ကျိုက်ထီးရိုးတောင်တက်ခရီး နောက်ဆို လမ်းပဲ လျှောက်ရတော့မှာလား

ဆူးJanuary 14, 20131min53360

ကျိုက်ထီးရိုးဘုရားရင်ပြင်တော်အထိ တောင်တက်ကားများဖြင့်တက်ရောက်နိုင်မှုကြောင့် တောင်တက်လမ်းတစ်လျှောက်ဈေးဆိုင်များနှင့် အထမ်းသမားများ

အလုပ်အကိုင်ရှားပါးလာပြီး စားဝတ်နေရေး ကျပ်တည်းလာမှုကို ဖြေရှင်းပေးရန်အတွက် မွန်ပြည်နယ် ကျိုက်ထိုမြို့မှဒေသခံ ၂၀ဝ ခန့်သည် ဇန်နဝါရီ ၁၅ ရက် နံနက် ၉

နာရီခွဲတွင် ဆန္ဒဖော်ထုတ်ကြမည်ဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူ စိုးစံလက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုဇော်ဝင်းကပြောသည်။

အဆိုပါဆန္ဒပြပွဲကို သက်ဆိုင်ရာက ခွင့်ပြုချက်ပေးထားပြီး “လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ဖျက်သိမ်းပေး” “တန်းတူညီမျှအခွင့်အရေးချက်ခြင်းပေး” “ခရိုနီအုပ်စုများ အလိုမရှိ”

“အများစုရဲ့ဆန္ဒ လေးစားရေး ဒို့အရေး” စသည့် ကြွေးကြော်သံများနှင့် ပိုစတာများကိုင်ဆောင် ဆန္ဒဖော်ထုတ်မည်ဟု ကိုဇော်ဝင်းကပြောသည်။

ကျိုက်ထီးရိုးဘုရားရင်ပြင်သို့ ပြေးဆွဲသော တောင်တက်ကားများမှာ ယခင်က ကင်ပွန်းစခန်းမှ ရသေ့တောင်အထိသာ တက်ရောက်လေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင်

ရင်ပြင်တော်လမ်းဆုံအထိတက်ရောက်နေကြသဖြင့် ထိုလမ်းတစ်လျှောက်ရှိ ဈေးဆိုင်များနှင့် အထမ်းသမားများ အလုပ်မရှိဖြစ်နေကြကြောင်း သတင်းရရှိသည်။

7Day News Journal မှ ကူးယူပါသည်။

အထက်ပါ သတင်းနဲ့ ပတ်သတ်လို့ စိတ်ထဲ သိပ်ဘဝင်မကျလို့ ကူးယူလားပြီး ပွားချင်လို့ပါ..
ကင်ပွန်းစခန်းမှ ရသေ့တောင် အထိ တောင်တက်ကား ၁၇၀ဝကျပ်
ကင်ပွန်းစခန်းမှ ဘုရား အထိ တောင်တက်ကား ၂၅၀ဝကျပ်

တောင်တက်လမ်းတွေ ဖောက်ပြီး လူတိုင်း အထမ်းနဲ့ တက်စေချင်နေကြတာများလား..
ကင်ပွန်းစခန်းကနေပြီးတော့ ဘုရား အထိ အထမ်းသမားတွေ ဘယ်လောက် ယူလဲတော့ မသိပါဘူး..
လူလျှောက်တာ နည်းလို့ ဆိုင်တွေ အရောင်းအဝယ်ကျတာတော့ မှန်ပါတယ်.. ဒါပေမဲ့ ရေကြည်ရာ မြက်နုရာ ဆိုတဲ့ အတိုင်း သင့်တော်သလိုတော့ လုပ်စားသင့်တယ် ထင်တယ်..
တောင်တက်လမ်းဖောက်ပြီး အားလုံး အထမ်းသမားနဲ့ ဆိုင်ခန်းတွေ အရောင်းအဝယ် ကောင်းစေဖို့ လမ်းလျှောက်တက်ကြဆိုတာတော့ မဖြစ်သင့်ဘူး ထင်တာပဲ။

ကျိုက်ထီးရိုးက အရင်ကနဲ့တောင် မတူဘူး.. လူတွေ သွားတာများတဲ့ အတွက် ကျီးပါစပ်တို့ ဘာတို့ သွားတဲ့ လမ်းမှာ စိနေအောင် ဆိုင်ခန်းတွေ ရှိနေပြီး အရင်က အတိုင်း ရှေးမူမပျက် တောင်ဆိတ်ဆီတွေ ရောင်းတဲ့ ဆိုင်တွေလည်း ရှိနေသေးသလို ကျိုက်ထီးရိုး အမှတ်တရ အကျီနဲ့ တခြား အသုံးအဆောင် ပစ္စည်းတွေရောင်းတာတွေ အများကြိး ကို ရှိနေပါတယ်။
အရင်က မတွေ့မိတဲ့ အသားခြောက်တွေ ရောင်းတဲ့ဆိုင် ဥပမာ ယုန်သား ဂျီသား ဆတ်သား ဝက်ဝံသား တောဝက်သား စသဖြင့် ကျက်တင်ပြီး ဆိုင်မှာ ဝယ်သူ ရှိရင် ချက်ပေးတဲ့ ဆိုင်တွေ တော်တော်များများ ကို တွေ့နေရပါတယ်။ ဈေးကွက် ကို လိုက်ပြီး ရေပုလင်း တဝက်စာ ဝ.၅လီတာ လောက်သာ ပါတဲ့ ရေကို ခွက်ထဲ ထည့်ထားပြီး အိမ်သာ တခါတက် ၁၀ဝ တဲ့.. မလောက်ဘူး ထင်ရင် များများ ဝယ်သွားပါတဲ့.. နည်းမျိုးစုံနဲ့ ပိုက်ဆံ ရှာစားနေကြပါတယ်။

အထမ်းသမားနဲ့ ဆိုင်ခန်းတွေ အတွက် အားလုံး ပင်ပန်းခံပြိး လမ်းလျှောက်တက်ရမယ် ဆိုတာကတော့ အန်တီ ပဒုမ္မာ ပြောတဲ့ ဖိနပ် မတော်လို့ ခြေထောက် လှီး ခိုင်းသလိုများ ဖြစ်နေမလား..

တောင်တက် ကားတွေ ရှိတာ ဘယ်သူမှ မစီးမနေရ ဆိုပြီး စီးခိုင်းတာလည်း မရှိပါဘူး။
ခြေလျင်ကလည်း မလျှောက်မနေရ ဆိုတဲ့ပုံစံ နဲ့ လုပ်မယ် လို့တော့ မထင်ပေမဲ့.. အဲ့ဒီ ပုံစံမျိုး ဖြစ်နေချင်လို့ ဆန္ဒ ပြတယ် ဆိုရင်တော့..
တော်ပါပြီ.. အတွေး ကို ဒီတင်ပဲ ဖြတ်လိုက်ပါတော့မယ်..

ဆက်လက်ပြီးသာ ပွားကြပါလေကုန်

60 comments

  • surmi

    January 14, 2013 at 12:29 pm

    နောက်ပြန်ဆုတ်ချင်တဲ ့သဘောပေါ ့
    ကျောက်ခေတ်မှာပဲနေစေချင်တာလေ ။ဒါမှ ကြိုက်သလို လူပါးဝလို ့ရမှာ
    ကောင်းကင်ကြိုးရထားတို ့ ဘာတို ့စဉ်းစားရမည် ့နေရာမှာ
    ခေတ်နောက်ပြန်ဆွဲ စေချင်တဲ ့သဘောကတော ့ တော်တော်စုတ်တဲ ့
    အတွေးပဲ ။ လက်ဝါးကြီးအုပ်တယ်ဆိုရင်လည်း အဲဒီကဂေါပက နဲ ့
    ဒေသခံတွေပါပဲ ။ သူတို ့ဘယ်လောက်လူပါးဝကြလဲဆိုတာပြောရင်
    ပို ့စ်တစ်ခုစာမကပါ ။ အခုအဖြစ်က ဒေသခံချင်း စားခွက်လုတာ
    ကြားက ဘုရားဖူးလာသူတွေ ဒုက္ခရောက် ရမည် ့အဖြစ်မျိုး ။
    နောက်မှထပ်မန် ့ဦးမယ် ။

    • ဆူး

      January 14, 2013 at 12:38 pm

      ဘုရားဖူး ကို ဒုက္ခပေးပြီး ဘုရားဖူး ဆီက ပိုက်ဆံ ကို ညှစ်ယူချင်နေတဲ့ လူတွေရဲ့ စိတ်ဓါတ် ကို လုံးဝ သဘောမကျဘူး။ သတင်းကြီး ဖတ်ရတာ အရမ်းယုတ်မာတယ်လို့ ခံစားရတယ်။

    • surmi

      January 15, 2013 at 11:54 pm

      ၁၉၉၃ ခုနှစ်က ကားလမ်းစီမံကိန်းစ နေပေမဲ့ ခြေလျှင်သာတက်ရပါတယ် ။
      အဲဒီနှစ် ဈေးနှုံး တွေက မှတ်မိသလောက်ပြောရရင် ………………..
      မြေပြန့် မှာ ခေါက်ဆွဲကြော် တစ်ပွဲ …………….. ၁၅ ကျပ် ခန် ့
      တောင်ပေါ်မှာ …………… ၇၅ ကျပ် ခန် ့

      မြေပြန့်မှာ သံဘူး/ဘာလီ ဖျော်ရည် တစ်ခွက် ……………….. ၂ ကျပ်
      တောင်ပေါ်မှာ ………………………………………………… ၁ဝ / 15 ကျပ်

      တောင်ပေါ် အထမ်းခ တစ်ပိဿာနှုံး …………………… ၁၅ ကျပ်

      ထန်းလျှက် (ထညက်) တစ်လုံး …………. ၁ ကျပ် ( ကျနော်တို့ ပေးခဲ့ရတာ ၊ ထမင်းစားပြီး ဝါးမိလို့ )

      ဆွမ်းတော် တစ်ပွဲ ……………. ၅ဝ ကျပ် ………..

      ထိုစဉ်က ရွှေတစ်ကျပ်သား ၁၅၀၀ဝ ခန့်သာရှိပါသေးတယ် ။ ဘာလို့ ဒီလောက်ဈေးကြီးသလဲဆိုရင်
      တောင်ပေါ်ကို လူနဲ့ ထမ်းတင်ရလို့ပါ ။ အမျိုးသမီး အထမ်းသမားက ၁၁ ပိဿာ ထမ်းခွင့်ပြုပြီး
      အမျိုးသားကို ၁၅ ပိဿာ ထမ်းခွင် ့ ပြုပါတယ် …..
      ထိုစဉ်က ကျိုက်ထီးရိုး သွားဖို့ ငွေကုန်လွန်းလို့ လူတိုင်းသွားဖို့မဖြစ်နိုင်ပါဘူး ။
      ခုချိန်မှာ တောင်ပေါ် တောင်အောက် စားရိတ်မကွာလှတာမို့ သွားနိုင်ကြပါပြီ ။
      တစ်ကယ်တော့ ….
      ခြေလျှင်လမ်းကို အသုံးပြုစေချင်ရင် …… အသုံးပြုချင်စိတ်ပေါက်အောင် ပြုပြင် ဖန်တီးပေးရမှာပါ ။
      အရင်တုန်းကလို ပစ္စည်းတွေကို အထမ်းနဲ့ ပြန်သယ်ရမယ်ဆိုရင် …..
      ထမင်း တစ်ပွဲကို ၈၀၀ဝ / ၁၀၀၀ဝ ခန် ့မျှ ကုန်ကျ နိုင်ပါတယ် ။။။။။။
      ကြည် ့တော့ လုပ်ကြပေါ ့ ဘုရားဒကာတို့ …………..

  • မင်းနန္ဓာ

    January 14, 2013 at 12:41 pm

    စိတ်လေတယ်
    ကြားရတာ စိတ်ကုန်တယ်
    ဒီ့ထက် ပိုမပြောချင်တော့ဘူး

    • ဆူး

      January 14, 2013 at 2:32 pm

      အဲ့လက်စ် သီချင်းထဲကလို တော်ပါပြီ စိတ်ကုန်တယ် တောထဲက သစ်ပင်ပေါ် သွားနေမယ် ဆိုသလိုပေါ့..

  • Mon Kit

    January 14, 2013 at 1:04 pm

    ကျိုက်ထီးရိုးဘုရား ကို နှစ်စဉ်ဖူးမျှော်လည်း မဝနိုင်ပါဘူး..
    ဘုရားဖူး ရာသီရောက်တိုင်း သွားဖူးဖြစ်အောင် သွားပါတယ်…
    သို့ပေမဲ့ နေစရာ၊ စားစရာ၊ အစုံစုံတွေသော အခက်အခဲများ တွေ့လာတဲ့အခါ စိတ်ကူးလေးနဲ့ဘဲ ဝအောင် ဖူးမျှော်နေမိတယ်… :byae:

    • ဆူး

      January 14, 2013 at 2:27 pm

      ဒီနှစ်က အရင်နှစ်ကထက် ပိုပြီး လူများတယ် ပြောတယ်.. ဘုရားဖူးများတော့ ဘုရားပေါ်မှာတောင် နေစရာ ပြည့်ကျပ်နေတယ်။ လူပါးတဲ့ အချိန် အေးဆေး သွားသင့်တယ်။

  • မောင်ပေ

    January 14, 2013 at 1:53 pm

    ဟိုက် အဝါရေ
    အဲဒီလိုကြီးတဲ့လားဟ
    ဆင်းရဲမွဲတေမှုကို အဲဒီလိုနည်းနဲ ့ဖြေရှင်းမယ့်အစား ၊ ဘုရားဖူးတွေဆီက ဓါးပြသာတိုက်ကြပါတော့လားကွယ် မောင်တို ့မယ်တို ့ရယ်လို ့

    • Novy

      January 14, 2013 at 2:07 pm

      အခုလဲဘုရားဖူးတွေဆီကအေးဓားမြတိုက်နေတာပါပဲ
      ဈေးတန်းတွေက ပိုက်ဆံပေးပြီးတက်ရတဲ့ အိမ်သာတွေဆို
      ညစ်ပတ်နံ့စော်နေတာပဲ ခြေနင်းရမှာတောင်ရွံစရာ
      ငါးကြော်တို့ အကြောစုံတိုဆိုလဲ မာတောက်ပြီးစားလို့မရဘူး
      အလှူခံဆိုလဲ လာတဲ့လူတွေကို ထုပ်ဆီးတိုးသလို တားပြီးအလှူထဲ့ခိုင်းတယ်
      ပြောရရင်တော့ကုန်မှာမဟုတ်ဘူး
      တည်းခိုးခန်းတွေကျန်သေးတယ်

      • ဆူး

        January 14, 2013 at 2:17 pm

        အလှူခံတွေကလည်း ဘုရားတဆူ ချထားပြီး လမ်းတွေ ပိတ်ပြီး ဘုရားရှေ့က မဖြစ်မနေ ဖြတ်လျှောက်အောင် လုပ်ထားတယ်.. ဘုရားရှေ့က ဖြတ်လျှောက်တိုင်း ဖိနပ်ချွတ်ပါ ဆိုင်းဘုတ်ထောင်ထားတယ်… မချွတ်ရင် ဗုဒ္ဓဘာသာ မဟုတ်တော့သလို ဖြစ်နေပြန်ကော.. တောလမ်းမှာ ဖိနပ်က ချွတ်လိုက် ဝတ်လိုက်နဲ့ ဖိနပ်လည်း ညစ်ပတ်တယ်.. အတင်းဝင်ကန်တော့ခိုင်းပြီး အလှူခံ ဇယားက စတော့တာပဲ.. တည်းခိုခန်းကလည်း လူများရင် များသလို ဈေးတွေ ပလူပျံနေလို့ အေးတဲ့ တောင်ပေါ်မှာ တော်တော် များများ မတတ်နိုင်ရင် ဒီတိုင်း အိပ်ယာခင်းပြီး အိပ်ရတော့တာပဲ။

      • Foreign Resident

        January 15, 2013 at 5:08 am

        ” ဘုရားတဆူ ချထားပြီး လမ်းတွေ ပိတ်ပြီး
        ဘုရားရှေ့က မဖြစ်မနေ ဖြတ်လျှောက်အောင် လုပ်ထားတယ်..
        ဘုရားရှေ့က ဖြတ်လျှောက်တိုင်း ဖိနပ်ချွတ်ပါ ဆိုင်းဘုတ်ထောင်ထားတယ်…
        မချွတ်ရင် ဗုဒ္ဓဘာသာ မဟုတ်တော့သလို ဖြစ်နေပြန်ကော..
        တောလမ်းမှာ ဖိနပ်က ချွတ်လိုက် ဝတ်လိုက်နဲ့ ”

        ကျွန်တော်သာဆို မချွတ်နိုင်ပါဘူး ။ ရန်ဖြစ်တော့မှာပဲ ။
        အစ က Koaung နှင့် မဝေဝေ Post တွေ ဖတ်ပြီး
        ဒီတစ်ခေါက် မြန်မာပြည် ပြန်လာရင် ကျိုက်ထီးရိုး ဘုရားလဲသွားမယ် ။
        ဓါတ်ပုံလေးတွေလဲ ရိုက်မယ် စဉ်းစားထားတာ ၊
        အခုတော့ ကျိုက်ထီးရိုး မ သွားဖို့ ဆုံးဖြတ်လိုက်ပြီ ။
        ဗုဒ္ဓ ဘာသာဖြစ်ရတာ ရှက်တောင်ရှက်လာတယ် ။

        ပထမ ၊ ဂေါပက လူကြီးတွေ အသုံးမကျတာ ။
        ဒုတိယ ၊ အစိုးရ အသုံး မကျတာ ။

        • ဆူး

          January 15, 2013 at 4:31 pm

          ကျိုက်ထီးရိုး သွားရင် ညှပ်ဖိနပ် စီးမှ အဆင်ပြေလိမ့်မယ် ထင်တယ်..

        • weiwei

          January 16, 2013 at 8:53 am

          ကျွန်မ ကင်ပွန်းစခန်းကို ခြေလျင်ဆင်းခဲ့တဲ့ လမ်းတစ်လျှောက်မှာတော့ ဖိနပ် မချွတ်ခဲ့ရပါဘူး .. walking shoe စီးသွားခဲ့တာပဲ … လမ်းမှာ ခရီးသွားနဲသွားတော့ အလှူခံတွေတောင် မရှိတော့ဘူး …

        • surmi

          January 16, 2013 at 9:17 am

          ခုလို လူသွားလူလာနဲတဲ ့အချိန်မှာ ခြေလျှင်လမ်းကဆင်းရင်
          အုပ်စုကောင်းမှ သွားသင် ့ပါကြောင်းးးးးးး
          လုံခြုံရေး အနေနဲ ့က ယခင်ကတည်းက ဇတ်လမ်းများကြားဖူးထားခဲ ့ပါတယ်
          ဟုတ်သော်ရှိ မဟုတ်သော်ရှိ သတိထားနိုင်ဖို ့ပါ ။

    • ဆူး

      January 14, 2013 at 2:14 pm

      အကြံပိုင်လွန်းလို့.. မောင်ပေ ဦးဆောင်တဲ့ တောပုန်း ဓါးမြ အဖွဲ့ ရှိနေတယ် ဆိုရင် မသွားသေးဘူး..နောင်နှစ်မှ ထပ်သွားတော့မယ်။

  • ဦးဦးပါလေရာ

    January 14, 2013 at 2:10 pm

    နေဦး… နေဦး….

    ကျုပ်လဲဆန္ဒဖေါ်ထုတ်မလို့…….

    ခရိုနီတွေ၊ ဘူဇွာတွေ၊ လက်ဝါးကြီးအုပ်အရင်းရှင်တွေက
    စက်ရုံတွေတည်ပြီး ဗလာစာအုပ်တွေထုတ်လုပ်ရောင်းတော့
    ကျုပ်တို့လို ဆင်းရဲသားလက်လုပ်လက်စားကျောက်သင်ပုန်းလုပ်ရောင်းသူတွေ
    အလုပ်အကိုင်အခွင့်အလမ်းတွေဆုံးရှုံးပြီး လူ့အခွင့်အရေးတွေ ချိုးဖေါက်ခံရလို့ …..

    အဲဒါ ကျုပ်လိုချင်တာမရမချင်းတိုက်ပွဲဝင်မယ်….
    မတ်တပ်ရပ်ပြီး ဆန္ဒဖေါ်ထုတ်လို့မရရင် လမ်းလျှောက်ပြီး ဆန္ဒဖေါ်ထုတ်မယ်….
    လမ်းလျှောက်ပြီးဆန္ဒဖေါ်ထုတ်လို့မရရင် မာရသွန်ပြေးပြီး ဆန္ဒဖေါ်ထုတ်မယ်….
    အဲဒါမှမရသေးရင်တော့-
    ဘီလူးကျွန်းကိုပတ်ပြီး လက်ပစ်ကူးရင်းဆန္ဒဖေါ်ထုတ်မယ်ဖြစ်ကြောင်း….။

    • ဆူး

      January 14, 2013 at 2:20 pm

      အံ့မခန်း လုံ့လကြီးပါပေတယ်။
      :byae:

  • Thu Wai

    January 14, 2013 at 2:34 pm

    သေချာတယ် ဟိုနေရာလဲဆန္ဒပြ ဒီနေရာလဲဆန္ဒပြနဲ့ နောက်ကနေဆန္ဒပြအောင်လုပ်နေတဲ့အဖွဲ့တစ်ဖွဲ့တော့ရှိနေပြီ။
    တစ်ချို့တွေဆို နေ့တွက်ခတောင်ရသတဲ့။

    • ဆူး

      January 14, 2013 at 3:39 pm

      တကယ်သာ ရှိနေတယ် ဆိုရင် ဖော်ထုတ် အရေးယူသင့်တယ် ထင်တယ်။

      • Davit

        January 15, 2013 at 11:09 am

        ဟုတ်ကဲ့ပါ ………… ဖေါ်ထုတ်အရေးယူဖို့အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲစည်း လျက်ရှိကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး :mrgreen:

  • mamanoyar

    January 14, 2013 at 2:37 pm

    အခုတောင်တက်ကားတွေပေါ်လာတာက ခရီးသွားတွေအတွက် ပိုအဆင်ပြေတာလို့ထင်ပါတယ်။
    အကျိုးမရှိတဲ့ တိုးတက်မှုမှမဟုတ်တာ။
    ကားမရှိလို့ခြေလျင်လျှောက်ရမယ်ဆိုလဲ ကိုယ့်ဘာကိုယ်ပဲလျှောက်မယ်
    အထမ်းသမားကို ပိုက်ဆံပေးလိုက်ရတာတော့ဟုတ်ပါတယ်။
    အားနာလို့မလိုက်ချင်ဘူး။

    • ဆူး

      January 14, 2013 at 3:47 pm

      ဆူး လည်း အထမ်းသမားတွေ ထမ်းပြီး ပို့ပေးတဲ့ နည်းနဲ့တောင်မတက်ချင်ဘူး.. လူ ကို လူချင်း စီးရတာ.. သူတို့က တန်လို့ လုပ်ပေမဲ့ ကိုယ်ကတော့ အားနာတယ်။

  • MaMa

    January 14, 2013 at 3:10 pm

    ကျိုက်ထိုသားတစ်ယောက်က ပြောဖူးတယ်။
    အနှိပ်သည်က သူတို့ကို တက်မနင်းရဲဘူးတဲ့။
    ဘာဖြစ်လို့လဲဆိုတော့ ဘုရားစာတွေ စားထားလို့တဲ့ :eee:

    • ဆူး

      January 14, 2013 at 3:51 pm

      ဘုရားစာ စားထားတဲ့ လူတွေလား.. တော်တော် ပြောတတ်တယ်နော်..
      တောထဲမှာနေပြီး ဗဟုသုတ မရှိ ဘာ မရှိနဲ့.. ဘုရားပိုက်ဆံလည်း မရှောင်ရဲဘူး။
      အနိစ္စ..

  • မိုချို

    January 14, 2013 at 3:16 pm

    ဆင်းရဲတော့ ပညာနိမ့်ကျ၊ ပညာနိမ့်ကျတော့ အတွေးအခေါ် တွေ ကလွဲ မှား ။ ဆင်းရဲ ချို့တဲ့ နေတာမှန်ပေမယ့် အဲလိုလူတွေ ကို ဖြစ်သင့် ဖြစ်ထိုက်တဲ့ လမ်း မှန်ကို ညွှန်ပြ ရမယ့် အစားထစ်ခနဲရှိ ဆန္ဒပြ ဖို့ ပဲ ချွန်တွန်းနေ ကြတဲ့ နိုင်ငံရေး လုပ်စားတွေ ကို အတော် ရွံ မိတယ်။ ကျိုက်ထီးရိုး တစ်ခုတည်း မဟုတ်ပါ၊ နယ်ပယ်စုံမှာ ဖြစ်နေတာတွေ ပြောပါတယ်။

    • ဆူး

      January 14, 2013 at 3:56 pm

      ဆန္ဒပြတာတွေ ရှိရင် ဘယ်သူ အတွက် ဘာတွေ အကျိုးရှိသွားနိုင်မလဲ..
      အချင်းချင်း တိုးတက်အောင် လက်တွဲ ခေါ်သင့်တာပါ.. ဒီလို လုပ်စားလို့ မရရင် တခြားနည်းနဲ့ လုပ်စားဖို့ လမ်းညွန်သင့်တယ်.. တောထဲက အကောင်တွေလည်း အဲ့ဒီ လူတွေ ဖမ်းရင်းနဲ့ ကုန်သလောက်တောင် ရှိပြီလား မသိဘူး.. ဆိုင်တွေမှာ အသားကျပ်တင်တွေ အမျိုးကို စုံနေတာပဲ.. အခါကြီး ရက်ကြီး လူ ၁သိန်းခွဲလောက် ဘုရား တက်တယ် ဆိုရင်.. ဒီလူတွေ စားဖို့ ဟင်းစားကတော့ အများကြီး လိုမှာ အမှန်ပဲ..

      • kai

        January 14, 2013 at 4:04 pm

        တောထဲက အကောင်တွေလည်း အဲ့ဒီ လူတွေ ဖမ်းရင်းနဲ့ ကုန်သလောက်တောင် ရှိပြီလား မသိဘူး.. ဆိုင်တွေမှာ အသားကျပ်တင်တွေ အမျိုးကို စုံနေတာပဲ.. အခါကြီး ရက်ကြီး လူ ၁သိန်းခွဲလောက် ဘုရား တက်တယ် ဆိုရင်.. ဒီလူတွေ စားဖို့ ဟင်းစားကတော့ အများကြီး လိုမှာ အမှန်ပဲ..

        ဒါကို.. နို်င်ငံရေးသမားတွေ.. သေသေချာချာ… တွေးကြည့်ဖို့ကောင်းတယ်..
        အင်မတန့်..အင်မတန်… သတိထားဖို့ကောင်းပါတယ်..။

  • myanmarcitizen

    January 14, 2013 at 3:26 pm

    ဗိုလ်မြတ်ထွန်းတံတား မဆောက်ခင်တုန်းက။ စက္ကော့ – ညောင်တုန်း ကို ဇက်နဲ့ကူးရတယ်။ စက္ကော့ရွာ ဆို
    တာတော်တော်စည်ကားခဲ့တာပေါ့။ ဈေးရောင်းဈေးဝယ် သိပ်ကောင်းခဲ့ကြတာပေါ့။ အဲ့ဒီရွာ အဲ့ဒီတစ်ခေတ်က
    တော်တော်ကို အလုပ်ဖြစ်ခဲ့လိမ့်မယ်။
    ခုတော့ တံတားဆောက်ပြီးသွားတော့ ကြိမ်ပင်ဆည်ရွာက ပိုပြီးကောင်းသွားခဲ့တယ်(ဒါတောင် စက္ကော့ တစ်ခေတ်ကိုမမီသေးဘူး)။ ဒီတော့ စက္ကော့ရွာသားတွေလဲ သူတို့စီးပွားရေးကို ဒုတ်နဲ့ထိုးတဲ့ အဲ့ဒီတံတားကိုဆန္ဒပြသင်တယ်ထင်တယ်။ 🙂
    —————————————————————————————————————
    လူများစု(ဖုရားဖူးလာတဲ့သူတွေ) အဆင်ပြေသွားမယ့်ကိစ္စဆိုရင် လူနည်းစုက လက်ခံပေးရမှာပေါ့။
    ခေတ်နဲ့အညီ တိုးတက်လာတဲ့ကိစ္စပဲ။ ခရီးသွားတွေအဆင်ပြေသွားတဲ့အတွက် သာဓုတောင်ခေါ်ပေးရ
    အုန်းမယ်။ အထမ်းသမားက ထမ်းတဲ့အလုပ်မကောင်းတော့ဘူးဆိုရင် တစ်ခြားအလုပ်တစ်ခု ထပ်ပြီးမစဉ်း
    စားပဲ ဆန္ဒပြမယ်ဆိုတာကြီးကတော့ လမ်းလွဲသွားပြီထင်တယ်။

    • ဆူး

      January 14, 2013 at 4:03 pm

      ငယ်ငယ်က ဇလွန်သွားတုန်းက တော်တော်ကြာကြာ စောင့်ခဲ့ရဖူးတဲ့ နေရာပေါ့..
      အခုတော့လည်း လူသွားလူလာ နည်းသွားတဲ့ နေရာ ဖြစ်နေပါပြီ။
      အဲ့ဒီတုန်းက ဇလွန်သွားတာ.. မနက် အစောကြီးကတည်းက ညနေမှ ဟိုဘက်ကမ်းကို ရောက်ပါတယ်.. တော်တော် ကြာအောင် စောင့်ဆိုင်းပြီး ပင်ပန်းခဲ့ပါတယ်။

  • P chogyi

    January 14, 2013 at 3:40 pm

    လမ်းလျှောက်တက်ရမယ်ဆိုရင်
    ကျွန်တော်တို့ကလည်း လမ်းမလျှောက်ရေးဆန်ဒပြမယ်။
    ရိုးရိုးခရီးတောင် ကိုယ့်ကိုကိုယ်မနည်းသယ်နေရတာ
    တောင်တက်ဆိုတော့……..

    • ဆူး

      January 14, 2013 at 4:17 pm

      တောင်တက် က တော်တော် ပင်ပန်းတယ်.. မြေပြင်ညီဆို ပို လျှောက်နိုင်တယ်.. အထစ်တွေ တက်လိုက်ဆင်းလိုက်က ဒူး ချောင်တယ်.. သိပ်တော့ မသက်သာလှဘူး.. တောထဲက လူတွေကတော့ အင်မတန် လွယ်တယ်.. မနှစ်က ရိုးရိုးလေး ဟိုတယ်မှာ တည်းတုန်းက ကြည့်နေတာ တောင်ခြေ တော်တော် ဝေးဝေးက လူလို့ ထင်တယ် ဝက်ဝံနဲ့တူတယ် ဆိုပြီး ကြည့်နေတာ.. တောင်မက်မက်ကြီးကို သိပ်မကြာဘူး.. အဲ့ဒီ လူတွေ ဘေးနားက တောင်နံရံ မက်မက်ကြီး ကို ရအောင် တက်ပြီး တောင်ပေါ် တက်သွားတယ်။ တော်တော် အားသန်တဲ့ လူတွေပဲ.. အံဩစရာ တော်တော် ကောင်းတယ်လို့ တွေးပြီး ငေးကြည့်နေမိတယ်။

  • Ma Ei

    January 14, 2013 at 4:18 pm

    ဆူးရေ…
    ကျိုက်ထီးရိုးဘုရားဖူး ခရီးမှာ ငရဲမကြီး၊အ ကုသိုလ် မဖြစ်အောင် အတော်သီးခံရပါတယ်…
    တောင်တက်ကား၊အလှူခံ၊တည်းခိုဆောင်၊ထမင်းဆိုင်၊အထမ်းသမား စသည်ဖြင့် နေရာတကာပါဘဲ… ကုသိုလ်ပိုရတယ်ဘဲ မှတ်ရတော့တာရယ်…

    • ဆူး

      January 15, 2013 at 4:33 pm

      ဟုတ်တယ် မအိရယ် စိတ် ကို အစောကြီးကတည်းက ပြင်ဆင်သွားရတဲ့ ခရီးစဉ် အစစ်ပဲ..

  • cobra

    January 14, 2013 at 4:26 pm

    ဘယ်လိုလူတွေပါလိမ့် တစ်ကယ်ကိုစိတ်ပျက်ဖို့ကောင်းတယ်။
    ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စတွေလုပ်နေကြတယ်
    လမ်းလျှေက်ချင်တဲ့သူကလျှောက်ပေါ့။
    အသက်ကြီးပိုင်းတွေ ကျန်းမာရေးချို့တဲ့သူတွေကရော ဘယ်လိုလုပ်မလဲ။
    တကယ့်ဦးနှောက်မရှိတဲ့သောက်ရူးတွေ။

    • ဆူး

      January 15, 2013 at 4:38 pm

      အရင်တုန်းက ရွှေတိဂုံ မှာ လက်တွန်းလှည်းမရှိဘူး.. အခုနောက်ပိုင်း လက်တွန်းလှည်းတွေ ထားပေးထားတယ်.. လက်တွန်းလှည်းနဲ့ မှ သွားလို့ ရတဲ့ လူတွေ လမ်းမလျှောက်နိုင်တဲ့ အသက်ကြီးရွယ်အိုတွေ ကျန်းမာရေး မကောင်းတဲ့ လူတွေ အတွက် အရမ်းကို အဆင်ပြေတာ ကြည့်ပြီး လှူထားတဲ့ လူတွေကိုတောင် သဘောကျနေမိတယ်။

      မသွားနိုင်လို့ မရောက်နိုင်ဘူး ဆိုတဲ့ စိတ်ခံစားမှုကြီးက အတော်အခံရခက်တယ်။ အဲ့လိုပဲ.. လမ်းမလျှောက်နိုင်လို့ ဘုရား မဖူးရတော့ဘူး ဆိုရင် ဘယ် အဆင်ပြေမလဲ..
      နောက်ပြီး လူထမ်းတဲ့ ထမ်းစင်နဲ့ သွားလည်း လူ ၄ယောက် ခြေလှမ်းမညီရင် လိုက်စီတဲ့ လူက ပင်ပန်းမှာ.. ကားနဲ့ တက်တယ် ဆိုတာ အချိန်တိုတို နဲ့ အမြန်ရောက်တာမို့ အရမ်းကို သက်တောင့်သက်သာ ရှိလှပါတယ်။

  • ခင်ခ

    January 14, 2013 at 4:43 pm

    အဆင်ပြေသလို တက်လို့ဘဲ ဖူးစေချင်ပါတယ်။
    လွယ်ကူတဲ့အလုပ်ကို တစ်ခါတလေ ခက်အောင်လုပ်နေကြတယ်ဆိုတာ မသိလေလား မသိချင်ရောင် ဆောင်နေကြတာလား တွေးမိတယ်ဗျာ။
    ပိုပြီးတိုးတက်အဆင်ချောအောင် သွားသင့်တဲ့နေရာမှာ အဲလိုလုပ်ရပ်တွေကိုတော့ ကိုယ်ချင်းမစာဘူးဘဲပြောပြော မကြိုက်ဖူးဗျာ။

    • ဆူး

      January 15, 2013 at 4:41 pm

      ဟုတ်ပါတယ် အဲ့လို လုပ်တာ မကြိုက်တဲ့ အတွက် ဂေဇက်က မိတ်ဆွေတွေ အပျင်းပြေ ဝိုင်းပွားလို့ ရအောင် တမင် တင်ပေးလိုက်တာ.. ဟိဟိ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 14, 2013 at 5:59 pm

    ကောင်းဘို့လုပ်တာဘဲဆိုပြီး တစ်လမ်းသွားလုပ်လို့တော့ဘယ်ရမလဲဗျ 👿
    အဲ့ဒါခင်ဗျားတို့ လူ့မလိုင်တွေရဲ့ အတွေးခေါ်တွေဘဲ
    အဓိဌာန်ကျလို့ ခင်ဗျားတို့အိမ်ခြံတွေပေါ်မှာ ဘုရားတည်ဘို့အကြောင်းပေါ်လာရင် ခင်ဗျားတို့
    အိမ်ပေါ်ကဆင်းပေးမလား??????
    မြွေခွံအိပ်တွေကို စပြီးတီထွင်အသုံးပြုတော့ ဂုံလျှော်စိုက်တဲ့နိုင်ငံတွေ ဆန္ဒပြလို့
    ထုတ်လုပ်မှု့တွေ သူ့ဖက်ကိုယ့်ဖက်မျှအောင် စီမံပေးရတာဘဲ
    ခုလည်း ဒီလိုလမ်းတွေဖေါက်တဲ့အခါ ဒီလမ်းတွေကို မှီပြီးနေတဲ့လူဆင်းရဲတွေအတွက်
    အဆင်ပြေအောင်စီမံနေရာချပေးရမှာပေါ့
    ( ဒါကတော့ ခင်ဗျားတို့က ချမ်းသာတိုင်းဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေကြတာ
    ကျုပ်သာ အဲ့သည်မှာ လူထမ်းပြီးထမင်းစားနေရလို့ ဒီလိုကောင်းအောင်လုပ်တာဘဲ
    ကျုပ်ကို လစ်လျှူရှူ့ထားရင် အာပီဂျီနဲ့ပစ်မယ် :mrgreen: )

  • San Hla Gyi

    January 14, 2013 at 7:19 pm

    ဆူးရေ
    ဒါကတော့ ဖြစ်မှာမဟုတ်ပါဘူး။ ဆန္ဒပြလဲ လူရယ်စရာတောင် ဖြစ်သွားမလား မသိဘူး။ အာဏာပိုင် အဖွဲ့အစည်းကလည်း မလိုက်လျောဖို့ သေချာပါတယ်။ အမှန်တော့လည်း သူတို့ဘက်က ကြည့်တော့လည်း ဒီလိုပဲ ဖြစ်နေတာပေါ့။ မြန်မာပြည်မှာက အလုပ်အကိုင် အခွင့်အလမ်းကလည်း နည်းတယ် မဟုတ်လား။
    အလုပ်အကိုင် အခွင့်အလမ်းတွေ များလာရင်တော့ သူများကို ကိုယ့်ကျောကုန်းပေါ် ထမ်းပြီးမှ ပိုက်ဆံရတဲ့ အလုပ်မျိုးကို လုပ်ချင်ပါတော့မလားတောင် မသိဘူး။
    ဒီကိစ္စကတော့ ဆန္ဒပြလည်း ဘာမှတော့ မဖြစ်နိုင်ပါဘူး။

    • ဆူး

      January 15, 2013 at 4:47 pm

      ဒီကိစ္စ ဆန္ဒပြတာ ရယ်စရာ ကောင်းတာလည်းပါတယ်.. ဘုရားတခေါက်ဖူးပြီးရင် အခဲမကျေတာတွေ ရင်ထဲမှာ ကျန်ကျန်ခဲ့လို့.. ဒီပိုစ်လေး ကို အပြုသဘောဆောင်ပြီး တင်ထားတာပါ။

      တောထဲမှာ လုပ်ချင်တိုင်း လုပ်နေကြတာတွေ လက်ဆင့်ကမ်းပြောပြချင်တာလည်းပါတယ်.. ဘုရားစာ စားထားတဲ့ လူတွေ အနိပ်သည် မနင်းရဲလောက်အောင် ဘုန်းကြီးနေတော့ လူတွေ ဘယ်လောက် အော်အော် ပြင်ပေးနိုင်သူ မရှိဘူး ဖြစ်နေတယ်။ အဲ့ဒါလေး လူပို သိအောင် ပြောချင်တာပါ။

  • weiwei

    January 14, 2013 at 7:41 pm

    ခရီးသွားအမျိုးမျိုးရှိလို့ ဆွဲဆောင်နိုင်အောင်သာ ကြိုးစားရမှာပါ ..
    လမ်းလျှောက်တက်ရာဖို့အတွက် လမ်းခရီးလုံခြုံမှု၊ သဘာဝရှုခင်းလှပမှု၊ စိတ်အပန်းဖြေမှု၊ တန်ခိုးကြီးဘုရားစေတီ၊ တန်ခိုးကြီးတဲ့ ဘုန်းကြီး စသဖြင့် ခရီးသွာတွေကို ဆွဲဆောင်နိုင်ရင် အဆင်ပြေမှာပါ …

    ကျွန်မ တရုတ်ပြည်မှာ တောင်တစ်ခုကို သွားလည်ဖူးတယ် .. Tai Mountain ပါ။ ခြေလျှင်တက်ရင် အနဲဆုံး ၄ နာရီတက်ရပါတယ်။ လျှပ်စစ်ကြိုးနဲ့တောင်ပေါ်အထိတက်လို့လဲရပါတယ်။ ရွေးချယ်စရာ ၂ ခုရှိတယ်။ ဒါပေမယ့် လူအများစုက ခြေလျှင်လမ်းကို ရွေးကြတယ်။ တောင်ရဲ့ အဓိကဆွဲဆောင်မှုက မနက်အာရုံနေထွက်ချိန်ကိုကြည့်တဲ့ရှုခင်းပါ။ နေထွက်ချိန်မှီအောင် တောင်ခြေကနေ ည ၁၂ နာရီမှာ တက်ကြတယ်။ တောင်ပေါ်မှာ ညမအိပ်ဘူး။ မနက်နေထွက်ချိန်ကြည့်ပြီးရင် ပြန်ဆင်းလေ့ရှိကြတယ်။ လျှပ်စစ် ကေဘယ်လိုင်းက မနက်မိုးလင်း ၈ နာရီလောက်မှ စဖွင့်ပါတယ်။
    ခြေလျှင်လမ်းတစ်လျှောက်မှာလဲ စိတ်ဝင်စားစရာ ရှုခင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေရှိတယ်။ လမ်းလဲ အရမ်းကောင်းတယ်။ ခြေကားထစ်တွေကလဲ လုံခြုံစိတ်ချရတယ်။
    ခြေလျှင်တက်လို့ ပိုက်ဆံမပေးရဘူးလို့ မထင်လိုက်ပါနဲ့ … လျှပ်စစ်ကြိုးနဲ့တက်တာထက်တောင် ဈေးနဲနဲပိုကြီးတဲ့ဝင်ကြေးပေးရပါတယ် …

    • ဆူး

      January 15, 2013 at 4:52 pm

      အမပြောတဲ့ နေရာလေး ရောက်ဖူးချင်လိုက်တာ..

  • uncle gyi

    January 14, 2013 at 11:34 pm

    ဖတ်လိုက်ရတယ်ဆူးရေ
    ပြောချင်နေတာလက်ဦးသွားလို့
    လက်ထိုးသတင်းစာခေတ်ကနေအော်တိုစက်တွေပေါ်လာတော့အလုပ်သမားတွေအလုပ်
    မရှိတော့ပါဖူးဆိုပြီးဆန္ဒပြကြတာဖတ်ဖူးတယ်နောက်တော့လည်းသူဖာသာသူအဆင်ပြေသွား
    တာပါပဲအမှန်ကလုပ်စားတတ်ရင်ပိုပြီးသက်သက်သာသာနဲ့ဝင်ငွေပိုကောင်းလာမယ်ထင်ပါတယ်
    ရင်ပြင်တော်ပေါ်စရိတ်တွေမတန်တဆယူကြတာကတော့လုံးဝကိုဝိသမလိုပဲပြောရမယ်
    သက်ဆိုင်ရာတွေကအဲလိုမဖြစ်ဖို့အထူးနည်းလမ်းများရှာကြံကြဖို့ကောင်းပေမဲ့
    တနှစ်လာလည်းဒီစကားတွေကြားနေရတာသူတို့လည်းကြံရာပါဝေစားတွေလားမသိ

    • ဆူး

      January 15, 2013 at 5:02 pm

      ကြံရာပါလား ဝေစားလား ဆိုတာ.. ကာယကံရှင်တွေပဲ သိကြမှာပေါ့နော်..
      ဒါပေမဲ့ မပြင်ကြတာ နှစ်ပေါင်းတော့ မနည်းဘူး

  • ဦးကြောင်ကြီး

    January 15, 2013 at 9:53 am

    ကားလိုင်းပိုင်ရှင်တွေနဲ့ အာဏာပိုင်တွေ ပေါင်းအရိုက်လွန်လို့ ဖြစ်တယ်ထင်ပါတယ်။ ဖြစ်သင့်တာ ခြေလျင်၊ ကားလမ်း နှစ်ခုစလုံး မြှင့်တင်ပေးရမယ်။ အရင်က ကျိုက်ထီးရိုးဆိုတာ တောက်တက်တဲ့ အရသာ အဓိကကျတယ်။ နောက်ပိုင်း ကားလမ်းပေါက်လာတော့ လူတွေ ခြေလျင်အတက် နည်းသွားတယ်၊ သာမန်ဖြစ်ရိုးဖြစ်စဉ်ထက် ပိုတယ်။ ခြေလျင်တက်တော့ ပိုက်ဆံသိပ်မရဘူးဗျာ၊ ဘုရာဖူးတွေ သုံးတဲ့ပိုက်ဆံကလည်း ဈေးသည်တွေဆီ ပြန့်သွားတယ်။ ကားနဲ့ကြတော့ ကားခရတယ်၊ အဲဒီကားခကို ဘယ်သူတွေ ခွဲဝေယူတယ် ထင်သလဲ။ စာဖတ်သူသာ အာဏာပိုင် ဆိုရင် ပိုက်ဆံအလွယ်ရှာနိုင်တဲ့နည်းက ခရိုနီတွေမွေး (ကားလိုင်းပိုင်ရှင်ပေါ့ဗျာ.. ဆင်းရဲသာ ဈေးသည်က ကားဝယ်နိုင်ပါ့မလား) ပြီးတော့ သူတို့ဆီက ဆက်ကြေးပြန်ကောက်ပေါ့။ တဖက်ကလည်း တရားဝင် အကြောင်းပြချက်အဖြစ် အစိုးရအတွက် အခွန်ကောက်ရလွယ်တယ်ပြော၊ ဒါလည်း ထိုက်သင့်သလောက် ဟုတ်တာပဲ။ ဒေသခံ ဈေးသည် တသိန်းလောက်ဆီက အခွန်ကောက်ဖို့ လွယ်ပါ့မလား။ အမှန်က လုပ်ခြင်ရင် ရပါတယ်။ ရင်ပြင်တော်ပေါ်ကနေ တစုတစည်းထဲ ကောက်ဖို့တော့ မလွယ်ဘူးပေါ့ဗျာ။ သို့သော် နှစ်ဖက် မျှမျှတတ တွေးကြေးဆို ကားလမ်းတခုထဲ ပုံအောပေးထားတာ သဘာဝမကျဘူး။ ခရီးလမ်း အဆင့်ဆင့် ကားဂိတ်တွေ စီမံပေးထားရင် ခြေလျင်တောက်တက်ခရီး ထွန်းကားလာမယ်။ ဒေသခံတွေလည်း ရောင်းပန်းဝယ်ပန်း ပွင့်မယ်။ ကားသမားတွေလည်း မနစ်နာဘူး၊ ရင်ပြင်တော်ပေါ်က ဈေးသည်တွေလည်း အခြေမပျက်ဘူး…။ လုပ်သင့်တာ ဘေးပတ်ဝန်းကျင် တောင်တွေကိုပါ နေရာထိုင်ခင်း ချဲ့ထင်ပြီး ကျိုက်ထီးရိုး ဘုရားကြီးကို ရှုခင်းအမျိုးမျိုးကနေ ဖူးနိုင်အောင် စီမံပေးသင့်တယ်။ လုံခြုံရေး အဓိကကျတယ်။ အခုတော့သွားရင် ကျိုက်ထီးရိုး ဆံတော်ရှင်တောင်ကလွဲလို အခြားနေရာ သွားတာနဲတယ်။ ဒီတော့ ပိုက်ဆံလည်း သိပ်မရဘူး၊ ဘုရားဖူးတွေအိတ်ထဲက နည်းလမ်းမှန်စွာနဲ့ တတ်နိုင်သလောက် နှိုက်ထုတ်ဖို့ ကြိုးစားကြပါ။

  • Mလုလင်

    January 16, 2013 at 12:25 am

    ပထမဆုံးအကြိမ်ဆန္ဒထုတ်ဖေါ်ပွဲကို ဇန်နဝါရီလ ၁၅ ရက်၊ နံနက်

    (၁) ကျိုက်ထီးရိုး တောင်တက်ကား ယာဉ်အစီးရေ တိုးပေးရေး
    (၂) တောင်တက်ကားများ အချိန်သတ်မှတ်ပြေးဆွဲပေး ရေး
    (၃) ယာဉ်စီးခများလျှော့ချပေးရေး
    (၄) ရသေ့တောင်စခန်းတွင် ကားဂိတ်ဆုံးပေးရေး တွေကို တောင်းဆိုပါတယ်”

    ကားသမားတွေ က ကားဈေး အပြောင်းအလဲ တွေလုပ်လို့ အဲ့ဒီ့ ကားတွေကို မှီခို နေရတဲ့ ဈေးသည် တွေ ခက်ခဲ သွားတာ လဲ တစ်ကြောင်း ….. နဲ့ …
    ကားသမား တွေ ကလဲ လေလံ အောင် .. ကြေးအပြင် ဘာကြေးညာကြေး တွေ များပေးရသလားမသိ (ပေးရဖို့ များပါတယ်..။) ဆိုတော့ စုံစမ်းရေးကော်မရှင် ဖွဲ့ သင့်ပါကြောင်း နဲ့ အဲ့ ကော်မရှင် ထဲပါဖို့ .. တော့ စွမ်းနိုင်သူများ သာ ပေါ့လေ …

    Mလုလင်

    • surmi

      January 16, 2013 at 12:35 am

      ယဉ်လိုင်းဝင်ကြေး သိန်း ၂၀ဝ ပေးရပါတယ် ။ (မနှစ်ကဈေး)
      တစ်ခေါက်ကို ယဉ်စီးခရငွေထဲက ၁၀% ခန် ့ ဂေါပက ကို ပေးရပါတယ် ။
      ဆိုတော့ ကာာာာ……..
      ပတ်လည် ပတ်ကုံး တစ်ယောက်နဲ့ တစ်ယောက် ဖဲ့နေကြတာပါပဲ ….
      တောင်တက် ကားစီးရေကို ဂေါပက က ကန် ့သတ်ထားပါတယ် ….
      ဘုရားထက်ကြီးတဲ့ ဘုရားလူဂျီးဒွေ ….။

    • kai

      January 16, 2013 at 2:26 am

      ကားသမားနဲ့သူ့မှီခိုသူတွေ.. တန်ပြန်ဆန္ဒပြကြပေါ့..
      ဆိုတော့..
      အဲဒီလိုနဲ့.. လူထုကြီးသွားကြမယ့်လမ်းက.. ထိုင်းလို ၂ခြမ်းကွဲ.. .. အကျီဝါ.. အကျီ င်္နီပေါ့…။
      ဒန်တန်တန်.. :saut:

  • ဦးကြောင်ကြီး

    January 16, 2013 at 9:56 am

    မတရား အနိုင်ကျင့်တဲ့ အာဏာပိုင်တွေ ခရိုနီတွေကိုတော့ မပြောဘဲ ရေနစ်သူ ဝါးကူထိုး ဆန္ဒပြတောင်းဆိုတာကို အပြစ်တင် ရှုံ့ချသူတွေကို ဒီနေရာကနေ ပြောလိုက်မယ် မင်းတို့အားလုံး ခရိုနီ့လဗျွတ်အဆင့် လောက်ပဲရှိတယ်…။ :chee:

    • zenn

      January 16, 2013 at 11:53 am

      ..ကြိုက်တယ်ဗျာ..ဦးကြောင်ကြီး ကွန်မန် ့..
      ..အချို ့နေရာတွေမှာ ခရိုနီ တွေ လက်ဝါးကြီး အုပ်လွန်းအား ကြီး နေပါတယ်..

  • nature

    January 16, 2013 at 6:17 pm

    ဘယ်သူကစလိုက်သလဲမသိဘူး ကျိုက်ထီးရိုးတောင် ကိုတနှစ်အတွင်း ၃ကြိမ် တက်ရင်ချမ်းသာတယ် လို့အယူရှိသူများလည်းရှိတယ်။ ဘုရားဟောထဲမှာလည်းဒါမျိုးမတွေ့မိပါဘူး။

    ကျိုက်ထီးရိုးတောင်ကို ယခင်က ကျန်းမာရေးမကောင်းသူ အသက်ကြီးသူ လူကြီးတွေမတက်နိုင်ဘူး။ အခုတော့ကြီးကြီးငယ်ငယ်တက်နိုင်တယ်။ဒါကြောင့် တောင်ပေါ်တက်တဲ့ဦးရေ အများကြီးတိုးလာတဲ့အတွက် တောင်ပေါ်မှာသန့်ရှင်းရေးပိုင်းအရအားနည်းလာတာကိုတွေ့ရတယ်။

    တောင်တက်ကားတွေစီးတဲ့အခါမှာလည်း စံနစ်တကျ တန်းစီတဲ့စံနစ်ကိုကျင့်သုံးသင့်တယ်။ ကားတစီးရောက်တာနဲ့အတင်းလုတက်နေကြတာစိတ်ပျက်စရာကောင်းတယ်။ စည်းကမ်းတကျဖြစ်သွားအောင် စီစဉ်ပေးရင် ပိုအဆင်ပြေမယ်ထင်တယ်။

    တောင်ထိတ်အထိကားရောက်တဲ့အတွက် ကျိုက်ထီးရိုးတောင်ရဲ့ ထူးခြားတဲ့သင်္ကေတဖြစ်တဲ့ ချစ်စရာဓလေ့တခုဖြစ်တဲ့ လမ်းလျှောက်တောင်တက် တာဟာ မရှိသလောက်နဲပါးသွားပြီ။ တခုကောင်းတခုဆိုးဆိုသလို ကားလမ်းပေါက်သွားတဲ့အတွက် အခုအထမ်းသမားတွေရဲ့စွမ်းရည်ဟာ တောင်ခြေကနေ တောင်ပေါ်အထိ မထမ်းနိုင်ကြတာကိုတွေ့ရတယ်။
    ီ၂ဦး၂ဖက်အဆင်ပြေမဲ့နည်းလမ်းလေးနဲ့ရှင်းနိုင်ရင်တော့ကောင်းမှာပဲ…။

    • အရီးခင်လတ်

      January 16, 2013 at 6:20 pm

      ကိုကြီးနေးချား 😉
      {{ ကျိုက်ထီးရိုးတောင် ကိုတနှစ်အတွင်း ၃ကြိမ် တက်ရင်ချမ်းသာတယ် လို့အယူရှိသူများလည်းရှိတယ်။ }}
      အဲဒီ ကထဲက ရှေးတုန်းမှာလဲ Marketing Strategy တွေ ရှိနေတာ သေချာတယ်။ 😆

      • pooch

        January 16, 2013 at 7:43 pm

        ရှိသေးတယ် အရီး ပုဂံမှာ စွယ်တော် ၄ ဆူ တရက်ထဲ အပြီးဖူးရင် ဆုတောင်းပြည့်တယ် ဆိုပြီး အိမ်က လူကြီးများတောင် တခေတ်တခါက ရောက်အောင် သွားဖူးလေရဲ့ ။
        နောက်မှ သိတာက အဲ့ဒီက ဒေသခံတချို့ရယ် လှေသမားရယ် မာကတ်တင်း ဖောက်ထားတယ်ဆိုတာ :mrgreen:

        • ကြက်ဖင် ( အကယ်ဒမီ )

          January 16, 2013 at 9:27 pm

          မယုံမရှိနဲ့ဗျ
          ကျုပ်တို့ မွန်ပြည်နယ် ကမာဝက်ရွာ ကျိုက္ကမော့ကြီး ဘုရားကို
          ဘုရားပွဲတိုင်း ခုနစ်နှစ် ဆက်တိုက်တက်ရင်
          အမေ့နို့တစ်လုံးဘိုးကျေတယ်ဗျ
          ကျုပ်တို ဆယ့်ခြောက်နှစ်လုံးလုံး ဆက်တိုက်တက်လာတာ
          ကျုပ်အမေဆိုတာ ကျုပ်မျက်နှာကို မော်တောင်မကြည့်ရဲဘူး

        • nature

          January 17, 2013 at 12:05 am

          pooch ရေ-
          အဲဒီစွယ်တော်၄ဆူ တရက်တည်း ၁၂ နာရီမကျော်ခင်အပြီးဖူးရင် ဆုတောင်းပြည့်တယ်ဆိုတာလေးကတော့ တိုက်တိုက်ဆိုင်ဆိုင် တခါပြည့်တဲ့သူတွေ တွေ့ဖူးတယ်။
          ကံကောင်းတာလဲပါမှာပါ။ ဘဝမှာ ရီစရာကောင်းတဲ့ တော်တော်ကြီးတဲ့ဆုတောင်းတောင်ပြည့်ဖူးတယ်။ ဒါကထိတ်တန်း လျှို့ဝှက်ချက်နော်..။

      • aye.kk

        January 16, 2013 at 9:41 pm

        အရီးခင်လတ်ရေ။
        တစ်နေ ့တည်းကို(တစ်ရက်ထဲမှာပေါ့နော်)ခြေလျှင်ခရီးအသွားအပြန်သုံးခေါက်။
        (အသွားအပြန်)တက်ရောက်ဖူးမျှော်နိုင်ခဲ့နိုင်ရင်။ထောင်ကဲဖြစ်ပါတယ်။
        ချမ်းသာတယ်လို ့သိရပါတယ်။ချမ်းသာတာအမှန်ပါ။
        လက်တွေ ့လုပ်ကြည့်ပါ။လိုရာဆုတောင်းပြည့်တာအမှန်ပါဘဲအရီးရေ။။(ကျိုက်ထိုသူ)

        • nature

          January 17, 2013 at 12:10 am

          aye.kk ရေ-
          နဂိုကလိုမျိုးတရက်တည်းကို အသွားအပြန်ခြေလျှင် ၃ခေါက်သာလျှောက်ရရင်တော့ အသက်ထွက်ရချည်ရဲ့။ တနေ့တည်း ၃ခေါက် နေ့တိုင်း အသွားအပြန်လျှောက်နေနိုင်တာကတော့ အထမ်းသမားတွေတော့ရှိလိမ့်မယ်ထင်တယ်။

  • aye.kk

    January 16, 2013 at 9:06 pm

    ကျိုက်ထိုသားဗိုက်ကျော်မသွားနဲ ့တဲ့။ငရဲကြီးမယ်တဲ့လေ။
    ဘုရားငွေတွေစားထားတဲ့ဒေသခံကလူတွေရဲ ့ခန္ဓာကိုယ်ဝမ်းဗိုက်တွေကိုပြောတာပါ။
    အဲလောက်ကိုပြောဆိုတင်စားခံထားရတာပါ။
    ဘုရားကိုမှီပြီးညစ်ပတ်ပြီးစီးပွားရှာစားနေကြတဲ့ဒေသခံတွေကျိကျိတက်ချမ်းသာကုန်ကြပါတယ်။
    အန်တီမိတ်ဆွေဘကြီးတုန်းကတော့။ကျိုက်ထီးရိုးဘုရားဂေါပကဥက္ကဌ
    ဆောင်ရွက်ခဲ့စဉ်ကကျိုက်ထီးရိုးဘုရားရံပုံငွေကိုပထမဦးဆုံး“မတည်”တည်ထောင်ပေးခဲ့တဲ့သူပါ။
    လွန်ခဲ့တဲ့၁၉၇၃/၁၉၇၄/၁၉၇၅ခုနှစ်နှောင်းပိုင်းကပါ။
    သမာသမတ်ကျစွာ၊သမာဓိရှိစွာနဲ ့လုပ်ကိုင်ဆောင်ရွက်ပေးခဲ့တာပါ။
    ၁၉၇၅ခုနှစ်လွန်နောက်ပိုင်းမှာတော့ပေါ့နော်။မိတ်ဆွေဘကြီးကိုဖယ်ထုတ်လို ့။
    လုပ်ချင်ရာတွေလုပ်နေခဲ့ကြတာကတော့မပြောကိုမပြောပြချင်တော့ပါဘူး။။(မမြလေးပြောသလို)

  • aye.kk

    January 17, 2013 at 6:44 am

    nature ရေ။
    အထမ်းသမားတွေက ပုံမှန် နှစ်ခေါက်မျှတက်နိုင်ကြတာပါ။
    အင်မတန်တက်နိုင်တဲ့သူက နှစ်ခေါက်ခွဲမျှတက်နိုင်တာ ။
    ပုံမှန်တောင် အထမ်းသမားတွေရဲ ့ခြေသလုံးတွေ ကြွက်တက်တာ ။
    အမြဲတန်းတက်နေသူတွေ ဖြစ်ပေမယ့် တကယ်တန်း (သုံးခေါက်)တက်နိုင်ဘို ့က မလွယ်ဘူး။
    ထောင်ကဲဖြစ်ချင်တဲ့ အမလိုအဖေမျိုး ။ ဆုတောင်းပြည့်ချင်တဲ့သူတွေ ။ ဘုရားတံခိုးယုံကြည်တဲ့သူတွေ။
    အဓိဌာန်ပြီးတက်ကြမှသာ ။ ဆုတောင်းပြည့်တာပါ ။ မဖြစ်နိုင်တဲ့သူတွေက ။ ကျိုက်ထီးရိုးဘုရားကို ။သုံးခေါက်တက်လဲ ။ မအောင်မြင်ဘူး။ ဒါက ကျိုက်ထိုမှာ ကြီးပျင်းလာတဲ့ အမရဲ ့ကိုယ်တွေ ့အဖြစ်အပျက်တွေပါ ။
    ထောင်ကဲဖြစ်လိုရင်တော့ ။ အဓိဌာန်ပြီး ။ ဆုတောင်းပြီးလုပ်ကြည့်ပါ ။ ဆုတောင်းပြည့်ပါသည် ။။(ပွဲတွေ ့)

  • aye.kk

    January 17, 2013 at 6:52 am

    မဖြစ်နိုင်တဲ့သူတွေကတော့
    ဘုရားကိုနှစ်ခေါက်တက်ပြီးတာနဲ ့တင်ကျရှုံးသွားပါတယ် ။
    သုံးခေါက်မျှတက်နိုင်တဲ့၊အဓိဌာန်အောင်သူတွေကတော့…ဆုတောင်းပြည့်သူတွေကတော့။
    ကြိုးစားတဲ့ရလာဒ် အကျိုးပါဘဲ။ ဇွဲ၊လုံ ့လ၊ဝီရိယ။ကံ။ ဉာဏ် ။သုံးပါးလုံး ပြည့်စုံကြတဲ့သူတွေပါဘဲ။

Leave a Reply