Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လာမဲ့ Sony Xperia Z ကို လှမ်းမျှော်ကြည့်ခြင်း

BurmaJanuary 14, 20132min64716

Sony Xperia Z

2013 March လမှာထွက်ရှိမယ်လို့ မျှော်လင့်ရတဲ့  Sony ရဲ ့ နောက်ဆုံးပေါ် Smart Phone တစ်လုံးဖြစ်ပါတယ်။ Sony ဟာ Ericsson နဲ့ လမ်းခွဲပြီးနောက်မှာ  နည်းပညာပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ တိုးတက်လာပေမဲ့ Design ပိုင်းမှာ နည်းနည်းကျသွားပြီး Slim မဖြစ်သေးလို့ Sony ကြိုက်တဲ့သူတွေတောင် နည်းနည်း လက်တွန့်ကျပါတယ်။ ဒါပေမဲ့ Sony Xperia Z မှာ တော့ Slimness ကလွဲပြီး Design ပိုင်းကလဲ ကြည့်ကောင်းတာတွေ့ရပါတယ်။

 

Sony Xperia Z Overview

Sony Xperia Z တစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ Sony ရဲ ့ အဓိက အားသာချက်ဖြစ်တဲ့ Camera နဲ့ Resolution ပိုင်းမှာ ပြောစရာမလိုအောင်ကောင်းမှာကိုတွေ့ရပါတယ်။ Sony Ericsson Xperia Series တွေနဲ့ Sony Xperia ရှေ့ဖုန်းတွေနဲ့ မတူတာကတော့ Front Camera သိသိသာသာ ကောင်းမွန်လာတာကိုတွေ့နိုင်ပါတယ်။ နောက် ဒီဖုန်းဟာ မထွက်ခင်ကတည်းက နာမည်ကြီးတာကတော့ ရေ နဲ့ ဖုန် Proof လုပ်ပေးတာကို အသားပေးပြီး ကြေညာထားပါတယ်။ ရေကတော့ ၁ မီတာ နဲ့ မိနစ် ၃ဝ အထိ အမြုပ်ခံပါတယ်။ နောက် ရေချိုးရင်းဖုန်းပြောနိုင်ပါမယ်။ 5.47 လက်မှ Dimension ရှိမဲ့ Sony Xperia Z ဖုန်းဟာ Micro-SIM အသုံးပြုထားတာကိုလဲ တွေ့နိုင်ပါတယ်။

 

Screen and Display

Screen အနေနဲ့ပြောရမယ်ဆိုရင်တော့ Sony LCD ကြီးတွေမှာပါတဲ့ BRAVIA®  အင်ဂျင်လို့ခေါ်တဲ့ နည်းပညာကို Mobile Phone မှာထည့်ထားပေးပါတယ်။ (ဒီဟာက အရင် Xperia ဖုန်းတွေမှာ ပါလိုက် ၊ မပါလိုက်နဲ့ ပါတာမပါတာက နည်းနည်းတော့ ကွာခြားချက်တော့ရှိပါတယ်။ ဒီဖုန်းမှာ ပြန်ပါလာတာ တော်တော်ကောင်းတယ်လို့ပြောရမယ်) ဒါအပြင့် 1080p Display နဲ့ဆိုတော့ Display Resolution ပိုင်းဟာ ဝေဖန်စရာသိပ်မရှိပဲ နောက်ဆုံးထွက် Bond Phone လို့ခေါ်တဲ့ Xperia T ထက်ပိုကောင်းတာကို ခံစားရမှာဖြစ်ပါတယ်။ Scratch-Resistant မှန်ကို သုံးထားပြီး Multitouch စနစ် အသုံးပြုပေးထားပါသေးတယ်။ (လက်ညှိုး ၁ဝ ချောင်း အထိရမယ်လို့ သိရပါတယ်)

 

Sound and Memory and others

Sony Phone တွေဟာ Music and Entertainments နဲ့ ပက်သက်ပြီး ယခင် Smartphone မတိုင်ခင်ကတည်းက နာမည်ကြီးခဲ့တာ လူတိုင်းသိပါတယ်။ အသံပိုင်းနဲ့ပက်သက်ပြီးတော့ ဝေဖန်စရာမရှိပဲ Samsung Phone တွေထက် အသင့်ပါတဲ့ နားကြပ် ဖုန်းတွင်း သီချင်းအသံထွက် ၊ Speaker တွေဟာ ကောင်းမွန်တာတွေ့ရပါတယ်။ 3.5 mm jack နဲ့ နားကြပ်အသင့်ပါရှိမှာပါ။ Memory ကတော့ Internal 1G တောင်မပြည့်ခဲ့တဲ့ အရင် Xperia ဖုန်းတွေလိုမဟုတ်ပဲ Internal 16GB နဲ့ 2GB RAM ပါ ပါရှိသလို SD Card ပါ 32 GB အထိထပ်စိုက်လို့ရတာ အရင် ဖုန်းတွေနဲ့ လုံဝမတူပဲ အသုံးပြုသူတွေ ပိုအဆင်ပြေနိုင်တာကိုတွေ့ရပါတယ်။ SIII မှာ စတင်နာမည်ကြီးလာတဲ့ NFC နည်းပညာပါ အံ့အားသင့်ဖွယ်တွေ့ရပါတယ်။

 

Camera

အတိအကျဆို 13.1 Mega Pixels နဲ့ ရုပ်ထွက်ကတော့ 4128×3096 Pixels ဓာတ်ပုံတွေကို ရိုက်နိုင်ပြီး LED Flash ပါပါဝင်ကာ ပုံမှန် Geo-Tagging,Face Detection,Stabilization တွေအပြင် Focus ကို Touch နဲ့ဖြတ်နိုင်ခြင်း Panorama ကို ဖုန်းကို ရွှေ့ပြီးရိုက်တဲ့ နည်းပညာတွေ ကတော့ ပုံမှန် Xperia တွေလို မပြောင်းပဲ ပါဝင်ပါတယ်။ Video ရိုက်မယ်ဆို ယခင် 720p ကနေ ယခု 1080p အထိရိုက်နိုင်အောင် အဆင့်မြှင့်ထားပြီး Continuous Autofocus ပါပါရှိပါတယ်။ ရှေ့ Camera ကတော့ 2.2 Megapixel ကြီးများတောင် Sony Phone တွေထဲမှာ ပထမဆုံး Front Camera အကောင်းဆုံးဖြစ်ပါတယ်။

 

Battery

Battery ကတော့ ဖယ်ရှားလို့မရတဲ့ ပြသနာတစ်ခုရှိနိုင်ပါတယ်။ အဲ့ဒါကတော့ ကျွန်တော့လို ဖုန်းနဲ့ အမြဲ Entertainment တွေသုံးတဲ့သူအတွက် နည်းနည်း မကောင်းပါဘူး။ ဒါပေမဲ့ Standby ဆို 2G အတွက် နာရီ 550 ၊ 3G အတွက် နာရီ 530 အသုံးခံပြီး သီချင်းနားထောင်မယ်ဆို နာရီ 40 ၊ ဖုန်းပြောမယ်ဆို 11 နာရီ ဆက်တိုက်က 2G ၊ 3G အတွက်က 14 နာရီ ဆက်တိုက်ဖြစ်ပါတယ်။

အခြား

Android ကတော့ လောလောဆယ် နောက်ဆုံးဖြစ်တဲ့ Jelly Bean သုံးထားပြီဒ 4.1.2 ဖြစ်ကာ 4.2 အထိ တင်နိုင်အောင် စီစဉ်နေပါတယ်။ CPU ကတော့ 2013 မှာ Smartphone တွေမှာ များလာမဲ့ Quad-core processor 1.5 Ghz Krait ကိုအသုံးပြုထားပါတယ်။ Sensors တွေအနေနဲ့ Accelerometer,Gyro,Proximity အပြင် Compass လဲပါပါတယ်။ SMS,Email,MMS အပြင် IM ပါ ပါလာပါတယ်။ HTML 5 Browsers ကိုအသုံးပြုထားပါတယ်။ GPS,Radio Support များပါဝင်ပါတယ်။ သီချင်းနားထောင်မယ်ဆိုရင်တော့ MP3 အပြင် အရင် Xperia တွေမှာမရတဲ့ eAAC+,WAM,WAV တွေတောင် နားထောင်နိုင်တော့မှာဖြစ်ပါတယ်။ Photo Editor ပါပါဝင်လာပါတယ်။

Xperia ဖုန်းကို အနက် ၊ အဖြူ နဲ့ ခရမ်းဆိုပြီး အရောင်သုံးရောင်ထိရနိုင်မှာဖြစ်ပြီး ဈေးကတော့ ယခင် Xperia ဖုန်းတွေနဲ့ နည်းနည်း သို့မဟုတ် အရမ်း များနိုင်ပါတယ်။ လောလောဆယ် Xperia T 399$ ဈေးထက်တော့များနိုင်ပါတယ်။ ဒါပေမဲ့ 600 700 လောက်ထိတော့များမယ်လို့ ကျွန်တော် မှန်းမထားပါဘူး။

Xperia Z ရဲ့ ပုံတွေနဲ့ Specification တွေကို ပုံနဲ့ ကြည့်ရှုချင်ရင်တော့အောက်ပါလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

http://www.sonymobile.com/gb/products/phones/xperia-z/

ဒီဇိုင်းနဲ့ Build Quality ကို အခြားဖုန်းများနှင့် နှိုင်းယှဉ်ကြည့်ခြင်း

5 လက်မ Display ကတော့ Sony ဖုန်းတွေထဲမှာ ကျွန်တော်မျှော်လင့်ထားသလို အကြီးကြီးဖြစ်နေပါလိမ့်မယ်။ ပြီးတော့ နည်းနည်းလေး S3 ထက်ပိုရှည်ပြီး မာဂျင်နည်းနည်းကျယ်တာကိုလဲ တွေ့ရပါတယ်။  7.9 mm အထူးကတော့ iPhone 5 ထက်စာရင် ပါးတယ်လို့ ဆိုနိုင်ပါတယ်။ ဂျင်းဘောင်းဘီ အိပ်ထဲထည့်ဖို့လဲ တေ်ာတေ်ာအဆင်ပြေပါတယ်။ S3 နဲ့ iPhone 5 ထက်လေးတဲ့ 146g ကတော့ နည်းနည်းပြောစရာရှိပေမဲ့ Nokia Lumina 920 ဆိုတဲ့ 700 ကျော်တန်တဲ့ ဖုန်းထက်စရာရင် တော်ပါသေးတယ်လို့ဆိုရမှာပါ။ နောက် ခလုတ်မဟုတ်တော့တဲ့ အောက်က Back,Home နဲ့ Menu Button တွေကတော့ Sony ပရိတ်သတ်တွေအတွက် သတင်းကောင်းဖြစ်ပါတယ်။ အရောင်စုံဝယ်နိုင်တာကလဲ ကောင်းပါတယ်။

Xperia ရဲ့ ငါးလက်မနဲ့ 1920×1080 Full HD က iPhone5,S3 နဲ့ Note 2 ကိုတောင် အနိုင်ပိုင်းလိုက်ပါတယ်။ iPhone က ပိုသေးပေမဲ့ Z ရဲ့ 441ppi pixel density က 326ppi iPhone 5 ထက်ပိုသာပါတယ်။

Z ကတော့ ခု လူပြောများနေတဲ့ SIV နဲ့တောင် အပြိုင်ယှဉ်ပြောလို့ရအောင်ကို ကောင်းပါတယ်။

 ပုံကတော့ အချိန်မရတော့ လို့မတင်နိုင်တော့ပါ။ တောင်းပန်ပါတယ်။

 

16 comments

  • mamanoyar

    January 14, 2013 at 11:59 am

    တိုးတက်လာတဲ့နည်းပညာအတွက်ဝမ်းသာစရာပါ
    ဒါပေမယ့် ဟိုသီချင်းထဲကလို မမျှော်လင့်ရဲပါဘူးကွယ့်……….

  • MaMa

    January 14, 2013 at 3:12 pm

    Sony Ericsson XPERIA Handset ကိုင်နေတာ။
    တခြားတော့ မသိဘူး။
    ကင်မရာကောင်းလို့ သီးသန့်ကင်မရာတောင် မသုံးဖြစ်တော့ဘူး။
    တွေ့ကရာတွေလည်း ရိုက်ဖြစ်သွားတယ်။
    အားသွင်းရင် ကြောင် တတ်တာတော့ အဆင်မပြေဘူး။

  • Thu Wai

    January 14, 2013 at 3:24 pm

    sony ဆိုရင်မာမှန်းသိတယ် ဒါပေမယ့် ကိုယ်တိုင်က ပန်းသီးကြိုက်သူများထဲမှာပါနေတယ်။
    ပန်းသီးကလဲ Jailbreak ကအရင်လိုမလွယ်တော့ဘူး hackulo.us အဖွဲ့ကဖျက်သိမ်းလိုက်ပြီဆိုတော့
    Sony ကိုလဲ ချစ်ရမယ့်စာရင်းထဲမှာထည့်ထားရပြီ။

  • မောင့်ကျက်သရေ ဂီ့

    January 14, 2013 at 4:16 pm

    ပန်းသီးကိုပဲ ချစ်မိဆဲပါကွယ်
    ဒါပေသိ နောက်ဝယ်မယ့်ဖုန်းဟာ HTC ဖြစ်ပါကြောင်း

    သခင်မျိုးဟေ့ ဒို့ဘာမန်

    :harr:

    • nozomi

      January 14, 2013 at 5:13 pm

      ကိုဘားမားကို လဲ ဒီပို့စ် လေး အတွက် ကျေးဇူးတင်ပါတယ်

      ကိုဂီ ရေ HTC ကို စိတ်ဝင်စားတယ်
      နဲနဲ ရှင်းပြပေးပါဦး

  • Burma

    January 14, 2013 at 5:42 pm

    Sony Xperia Z မှာ ပထမဆုံး စတင်ပါဝင်လာတဲ့အလင်း အခြေအနေတွေကြောင့် မှောင်တာတွေ လင်းလွန်းတာတွေအတွက် 13 Megapixel Camera with Exmor RS for Mobile System ကိုတွေ့ရမှာဖြစ်ပါတယ်။ Sony Image Sensor Technology အတွက် အသစ် တင်ဆက်မှုလဲဖြစ်ပါတယ်။ အရောင် တွေကို အလင်းကြောင့် အနှောင့်အယှက်မဖြစ်အောင် အကောင်းဆုံး စီမံပေးထားတာဖြစ်ပါတယ်။ ဒါအပြင့် Exmor RS™ for mobile နဲ့ Full HD Front Camera ကိုလဲ သုံးစွဲသူတွေခံစားနိုင်မှာပါ။

    သားပုကတော့ ဆိုနီပရိတ်သတ်စစ်စစ်ဆိုတော့ ဒီဖုန်းက အကောင်းဆုံး 2013 မှာ SIV ထက်သာနိုင်တယ် လို့ ညွှန်းချင်တယ်။

  • မောင်ပေ

    January 14, 2013 at 9:04 pm

    ဆိုနီအိတ်စ်
    ပျိုမဒီကိတ်
    ချိုပလီစိတ်
    လိုသည်တစ်နှိပ်

  • kai

    January 15, 2013 at 5:27 am

    ပုံမပါလို့.. ပုံတင်ပေးလိုက်တာပါ…
    ကျုပ်ကတော့.. အခုဆမ်းဆောင်ဗျို့..။ HTC ကို..အရင်ကကိုင်ခဲ့တာ..။
    screen size ကြီးကြီးကို. ဈေးအလကားနဲ့မရလို့… :kwi:

  • အရီးခင်လတ်

    January 15, 2013 at 8:55 pm

    ဟေး သားပုရေ
    မင်းက ဂတိတည်သားဘဲ။
    ၂၀၁၃ မှာ ပြန်လာမယ် ဆိုတာ။ 😉
    အများသိသင့်တဲ့ နည်းပညာ ဗဟုသုတလေး နဲ့ ထင်မြင်ချက်တွေ အတွက် ကျေးဇူးပါနော်။
    စာမေးပွဲရော အခြေအနေကောင်းရဲ့လား။
    အားလုံးအောင်မြင်ပါစေ လို့ဆုတောင်းပါတယ်။
    ခင်မင်စွာဖြင့်

    • Burma

      January 16, 2013 at 11:39 am

      စာမွဲက သုံးလပိုင်းမှဗျို့.. .. အခြေအနေက ကောင်းမှာပါ။
      ပေးတဲ့ဆုနဲ့ပြည့်ပါစေ အန်တီရေ. . .

      မန်းဂေဇက်ကို ခုမှ တစ်ခေါက်ပြန်လာဖြစ်တာ။ 😀

  • ကျုပ်ဂဒေါ့ ….
    ဟာဝေး ဆိုဒဲ့ တလုတ်ဂျီးတောင် အနိုင်နိုင်ရယ်ဘာ …
    အသစ် အသစ်တွေ ပေါ်လာဒိုင်း
    ပုံလေးတွေ ကြည့်ပြီး ဂလု လုပ်နေရဒဲ့ဘွ ….
    သဋ္ဌိန်းဂျီး ဖစ်မှ နောက်ဆုံးပေါ် ဖုန်းတွေ …
    ချိတ်လို့ ရသမျှ အကုန် ချိတ်ပြီး Downtown ဆယ်ပတ်လောက်
    လမ်းလျှောက် ထွက်ပလိုက်မယ် …..
    ခုဒေါ့ … နေနှင့်ဦးပေါ့လို့ ……. :mrgreen:

  • Mလုလင်

    January 16, 2013 at 12:06 am

    ကျုပ်ကတော့ (တဦးတည်း အမြင်ပါ) ဖုန်းဆိုမှ ဖုန်းပဲ .. လိုင်းဆွဲကား ကိုပဲ အခြေခံ ရွေးတယ်။ အဲ့ smart phone တွေက .. ဟိုလိုလို ဒီလိုလို တွေ များတယ် ကင်မရာ ဆိုလဲ မကောင်းဘူးလဲ မဟုတ် .. တကယ်သုံးမယ် ဆိုလဲ သုံးမရ နဲ့

  • မင်းနန္ဓာ

    January 16, 2013 at 10:55 am

    ကျနော်ကတော့ ကြိုက်သွားပြီ
    စမတ်ဖုန်းဆိုတော့ ဈေးက ၅ ပုံးအောက် ကျမှာ မဟုတ်
    :528:

    • Burma

      January 16, 2013 at 11:41 am

      7 သိန်းအနည်းဆုံးပဲ။

  • Burma

    January 16, 2013 at 11:40 am

    ညီ ထင်တာတော့ ဟန်းဆက်နဲ့မဆိုင်ပဲ ကွန်ယက်နဲ့ဆိုင်မယ်ထင်တယ် GSM ဟန်းဆက်တွေက အကောင်းစားတွေထွက်ပေမဲ့ ကွန်ယက်မကောင်းလို့ ခုလိုတွေဖြစ်နေတာဖြစ်မယ်။ CDMA တွေကျ လိုင်းဆွဲအား စကားပြောတယ်ထင်တာပဲ. . . မသိပါဖူး သေချာတော့

  • မြစပဲရိုး

    August 19, 2015 at 9:59 pm

    သားပု ရေ
    အခု မင်း ရဲ့ ဆိုနီခမျာ သက်ဆိုးရှည်နိုင်ပါဦးမလား။
    ပြန်လာပြီး ထပ် Review လုပ်ပါဦးလား။ :-))

Leave a Reply