Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘဲဥ ရဲ့ကိုယ်တွေ့မှတ်တမ်း

ဘဲဥJanuary 11, 20131min70542

သတ္တု မုဆိုးဆိုတာ သတ္တုတွေရဲ့ အကြောင်းနဲ့ ထွက်ရှိနိုင်တဲ့နေရာကို ကောင်းကောင်ကြီး သိရတယ်ကွ ဟုပြောဆိုလိုက်သော ဆရာရဲ့စကားကြောင့် ကျောင်းပြီးကာစ ဘဲဥ အဖို့ သွေးနားထင်ရောက်သွားစေတယ်ဗျ။ ပြီးတော့ ကျနော်တို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “တူ နဲ့ စိတ်ပဲရှိတယ်” ဆိုတာကို သွားသတိရလိုက်မိတယ်။
“တူ နဲ့ စိတ်” ဆိုတာက ကျောက်သားနမူနာတွေကို ရိုက်ဖဲ့ဖို့လိုအပ်တဲ့ တူ ၊ ပြီးတော့ အဲ့ဒီ ကျောက်သားနမူနာတွေကို လေ့လာခွဲခြား အဖြေထုတ်နိုင်တဲ့ ဦးနှောက်။
ဘဲဥ တို့ အဖွဲ့ရောက်နေတဲ့နေရာက ကချင်ပြည်နယ်ထဲမှာရှိတဲ့ အလွန်ထူထပ်တဲ့ တောအုပ်ကြီးတစ်ခုအတွင်း။ ဘဲဥတို့အဖွဲ့ စခန်းချတဲ့နေရာကို ရောက်ဖို့ ကားလမ်းမကနေ ငါးနာရီခွဲလောက် လမ်းလျှောက်ရတယ်။ ( စခန်းရောက်ဖို့ ငါးနာရီခွဲလောက် ကိုယ့်အထုတ်ကိုယ်ထမ်းပြီး လျှောက်ရတာ တော်တော်ဂွမ်းတယ်)၊အဲ့ဒီနေရာမှာ ကျနော်တို့ အဖွဲ့ရယ် ၊ကျနော်တို့ နေရာနဲ့ နှစ်မိုင်အကွာလောက်မှာရှိတဲ့ K I A တပ်စခန်းရယ် ဒါပဲရှိတယ်၊ တစ်ခါတစ်ရံ တောလည်ထွက်တဲ့ မုဆိုးတွေတော့ ကလွဲလို့ လူအရောက်အပေါက်နည်းတဲ့ဒေသတစ်ခုပေါ့ဗျာ ။ ဘေးပတ်ဝန်းကျင်မှာတော့ မြင့်မားလှတဲ့တောင်တန်းကြီးတွေရယ် နေပြောက်မထိုးနိုင်လောက်အောင်ထူထပ်တဲ့ တောအုပ်ကြီးတွေနဲ့ ပတ်လည်ဝိုင်းပြီးတော့ ငြိမ်သက်အေးချမ်းပြီး တော်တော်လေးသာယာလှပတယ်ဗျ။ တောကောင်တွေကလည်း ပေါမှ ပေါပဲဗျို့…။ချေ၊စိုင်၊ဆတ်၊ပြောင်၊တောဝက်၊အောက်ချင်းငှက်၊ အောင်လောင်ငှက်၊ဒေါင်း၊ တောကြောင်(တောအရက်သောက်တာများပြီး ကြောင်နေတဲ့သူမဟုတ်ပါ) ….စတဲ့ တောကောင်တွေပေါ့ဗျာ။ မြင်တွေ့နေရတဲ့ မြင်ကွင်းအလှတွေကြောင့် အခုမှစရောက်လာတဲ့ ကျတော်တို့ အဖွဲ့ လန်းဆန်းတက်ကြွနေကြတာပေါ့ဗျာ။ စခန်းရောက်လို့ ခဏနား၊ စားသောက်ပြီးလို့ ပတ်ဝန်းကျင် အလှအပတွေကို ခံစားမလို့ ကြံတုံးရှိသေး “အခုရောက်လာတဲ့ အဖွဲ့ လိုက်ခဲ့ကြအုံး” ဆရာကပြောတော့ ၊ ကျနော်တို့လည်း လိုက်သွားရတာပေါ့ ၊ သွားရင်းနဲ့ ဆရာ ဘယ်သွားရမှာလဲလို့ မေးကြည့်တော့ KIA စခန်းကို သွားပြီး မိတ်ဆက်ပေးမလို့တဲ့ ။ စိတ်ထဲမှာ နည်းနည်းတော့ လန့်သွားတယ် ကိုယ့်အလှည့်ရောက်မှ ကံစမ်းမဲပေါက်ပြီးတော့ အပစ်ခံရရင်တော့ ကိစ္စချောပြီဆိုပြီးတော့ပေါ့၊ စခန်းလည်းရောက်ရော ကိုယ်ထင်ထားတဲ့ဟာနဲ့ တစ်လွဲစီဖြစ်နေတာကို တွေ့လိုက်ရတယ် ၊ ရဲဘော်တွေက ဖော်ဖော်ရွေရွေရှိပြီးတော့ အရမ်းခင်ဖို့ကောင်းတာကို သိလိုက်ရတယ်။ သူတို့စခန်းကို ဆလန်ဂမား(မြန်မာလို တပ်ကြပ်) အုပ်ချုပ်တယ် ၊ သူကလည်း တော်တော် သဘောကောင်းတယ်ဗျ။
ကျနော်တို့ အဖွဲ့ ကလည်း ပါလာတဲ့ လက်ဆောင်တွေပေး (စည်သွပ်ဘူး၊ မုန့် စတာတွေပေါ့) လို့ ဆရာက မိတ်ဆက်ပေးတယ်၊ သူတို့ကလည်း လိုတဲ့အကူအညီရှိရင်ပြောပါ
ကူညီပေးပါ့မယ်ဆိုပြီး နွေးနွေးထွေးထွေးဆက်ဆံပါတယ် ၊ ကျနော်တို့လည်း ကျေးဇူးတင်ကြောင်းပြောရင်းနဲ့ ကျနော်တို့ရဲ့ စခန်းကို လာလည်ဖို့ ဖိတ်ခဲ့တာပေါ့ဗျာ။
ဒီလို့နဲ့ သတ္တုရှာတဲ့ အစပိုင်းရက်တွေမှာ KIAရဲဘော်တွေလည်းပါလာရင်းနဲ့ကျနော်တို့အဖွဲ့နဲ့ တော်တော်လေးရင်းနီးခင်မင်သွားပြီး ၊ တစ်ယောက်နဲ့တစ်ယောက် ပြောမနာ ဆိုမနာ ငယ်ပေါင်းတွေလို ဖြစ်ခဲ့ကြတယ်။ အဲ့ဒီတော့မှ သူတို့ ရဲ့ ဘဝအကြောင်းတွေကို သိခွင့်ရခဲ့ပါတယ်ဗျာ ၊ သူတို့ရဲ့ ရဲဘော်ဘဝ လစာ၈၀၀၀(ရှစ်ထောင်ကျပ်)နဲ့ ရိက္ခာအတွက် စပါးကို ကိုယ့်ဟာကိုယ်စိုက်ပြီးစားသောက်နေရတယ်ဆိုတာတွေ့လိုက်ရတယ်။သူတို့ သဘောထားက တပ်ထဲကို မဝင်ချင်တာကို အကြောင်းအမျိုးမျိုးကြောင့် ရဲဘော်ဘဝရောက်နေတဲ့လက်အောက်ငယ်သားတွေရဲ့ ပင်ပန်းဆင်းရဲစွာနဲ့ နေနေရတဲ့ ဘဝတွေကိုလည်း စာနာသနားမိတယ်။ အထက်လူကသာကောင်းစားပြီးတော့ အောက်ကလူတွေက ငတ်နေတာ ဘယ်မှာပဲဖြစ်ဖြစ်ရှိနေတာပဲလားလို့လဲ တွေးမိလိုက်တယ်။ 😥
ကျနော်တို့ အဖွဲ့တွေ သတ္တုရှာတဲ့အခါ ချောင်းကြိုချောင်းကြား တောကြိုတောင်ကြားလှည့်ပတ်သွားပီး တောနင်းရှာဖွေရတယ်။
အဲ့လိုရှာတဲ့အခါမှာ လိုချင်တဲ့သတ္တုပါဝင်တဲ့ကျောက်သားမျိုးကို အရင်ရှာရတယ်ဗျ၊ အဲ့ဒါကလည်း သတ္တုအမျိုးအစားပေါ်မူတည်ပြီးတော့ ကျောက်သားလည်း အမျိုးမျိုးကွဲပြားပါတယ်။(ဥပမာ ။ ။ နီကယ်၊ခရိုမီယမ် ကိုရှာချင်တယ်ဆိုရင် ဆာဖန်တင်နိုက်(surpentinite)001အဲ့ဒီလိုပုံထဲက ကျောက်သားမျိုးကိုရှာရတယ်ဗျ၊ ဘာလို့လဲဆိုရင် အဲ့ဒီကျောက်သားမျိုးက နီကယ်၊ ခရိုမီယမ် သတ္တုကို အဓိက သယ်ဆောင်လာတဲ့ကျောက်သားဖြစ်လို့ပါ။) ဥပမာအဖြစ်ပြောတာနော် အခုကျနော်တို့ မြန်မာနိုင်ငံမှာတော့ အဲ့ဒီသတ္တုတွေကို ရှာတွေ့ရင်လည်း ထုတ်ခွင့်မပေးဘူး ။ နိုင်ငံသားတွေကိုပြောတာနော် ၊ တရုတ်ဆိုရင်တော့ ရတယ် အခု တကောင်းမှာ နီကယ်စက်ရုံအကြီးကြီးတည်ထားတာ :om: ပြောရင်းနဲ့ ဘယ်ရောက်သွားပါလိမ့်…………….
အဲ့ဒီလို ရှာတဲ့အခါမှာ ပျော်စရာကောင်းသလို ၊အန္တရာယ်လည်းများတယ်ဗျ၊ ဘယ်သူမှ မရှိတဲ့တောကြီးမျက်မည်းထဲမှာ ကိုယ့်အဖွဲ့သားတွေအချင်းချင်း စကြနောက်ကြနဲ့ ၊ လမ်းမရှိတဲ့နေရာတွေမှာ ဝါးရုံပင်ပုတွေအောက်မှာ လေးဘက်ထောက်ပြီးသွားခဲ့ရတာတွေ၊ ဝမ်းလျှားမှောက်ပီးသွားခဲ့ရတာတွေ ၊ အောက်ခြေမှာ ဘယ်လိုမှတိုးမပေါက်တဲ့ နေရာမျိုးတွေဆို အဲ့ဒီဝါးရုံပင်ပုတွေပေါ်ကနေ နင်းပြီး မျောက်တွေလို ခုန်ဆွခုန်ဆွ သွားခဲ့ရတာတွေ အများကြီးပါပဲ၊ အဲ့လိုသွားရတဲ့ အချိန်ပေါ့ ရှေ့က ဘယ်ကောင်လက်ကမြင်းသွားလဲမသိပါဘူး ဝါးပင်ကို ဓါးနဲ့ပိုင်းသွားတာ အဲ့အပင်က ဝါးရုံရဲ့အောက်မှဖုံးနေပြီး ဝါးချွန်ထောင်ထားသလိုဖြစ်နေတာ ၊ အဲ့ဒီပေါ်ကို ခြေချော်ပြီးပြုတ်ကျသွားတော့ ပေါင်ရင်းကိုထိုးခွဲသွားတာ တစ်လက်မနီးပါးလောက်ပြဲထွက်သွားတယ်(တော်သေးတယ် ဘဲဥတို့ လုံးရာက ပြားတော့မလို့ အပေါ်နည်းနည်းရောက်ရင်ကို ကိစ္စတုံးပြီပဲ )၊ တစ်ခါသားလည်း တောင်ပေါ်မှာ နေ့လည်ပိုင်း ထမင်းစားနားနေကြတုံး တောမီးထလောင်တာ လောင်အားကလည်း ကောင်းမှကောင်းပဲ ဝါးရွက်ခြောက်တွေ ဝါးရုံပင်ခြောက်တွေကအားဖြည့်ပေးသလိုဖြစ်နေတော့ မြန်လိုက်တာဗျာ တဝူးဝူး….. နဲ့ ဝါးဆစ်ပိုင်းပေါက်တဲ့ အသံတွေကလည်း တဘုံးဘုံး တဘိုင်းဘိုင်းနဲ့ စစ်ဖြစ်နေသလားတောင်ထင်ရတယ်။ ကျတော်တို့ အဖွဲ့လည်း ဒရောသောပါးနဲ့ ပြေးပြီး တောင်စောင်းအတိုင်း ဖင်ဒရွတ်တိုက်နဲ့ ချောင်းထဲကို လျှောဆင်းပြေးရတယ်၊ တောကောင်တွေဆိုလည်း လန့်ပြီးပြေးတာ ကမ္ဘာပျက်တဲ့အတိုင်းပဲ ၊ တော်သေးတယ် ကိုယ်တွေ ရှိတဲ့ဆီကိုပြေးမလာတာ ကျေးဇူးတင်ရမယ် ၊ နို့မို့ဆို သူတို့တက်နင်းသွားတာနဲ့တင် တော်တော်နေကောင်းသွားနိုင်တယ်။ ချောင်းထဲရောက်တော့လည်း အမောမှ မပြေသေးဘူး သူငယ်ချင်းက လှမ်းအော်လိုက်တာ “ဘဲဥ မင်းရဲ့ ဘေးမှာ မြွေကြီး” တဲ့ ဘာရမလဲ ဒီကကောင်ကလည်း လက်ထဲမှာပါလာတဲ့တူကို ခါးကြားထိုးပြီး ပြေးတာပေါ့(လှည့်ကြည့်နေရင် ခြေတစ်လှမ်းနောက်ကျနေမှာစိုးလို့ :mrgreen: ) ခပ်ဝေးဝေးရောက်မှ အခုနနေရာကို လှမ်းကြည့်လိုက်တော့ စပါးအုံးမြွေကြီးဗျာ ၊ နည်းတဲ့ကောင်ကြီးလား ဆယ်ပေကျော်လောက်ရှည်ပြီးတော့ လူကြီးတစ်ယောက် ခြေသလုံးလောက်တုတ်တယ်၊ အူတွေရော အသဲတွေပါ တုန်တက်သွားတယ် ဂယ်ဘဲ ။
အဲ့လိုမျိုး အဖြစ်အပျက်တွေနဲ့ တစ်လကျော်ကြာတဲ့ အထိ ကျနော်တို့ အဖွဲ့ ရှာနေတဲ့ သတ္တုမျိုးကို မတွေ့ရသေးဘူး။ အစပိုင်းတုံးက အဖော်လိုက်လာပေးတဲ့ ရဲဘော်တွေလည်း လိုက်ရမှာ ပျင်းလာလို့ထင်တယ် “တော်ပြီကွာ ငါတို့ မလိုက်ချင်တော့ဘူးယောက်ဖတဲ့” သူတို့ကအရမ်းခင်တဲ့ သူငယ်ချင်းတွေကို ယောက်ဖခေါ်တယ်ဗျ (ဘယ်သူက ပေးရတာလဲတော့သိဘူး :mrgreen: ) ၊ အဲ့လိုပြောတော့ ကျတော်က “အေး အေး ယောက်ဖ မင်းမလိုက်ချင်ရင် သေနတ်ငှားပေးကွာ လိုလိုမယ်မယ် ဆောင်ထားရအောင်လို့ ” ဆိုတော့ အဲ့ဒီရဲဘော်က “အေး ရတယ် ၊ ဒါပေမယ့် ကျည်ဆံတစ်တောင့်ကို ငါးရာ ကျပ် ပေးရမယ်” အဲ့ဒါနဲ့ အရောင်းအဝယ်တည့်သွားတာပေါ့။ ဒါနဲ့ “ယောက်ဖ မင်းသေနတ်ပစ်တတ်လို့လား” ဆိုပြီးမေးတယ် “မပစ်တတ်သေးဘူး သင်ပေးကွာ” ဆိုပြီး သင်ခိုင်းရတာပေါ့ ။ အဲ့ဒီရဲဘော်ကလည်း သင်ပေးမယ်ဆိုပြီး တူမီးသေနတ်ကြီးနဲ့ စသင်ပေးတယ်၊ အဲ့ဒီတူမီးပြောင်းထဲကို ယမ်းထည့် သံချောင်းအရှည်နဲ့ထောင်း ခဲသီးထည့် အဲ့ဒီ ထည့်ထားတဲ့ ခဲသီး အလွယ်တကူ ပြုတ်မကျအောင် သပွတ်အူလက်တစ်ဆစ်လောက်ထည့်ပီး နားခွက်လို့ခေါ်တဲ့ မောင်းတံရိုက်တဲ့နေရာလေးကို မီးကူးတာမြန်တဲ့ စပ်ယမ်းဆိုတာထည့်ပြီး ပစ်ကြည့်စမ်းလို့ ပြောတော့ ။ ဒီကကောင်ကလည်း ဘာရမလဲ အပင်ကြီးကြီးကို ရွေးချိန်၊ ခြေစုံရပ် သေနတ်ဒင်ကို ပုခုံးမှာဟန်ပါပါနဲ့ထောက်ပြီးတော့ သေနတ်မောင်းကို ဆွဲဖြုတ်ချလိုက်တာ ဒိန်း…ဆိုတဲ့အသံအကျယ်ကြီးဟိန်းထွက်လာပြီး သေနတ်ဒင်က ရင်ဘတ်ကို ပြန်ကန်တာ ၊ရင်ဝကို ဆောင့်ကန်ခံလိုက်ရသလိုဘဲ ။ ခြေစုံရပ်နေတဲ့ ဘဲဥ နောက်ကို ဖင်ထိုင်ရက်ကြီးပြုတ်ကျတာ အောက်မှာ ဘာမှမရှိလို့တော်သေးတယ်၊ မြေကြီးပေါ်မှာသာ ငုတ်တွေဘာတွေရှိရင် ဘဲဥတို့တော့ ပွင့်ဘီပဲ :mrgreen:
ဒါနဲ့ပဲ ပေါ့ပေါ့ပါးပါး ကာဘိုင်လေးတစ်လက် ငှားပေးလိုက်တယ်ဗျ၊ ဘဲဥလက်ထဲ သေနတ်ကားတားကားတားနဲ့ ကိုယ့်ကိုကိုယ် အလန်ကွာတာမိန်းလိုလိုဘာလိုလို စိတ်ဝင်နေတာ မြောက်ကြွမြောက်ကြွနဲ့ မဲမဲမြင်ရာ ပစ်ချင်နေတော့တာ။
မြောက်ကြွမြောက်ကြွသာဖြစ်တာ တောဝက်ကိုမြင်တော့ မပစ်ရဲဘူးဗျ၊ တောဝက်ဆိုတာက သူ့ကိုပစ်လိုက်တဲ့ ကျည်လမ်းကြောင်းအတိုင်း တရှိန်တိုး ပြေးဝင်ပြီး ပက် တက်တယ် လို့ကြားဖူးထားလို့ တွန့်နေတာလေ (အဲ့လိုလည်း သတ္တိကောင်းတယ် :mrgreen: ) လမ်းမှာ သွားရင်းလာရင်းနဲ့ ချေတစ်ကောင်တွေ့လို့ သုံးချက်လောက်ဆက်တိုက်ဆွဲပလိုက်တာပေါ့ဗျာ၊ ဟဲ ဟဲ…. ဘာရမလဲ ဘဲဥ ကွ တစ်ချက်မှမထိဘူး 😀 ကျည်ဆံဖိုး ၁၅၀ဝ ထွက်သွားတာကတော့ မှတ်မှတ်ရရပါပဲဗျာ။
အဲ့လိုနဲ့ တောထဲမှာ နေလာလိုက်တာ နှစ်လကျော် သုံးလနီးပါး ရောက်တဲ့အထိ ကျနော်တို့ ရှာတဲ့သတ္တုမျိုး အစအနမတွေ့ရသေးဘဲ သတ္တုစွဲဝင်နိုင်တဲ့ ကျောက်သားမျိုးတွေကိုသာ တွေ့နေရတော့ အဖွဲ့သားတွေလည်း တော်တော် စိတ်လေနေကြပြီ။ နောက်ဆုံး ဆယ့်ငါးရက်နေလို့မှ အခြေအနေ အထူးရင် ပြန်ဆုတ်ကြဖို့ တိုင်ပင်ကြတယ်။ဒီလိုနဲ့ ဆရာ ဦးဆောင်တဲ့ ကျတော်တို့ ဘူမိ အဖွဲ့သားတွေက ကွန်တိုမြေပုံတွေ ၊ ဘူမိမြေပုံတွေ ၊ ရေဝေကြောအနေအထားတွေ သေချာတိုင်ပင်ဆွေးနွေးပြီးတော့ ဆက်ရှာလိုက်ကြတာ တစ်ပတ်(ရရက်) လောက်နေတော့ စခန်းနဲ့ သိပ်မဝေးတဲ့ ချောင်းခွဲလေးအတွင်းမှာ ကျတော်တို့ရှာနေတဲ့ သတ္တုပါဝင်တဲ့ကျောက်သားအပိုင်းအစလေးကို စတင်တွေ့လိုက်ရတယ်။အစပိုင်းမှာ ရှာနေတာက စခန်းနဲ့ တော်တော်ဝေးဝေးနေရာတွေ၊ တွေ့မယ့်တွေ့တော့ နီးနီးလေး ။အဲ့ဒါနဲ့ချောင်းခွဲလေးတစ်လျှောက် ပိုက်ဆိပ်တိုက်ပြီး မွှေနှောက်ပစ်လိုက်ကြတာ ပေါ့ဗျာ၊ အဲ့ဒီချောင်းခွဲလေးပတ်ဝန်းကျင်နေရာတွေက တော်တော်ခြောက်ခြားဖို့ကောင်းတယ်၊ ကျောက်ဂူတွေ တော်တော်များများတွေ့ရသလို ရေတံခွန်လေးလည်းရှိတယ်၊။ နောက်ဆုံးမွှေနှောက်ရင်းနဲ့ ချောင်းအဖျားပိုင်းနေရာကိုရောက်လာတဲ့အချိန်မှာ အပေါ်ယံ မြေသားတွေကဖုံးထား ပြီး မြေသားအပေါ်မှာ တစ်ပေပတ်လည်လောက်ပဲ ချွန်ချွန်လေးထွက်နေပြီးတော့ သုံးလလုံးလုံး ကျနော်တို့ အဖွဲ့ကို ပုန်းနေတဲ့ သတ္တုငုတ်(သူူ့ဟာသူနေတဲ့ သတ္တုငုတ်ကို ရှာမတွေ့တိုင်း စွပ်စွပ်ဆွဲဆွဲ)၊
အဲ့ဒီငုတ်ရဲ့ ဘေးပတ်ဝန်းကျင်၊ ကျောက်လွှာအနေအထား၊ အစမ်းကျင်းဖောက်၊ သတ္တုပါဝင်တဲ့ရာခိုင်နှုန်းစမ်းသပ်၊ Drillတူး(လွန်ကျင်းတွေဖောက်)၊သတ္တုသိုက် ပမာဏ တွက်၊ အားလုံးသေချာစမ်းသပ်စစ်ဆေးပြီး ရရှိလာတဲ့ အဖြေကတော့ ကျတော်တို့ မျှော်လင့်ထားတဲ့ ပမာဏထက်ပိုတယ်ဆိုတာကို အံဩဝမ်းသာစွာနဲ့ သိရှိခဲ့ရပါကြောင်း ………………
……………………………………………………………………………………………………………………………..
……………………………………………………………………………………………………………………………..

အဲ့ဒီ အချိန်တုံးက အရမ်းပဲ ချစ်ခင်ဖို့ကောင်းတဲ့ KIAရဲဘော်များကိုလွမ်းမိပါတယ် အခု သူတို့ ဘယ်တွေရောက်လို့ ဘယ်လိုတွေများဖြစ်နေပြီလဲ
အရင်က အရမ်းချစ်ဖို့ကောင်းတဲ့ KIA အခုဘယ်လိုဖြစ်နေတာလဲကွာ

:byae:

42 comments

  • Mr. MarGa

    January 11, 2013 at 8:33 pm

    ဥဥ
    နင်တို့ရှာတာ ဘာသတ္ထုလဲ
    သိချင်လို့
    နတ်ပြည်မှာ ရှာမလို့

    • ဘဲဥ

      January 12, 2013 at 7:33 pm

      အဲ့ဒါ ပလူတိုနီယံ လို့ခေါ်တယ် ။ ချွန်ပေးလိုက်ဘီ :mrgreen:

      • Mr. MarGa

        January 12, 2013 at 8:42 pm

        ဒါကြောင့် ဘဲဥ ဂျီဖြစ်သွားတာနေမှာနော်
        :hee:

  • ဦး ကျောက်ခဲ

    January 11, 2013 at 9:26 pm

    ကိုယ့်ညီ….. မနက်မှ မန့်ပါရစေ!
    ညီ၊ ဘ.ဓ.ရ ထွက်လား?
    မောင်ရင် “ဂျီ” ဆိုရင်တော့…… ဆက်သွယ်ပါလေ
    ဘာမှမဟုတ်ဘူး :harr:

    • အရီးခင်လတ်

      January 11, 2013 at 9:39 pm

      ဂျီ နောက်မှာ စာလုံး ကျန်နေသလား ကိုကျောက်ရေ။
      ဂျီTalk ကို ပြောတာနော်။
      ဂျီBox လို့ ပြောတာမဟုတ်ဘူး။ jk
      😆

      • ဘဲဥ

        January 12, 2013 at 7:50 pm

        ဟုတ်ဘူးဗျ
        ကျနော်တို့ ဘူမိအဖွဲ့သားတွေ Geology အတိုကောက်နဲ့ Gကောင်တွေလို့ အမည်ပြောင်နဲ့ခေါ်ကြတယ်
        လူငယ်တွေကို Gပေါက်တွေဆိုပြီးခေါ်ကြတယ်ဗျ

    • ဘဲဥ

      January 12, 2013 at 7:42 pm

      ဟုတ်ပါတယ်အူးကျောက် ။ကျနော် ဘ ဓ ရ ထွက်ပါ ။ ဌာနပျက်ဆီးတဲ့အချိန်မှာ ထွက်ခဲ့တာပါ

  • padonmar

    January 11, 2013 at 10:29 pm

    ဘူမိအကိုကြီး ဦးကျောက်ကိုတော့ ယောက်ဖသွားမခေါ်နဲ့နော် ဘဲဥ၊
    ဒီတစ်ခါ အာဝေနိကဒုက္ခ ထပ်ခံမယ့် နှမ မရှိတော့ဘူး။ကိုယ်ကပဲ ပေးရမှာ….

    …………
    ဘဲဥစာကို KIA များဖတ်မိပါစေသတည်း..

    • ဘဲဥ

      January 12, 2013 at 7:55 pm

      အဟီးးးး ကျနော့်မှာလည် ပေးစရာကျန်ဒေါ့ဘူး :mrgreen:

  • kai

    January 12, 2013 at 2:30 am

    အဲဒီသတ္တုတွေမရှာပဲ.. ဥက္ကာပျံအပိုင်းအစတွေ.. ရှေးဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်းတွေရှာတာ.. ပိုက်ပိုက်ပိုရမယ်လို့.. ထင်မိတယ်…။
    တတ်တဲ့ပညာလေးသုံးပေါ့…
    ငွေဖြစ်မြန်တယ်လေ… :kwi:

    New Mars Meteorite Is Selling for $22,500 Per Ounce—10 Times the …
    gizmodo.com/…/if-youve-got-the-cash-you-can-buy-a-piece-of-mars
    Jan 18, 2012 – Now it’s selling for up to $22500 an ounce, ten times the price of gold. … of rock from Mars fell to Earth six months ago as the Tissint meteorite.
    =

    Velociraptor Mongoliensis (Dinosaur Fossil Reproduction) Late Cretaceous Period
    $67.00
    http://www.museumstorecompany.com/Fossils-Dinosaur-c26/
    =

  • Foreign Resident

    January 12, 2013 at 8:36 am

    ” ကျနော်တို့ အဖွဲ့ကို ပုန်းနေတဲ့ သတ္တုငုတ် ”

    ဘဲဥတို့ ရှာတွေ့တဲ့ သတ္တုငုတ်လေးကိုရော ဘာလုပ်လိုက်သတုံး ။
    ထုံးစံအတိုင်း တရုတ်တွေပဲ တူးနေပြီလား ။

    • ဘဲဥ

      January 12, 2013 at 8:40 pm

      လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အဖြစ်လေးပါ
      အလုပ်ထွက်ပြီးနောက်ပိုင်း ဘယ်သူတွေ သိမ်းသွားလဲဆိုတာတော့ မသိဘူးဗျ
      K I Aပိုင်နယ်မြေထဲမှာဆိုတော့ အစိုးရဘက်က ခွင့်ပြုမိန့်ချမပေးမှာတော့ သေချာတယ်

  • ဦး ကျောက်ခဲ

    January 12, 2013 at 8:57 am

    ကိုဘဲဥရေ အရင်က လာနောက်နေတယ်မှတ်တာ….

    ခင်ဗျားရေးတာဖတ်မိမှ…….
    Mente et malleo (Thought & Hammer) ကျွန်တော်တို့ မောင်ဘူမိများရဲ့ ဆောင်ပုဒ် ရော….
    ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဘလော့ဂါကိုကြီးကျောက် ကိုရော….
    ဘူမိဗေဒရဲ့ဖခင် ဆရာကြီး ဒေါက်တာသာလှ ကစလို့ တောထဲကလက်ဆောင်ရလာတဲ့
    သေရွာပါဝေဒနာ (အသဲရောဂါ၊ အစာအိမ်ရောဂါ၊ ငှက်ဖျား) တွေနဲ့ ဘဝတစ်ပါးကို ခရီးနှင်သွားကြတဲ့ ညီအကိုများ ကိုရော လွမ်းမိတယ်ဗျာ….

    ဒီကြားထဲ စစ်သားမှစစ်သားဆိုတဲ့ အမှောင်ခေတ်ကြီးကနှိပ်စက်လို့ ပညာရှင်တွေလဲ အပြင်ရောက်….
    ဘူမိဗေဒနဲ့ဓာတ်သတ္တုရှာဖွေရေး (ဘ.ဓ.ရ) ဋ္ဌာနကြီးလဲပျက်….. စိတ်နာမိသဗျ….

    အဟီး…. အရီး နဲ့ အကိုပေါက်…. ကျွန်တော်တို့က “ဂျီပုန်း တဲ့ ဂျီမ” တွေ မဟုတ်ရပါဘူးဗျာ…. ဟုတ်တယ်နော် ကိုဘဲဥ
    ကျုပ်တော့ ယောက်ဖလာမခေါ်နဲ့ အမပဒုမ္မာပြောသလို ပေးစရာ မကျန်တော့ဘူး….
    သူကြီးရဲ့ ဥက္ကာပျံအပိုင်းအစတွေ ကတော့ “နီဗားဒါး” မှာ တဲထိုးပြီး မိုးနတ်မင်းကြီးကို ဆုတောင်းပြီး နှစ်တစ်ထောင် စောင့်ပါလေ….
    အဲ…အဲ… တည့်တည့်ကြီး လူအပေါ် ပစ်ချမပေးဖို့လေးလည်း ထည့်ဆုတောင်း….
    :harr:

    • ဘဲဥ

      January 12, 2013 at 8:06 pm

      အဲ့ဒီ တဂျီးမင်းနေတဲ့အိမ်ပေါ်တည့်တည့် တစ်ပေပတ်လည်လောက်ဥက္ကာပျံဝင်ဆောင့်ရင်ကို တော်တော်လေးဖူလုံသွားမယ် :harr:

      • kai

        January 13, 2013 at 7:01 am

        မြန်မာပြည်က.. ဂျီသမားတွေ.. အတုယူလေ့လာသင့်တဲ့.. ဝက်ဘ်ဆိုက်ပါ..
        အသုံးတည့်တဲ့ ပစ္စည်းတွေပါရောင်းတာ…။
        METEORITE MEN METAL DETECTORS
        By special arrangement with our friends at Fisher Labs we are delighted to offer the incredible T2 and F75 metal detectors as used by the Meteorite Men below recommended retail price with an exclusive photo and a free meteorite! Start your own hunting adventure with the best..
        ကျုပ်တော့..အဲဒီတီဗီချာနယ်.. စိတ်ဝင်စားလို့ ခဏခဏကြည့်တယ်…
        အိမ်များလာမှန်မလားလို့.. စောင့်ရတာလည်း..အမော…
        ဥက္ကာပျံကျပါစေ..ကျပါစေ.. :kwi:

        http://www.meteoritemen.com/
        CAMPO DEL CIELO 3,611 grams
        IAB First discovered 1576, Formosa, Argentina
        3,611 gram individual

        New Listing Substantial individual with some unusually large regmaglypts and an engaging sculptural shape displaying several prominent points. Very nice.
        190 mm x 127 mm x 81 mm
        $1,444.00

        • ဦး ကျောက်ခဲ

          January 13, 2013 at 7:33 am

          ဟိ… တဂျီး…… ဆုတောင်းမှားမယ်

          “Armageddon” ရုပ်ရှင် ကြည့်ဘူးတယ်ဟုတ်???????
          လက်သီးဆုပ်လောက် ဥက္ကာပျံဆို တစ်မိသားစုလုံးအတွက် လုံလောက်တယ်…..
          မလုပ်ပါနဲ့ တဂျီးရယ်…… ဒေဝဒတ်က မြေမြို၊ တဂျီးက လောင်မီးကျရင်….
          ကျုပ်တို့ ရွာကလေး ပျက်မှာခင်ဗျ…..

          တဂျီး…. ဆုတောင်းလေး မပြည့်ပါစေနဲ့……
          :harr:

        • ဘဲဥ

          January 13, 2013 at 1:28 pm

          စိတ်ဝင်စားဖွယ်ဆိုဒ်လေးတွေကို လမ်းညွှန်ပေးတဲ့ သဂျီးကို ကျေးဇူးတင်ပါတယ်ခည

  • mamanoyar

    January 12, 2013 at 1:19 pm

    ဦးဦးဘဲဥ
    ကွန်ကကောင်းဘူး ဖတ်ရင်း စည်သွတ်ဘူးတွေ မုန့်တွေ
    လက်ဆောင်ပေး …. အဲနားရောက်သေးတယ်
    ခဏခဏ ဖလန်းဖလန်းဖြစ်နေတာ
    ချိတ်ညစ်တယ်
    commentတောင်ပေးဖို့မလွယ်ဘူး ဒီနေ့ဘာဖြစ်နေတာလဲနော်

    • ဘဲဥ

      January 12, 2013 at 8:15 pm

      ဟုတ်တယ် နိုနိုလေးဂ ဖက်ချင် အဲ့ အဲ့ ဖတ်ချင်နေဒါဂို အိုက်ဒီ ကိုးနတ်ရှင်ဆိုဒဲ့ကောင် အသုံးကိုမကျဘူး

  • ဗုံဗုံ

    January 12, 2013 at 1:30 pm

    အ, လိုက်တဲ့ ဥဥ စပါးကြီးမြွေ သည်းခြေက ဈေးကြီးတယ်ဟဲ့ ဘွဲဥ နေရာမှာ မိဗုံသာဆိုရင်တော့ ဟင်းးး ဟင်းးးး :harr:

    • ဘဲဥ

      January 12, 2013 at 8:21 pm

      စဘဂျီးမြွေ ဟုတ်ဘူးဟဲ့ မိဘုံရဲ့
      စဘဂျီးမြွေဆိုလို့ဂဒေါ့ နဘမ်းလုံးပီးဒေါ့ ဖက်ကိုက်ပလိုက်မယ် :mrgreen:

  • မောင်ထက်ကြီး(မုံရွာ)

    January 12, 2013 at 2:36 pm

    သတ္တုသိုက်ကိုရှာတွေ.ခဲ.တာကတော့ဝမ်းသာစရာပါပဲကိုဘဲဥရေ..
    အဲဒီသတ္တုသိုက်ကို ရောင်းစားဖို.ရှာတာလား ကိုယ်တိုင်တူးဖို.ရှာတာလားဗျာ။။။။။။

    • ဘဲဥ

      January 12, 2013 at 8:26 pm

      ကျနော်တို့ရဲ့ တာဝန်က ရှာဖွေရုံ သက်သက်ပါပဲဗျာ

  • မောင်ပေ

    January 12, 2013 at 6:53 pm

    ထောပြီပေါ့
    မကြာခင် လာ့ဗီးဂတ်စ်သွားကဲရင်
    ဟဲ့ ဘဲဥမ
    ကျုပ်ကိုလဲခေါ်ဦး

    • ဘဲဥ

      January 12, 2013 at 8:31 pm

      မပျော်နိုင်ပါဘူး ကိုပေရယ် အဲ့ဒီတုံးက ကျနော်တိုဘဝတွေက မြင်သာမြင်ရ မကြင်ရတဲ့ အဖြစ်မျိုးပါ :buu:

  • မင်းနန္ဓာ

    January 12, 2013 at 9:46 pm

    တော်သေးတာပေါ့ သတ္တုမတွေ့ခင် ကိုယ့်ဥထွက်မလို့ သီသီလေးတွေ ကြုံခဲ့တာ..
    ဆာဖန်တင်နိုက်(surpentinite) အပြင် တခြား ဘာတွေ တွေ့သေးတုန်းဗျို့
    မြစ်ဆုံ စီမံကိန်းက တူးသမျှမြေကြီးတွေ တရုတ်ကြီး သယ် သယ်သွားတယ်ကြားတာ တော်ရုံမဟုတ်ဘူးမို့ မေးကြည့်တာ

    • ဘဲဥ

      January 13, 2013 at 1:34 pm

      ကချင်ပြည်နယ်မှာ သတ္တု တော်တော်များများတွေ့ရတယ်ဗျ
      ရွှေ ၊ ပလက်တီနမ်၊ ကြေးနီ ၊ တိုက်တေနီယမ်၊ ……………….. အစရှိတဲ့ဟာတွေ တရုတ်ပြည်ထဲကို တရားမဝင်လမ်းကြောင်းတွေကနေရောက်ကုန်တာကို စိတ်မကောင်းဘူးဗျာ

  • ဦးကြောင်ကြီး

    January 12, 2013 at 10:07 pm

    ကေအိုင်အို
    ရွှေဆိုင်မှို
    မေကြိုင်ချို
    ဝေပိုင်ကို
    ဖြေအိုင်ဆို
    နေလှိုင်ပို
    ခြေတိုင်တို
    ကေခိုင်ဗိုလ်…

  • ဘဲဥ

    January 13, 2013 at 1:43 pm

    မရေးတတ်ရေးတတ်နဲ့ ရေးထားတဲ့ပိုစ့်လေးကို (ဆယ်တန်းဖြေတုံးဂ စာစီစာကုံးရေးဒါ တစ်မျက်နှာတောင်မပြည့်ဘူး :mrgreen: ) ဝင်ရောက်အားပေးဂျဒဲ့
    ဥူးမာဃ ၊ အူးကျောက်ခဲ (G မိသားစုတွေတွေ့ရလို့ ဝမ်းသာပါအိ)၊ အရီးလတ်၊ လေးပေါက်၊ မမပဒုမ္မာ၊တဂျီးခိုင်(နှဖူးပေါ်တည့်တည့် မှန်အောင်ပြည့်ဘာဇေ(ဆုတောင်း) 😀 )၊
    မဒဂျီးFR :mrgreen: ၊ မမနိုရာ ၊ မိဘုံ ၊ မောင်ထက်ကြီး၊ ကိုပေ ၊ ကိုမင်းနန္ဓာ၊ အူးအူးကြောင်ဂျီး
    ဒို့ အားလုံးဂို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ :harr:

  • အော် … အော် …
    ငါကိုယ်တော် အဲ့ဒီမှာ တစ်ပါးတည်း သီတင်းတုံးနေဒုံး
    ဆူဆူညံညံ ပူပူညံညံ လုပ်နေဒါ ဒင်းဒို့ဂိုးကွယ့် …
    ဒင်း တွေ့ခဲ့တဲ့ မြွေကြီးက ဘာများ မှတ်သတုံး
    အိုက်ဒါ နာ့ကိုယ်တော်ရဲ့ တပည့် တစ်ယောက်ကွဲ့ …
    နောက်ထပ် နာကိုယ်ဒေါ်ရဲ့ တပည့်ဒွေဖစ်ဒဲ့ ကျားတို့၊ ခြင်္သေ့တို့လည်း ချိဒေးဒယ် …
    ဒင်းဒို့ကို သနွှားလို့ တားထားရဒယ် …
    အိမ်းးး လောကဂျီးဒီကား ထူးဆန်းစွဒဂါး …….

    • ဘဲဥ

      January 14, 2013 at 9:48 am

      ကြားဒို့ ချင်သေ့ဒို့ မလိုပါဘူးအေ
      ဝက်ဝံဒဂေါင်လောက်ဆိုရင်ကို လုံလောက်ပါတယ်အေ့ :mrgreen:
      ဟိုဟာကို ဘုံမြှောက်ပေးရင် ဟိုဒင်းတောင် ကောက်စားဒယ်ဆိုလား
      :harr:

      • ဗုံဗုံ

        January 14, 2013 at 12:30 pm

        ဟုတ်ပါ့ ဥဥ သူ့ခမျာကောက်စားရလွန်းလို့ သွားတွေတောင် ကျိုးနေပြီ ကြည့်ပါလား
        နာဒို့က မန်းလေးသားချင်းချင်းဘဲ နော ဥဥ ရိုင်းပင်းရမှာပေါ့ :harr:

        • ဘဲဥ

          January 14, 2013 at 1:11 pm

          ဟုတ်တာပေါ့အေ့
          ချင်းချင်းဒွေဘဲဟာ…..
          အားကိုးချင်ရင်လည်း ရဒယ်နော် ဟီးးးးးးးးး :mrgreen:

  • Shwe Ei

    January 14, 2013 at 1:21 pm

    ရွာထဲမှာ စာရေးကောင်းတဲ့ ကျောက်ခဲတတုံးထပ်တိုးလာတာကိုး။

    လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ကေအိုင်အေနဲ့ အခု ကေအိုင်အေ ဘာကွာလဲ
    သိရအောင် နောက်တခေါက်လောက်ထပ်သွားပါအုံးလား။

    ပြီးရင် တွေ့သမျှကြုံသမျှလေးတွေ ပြန်မျှပေါ့အေ :mrgreen:

    • ဘဲဥ

      January 14, 2013 at 3:09 pm

      ကချင်တွေနေတဲ့အရပ်ဆီကို …..နင်နဲ့ငါ…..
      သူပုန်တွေ….မရှိတုံးသွားမယ်ကွာ…………. လာဇမ်းဘာ
      တုန်ရီနေဒဲ့………. ဥ..လက်ကလေး….. နင်… ကိုင်ထားဘာ ………
      ရင်ခုန်လွန်းလို့ဘာ…………. :mrgreen:

  • MaMa

    January 14, 2013 at 3:36 pm

    အိမ်တစ်အိမ်မှာ ဂျီကျလွန်းတဲ့ အဖေလုပ်သူကို ဂျီ လို့ ခေါ်တယ်။
    သမီး ၃ ယောက်မွေးတော့ အိမ်နာမည်ပေးထားတာ ဂျီဝမ်း၊ ဂျီတူး၊ ဂျီသရီး တဲ့။
    သူတို့လည်း ဂျီ မျိုးဆက်ပဲ။
    ဂျီ မျိုးဆက်တွေအကြောင်း စကားအတင်းစပ်သွားသည်။ :harr:

  • nozomi

    January 14, 2013 at 5:04 pm

    ဖတ်ဖူးသမျှ ဂျီ သမားတွေကတော့ စာရေးကောင်းသူချည်းပါလား
    (ကိုကျောက်၊ဦးကျောက်၊ကိုဘဲဥ)

    ကိုယ်တွေ့လေး များများရေးပါဦး

    တောထဲမှာ ဘဲဥ ရော စားခဲ့ ရသေးလား

    အခု မြန်မာပြည်မှာ ဘဓရ ဆိုတာ ရှိသေးလား

    • ဘဲဥ

      January 14, 2013 at 6:31 pm

      ဘဓရ ဆိုတာတော့ရှိပါသေးတယ်အကိုရေ့
      ဒါပေမယ့် ပညာရှင်တွေအကုန်လုံးနီးပါး ထွက်ကုန်ကြတဲ့ ဌာနအခွံကြီးပဲကျန်ပါတော့တယ်
      အဲ့ဒီမှာရှိတဲ့သူတွေကတော့ ဟိုနေရာကနေ အကြောင်းအမျိုးမျိုးနဲ့ ရွေ့လာတဲ့သူတွေပေါ့ဗျာ………….

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 14, 2013 at 6:09 pm

    သတ္တုသိုက်ကြီးတွေ့ခဲ့တာတောင် လူချမ်းသာမဖြစ်ဘူး
    ကျွတ်ကျွတ်ကျွတ်
    ကျုပ်က တွင်းထွက်ပစ္စည်းတော့ရှာမတတ်ဘူး
    မြွေတို့ ကြွက်တို့ ဂဏန်းတို့လို တွင်းထဲနေတဲ့အကောင်တွေရှာတဲ့နေရာမှတော့ အိပ်စပတ်ဘဲ

    • ဘဲဥ

      January 14, 2013 at 6:35 pm

      ယခုလိုကြွရောက်ချီးမြှင့်ပေးဒဲ့ အဘပုကိုလည်း ကျေးဇူးဥပကာရတင်ရှိပါတယ် 😆

  • weiwei

    February 10, 2013 at 9:34 pm

    ဘူမိကျောင်းထွက်သုတေသနလုပ်ငန်းရဲ့ အတွေ့အကြုံလေးကို ဟာသနဲ့ ရောပြီး ရေးထားတဲ့ ဘဲဥရဲ့ ရှားရှားပါးပါး ကိုယ်တွေ့ကလေးက မထတမ်းဖတ်မိစေပါတယ်။

    သမိုင်းတွင်မယ့် မှတ်တမ်းလေးတစ်ပုဒ်ကို ရသမြောက်အောင် ရေးဖွဲ့ထားတာ ဆွဲဆောင်မှုရှိတယ်။ ဗဟုသုတလဲရတာမို့ သုတရသ နှစ်မျိုးလုံးစုံတဲ့ ကောင်းမွန်တဲ့ ပို့စ်လေးတစ်ခုပါ။

Leave a Reply