယူလို့  ရနိုင်ပါပြီလား။

နိုင်ငံခြားငွေ account ရှိမှဖြစ်မယ်ဆိုရင်လဲ    ဘဏ်တွေ မှာ account လဲဖွင့်လို့  ရနေပါပြီ။

ဒါပေမဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ တရားဝင် software ဘယ်လိုဝယ်လို့  ရနိုင်ပါမလဲ၊ သိရင်ပြောကြပါ။

ဘဏ်များမှ တာဝန်ရှိသူများလည်း ဒီကိစ္စ စဉ်းစားပေးကြစေလိုပါတယ်။

Computer software များကို သိက္ခာရှိရှိ၊  စိတ်သန့်  သန့်    နဲ့    သုံးချင်လို့  ပါ။

18 comments

  • မောင့်ကျက်သရေ ဂီ့

    January 9, 2013 at 12:00 pm

    Windows 8 Pro – $ 70
    Microsoft Office Home and Business 2010 – $ 140
    Kaspersky Internet Security 2013 – $ 28

    စုစုပေါင်း ဒေါ်လှ – ၂၃၈ ဆိုတော့ …
    သာမန် အိမ်သုံး ရုံးသုံး ကွန်ပူတာ တစ်လုံးအဖို့ ၂သိန်းကျော်ကျော်လောက်
    ဈေးပိုမြောက်ဖို့ ရှိလာပါကြောင်း လက်တို့ပါသည်…

    • မောင့်ကျက်သရေ ဂီ့

      January 9, 2013 at 12:04 pm

      Photoshop ထည့်ရင် ၄၂ဝလောက် မြောက်မယ်
      Creative Suite တဆုလုံး ထည့်ရင် ၁ထောင်ကျော် မြောက်မယ်
      MSDN ပါတဲ့ Visual Studio ထည့်ရင် ၁ထောင်လောက်မြောက်မယ်..

      မောင်ညီမလေးတို့ရေ ..
      အလကားရတုန်း အဲ့ဒါလေးတွေ တတ်အောင် သင်ထားကြ

      :harr:

      • မောင့်ကျက်သရေ ဂီ့

        January 9, 2013 at 12:24 pm

        လိုရင်းပြောရရင်တော့ ကိုမင်းနန္ဒာရေ…
        လေးစားမိပါကြောင်း..
        (ထောင်ဖောက်နေတဲ့ ကိုကျော်သောင် တို့နဲ့များ ဆီနဲ့ရေ …)
        :harr:

        ယူဇာတွေ သိက္ခာရှိရှိ သုံးချင်စိတ်ဖြစ်ပေါ်လာသလို စီဒီဆိုင်တွေလည်း
        သိက္ခာရှိရှိ တရားဝင်အမှန်အကန်ကိုသာ ရောင်းချတဲ့ ခေတ် ရောက်ဖို့ လိုနေတယ်လို့
        မြင်မိပါတယ်။
        ဘာကြောင့်လဲဆို နိုင်ငံခြားကို တိုက်ရိုက် DVDမှာမယ်ဆိုရင်
        ၁။ Visa, Master ကတ်တွေ လိုပါမယ်။
        ၂။ ဘယ်လိုပို့မယ် ဆိုတဲ့ ကိစ္စရပ်ကြီး ကျန်နေပါတယ်။

        နောက်တနည်း အွန်လိုင်းကနေ ဝယ်မယ် လိုင်စင်ဗားရှင်းကို ဒေါင်းလုပ်ချ သုံးမယ် ဆိုရင်တော့
        ၁။ Visa, Master ကတ်တွေ လိုပါမယ်။
        ၂။ လိပ်ကော်နက်ရှင်နဲ့ အဆင်မပြေနိုင်ပါ။

        ဆိုတော့ ..ဆန်ရှင်အရုတ်မှာ ကော်ပီရိုက်လည်း မကြာခင် အသက်ဝင်တော့မှာမို့ …..
        ဆိုင်ရာ အပျော့ထည် ကန်ပနီတွေလည်း ဝင်လာလိမ့်မယ် မြင်မိပါကြောင်း …
        (ကျနော့်မလည်း ..ရောင်းစရာ ရှိပါကြောင်း …)

        ဟီး..
        တော်သေးဘီ
        ခင်တဲ့
        ဂီ

      • Foreign Resident

        January 9, 2013 at 1:42 pm

        ” လိုရင်းပြောရရင်တော့ ကိုမင်းနန္ဒာရေ…
        လေးစားမိပါကြောင်း ”

        မင်းနန္ဒာ မဟုတ်ပါဘူး ၊ minnannawar ပါ ။ 😛

  • minnannawar

    January 9, 2013 at 12:34 pm

    အမှန်အကန်လိုချင်ရင်တော့ တန်ရာတန်ကျေးပေးရမှာဘဲ။ အခုခိုးသုံးလို့ရနေတာက မြန်မာပြည်မှာ မူပိုင်ခွင့်ဥပဒေ ရောက်မလာသေးလို့ ပါ။ ရောက်လာရင် ဘယ်သူမှရှောင် ပြေးလို့ ရမှာမဟုတ်ပါ။
    India မှာဆိုရင် စာအုပ်တော်တော်များများကိုပြန်ရိုက်ပြီး soft cover ဈေးနဲ့ ရောင်းပေးနေပါတယ်။
    မြန်မာပြည်မှာလဲ အဲဒီလို အခြေအနေမျိုး ပေါ်လာနိုင်ပါတယ်။ မည်သူတွင် တာဝန်ရှိသနည်း မသိပါ။
    ဒါပေမဲ့ အမှန်အကန်တော့ လိုချင်မိတာပါ။
    သူများနိုင်ငံတွေမှာသုံးနိုင်ကြရင် မြန်မာပြည်မှာကော ဘာလို့ မသုံးနိုင်ရမှာလဲ။ နိုင်ငံခြားစံချိန်စံညွန်း နဲ့ ကိုက်ညီသော ဆိုပြီးကြော်ညာနေကြတာ ဘယ်လိုစံချိန်များလဲ။

  • Foreign Resident

    January 9, 2013 at 1:37 pm

    ” Computer software များကို သိက္ခာရှိရှိ၊ စိတ်သန့်သန့်နဲ့ သုံးချင်လို့ပါ ”

    အင်း minnannawar ရဲ့ စိတ်ဓါတ်ကို လေးစားပါတယ် ။
    ကျနော်လည်း အပေါ်က ကိုဂီ ပြောတဲ့ ထဲက ၊

    ၁ ။ Windows OS
    ၂ ။ Kaspersky Internet Security

    အဲဒီ ၂ မျိုးကိုတော့ မူရင်း ကိုပဲသုံးပါတယ် ဗျာ ။
    ဒါပေမယ့် ကျန်တဲ့ Software တစ်ချို့ကိုတော့ ခိုးသုံးနေမိတုန်းပါပဲ ။
    သူခိုး ဘဝ ကတော့ မလွတ်သေးပါဘူးဗျာ ။
    နောက် Computer ကနေစပြီးတော့ ၊ အကုန် အမှန်သုံးနိုင်အောင် ကြိုးစားတော့မယ်ဗျာ ။

    ” ဒါပေမဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ တရားဝင် software
    ဘယ်လိုဝယ်လို့ ရနိုင်ပါမလဲ၊ သိရင်ပြောကြပါ ”

    ကျနော့်တုန်းကတော့ Bank Account ရှိတော့ ၊
    Credit / Debit Card လဲရှိတယ်လေ ။
    အဲဒါနှင့် Amazon ပေါ်တက်ပြီး ဝယ်လိုက်တာပဲ ။
    အဲဒါ ၂ ပါတ်လောက်ကြာတော့ ဩဇီ အိမ်ကို ၊
    OS DVD ခွေ ပါဆယ်နှင့် ရောက်လာပါတယ် ။

    ထူးခြားတာ တစ်ခုက ဝယ်တာက အမေရိကန် ဝက်ဆိုက် ၊
    ဒါပေမယ့် ပစ္စည်းပို့လိုက်တော့ စင်္ကာပူက ကုမ္မဏီ ဖြစ်နေတယ် ။

    အဲဒီထဲမှာ ပါတဲ့ Key က အစစ်မဟုတ်သေးဘူးဗျ ။
    အရင်ဆုံး ပါလာတဲ့ key ကိုသုံးပြီး Microsoft မှာ Register လုပ်ရတယ် ။
    အဲဒီတော့မှ OS အတွက် တကယ့် Key အစစ်ကို ထပ်ရပါတယ် ။
    သေချာတော့ မမှတ်မိတော့ဘူး ၊ ကြာပြီကိုး ။

  • kai

    January 9, 2013 at 3:52 pm

    .. မြန်မာပြည်အခြေအနေနဲ့… ဂျီဒီပီနဲ့.. တရားဝင်ရောင်းဖို့ကို.. ငွေတွေယူဖို့ကို.. မူရင်းကုမ္ပဏီကြီးတွေ.. စိတ်ဝင်စားနေမယ်မထင်မိဘူး..
    အော်ရီဂျင်နယ်ဝယ်ယူသူတွေကို.. .မြန်မာပြည်တွင်းမှာ.ပေးရမယ့်ဆားဗစ်စ်တွေအတွက်လည်း.. ရင်းနှီးမြုတ်နှံမှုလုပ်မယ်မထင်မိဘူး..
    (လုပ်လည်း..အရင်းတဝက်တောင် ပြန်ရမှာမှ..မဟုတ်တာ..။)
    နို်င်ငံခြားကဝင်ပြီး..ရင်းနှီးမြုတ်နှံမယ့်ကုမ္ပဏီတွေကိုပဲ.. အိုအီးအမ်အိုအက်စ်ထုတ်ရောင်းမယ်ထင်မိတယ်..။

    တဦးချင်းစီအတွက်..
    ပြောချင်တာကတော့.. ဖြစ်နိုင်ရင်…. ခိုးသုံးစရာ..ခိုးသုံးနိုင်တုံး.. ခိုးသာသုံးပါခင်ဗျ..
    အဲဒီကနေပညာယူပါ..။
    ခိုးသုံးတာကို သိပါ.။မူရင်းကုမ္ပဏီကျေးဇူးသတိရပါ..။
    (ဘာမဆိုင်ညာမဆိုင်.. လောကပါလနတ်မင်းတွေနဲ့.. ကံတရားကျေးဇူးမတင်မိပါစေနဲ့)

    ပိုဖြစ်နိုင်ရင်တော့.. အဲဒီသုံးမယ့်ပိုက်ဆံ.. ကလေးတွေပညာရေးအတွက်လှူလိုက်ပါ…။
    ဘီလ်ဂိတ်သာဓုခေါ်ပါလိမ့်မယ်..။ :kwi:

    Warren Buffett, Bill Gates’ ‘Giving Pledge’ Gets 11 More Billionaires …
    http://www.huffingtonpost.com/…/warren-buffett-giving-pledge-ne...
    Sep 19, 2012 – Bill Gates & Warren Buffett Get 11 More Billionaires To Donate Half Their Fortunes To Charity; Plus Video Of A Buffett/Bon Jovi Ukulele Duet …

    • မောင့်ကျက်သရေ ဂီ့

      January 10, 2013 at 6:53 am

      ဟဲဟဲ
      ဘယ့်နှယ့် ဘေဂိတ် သာဓုခေါ်လေလိမ့်မလဲ သဂျီးရယ်…
      ဘစ်ဇနက် ဒူးနေတာ .. အလှူပေးနေတာမဟုတ်…လို့ ..
      မဖွံ့ဖြိုးသေးတဲ့တိုင်းပြည် ..ဒီမိုပြောင်းနေတဲ့တိုင်းပြည်မို့ …
      ရီဂျင်နယ် လိုင်စင် ဆိုပီး အများ ဝယ်ယူနိုင်အောင် …
      စေတနာပဲထားသလိုလိုနဲ့ …
      ၁၀ဝတန် ကို ၂ဝ နဲ့ ရောင်းသလို ရောင်းပြကြပါလိမ့်မယ်..
      ကျောက်ခဲရေညှစ် ဘစ်ဇနက် မော်ဒယ်ပေါ့ဗျာ …
      နည်းနည်းရတာ က မရတာထက်တော့ သာသေးတယ်မလား..

      :kwi:

  • မောင်ပေ

    January 9, 2013 at 8:10 pm

    ကျုပ်တို ့ကတော့ အင်တာနက်ဆိုင်မှာ တစ်နာရီ ၄၀ဝကျပ်ပေးသုံးတာဆိုတော့
    သိက္ခာပွန်းစရာ ကျစရာ အကြောင်းမရှိပါဘူးနော

  • ဦးကြောင်ကြီး

    January 10, 2013 at 10:25 am

    ဆော့ဝဲလ်တွေ ဟက်ဝဲတွေတော့ သိဝူး၊ လမ်းထိပ် ကွမ်းယာဆိုင်မှာ ယာဘစိတ်ကြွဆေးပြား အလွယ်ဝယ်လို့ရတယ်။ အဲဒီမှာ မေးကြည့်ပါ……….

  • ဒီလအတွက် CS5 DVD 2 ချပ်တွဲ2000Ks,Window8 Driver 1000Ks ဘယ်သူ့ပိုက်ပိုက်မှမဟုတ်ဘူး။
    ကိုယ့်ပိုက်ပိုက်နဲ့ကိုယ်ဝယ်တာ သိက္ခာကျစရာရှိဆိုင်တွေအကျခံလိမ့်မယ်။
    ဖရီးဒေါင်းလို့ရတာတွေအတွက်ကို မူရင်းကုန်ပနီကြီးတွေအားကျေးဇူးအကြီးကြီးတင်ပါတယ်။
    သိက္ခာကျခွင့်ရတုန်း ကျပါစေ။
    အဲ့ဂလောက်ဒေါ်လှတွေအကုန်ခံရချိန်ကျရင် ကွန်ပျူတာတောင်ကိုင်ဖို့ကြောက်ရင်ကြောက်လာမှာ :kwi:

    • မောင့်ကျက်သရေ ဂီ့

      January 10, 2013 at 10:37 am

      ဟော်တယ် တခုဗျာ ..စားသောက်ဆိုင်ပါတွဲဖွင့်ထားတယ်..
      အဲ့ဒါအတွက် မန်းနေ့ချ်မန့် ဆော့ဖ်ဝဲ တခု ရေးချင်ပါတယ် ဆိုလာတယ်…
      ဟုတ်ကဲ့ … ကျနော် တလခွဲလောက် ပရိုဂရမ်မာ ၅ယောက်လောက်နဲ့ ရေးရမယ်ဗျာ။
      ဂျူနီယာ အကျဆုံး ပရိုဂရမ်မာ လခတောင် ၁သိန်းခွဲ ရှိတယ်။ ဆိုတော့ ကျနော် အနှီ အပျော့ထည်
      ကို ၁၅သိန်း မရရင် မရောင်းနိုင်ဘူး။ (အာဖတာဆေးလ်စ် ဆားဗစ်စ် ကလည်း ရှိသေးရဲ့မဟုတ်လား)

      လုပ်ငန်းရှင်ဘက်က တုန့်ပြန်တာကတော့ သင်းတယ် ဗျို့…။
      ဒီဗီဒီ တချပ်စာ ရှိတဲ့ ဝင်းဒိုးဆဲဗင်း တောင် ၁ထောင်ပဲ ပေးရတာ
      မင်းတို့က ဘယ့်နှယ့် ၁၅သိန်း လဲတဲ့ …။
      ဘာပြန်ပြောရမလဲ မသိတော့ …။
      :byae:
      အဲ့လိုပါဆို …..။

      • kai

        January 11, 2013 at 1:07 am

        ဘာမှပြန်မပြောနဲ့..
        အင်တာနက်တက်ရောင်း.. အဲဒီမျီုး.. တခု၁၀ဝနဲ့ဆို.. ကမ္ဘာမှာဝယ်မယ့်သူ ၁သောင်းလောက်အသာလေးရှိတယ်..

        ဆိုတော့..
        ကရက်ဒစ်ကဒ်က.. အကြွေးတလပေးရတာမို့.. လူ(ကရက်ဒစ်ကဒ်ထုတ်ပေးရမယ့်သူ) ကိုယုံဖို့.. သာမန်အားဖြင့်.. အနည်းဆုံး၃နှစ် စောင့်ကြည့်ကြောင်း…

  • minnannawar

    January 10, 2013 at 12:03 pm

    ကျွန်တော်ကြုံရတဲ့ ပြသသနာအရင်း အမြစ်ကဒီလိုပါ။
    အများနည်းတူ ရန်ကုန်မှာ လွယ်လွယ်ဝယ်လို့ ရတဲ့ National CD ဆိုင်က software တစ်ချို့ install လုပ်ပြီး သုံးမိပါတယ်။ နိုင်ငံခြားသွားခွင့်ရလို့ Labtop လေးယူသွားပြီး သုံးမိပါတယ်။ လူပုံလယ်မှာ မင်းသုံးထား တဲ့ software ကအတုကြီး အမြန်ဖျက်ပါဆိုပြီးဝင်လာတော့ ဘေးလူမသိခင် စက်အသာပိတ်ပြီး ငြိမ်နေလိုက်ရပါတယ်။
    ဒါကြောင့် အမှန်အကန်လေးကို သိက္ခာရှိရှိ သုံးချင်နေမိတာပါ။
    င်္FR လို Credit / Debit Card တွေမရှိတော့လည်း အားငယ်ရပါတယ်။
    Credit / Debit Card တွေမြန်မာပြည်မှာ ဘယ်တော့များ လုပ်လို့ ရပါမလဲ။
    ရွှေပြည်တော် မျှော်တိုင်းဝေး နေအုံးမှာလား၊………မကြာမှီလာမည်…. မျှော်၊ အော်….. မြန်မာမြန်မာ…

    • kai

      January 10, 2013 at 3:26 pm

      အင်တာနက်နဲ့ချိပ်လိုက်ရင်.. အိုအက်စ်က.. ထသောင်းကျန်းတာဖြစ်ပါလိမ့်မယ်..
      နိုင်ငံခြားသွားလေ့ရှိရင်တော့.. လိုအပ်ပါလိမ့်မယ်..။

      ပိုက်ဆံပေးဝယ်ချင်တာများ..
      ကျုပ်တောင်ဝယ်ပေးလို့ရသေး..။ :kwi:

    • Foreign Resident

      January 10, 2013 at 5:21 pm

      ” Credit / Debit Card တွေမြန်မာပြည်မှာ ဘယ်တော့များ လုပ်လို့ ရပါမလဲ ”

      ကို minnannawar နိုင်ငံခြား ရောက်တဲ့အခါ ၊
      စိတ်ကြိုက် ဘဏ် တစ်ခုမှာ Passport ပြပြီး Account ဖွင့်လို့ရတယ်လေ ။
      အနဲဆုံး Debit Card တော့ ထုတ်ပေးမှာပါ ။

  • Mလုလင်

    January 10, 2013 at 12:32 pm

    အဲ့ဒါ . ယုံကြည်မှု နဲ့ ဆိုင်တာပါ .. MIT လို ACE လို ဘာညာသာရကာ တို့လို (နံမည် တွေအကုန်မရွတ်ချင်တော့လို့) မျိုးဆိုရင်တော့ … package လို်က် ဆို module အနည်းဆုံး ၁၁ သိန်း ပတ်လည်မှာ ရှိပြီး customize ပြန်ရေးပေးရမယ်ဆိုရင် .. ၂၅ ပတ်လည် မှာ ရှိပါကြောင်း .. အဲ့ဒါ .. အဲ့ဒါ ..။

  • Mလုလင်

    January 10, 2013 at 12:45 pm

    အဲ့ဒီ့ ကိစ္စ ကို နဲနဲ တို့ထိ ကြည့်ဖို့ စဉ်းစားထားတာ ရှိပါတယ် ……။ အချက်အလက် တွေလဲ ရှိပါတယ်။ စာရေးရမှာ ပျင်းနေသေးလို့ ပါ .. … ….. အဲ့ဒီတော့ သိက္ခာရှိ ချင်တဲ့ ပို်စ့် ပိုင်ရှင် ရေ …. တစ်ခုတော့ ပြောကြည့် မယ်နော့ ……။
    လက်ရှိ .. နိုင်ငံပြင်ပ မှာ အလုပ်သွားလုပ် နေကြတဲ့ (IT သမား) တွေ ရဲ့ လေ့လာရာ ငယ်ဘဝအစ ကဘာလဲ ဆိုတာလေး တွေးကြည့်စေချင်ပါတယ် ….။ Software ကို အခကြေးငွေ နဲ့ ရောင်းမယ်ဆိုရင် .. ရာဂဏန်း (သေးသေးလေး) လောက်ရှိတဲ့ Software House တွေ ကအစ သင်တန်းကြီး၊ သင်တန်းလတ်၊ သင်တန်းတပိုင်တနိုင် စာစီစာရိုက်ငယ် တွေ အလယ် … ဆိုင် တွေ အဆုံး .. အကုန်လုံး ပြုံးနေနိုင်မယ် ထင်သလား။ အဲ့ဒလို ဆို သူတို့ တွေ ဈေးတက်ယူမယ် ….. သင်တန်း ကြေးတွေ မြင့်လာမယ်။ အလုပ်တဖက် နဲ့ ဝင်ငွေ လေးစုပြီး သင်တန်း တက်မယ့် လူငယ်တွေ ……. (အနာဂတ် ရဲ့ ခေါင်းဆောင်တွေ) ကဲ …… ခိုးကူး တာကို အားပေးလို့ ဒါတွေ ပြောနေတာ မဟုတ်ဘူး .. ဒါက ဖွံ့ဖြိုးစ နိုင်ငံ တစ်ခု ရဲ့ အစ ဆိုတာ လေး .. သိစေချင်တာ …. လာပါလိမ့်မယ် ….. Software တစ်ချပ် ၁ ဒေါ်လာ … ရောင်းလို့ ရသမျှ လူမှုရေးလုပ်ငန်းထဲ ပြန်လှူ အဲ့လို မျိုးတွေ ……အဲ့ဒီတော့ .. မျက်လုံး ကျယ်ကျယ် ဖွင့်နိုင်ပါစေ လို့ ဆုတောင်းရင်း ….

    တော်သေးဘီ …
    (ဓာတ်ပုံ ပဲ ရိုက်ချင်တဲ့) Mလုလင်

Leave a Reply