Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိုက်ကယ်ဂျော်နီအောင်ပု နှင့် ပေါက်တတ်ကရ တောင်တစ်လုံးမြောက်တစ်လုံး

 

 Gazette 2013 jaunary

တစ်နေ့ကုန်ပြန် ငါ့ရုပ်နာမ်သေရန် တစ်ရက်နီးခဲ့လေပြီ
မောင်ဇော်ဂျီ
ကိုဇော်ဂျီ
ဦးဇော်ဂျီ
ဘကြီးဇော်ဂျီ
ဘိုးဇော်ဂျီ
အဲ့ဒါကြီးထက်ပိုကြီးလာဘို့ကတော့ ဘိုးဘိုးကြီးဇော်ဂျီ ဆိုပြီး နတ်ကတော်နပုန်းပတွေ သနပ်ခါးဖွေးနေအောင်လူးပြီး
ဆိုင်းတွေဗုံတွေနဲ့ ပူးနောင်းဂျိမ်းဂျိမ်း ပူးဂျိမ်ဂျိမ် ဆိုပြီးအလုပ်ခံရဘို့ဘဲရှိတယ်
အဲ့သလိုများအလုပ်ခံရလို့ကတော့ မချောင်။
တစ်နှစ်တော့ကုန်သွားပြန်ပြီ
စာရေးဆရာဖြစ်ရတာမလွယ်ကြော ဘုန်းကျော် ( ဩစတေးလျှ ) ကတော့ ပြောတာဘဲ စာရေးဆရာတွေဆိုတာ
လက်ကြောတင်းတဲ့လူတွေမဟုတ်ဘူးဆိုပြီး။
ပြောခြင်တာပြာ ဘယ်ကနေစပြီးရေးရမယ်မသိလို့ ဘာမှမရေးတော့ဘူးလို့တော့တွေးမိသား
ဒါပေသိ မန်ဘာတစ်ယောက်အနေနှင့် လူရှိန်အောင်တစ်ပုဒ်လောက်တော့ ရေးဦးမဟလို့ အစဖေါ်ခါမှ
ဘယ်ကနေလို့ဘာကိုရေးရမှန်းးးးးးးးးးးးးး ကိုအဟုတ်အတွေးထဲမထင်
သို့နှင့်ပင် ဤ မိုက်ကယ်ဂျော်နီအောင်ပု နှင့် ပေါက်တတ်ကရ တောင်တစ်လုံးမြောက်တစ်လုံး ဟူသော
ပို့စ်လားဘာလားမသိသောအကြောင်းအရာတို့ကိုရေးချလိုက်ရပေတော့သည်။
………………………………………………………………………………………………………………………..
………………………………………………………………………………………………………………………..
ငယ်ငယ်က စာတစ်ပုဒ်အမှတ်ရမိသည်
လေးတန်းအောက်မူလတန်းကျောင်းစာဘဲမှတ်တယ်။ သည်။ ၏။ လွဲပေလိမ့်မည်။
တစ်ခါသောဝ် သာလွန်မင်းတြားကြီးသည် စစ်ကိုင်းဖက်သို့ ဆင်စီး၍ထွက်တော်မူ၏
လမ်းဘေးတွင်သူဆင်းရဲမတစ်ဦးသည် ထမင်းရည်ငှဲ့နေ၏ ထမင်းရည်သည် လမ်းပေါ်သို့ စီးဆင်းလာ၏
မင်းကြီးမြင်သောအခါ ထိုမိန်းမကိုခေါ်ပြီးလျှင်
ထမင်းရည်သည်ခွန်အားကိုဖြစ်စေသည် ထမင်းရည်ကိုဆားခတ်၍ သားသမီးတို့ကို အစာပြောတိုက်ကြွေးနိုင်သည်
အိမ်ရှိခွေးဝက်တို့ကို ကြွေးမွေးနိုင်သည်
သင်သည် အဆင်းစားနည်းလှသည် ထမင်းရည်ကိုသက်သက်မဲ့ ဖြုံးတီးနေသည် ဟု ဆိုဆုံးမ၏။
………………………………………………………………………………………………………………………..
လွန်ခဲ့တဲ့ရက်ပိုင်းနှစ်ကုန်ခါနီး ရွှေတိဂုံစေတီမှာ လင်းဠ ခြောက်ကောင်နားတာ ဘယ်သူဘာပြောပြော ကိုယ့်ဖါသာ
အတိတ်ကောက်ပြီး ချဲထိုးတာ ပေါက်ဘူး။
………………………………………………………………………………………………………………………..
ကချင်ပြည်နယ်မှာ ထိုးစစ်တွေရပ်ဆိုပြီး သမ္မတကြီးက အမိန့်ပေးတယ်လားညွှန်ကြားတယ်လားမသိ
လိင်ဗျံနဲ့သွားဆော်နေကြတယ်လို့ပြောကြတာဘဲ
ဟိုဒါသွားသတိရတယ် နယ်စပ်ဂိတ်တွေမှာစစ်ဆေးရေးလားဘာလားထားပါတော့ အဲ့သည်ဂိတ်က တာဝန်ကျတွေ
ခရီးသွားတွေကိုလုပ်စားကြသလိုဘဲ
ခရီးသွားတစ်ယောက်ယောက်က မှတ်ပုံတင်တွေဘာတွေမရှိဘူးဆိုပါတော့ အဲ့သည်အခါကြရင် စစ်ဆေးတဲ့လူတစ်ယောက်က
ဘေးနားကနေတစ်တွတ်တွတ်နဲ့ ကပ်ညှစ်နေမယ်
ဂိတ်ထဲကတစ်ယောက်က ” ဟေ့ကောင်ဘာဖြစ်တယ်ညာဖြစ်တယ် ဆွဲစေ့ပလိုက်” ဆိုပြီး
ဟိန်းဟောက်နေမယ် နောက်ဆုံးတော့ပေးလိုက်ရတာဘဲ ကိုယ်လည်းပေး သူ့ကိုလည်းကျေးဇူးတင်ကြောင်ဆလံအခါခါပေါ့
ခုလည်းဒီလိုဘဲလားမသိ သမ္မတကြီးက ထိုးစစ်တွေရပ်လို့ပြောပေမယ့် ချတဲ့ကောင်ကချ
ခြောက်နေတာပါဆိုပြီးလုပ်တဲ့ကောင်ကလုပ်
စစ်ပွဲဆိုတာကတော့ ဘယ်စစ်ပွဲမှမကောင်းပါဘူး စစ်ပွဲဆိုတာကြီးကိုရပ်လို့ပြောရအောင် သူတို့လိုခြင်တဲ့ အာဏာတွေ
ပါဝါတွေ ကျုပ်လည်းပေးနိုင်တာမှမဟုတ်တော့
ချကြလို့………..ပြောတော့ပါဘူး
တိုင်းရင်းသားလို့ခေါ်မလား ပြည်သူလို့ခေါ်မလား ဒေသခံလို့ခေါ်မလား အဲ့သည်လူသားတွေကအရိုးခံတွေ
လူလယ်တွေ အရည်ချင်းရှိတဲ့ကောင်တွေ ခြမ်းသာခြင်တာတွေ အာဏာလိုခြင်နေတာတွေအတွက်
အပြစ်မဲ့သူတွေ မသိနားမလည်သူတွေ အူကြောင်ကြောင်နဲ့ သေနေကြတာ ဒုနဲ့ဒေး
………………………………………………………………………………………………………………………..
တစ်နှစ်ဆိုတာကုန်ဆုံးသွားတဲ့အခါ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေးအတက်အကျတွေကို သွင်းကုန်ထုတ်ကုန်
ကိန်းဂဏန်းတွေနဲ့ တွက်ချက်ပြီး သွင်းကုန်ကဘာ ထုတ်ကုန်ကဘာ
ဥပမာ
ရော်ဘာစေးတွေကို တရုပ်နိုင်ငံလိုကိုတင်ပို့ရောင်းချ ကိုယ့်နိုင်ငံထဲ မော်တော်ကားတာယာတွေပြန်သွင်း
ဟော ထိုင်းနိုင်ငံက ငါးဖမ်းလှေတွေကို လာဘ်စားပြီးငါးဖမ်းခွင့်ပေး ပြီးရင် သူတို့စီက ငါးသေတ္တာတွေပြန်သွင်း
ဘောဇိတွေခံတွင်းတွေ့တဲ့ စီးဖု့ ဆိုတာ တွေကတော့ စားခြင်ရင် ရန်ကုန်ကနေ ထိုင်းကို လိင်ဗျံနဲ့သွားစားရသပေါ့
အပိုအနေနှင့်ကတော့ ကမြင်းကြောထခြင်ရင် ဇာတ်မင်းသမီးတွေ မော်ဒယ် ဖော်ဒယ် ချွတ်ဒယ် စုတ်ဒယ်မှုတ်ဒယ် တွေကို
အပ်ဒိတ်လုပ် တူနယ်တေးကြ ပျော်စရာကြီးပိုက်ဆံရှိတဲ့လူတွေရဲ့ဘဝ။
ဘယ်ရောက်သွားပါလိမ့် နိုင်ငံတော်စီးပွါးရေးကိုတွက်ချက်နေတာ
ဝါဂွမ်းတွေကို သေခြာထုတ်ပိုးပြီး နိုင်ငံခြားကိုပို့
နိုင်ငံခြားကနေ အိပ်ယာလိပ်တွေစောင်တွေခြင်ထောင်တွေ ခေါင်းအုံးတွေပြန်ဝင်လာ
သစ်လုံးတွေဘာတွေကတော့ ပြောစရာမလိုတော့ပါဘူး
တစ်လောကတောင်ပြောနေသေးတယ် လူမသားလို့တော့ထင်တာဘဲ
လျှပ်စစ်မီးတွေကို နိုင်ငံခြားအိပ်စပို့ ပို့ပြီး ဟိုဖက်ကမ်းကနေ ကြိုးသွယ်ပြီး ပြန်ဝယ်မယ်လားဘာလား ထားပါ
ဒါက တိုင်းသိပြည်သိ
ဒီလိုကောင်ဒီလိုပြောတာတောင် ဘာမှမဖြစ်မှတော့
ဟေ့ ကျုပ်လည်းသဂျားမင်းဖြစ်ရင် နတ်ရောင်ခြည်တွေရောင်းစားမယ် လာထားဂျစရံ ဒစ်ပိုဇစ် :mrgreen:
ဒါနဲ့စာရင်းချုပ်လိုက်တော့ အံမယ်……..မယ် တွင်းထွက်ပစ္စည်းကရတဲ့ငွေနဲ့ဖါလိုက်ရင်
သွင်းကုန်ထုတ်ကုန်မှာ ထုတ်ကုန်က အသာစီးဗျာ ( ဂက်စ်တွေ အိပ်စပို့ ပို့တာ )
ဘယ်လောက်ရလို့ဘယ်လောက်ကုန်လည်းတာ့သိဘူး သိလည်းဘာမှမဖြစ်ဘူး မသိလည်းဘာမှမဖြစ်ဘူး
ဘယ်ကောင်မှကို သောက်ဂရုစိုက်စရာမလိုဘူး
ဘာပညာရှင်တွေဆိုလား
အဲ့သည်ကိန်းဂဏန်းတွေကို တွက်ချက်ပြီး ဗမာပျီစီးဘွားရေးဂျီးဂဖြင့် ဘယ်ကဲ့သို့ ဘယ်ခြမ်းသာ
သူတို့တွက်ချက်ပြမှ သိရတာကိုး
ကျုပ်ကတော့ ဗမာပြည် စီးပွားရေးတိုးတက်တယ်မတိုးတက်ဘူးဆိုတာကို ဒီလိုတွက်တယ်
မြို့နယ်တစ်ခွင် ပျဲပျဲစင်အောင်လိုက်လျှောက်ပတ်ကြည့်တယ် ဈေးဆိုင်တွေကို
ဈေးဆိုင်တွေမှာ ဘုရားပုံတော် ဘိုးတော်ပုံတော် ဟိုနတ် ဒီနတ် ဟိုဇာတ်မင်းသမီး ဒီဇာတ်မင်းသမီး
ဟိုဇာတ်မင်းသား ဒီဇာတ်မင်းသား
စာရင်းချုပ်လိုက်တော့ ဟိုပုံဒီပုံတွေနဲ့ ပြက္ခဒိန်တွေလုပ်ရောင်းနေကြသေးရင် ဒါ တိုင်းပြည်စီးပွားရေးမကောင်းသေးဘူးလို့
တွက်တယ်
အင်မတန်ရိုးရှင်းတဲ့ တွက်ချက်နည်းတစ်ခုဘဲ
ပြက္ခဒိန်ဆိုတာ ဒီနေ့ခေတ်ကြီးမှာ ရောင်းကုန်တစ်ခုမဟုတ်တော့ဘူး အဲ့သည်ရောင်းကုန်မဟုတ်တာကို
ရောင်းဝယ်နေကြတာကိုကြည့်တာနဲ့ကို နိုင်ငံတော်စီးပွားရေးတွက်ချက်ဘို့ လေးတန်းအောင်စရာမလိုဘူး
လိုက်လျှောက်ပတ်တတ်ဘို့ဘဲလိုဒယ်
နည်းနည်းလေး ထပ်ကြပ်ပေးရရင် ဘုရားပုံတော်တွေကိုပြပြီး ဂေါပဂတွေ အလှူခံနေကြရင်တော့
အဲ့သည်သာသနာရင်လေးစရာဘဲ
ဒါက နိုင်ငံစီးပွားရေးနဲ့မဆိုင်တဲ့အတွက် ပလပ်ပါတယ်
ကြုံလို့ပြောရရင် ဂေဇက်လည်းပြက္ခဒိန်မထွက်တော့ နိုးဂွတ်ဘစ်ဇနစ်ဘဲ :mrgreen:
………………………………………………………………………………………………………………………..
ဝါးပြီးထွေးတဲ့ အရည်မရအဖတ်မရ ကွမ်းဘစ်ဇနစ်။ မီးရှို့ပြီးရှူတဲ့စမုတ်ကီးဘစ်ဇနစ်။ သောက်ပြီးသေးပေါက်မူးရမ်းတဲ့
ဒရင့်ကင်းဘစ်ဇနစ် တွေ လူငယ်တွေကြားသိပ်ခေတ်စားလာတယ်။
………………………………………………………………………………………………………………………..
အင်းအင်းအင်း သူများဟက်ပီးနယူးယီးယားတော့ ကိုယ်လည်းရောပြီးဟက်ပီးနယူးယီးယားရတာပေါ့
ဒါနဲ့ဘဲ စုရပ်လေးတစ်ခုကိုသွား သုံးလေးယောက်စုပြီး အပျင်းပြေဘီယာလေးဆော်နေကြတာ
ပုလင်းနှစ် ဆယ်ကျော်ကျော်လောက်လေးအကုန်
ဘေးနားက ဇာတ်လိုက်က ဘာဇာတိပြလိုက်တယ်မသိ မဒမ်ဇာတ်လိုက်က ခုနစ်သံချီနဲ့ ဟစ်ပါလေရော
ဟင် !!!!!!!!!!
ကို …ရှိနေလို့ ( ကျုပ်ကိုမေးငေါ့ပြ ) မပြောခြင်လို့ကြည့်နေတာ မသိရင်ငါက နင့်သောက်လုပ်စာထိုင်စားနေသလိုပုံစံနဲ့
သောက်ခွက်ကိုဖြတ်ရိုက်လိုက်မယ်
နင်ရှာတာနဲ့ နင်သောက်တာ ဘာကျန်လဲ
ကိုယ့်ဖါသာအေးဆေးမနေဘူး
အဲ့သည်ငါ့ သောက် ( ဆင်စာ ) ရည်တွေသောက်ပြီး ငါ့ကို  %$#@*&^%$#@!
အမှန်ပြောရရင်တော့ ကျုပ်ကလည်းအဲ့သည်နေရာကို မသွားတာကြာလှပေါ့လို့ အမှတ်မထင်သွားမိပြီး
ဥပဿကာတို့ရောက်လေရာ ဘုရားတည်ကျောင်းဆောက်လုပ်ကြသလို ကျုပ်လည်းရောက်လေရာ
အပျင်းပြေလေးလုပ်တာပါ
ဘေးကဇာတ်လိုက်သေနာကလည်း မိန်းမဆဲတဲ့အခါကျတော့ တေမိမင်း မေ့ဆေးအပေးခံထားရသလို ဆိုတာမျိုး
နှုတ်ပိတ်ကိုယ်တော်ကြီး။
ဪငါ့မှာ ဤမည်သောအကျင့်စရိုက်တို့ရှိကုန်သော အသိတို့သည် ရှိပါပေါ့လား တရားတွေရ
………………………………………………………………………………………………………………………..
အရက်ဆိုလို့ ကျုပ်တို့ရွာမှာ ခြောက်ပြား ဆိုတဲ့ ထန်းလှီးသမားတစ်ယောက်ရှိတယ် အများသူငှာကတော့
ထန်းကိုင်ကောင်းတဲ့လူတစ်ယောက်လို့ မှတ်ချက်ချကြသပေါ့
အချို့မြို့ကနေလာတဲ့လူရည်လည်တွေ ထန်းရည်စစ်စစ်သောက်ခြင်လို့ ခြောက်ပြား ထန်းပင်ပေါ်က လွယ်ချလာတဲ့
ထန်းရည်ကျည်ထောက် ကို ပင်ကျရည်ဆိုပြီးစီးယူပြီးသောက်ကြတယ်
နည်းနည်းပိုလည်တဲ့ကောင်က ခြောက်ပြားထန်းပင် စ တက်တာနဲ့ ဝါးကျည်ထောက်ကို သေခြာစစ်တယ်
ပြီးရင်တိုးတိုးလေးကပ်ပြောနေကြသေးတယ်အချင်းချင်း ဒီလိုအပင်ပေါ်က ဆင်းတာကို စောင့်ဖမ်းပြီးယူမှ
မဟုတ်လို့ကတော့ တဲရောက်တာနဲ့ ရောပြီသာမှတ် ဆိုပြီး ကျိတ်ပြီးသဘောကျနေကြတာပေါ့ ကိုယ့်ကိုယ်ကိုယ်
( ကျုပ်တို့ရွာမှာက ထန်းရည်ကို အညာမှာလို မြူအိုးတွေနဲ့မခံဘူး ဝါးပိုးဝါးကို ဝါးကျည်ထောက်လုပ်ပြီးခံတယ် )
ခက်တာက ခြောက်ပြားက အပင်ပေါ်တက်သွားကတည်းက လူလစ်ရင်လစ်သလို ရေကိုဝါကျည်ထောက်နဲ့
အပီလွယ်တက်သွားပြီးသုံးမကုန်ရင် အပေါ်မှာသိမ်းထားတာ
ခင်ဗျားတို့ကြားဘူးမြင်ဘူးမလားမသိ လှော်စာဖေါက်တဲ့အခါမှာသုံးတဲ့ ဘာလို့ခေါ်သလဲတော့သိဘူး
လှော်စာဆေးလားဘာလား အဖြူရောင်အတုံးတွေ အဲ့ဒါကို ဆိုဒါမှုန့်နဲ့ ဘယ်လိုရောသမပြီး
ခြောက်ပြား ပညာပြထားလဲမသိ သောက်လို့ကောင်းမှကောင်း
တစ်ခါတစ်လေ ခြောက်ပြားဘဲဒီးအကျင့်ယုတ်တယ် ဘလက်ဒီဖူးခြောက်ပြား
သူ့ထန်းရည်တွေအခိုးခံရတာများရင် အခိုးခံရလောက်နိုင်လောက်တဲ့ထန်းပင်က ထန်းရည်ကျည်ထောက်တွေထဲကို
သေးပေါက်ထည့်ထားတယ်
ပြီးရင်စပ်ဖြဲဖြဲနဲ့
………………………………………………………………………………………………………………………..
ပြောရဦးမယ် ရွာကအကြောင်း ပျားဖွတ်ဆရာကြီးတစ်ယောက်ရဲ့အကြောင်း နာမည်က ဦးမောင်ကျော်တဲ့
ကရင်တိုင်းရင်းသားကြီး ”ရွှေကရင်” လို့ခေါ်ရင်အားကြီးသဘောကျတယ်
ဒီလိုပါဘဲသူ့အလုပ်က ပျားဖွတ်တဲ့အလုပ်
တော်ယုံ ယင်ပျားတွေလောက်ကတော့ ဆေးပေါ့လိပ်အကြီးတစ်လိပ်နဲ့တင်ကိစ္စပြတ်တယ်
အချို့ ဖွတ်လို့လွယ်တဲ့အကြောင်းလေးပေါ့
သစ်ကိုင်းမှာပျားစွဲနေပြီဆိုပါစို့ ဖွတ်တော့မယ်ပေါ့ ပျားအုံကို။ ဖွတ်တဲ့အခါ လပြည့်နေ့ကိုရွေးလေ့ရှိတယ် အဲ့သည်နေ့မှာ
ပျားရည်ပြည့်တယ်လို့တော့ပြောတာဘဲ ဥပုသ်နေ့ကြီး
ပျားအုံဘေးသစ်ကိုင်းမှာ ငုတ်တုတ်ထိုင်ပြီးဆေးလိပ်ဖွာလိုက် ဆေးလိပ်မီးခိုးနဲ့ ပျားအုံကိုဘေးတိုက်မှုတ်တယ်
ဆေးလိပ်မီးခိုးနဲ့အမှုတ်ခံရတဲ့ပျားတွေဟာ တဖြည်းဖြည်းဘေးဖက်ကိုရွှေ့သွားတယ် အဲ့သည်အခါကြရင်
အရည်ရှိတဲ့ပျားလဘို့ကို ဓါးနဲ့လှီးယူတယ် ပျားအုံလည်းမပျက်ဘူး ပျားရည်လည်းရတယ်
ပျားကြီးလို့ခေါ်တဲ့ပျားအကောင်အကြီးကြီေးတွကိုတော့ မီးတုတ်နဲ့ဆော်တာဘဲ
သူ့ဖါသာဆော်ခြင်သလိုဆော်လေ ပြောခြင်တာက သူ့ရဲ့ ပျားရည်ရောင်းဝယ်ဖေါက်ကားခြင်းအကြောင်း
ဒီလိုဘဲလူလည်တွေက သူများထက်လည်တော့ တောပစ္စည်းတွေကို ရွာထိပ်ကနေတဲထိုးပြီးစောင့်ဝယ်တယ်
အိမ်အရောက်မခံဘူးလေ အိမ်ရောက်သွားရင်ဘယ်လွယ်မလည်းနော
တစ်နေ့ကျုပ်ချောင်းဖြားမှာခြံတိုင်သွားခုတ်တာ အနံ့တစ်မျိုးရလို့ ဘာနံ့ဘာလိမ့်ပေါ့ ဒီအနံ့မျိုးငါရဘူးပါတယ်ဆိုပြီး
ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်တာ
ရွှေကရင်ထန်းလျှက်နဲ့သကြားကို ရောပြီးကြိုနေတာကိုးးး
သူကပျားရည်ကို တောထဲမှာအပီရောနေတာ
ဘာလုပ်နေတာလဲလို့တော့သွားမမေးတော့ပါဘူး တောတောင်ထဲ သူ့လျှို့ဝှက်ချက်သိသွားတယ်ဆိုပြီး
ကျုပ်ကိုဆော်ထည့်လိုက်မှ
………………………………………………………………………………………………………………………..
တစ်လောက နေမကောင်းသလိုဖြစ်ပြီးဝမ်းချုပ်တာလေးငါးရက်လောက်ရှိမယ် ဝမ်းချုပ်တယ်ဆိုတော့ ချာမပီးဘူးပေါ့ဗျာ
ဒီလိုနဲ့တစ်နေ့ ချီးပါခြင်တာနဲ့ ချီးပါတာပေါ့လေ
လက္မထက်နည်းနည်းကြီးမယ် ခြေမလောက်မရှိဘူး
လက္မထက်အနည်းငယ်ကြီးပြီး ခြေမနီးပါးအရွယ်ပမာဏ ချီးတစ်တုံးပါတာ ( တစ်တုံးတည်း )
တစ်ထွာကျော်ကျော်လောက်ရှိလိမ့်မယ်အဟုတ်
အမှန်တော့ အဲ့သလောက်ရှည်သွားရင် ချီးတစ်တုံးလို့ပြောလို့မရတော့ဘူး ချီးတစ်ချောင်းလို့ပြောရမလို။
ချီးပါနေတုန်းနံပါတယ်ဆိုခါမှ လေထုတ်တဲ့ပန်ကာက ခေါင်းပေါ်တည့်တည့်မှာ ဖြစ်ပုံ။
………………………………………………………………………………………………………………………..
ချီးပါတယ်ပြောလို့ တစ်ခုခေါင်းထဲဝင်လာတယ် ရွာမှာ ကျုပ်ငယ်ငယ်တုန်းက
ခင်ဗျားတို့သိကြတဲ့အတိုင်း ကျုပ်တို့တောသားဆိုတာက ချီးပါရင် ခြုံပုတ်တို့ ချောင်းဘေးမြောင်းဘေးတို့ပါတာ
ကျုပ်တို့တောသားတွေက ချီးဆိုသိပ်ရွှံတာ
ပြောကြသေးတယ်
” တောသားချီးကြောက် မြို့သားချီးမကြောက် ”
” တောသား ကျားမကြောက် မြို့သား ကျားကြောက် ” ဆိုပြီး စကားပုံလား ကိုယ့်ဖါသာအကြံဖန်လုပ်ပြောလားမသိ။
အမှန် ကျား က တောသားလည်းမကြောက်ဘူး မြို့သားလည်းမကြောက်ဘူး သူကြောက်တာ တရုပ်။
ချီးပါတယ်ပေါ့နော ဆိုခဲ့ပြီးသလို ကျုပ်ငယ်ငယ်တုန်းကပေါ့
ကျုပ်တို့တွေ ချီးပါကြတဲ့အခါ ချီးပုံအလှပြိုင်လေ့ပြိုင်ထရှိကြတယ် ယုံမလားတော့သိဘူး ဒီလိုဗျ
ကျုပ်တို့ရွာမှာ ဦးရှောင် ဆိုတဲ့လူကြီးရဲ့ တောင်ယာလယ်တောမှာ လူကြီးတစ်ဖက်ကြော်ကြော်လောက်ရှိတဲ့
ဥသျှစ်ပင် ကြီးတစ်ပင်ရှိတယ် ဥသျှစ်ပင် ဆိုမှတော့ ဥသျှစ်သီးတွေသီးတာပေါ့ဗျာ
အဲ့သည်အပင်ကအသီးတွေက အခြားအပင်ထက်ကို အသားတော်တော်များတယ်ဆိုနိုင်မလားဘဲ 
ဘယ်လလည်းတော့ကျုပ်လည်း ဝါးတားတားဖြစ်သွားပြီ မိုးတွင်းတော့မဟုတ်ဘူး ဥသျှစ်သီးတွေမှည့်ပြီဆို
ကျုပ်တို့ ချီးပုံအလှပြိုင်ကြတာဘဲ
ကိုယ့်ချီးပုံလှဘို့ ထမင်းအငတ်ခံရတယ်ဗျ ညနေလိုကြရင် ထမင်းကိုစားတယ်ဆိုရုံလေးဘဲ ညအိပ်ခါနီး ဥသျှစ်သီးစားတယ်
မိုးလင်းတာနဲ့ ချီးပါတယ် မပြိုင်သေးဘူး တစ်နေ့လုံး ဥသျှစ်သီးတွေအပီဝါးရတာ
ကိုယ်စားမယ့်ဥသျှစ်သီးမှည့်မှည့်ကိုလည်း သေခြာရွေးထားရသေးတယ် အသီးမှည့်မှ အသားဝါတာကလား။
ညနေစောင်းလောက်ကြရင်ချီးပါကြပြီ ပြိုင်ပွဲဝင်ရတာပေါ့
တစ်ချို့ကောင်တွေကြတော့ ချီးမထွက်ဘူး အဲ့သည်အခါကြရင် ဖင်ပူးတောင်းထောင်ပြီး သူ့ဖင်ကိုသူ့လက်နဲ့သူပြန်ထု
ချီးမထွက်ဘဲ အီးဘဲထွက်တဲ့ကောင်လည်းရှိပေါ့ ဘူ ဗစ်ဆိုပြီး။
နောက်တာမဟုတ်ဘူး မယုံရင်စမ်းကြည့် ဥသျှစ်သီးတွေအပီစားပြီးရင် ချီးပုံဆိုတာ ဝါထိန်နေပြီးတော့ လှမှလှ မနံဘူးဗျ
တစ်ချို့ခပ်နောက်နောက်ကောင်ကြတော့ ကောက်ညှင်းငချိပ်တွေစားလာပြီး လာပြိုင်တဲ့အခါ ချီးမဲမဲကြီးတွေ နံနေရော
ရီရတာပေါ့ဗျာ ငယ်ငယ်တုန်းကပါ
အဲ့ဒါကလည်းပုံပြင်လားတစ်ကယ်လား အကြောင်းတစ်ခုရှိခဲ့ဘူးတယ်လို့ပြောစမတ်ကြတာဘဲ
လူစည်ကားရာအရပ်တစ်ခုမှာ ဘယ်သူပေါက်လိုက်မှန်းမသိ အီးနံတာကို သူဌေးတစ်ဦးက သူဆင်းရဲတစ်ဦးကို ယိုစွတ်တော့
သူဆင်းရဲက မခံဘဲ ချီးအလှပြိုင်ကြသတဲ့
သူဌေးကစားကောင်းသောက်ဖွယ်တွေစားပြီး သူဆင်းရဲက ဥသျှစ်သီးတွေစားပြီးပြိုင်တာ နောက်ဆုံး သူဆင်းရဲနိုင်ပြီး
သူဌေးသမီးကိုရတယ်လို့ဆိုတာဘဲ
ကျုပ်တို့တော့ ဘာမှမရဘူး စားပြီးဗိုက်နာရင်ကြိတ်ခံဘဲ ခံစားမနိုင်လို့ လူကြီးတွေကိုပြောပြရင် အဆော်ခံရတယ်
………………………………………………………………………………………………………………………..
ပုံပြင်လို့ပြောလိုက်မှ သတိရတယ် အဟုတ် အီကိုကျောင်းသားတွေနမူနာယူစရာဘဲ
လူတစ်ယောက်ရှိတယ်ပေါ့နော ဆား တစ်ခြင်းကိုလွယ်ပြီးခရီးထွက်ပါလေရော
လမ်းတစ်ခုရောက်တော့ လူတစ်ယောက်ကိုတွေ့တယ် အဲ့သည်လူစီမှာ ဖားတစ်ကောင်ရှိတယ် သူ့မှာပါတဲ့ ဆားတစ်ခြင်းနဲ့
အဲ့သည် ဖါးကို အလဲလှည်လုပ်ပြီးခရီးဆက်သွားတယ်
တစ်နေရာရောက်တော့ သူဟာ တိုက်ကြက်တစ်ကောင်ကိုတွေ့တယ်
သူဟာ သူ့ရဲ့ဖါးကိုသတ်ပြီး တိုက်ကြက်ရှေ့ကိုလှမ်းပြစ်ချထားလိုက်တယ် နောက်ပြီးသူဟာ ကြက်ပိုင်ရှင်ဆီကိုသွားပြီး
ခင်ဗျားကြက်ကကျုပ်ရဲ့ဖါးကိုကိုက်သတ်လိုက်တယ်ဆိုပြီး အဲ့သည်ကြက်ကို ဖါးအစား အလျှာ်ယူပြီး ခရီးဆက်သွားတယ်
တစ်နေရာရောက်တော့ ဇရပ်တစ်ခုမှာ လူသေတစ်လောင်းကိုတွေ့တယ်။ အလောင်းနားကလူကိုမေးကြည့်တော့
ရွှေမျိုးမရှိတဲ့လူပေါ့နော သေသွားတာ မသာချမလို့ပေါ့။ ဒါနဲ့သူဟာ သူ့ရဲ့ တိုက်ကြက်နဲ့ လူသေကိုအလဲလှည်လုပ်ပြီး
လူသေကြီးထမ်းပြီးခရီးဆက်တယ်။
တစ်နေရာရောက်ပြန်ရော ( ဘယ်နေရာလည်းတော့တိဝူး )
ဆင်တစ်ကောင်လာနေတာကိုတွေ့တော့ ဆင်လာတဲ့လမ်းမှာ လူသေကိုချပြီး ဆင်နင်းလို့လူသေသလိုလုပ်ပြီး
ဆင်ပိုင်ရှင်နဲ့သွားတိုင်တယ် သူ့ဘကြီးဆင်နင်းလို့သေပြီပေါ့။ ဒါနဲ့ဘဲ အဲ့သည်ဆင်ကြီးအလျှော်ရခဲ့တယ်ပေါ့။
ဆင်စီးပြီးခရီးဆက်တာပေါ့နော။ လူတစ်ယောက်စီမှာ ထူးဆန်းတဲ့ငှက်တစ်ကောင်ကိုတွေ့တယ်
အဲ့သည်ငှက်ဟာ ကွှပ်ကွှပ် ကွှပ်ကွှပ် လို့တစ်ချိန်လုံး အော်တတ်တယ် ” ကွှပ်ကွှပ်ငှက် ” ပေါ့။
သူဟာ အဲ့သည်ငှက်ကို သဘောကျသွားပြီး သူ့ဆင်နဲ့ လဲလိုက်ပြီးခရီးဆက်တယ်
အလွန်စည်ကားသိုက်မြိုက်တဲ့ မြို့ကြီးတစ်မျှစည်ကားတဲ့ရွာကြီးတစ်ရွာကိုရောက်ခဲ့တယ်
အဲ့သည်ရွာကြီးကိုအုပ်ချုပ်တဲ့ သူကြီးဟာ ငထောကြီးတစ်ဦးဖြစ်ပြီး သူ့မှာအလွန်လှတဲ့ သမီးတစ်ကောင်မရှိတယ်
အဲ့သည်ကောင်မဟာ ယက်ကမ်းခတ်တာအလွန်ဝါသနာပါပြီးအလွန်တော်တယ် မာနလည်းကြီးပြီး ယက်ကန်းမခတ်ရရင်
စားမဝင်အိပ်မပျော်ဖြစ်တတ်တယ်
အဲ့သည်လူဟာ အဲ့သည်ကောင်မကိုတွေ့တော့ကြိုက်သွားတယ် ဒီလိုနဲ့ တစ်ညမှာ
အဲ့သည်ကောင်မယက်ကန်းစင်ထဲကိုခိုးဝင်ပြီး သူ့ရဲ့ ” ကွှပ်ကွှပ်ငှက် ” ကိုသတ်ပြီး အဆီထုတ်ထားတဲ့ ” ကွှပ်ကွှပ်ငှက်ဆီ”
တွေနဲ့ ယက်ကန်းစင်ကို လိုက်သုတ်ထားလိုက်တယ်။
နောက်နေ့ အကောင်မ ယက်ကန်းယက်တော့ ယက်ကန်းစင်က ဒေါက်ဒက်မမြည်ဘဲ ကွှပ်ကွှပ် ကွှပ်ကွှပ် ဘဲမြည်တော့
အကောင်မလည်း လေသွားတယ် ဘယ်လိုမှ ပြင်လို့မရဘူး။ ဒါနဲ့ ယက်ကန်းခတ်လို့မရတော့ဘူး။
ယက်ကန်းခတ်လို့မရတော့ အကောင်မလည်းစားမဝင်အိပ်မပျော်ဖြစ်ပြီး ဖျားတာပေါ့နော
အကောင်မဖျားတော့ သူ့အဘ သူကြီးပျာသွားတယ် အကြောင်းစုံသိတော့ မောင်းထုတယ်
” ငါ့သမီးတော့်ယက်ကန်းစင်က ကွှပ်ကွှပ်အသံကိုပျောက်အောင်လုပ်ပေးနိုင်တဲ့ကောင် ငါ့သမီးကိုရမယ်ပေါ့ ”
အဲ့သည်အခါကြတော့ အဲ့သည်လူလည်း သူကြီးသမီးကို ဆပ်ပြာနဲ့သေခြာဆေးးးးးးးးးးးပြီး
သူကြီးသမီးရဲ့ယက်ကမ်းစင်ကိုပေါ့နော သေခြာရေဆေးလိုက်တဲ့အခါ ကွှပ်ကွှပ်သံတွေပျောက် သူကြီးသမီးနဲ့ညား
ကလေးတစ်ယောက်ရပါလေရော
တစ်နေ့ကလေးကလည်းငိုလိုက်တာ လက်ကုန်ဘဲ ဘယ်လိုမှချော့လို့မရဖြစ်နေတော့ အဲ့သည်လူက
ကလေးကိုချီပြီး သီချင်းလေးတစ်ပုဒ်ဆိုပြီးချောသိပ်လိုက်သတဲ့
ဆားတစ်ခြင်းနဲ့ဖါးတစ်ကောင်
ဖါးတစ်ကောင်နဲ့ကြက်ထီးကောင်
ကြက်ထီးကောင်နဲ့လူသေကောင်
လူသေကောင်နဲ့ဆင်တစ်ကောင်
ဆင်တစ်ကောင်နဲ့ ကွှပ်ကွှပ်ကောင်
ကွှပ်ကွှပ်ကောင်နဲ့ မငိုပါနဲ့သား
နင့်အမေသဂျီးသမီးငါနဲ့ညား
………………………………………………………………………………………………………………………..
ခင်ရာဆွေမျိုး မြန်ရာဟင်းကောင်းလို့ပြောကြတာဘဲ
ကျုပ်လည်းခင်ဗျားတို့ကိုခင်လို့ပြောပြတာ
ဇာတ်ပွဲထဲက လူရွှင်တော်ကြီးတွေပြောသလိုဘဲ ရှက်လို့ ဘယ်သူ့မှမပြောဘဲနေတာ ခုမှလူစုံလို့ဆိုသလိုမျိုးဘဲဗျ
ဆောင်ရန်ရှောင်ရန် သင်္ခန်းစာရအောင်လို့ပါ
ရှေ့မျက်နှာနောက်ထားပြီးပြောရမှာပါဘဲ
နားနဲ့မနာဖဝါးနဲ့နာပါဗျာ
ကျုပ် ဖင်ကွဲသွားတယ်သိလား
ဖင်ကွဲတာတောင်ရိုးရိုးကွဲတာမဟုတ်ဘူး ရှက်လိုက်တာမပြောနဲ့
မပြောရဲလို့ ဓာတ်ပုံရိုက်ပြီးတင်ပေးလိုက်ပါတယ်
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

.

.

.

.

.

.

.

.

N59-374
ဖြစ်ပုံက မော်ဒယ်ဘွိုင်းတွေ ဖစ် ဖြစ်အောင်ဝတ်တာသဘောကြပြီး ခပ်ဖစ်ဖစ်လေးဝယ်လာတာ
ဝတ်ကြည့်တော့ဖစ်ဘဲဗျ
အမှတ်မထင်ထိုင်ချလိုက်တာ
ကြားဘူးကြမလားဘဲ ကံကြမ္မာဂြိုလ်စီး
အမလေးမြွေကြီးမြွေကြီးဆိုပြီး ဘေးနားက စာအုပ်ထူကြီးနဲ့ ကောက်ထုလိုက်တာ
ချစ်စရာကောင်းတဲ့ ဖင်က နောက်ဆုတ်လိုက်လို့သာပေါ့
ဖင်ကယ်တာဖင်ကယ်တာ။
မဟုတ်လို့ကတော့။
ပြောရရင်တော့ အောလပုံပေါ့ ရေးခြင်ပါသေးတယ် ဆာဗာကြီးအားနာလို့။

36 comments

  • ဦး ကျောက်ခဲ

    January 10, 2013 at 4:05 pm

    တော်တော်ဆိုးတဲ့ ကိုအောင်ပု….

    နိုင်ငံရေးလဲ ပြောတယ်….
    ညစ်တီးညစ်စုတ်လဲ ပြောတယ်….
    ရယ်စရာလဲ ပြောတယ်….

    ဖင်ကွဲတာ နဲတောင်နဲသေးတယ် :harr:

  • Mon Kit

    January 10, 2013 at 4:12 pm

    ဟား ဟား ဟား :harr:
    ဦးပု တို့ကတော့ လုပ်ချလိုက်ပြန်ဘီ…
    တကယ့်ကို တောင် တစ်လုံး မြောက်တစ်လုံးနဲ့ ခွက်ခွက်လန်အောင် ရီရဒယ်…
    အီးသုတေသန တောင် လုပ်ထားသေး… ဟေး ဟေး..
    ဘာတဲ့ အီးတုံး မဟုတ်ဘူး.. အီးချောင်းတဲ့… :harr:

  • surmi

    January 10, 2013 at 4:17 pm

    :harr:
    ညမှပြန်မလာမယ်
    လမ်းပေါ်မှာပြောမကောင်းလို ့

  • Wow

    January 10, 2013 at 4:23 pm

    ချီးနိကာဖွဲ့နေလိုက်တာများ ကပုရယ်..
    ဆာဗာအားနာဗေလို့သာပဲ :kwi:

  • Shwe Ei

    January 10, 2013 at 4:24 pm

    အောင်မငီး ဟိုတလောက တွံတေးဘက်သွားတုန်း ကားပေါ်မှာပါလာတဲ့
    ဘဲရီးတေ ထန်းရေ သောက်ကျတယ်ဗျ။ ဘာတေရောထားတယ်တောင် မသိ :mrgreen:

  • ဦးဦးပါလေရာ

    January 10, 2013 at 4:26 pm

    ဘယ်တုန်းက ဘယ်လောက်အောင့်ထားတယ်မသိ…
    ပြောချလိုက်တာ စုံစီနဖါကို စေ့ လို့…။
    ကျုပ်အကြိုက်ဆုံးကတော့ သားချော့တေးပဲ…..။

  • Foreign Resident

    January 10, 2013 at 6:00 pm

    ဒီတစ်ပုဒ်ကတော့ အဘပု ရဲ့ Masterpiece ပါပဲ ။

  • cobra

    January 10, 2013 at 6:04 pm

    ညစ်ပတ်လိုက်တာ
    ချီးထဲက ကိုမထွက်တော့ဘူး
    ချီးပါတာတောင် ချီးအလှပြိုင်တယ်တဲ့
    ချီးမဲတွေရော ချီးဝါတွေရော ချီးဖြူဖတ်ဖြူရော တွေဘာတွေရောမပါဘူးလား။
    တော်ပီ ချီးသွားပါတော့မယ်။ 🙂

  • ဂန္ဓာရီ ဆြာအုပ်

    January 10, 2013 at 6:29 pm

    ဖတ်ရတာ အားရကျစရာကြီး..
    တခါလောက် စမ်းကြည့်အုံးမှပဲ.. ပြီးရင် ဓာတ်ပုံရိုက်ပြီး ဂဇက်မှာ တင်ရမယ်
    ဆြာအုပ် နှင့် ဂန္ဓာရီ ဓာတ်ချီး ဆိုပြီးတော့ ဟိ

  • အလင်းဆက်

    January 10, 2013 at 8:08 pm

    အမငီးးးးး
    ဟီးဟီး…
    အုပေါင်တို့ ကတော့…
    တကယ့်ပေါက်တတ်ကရ
    :kwi:

  • စာလုံးပေါင်းတွေအသားကုန်မှားအောင်ရေးပြီး လဒကျတော့ မှန်အောင်ရေးတယ်။
    နံသွားပါတယ်။အဲ့..မန့်သွားပါတယ်။ဖတ်သွားပါတယ်။
    :harr:

  • ကိုရင်စည်သူ

    January 10, 2013 at 8:21 pm

    ဆြာပုရေ.. ပို့စ်ကို ရေလည် ခိုက်သွားပါတယ်..။ :mrgreen:
    ကြောင်ကြီးနဲ့ ယှဉ်ရင် အူးပုက တစ်လက်မပိုသာနေသလိုပဲ.. (စာရေးတာ)
    ဆြာပုရဲ့ လိင်တူချစ်သူအစက ဥသျှစ်သီးကလို့ပဲ
    မှတ်လိုက်ရမလားဗျ… :kwi:

  • အဟမ်းးးး ဟမ်းးး
    ဒီပို့စ်ကို ဒီလ စာပေဆု အတွက် အဆိုတင်သွင်းဘာဒယ် .. :mrgreen:
    ရေးထားဒါ အားကျ စရာဂျီးရယ် …
    ဂလိုစုံအောင် ဘူရေးနိုင်ဒုံးးး
    ဟောဒီက ဥအောင်ဘု တီယောက်ဘဲ ချိဒယ် ….
    (ကျုပ်ကတော့ မြှောက်ပေးလိုက်ပီ .. ကျန်တာ ကိုယ့်ဟာကိုယ် ဆက် က)

    ဒါ့ထက် …….
    “ဝါးပြီးထွေးတဲ့ အရည်မရအဖတ်မရ ကွမ်းဘစ်ဇနစ်။”
    ဒါကို အပြင်းအထန် ကန့်ကွက်ဘာဒယ် … ငွင်းး ငွင်းး
    ကွမ်းစားပြီး ထွေးထုတ်လိုက်ရင် အရည်ရော အဖတ်ရော ရဘာဒယ် …
    နောက်အခါ မသိဘဲနဲ့ ရမ်းမပေါဂျနဲ့လို့ ဆိုဂျင်ဘာဒယ် …

    “ကံကြမ္မာဂြိုလ်စီး အမလေးမြွေကြီးမြွေကြီး”
    ဆိုတာနဲ့ ခပ်ဆင်ဆင်လေး တစ်ခုကို ပေါဂျင်ဘာဒေးဒယ် ….
    မှတ်ချက် ။ ။ ရှက်တတ်သူများ အောက်ကစာကို မဖတ်ရ …။ :mrgreen:
    “ကံကြမ္မာဂြိုဟ်စီးလို့ ကိုယ့်ရီးဂ ကိုယ့်ဘင် ပြန်ဂျ”
    အိုက်ဒါ …. အိုက်ဒါ ….
    :mrgreen: :mrgreen:

    • မိုက်ကယ်ဂျော်နီအောင်ပု

      January 11, 2013 at 4:15 pm

      ခုလိုကြပ်ပေးတာ ကျေးဇူးတင်းဘာဒယ်
      ဒါပေသိ
      ဒါကြီးကို ဆုပေးဘို့ ဖြစ်လာရင်တော့
      ဂေဇက်ရဲ့ စာပေရဿတွေကို ထိမ်းသိမ်းတဲ့အနေနဲ့
      ကျုပ်ကိုယ်တိုင် ဘီဒိုအာဏာသုံးပြီး
      ကိုယ့်ပိုစ့်ကိုကိုယ် ကန့်ကွက်ရပါလိမ့်မယ်

  • မောင်ပေ

    January 10, 2013 at 9:18 pm

    နောက်ကို ဆာဗာကြီး အားမနာပါနဲ ့ဗျို ့
    ဟီဟိ

  • pooch

    January 10, 2013 at 11:48 pm

    ဘပုဘောင်းဘီက ချုပ်ရိုးမကောင်းလို့ပါ။ ပြန်ချုပ်ပြီး ကလေး တယောက်ကိုပေးဝတ်ရင် အိုကေလောက်တယ်။ နောက်ဆို ချုပ်ရိုး ချုပ်သား ဖင်ပြန်ခေါင်းပြန်ကြည့်ပြီး ဝယ်ပေါ့။ :mrgreen:

    ကျမလည်း တေးထားတာ ရှိတယ် ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ရပ်တဲ့နေ့ မြစ်ဆုံမှာ ကို အရောက်သွားအုန်းမယ်လို့ ။ ခုတော့ စိတ်ထဲ မကောင်းလှဘူး နှစ်သစ်ကို စစ်မျက်နှာသစ်တွေနဲ့ ကြိုနေသလို ခံစားရလို့ ။ သေနေတာတွေ မနည်းတော့ဘူး။ ဘယ်သူသေသေ အားလုံးက ကိုယ့်လူတွေ ချည်းပဲ။

    မြန်မာပြည်ငြိမ်းချမ်းဖို့ ကိုယ့်တသက်တောင် မြင်ရပါ့မလား မသိဘူး ။
    စိတ်ထဲ တဖြည်းဖြည်းပူလာတယ်။ 🙁

    • ရွှေ ကြည်

      January 12, 2013 at 9:02 am

      ဟုတ်ပါ့ ရွှေကြည်လည်းစိတ်ပူတယ် ဒီပုံစံ ဒီလိုစိတ်ဓါတ်မညီညွတ်ပုံမျိုးနဲ့ နောက် ၁ဝ သက်တောင် ငြိမ်းချမ်းပါ့မလားမသိဘူးရယ်။

  • MaMa

    January 11, 2013 at 7:43 am

    ငယ်ငယ်က တမြို့လုံးလိုက်လျောက်သွားနေလို့ အမကဆူတယ်။
    အရှေ့ပိုင်း အနောက်ပိုင်း နှံ့နေတာပဲတဲ့။
    အဲဒီတုန်းက တောင်ပိုင်းနဲ့ မြောက်ပိုင်း မနှံ့သေးဘူးလို့ ပြန်ပြီး အငေါ်တူးခဲ့တာ …
    ခုတော့ ဘပုရဲ့ တောင်တလုံး မြောက်တလုံးနဲ့ အပစ်ခံလိုက်ရပြီ :kwi:

  • ဦးကြောင်ကြီး

    January 11, 2013 at 9:22 am

    ယိုင်းလှဂျီလားကွ ဟေ..။
    ကိုပု
    မှိုတု
    ဆိုညု
    ပျိုခု
    ယိုနု
    အိုစု
    ဗိုလ်လု..။

  • ခိုင်ဇာ

    January 11, 2013 at 9:26 am

    ဘပု စာဖတ်ပြီး စာသင်ခန်းထဲ ရီမိလို့ ရောက်လာတဲ့ ဆရာ့ မျက်စောင်းကို ရှောင်လိုက်နိုင်ပေမဲ့
    ဘပု ပစ်လိုက်တဲ့ ပေါက်တတ်ကရ တောင်တစ်လုံး မြောက်တစ်လုံး က အတော်ရှောင်ရခက်သနော်။

    :harr:

  • မောင့်ကျက်သရေ ဂီ့

    January 11, 2013 at 9:47 am

    ကျုပ်ကတော့ ဗမာပြည် စီးပွားရေးတိုးတက်တယ်မတိုးတက်ဘူးဆိုတာကို ဒီလိုတွက်တယ်
    မြို့နယ်တစ်ခွင် ပျဲပျဲစင်အောင်လိုက်လျှောက်ပတ်ကြည့်တယ် ဈေးဆိုင်တွေကို
    ဈေးဆိုင်တွေမှာ ဘုရားပုံတော် ဘိုးတော်ပုံတော် ဟိုနတ် ဒီနတ် ဟိုဇာတ်မင်းသမီး ဒီဇာတ်မင်းသမီး
    ဟိုဇာတ်မင်းသား ဒီဇာတ်မင်းသား
    စာရင်းချုပ်လိုက်တော့ ဟိုပုံဒီပုံတွေနဲ့ ပြက္ခဒိန်တွေလုပ်ရောင်းနေကြသေးရင် ဒါ တိုင်းပြည်စီးပွားရေးမကောင်းသေးဘူးလို့
    တွက်တယ်
    အင်မတန်ရိုးရှင်းတဲ့ တွက်ချက်နည်းတစ်ခုဘဲ
    ပြက္ခဒိန်ဆိုတာ ဒီနေ့ခေတ်ကြီးမှာ ရောင်းကုန်တစ်ခုမဟုတ်တော့ဘူး အဲ့သည်ရောင်းကုန်မဟုတ်တာကို
    ရောင်းဝယ်နေကြတာကိုကြည့်တာနဲ့ကို နိုင်ငံတော်စီးပွားရေးတွက်ချက်ဘို့ လေးတန်းအောင်စရာမလိုဘူး
    လိုက်လျှောက်ပတ်တတ်ဘို့ဘဲလိုဒယ်

    မှတ်သားလောက်ပါတယ် ဗျို့…

    • ရွှေ ကြည်

      January 12, 2013 at 9:14 am

      ကိုဂီကဦးသွားပြီ ရွှေကြည်လည်း ရုံးကနေချောင်းဖတ်တုန်းက သဘောကျလွန်းလို့ ပြုံးပြုံးကြီးတောင်နေမိလို့ လူမိသွားသေးတယ်။ ဘပုကတော့ ဘပုပါပဲ။

  • myanmarcitizen

    January 11, 2013 at 2:14 pm

    ဘပုတို့က တကယ့်လက်တွေ့သမား … ကိုယ့်ချီးတောင်ကိုယ်သေချာပြန်တိုင်းတာ။ “ချီးတစ်ချောင်း” … စကားလုံးအသစ်တွေဘာတွေတောင် ထပ်ထွင်သွားသေး။

    အောင်မယ် ခပ်ဖစ်ဖစ်လေးဝယ်လာ တာဆိုပါလား။ ယုံပါဘူးအေ … ဓါတ်ပုံကြည့်လိုက်တော့ တကယ့် ကလေးဘောင်းဘီ ကြီးကို … တူတွေတူမတွေ ဘောင်းဘီ ယူဝတ်လို့ ဖင်ကွဲသွားတယ်(ဘောင်းဘီ) ဆိုဟုတ်တုတ်တုတ်ရယ် 🙂

  • မိုချို

    January 11, 2013 at 2:40 pm

    အဘပု ကတော့ ထုံးစံ အတိုင်း အတုံးလိုက် အတစ်လိုက် နဲ့ ဖတ် တဲ့ သူ ပါးစပ် စေ့ မရအောင် ပါပဲ။ ချီးပြိုင်ပွဲ ဖတ်ပြီး ငယ်ဘဝ တောမှာနေတုန်း က အိမ်မှာ အိမ်သာရှိရက်နဲ့ သူငယ်ချင်းတွေ တောထိုင်ရင် အိမ်က မသိအောင် ခိုးပြီး အပျော် လိုက် သွား တာ သတိရ မိတယ်။ ပြီးရင်တောထဲ မှာ ကုလား မကျည်းသီးတွေ လိုက်ခူးကြ နဲ့ ပျော်စရာကြီး။ အဲတုန်း က နံနံစော်စော်နဲ့ မိုင်း ဗုံးတွေ ကို ရှောင်လင် လုပ်ပြီး သွား ရတာ ခုနေ တွေးကြည့် တော့ ရွံစရာကြီး ပဲ။

  • Mr. MarGa

    January 11, 2013 at 2:58 pm

    အင်း
    ဘပုကတော့ အရည်အသွေးတွေ အစွမ်းကုန် ထုတ်ပြနေပါလား
    ကောင်းလှောင့်တေး ကောင်းလှောင့်တေး

  • ရွှေတိုက်စိုး

    January 11, 2013 at 3:55 pm

    အမလေးလေး လက်စွမ်းကတော့ ထက်သဗျာ..
    ချီးအလှပြိုင်ပွဲလေး ကြိုက်မိသဗျာ… အုံးရှစ်သီးစားရင် အီးကိုအရောင်ဆိုးလို.ရဒယ်ဆိုတာလေး ဗဟုသုတရသွားတယ်…ဟဟဟဟ
    သားချောတေးလေးကလဲ မိုက်ပ.. ဖားသေတစ်ခုအရင်းပြု အိမ်ထောင်ကျ သားတစ်ယောက်ရ..
    အော်ရွာထဲက လူပျိုသိုးဒွေ အတုယူစရာပေါ့ဗျာ…
    မော်ဒယ်ဗွိုင်းလို ဖစ်လိုက်တော့ ဖင်ပြဲသွားရှာတဲ့ ကိုအောင်ပု နောက်ဆို ဖင်မကွဲအောင် ဂရုစိုက်ပေါ့ဗျာ..
    အထိုင်မတတ်တော့ ဖြဲသလိုဆိုလားဘဲ.. ပြဲသွားတဲ့ဖင် ဗြိဗြိဗြိ………. ခိခိခိ

  • kai

    January 11, 2013 at 4:13 pm

    ကြုံလို့ပြောရရင် ဂေဇက်လည်းပြက္ခဒိန်မထွက်တော့ နိုးဂွတ်ဘစ်ဇနစ်ဘဲ

    ပြက္ခဒိန်လုပ်ဖို့.. ကြိုးစားနေတာ.. မြန်မာနှစ်စ ဧပြီ၂၀၁၃ ကနေ.. ဧပြီ၂၀၁၄အထိလေ..
    ကလေးတွေ မြန်မာစာသင်နေကြပုံနဲ့..
    ပြည်နယ်အနှံ့.. ဓါတ်ပုံတွေမှာထားတာပဲ..။ ဘစ်ဇနက်မဟုတ်.. အလကားဝေမှာ..။

    ဆိုတော့..
    ဓမ္မစေတီလို့ထင်တယ်..။ ငယ်ငယ်က.. တော်တော်သောင်းကြမ်းဆိုပဲ..
    အဲဒါ.. ဘုန်းကြီးကျောင်းက..ဘုန်းကြီးအံဆွဲထဲ.. အီးအီးပါချထားတာ.. ဘုန်းကြိးက..ဘယ်သူလည်းသိချင်လို့.. အသည်းအသန်လိုက်မေးပါတယ်တဲ့..
    ဘာကြောင့်လည်းဆိုတော့.. ပါချထားတဲ့.. အီးအီးပုံသဏ္ဍန်က.. စေတီပုံဖြစ်နေတဲ့လို့တဲ့လေ..။
    အဲဒါ.. ဘုန်းကြီး.. တန်ခိုးကြီးမင်းဖြစ်မယ်..ဆိုပြီး.. တော့တဲ့..။
    ကိုရင်အောင်ပုတို့ရဲ့.. ချီးအလှပြိုင်တာမျိုးဆိုတာ…. အဲဒီခေတ်ကတည်းကရှိပုံပေါက်ပါတယ်..။ :kwi:

  • mamanoyar

    January 11, 2013 at 4:20 pm

    ရေးသားပုံကတော့မိုက်တယ်
    ဟားးးးးးးးးးးးးးး မရှက်ပါနဲ့ နည်းနည်းလေးကွဲတာပဲ
    ဒါမှ မိုက်ကယ်ဂျော်နီအောင်ပုရဲ့ဒီဇိုင်းကလန်းတယ်လို့ပြောကြမှာပေါ့

  • padonmar

    January 12, 2013 at 12:18 am

    ဘပု ကလိတာနဲ့ သဂျီးလည်း ပြက္ခဒိန်အလကားဝေတော့မယ်တဲ့ဟေ့။
    ကလေးတွေပုံဆို မားကက်တင်းမကောင်းဘူး။
    ဂဇက်က ဘပုတို့ ဖြိုးတို့ ပုံတွေနဲ့ ထုတ်ပါဗျို။
    ့………
    ဘပု ဦးကျောက်လိုပဲ လိင်ဗျံစီးပြီး ပြန်လာမယ်ဆိုရင် ဒီလဆုတွက် ဒီပို့စ်ကို တစ်လက်စတည်း ထည့်ပေးလိုက်မယ်။
    လာမှာလား????

  • ဦးကြောင်ကြီး

    January 14, 2013 at 10:41 am

    မိတ်အင်ကပု ပြက္ခဒိန် ဖတ်ပြီးမှ ဒီလ ငါ့လပါလား သိသွားတယ်… ခွီးဂရား ပြောရင်းဆိုရင်း မာန်တက်လာဗျီ…. ခြစ်ချင်တယ်ဗျို့ ဘယ်ရွာသူ အခြစ်ခံချင်သလဲ……….

  • Novy

    January 14, 2013 at 1:56 pm

    ဘပုရဲ့ချီးနီကာကို ဖတ်ပြီး နှာခေါင်းတောင်ယောင်ပြီး
    ပိတ်မိသွားတယ် အရေးအသားကောင်းပုံများတော်

  • အရီးခင်လတ်

    January 20, 2013 at 3:07 am

    ဟေ့ လူကြီး .. ထ .. ထ
    ဟို ပွဲသွားမဲ့ သူတွေကို နိဗ္ဗာန်ဆော် လုပ်ပြီး လောဆော်မပေးတော့ဘူးလားဗျို့။
    :harr:

    • surmi

      January 20, 2013 at 6:16 am

      အရီး ဘပုက စောင် ့ကြည် ့နေမှာပါဗျ ဟဲဟဲ
      ခက်တာက သူ ့ဟာက်ုကောင်းတယ်လို ့ပြောရင်လည်းကြိုက်မှာမဟုတ်ဘူး
      ဒါပေမဲ ့လည်း ဒီတစ်ပုဒ်ကိုဖတ်ပြီး သူ ့ပရိတ်သပ်တွေနှစ်ဆတိုးသွားတာတော ့
      ငြင်းမရဘူး အရီးရေ
      ကဲ ကိုပုကြီး
      ကျုပ်လည်းဒီလိုရေးတတ် တွေးတတ်အောင် ကြိးစားကြည် ့ဦးမယ် ဗျို ့

  • အရီး လေး

    January 20, 2013 at 8:14 pm

    ဘပုရဲ့ လူရှိန်အောင် ရေးလိုက်တာ
    အားပေး ကြတာ အောလပုံ ဘဲ
    ရေးထားတာ
    တကယ်ကို တောင်ရောက် မြောက်ရောက် ရီရတယ်
    :hee:

  • weiwei

    February 10, 2013 at 9:06 pm

    ဒီလိုမှတ်ချက်တွေ ပေးထားကြတယ် …

    တောင်တစ်လုံး မြောက်တစ်လုံး အစီအစဉ်မရှိရေးထားသလိုလိုနဲ့
    ပီပီပြင်ပြင် ဝေဖန်ထားတဲ့ သရော်စာကတော့ ဘကြီးပုရဲ့ မာစတာပိစ်၊(သူကကန့်ကွက်ပမယ့် ကြိုက်လွန်းလို့မရွေးပဲမနေနိုင်ပါဘူး၊)

    ဒီပိုစ်လေးက တော့ ဖတ်သူတိုင်းကြိုက်မယ်လို့ယုံကြည်ပါတယ်။

    ဒီပိုစ်လေးကို ဘာလို့ရွေးလဲလို့ပြောရင် မရွေးရင် အောင်ပုဆဲမှာ ကြောက်လို့ရွေးလိုက်ပါတယ်။

    သူက တယ်အဆဲသန်တာကိုးဗျ။
    ဒါပေမယ့် စာအရေးကောင်းလွန်းတယ်

    မန္တလေးဂဇက်မှာ အောင်ပုလက်ရာ ဒီလိုပို့စ်လေးတွေက စွဲဆောင်မှုရှိပါတယ်။ အရေးအသား ကျွမ်းကျင်လွန်းလို့ တောင်တစ်လုံး မြောက်တစ်လုံး ဘယ်လိုပဲရေးရေး အရမ်းဖတ်လို့ကောင်းတယ်။

Leave a Reply