လက်ကလေးရယ်တဲ့ ရှက်မိတော့
လက်ကလေးရယ်တဲ့ ရှက်မိတော့
“ မင်္ဂလာပါ ဆရာမ ´´
“ မင်္ဂလာပါ တပည့်တို့၊ ထိုင်ကြ ထိုင်ကြ ´´
မူလတန်းကျောင်းတစ်ခုရဲ့ စာသင်ခန်းတစ်ခုထဲကို အတန်းပိုင်ဆရာမ ဝင်ရောက်လာလို့ ကလေးတွေ လက်လေးပိုက်ကာ မတ်တပ်လေးရပ်လို့ နုတ်ဆက်တာကို ဆရာမကလည်း ပြန်လည်နုတ်ဆက်တဲ့ အသံလေး တွေပါ။ ပြီးတော့ ဆရာမက သူ့စားပွဲပေါ်တင်ထားတဲ့ တပည့်တွေရဲ့သင်္ချာအဖြေစာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ်အဖြေစစ်နေတယ်ပေါ့။ ခဏအကြာမှာတော့
“ မောင်ခင်ခ ´´
“ ခင်ဗျား….´´
“ အရှေ့ထွက်လာခဲ့ ´´
“ ဟုတ်ကဲ့ပါ ခင်ဗျ ´´
ဒါနဲ့ဘဲ လက်ကလေးပိုက်ကာ အတန်းရှေ့သိုလျှောက်လှမ်းပြီး ဆရာမစားပွဲဘေးမှာရပ်လိုက်တယ်ဆိုရင်ဘဲ
“ ၂၈ နဲ့ ၂၆ ပေါင်း ကျောက်သင်ပုန်းမှာ အသံထွက်ပြီး ပေါင်းပြစမ်း ´´ ခင်ခလည်း မြေဖြူလေးယူကာ ရေးလိုက်ပြီး အသံလေးထွက်ကာ ပေါင်းပြရတာပေါ့။
“ ၈ ကိုစိတ်ထဲမှမှတ် ၈ ပြီးတော့ ၉ ၁ဝ ၁၁ ၁၂ ၁၃ ၁၄ ( လက်ဆယ်ချောင်းကို ဖြန့်ပြီး တစ်ချောင်းချင်းစီ ပြန်ချိုးကာ ရေတွက်တာပါ) ၄ ရေး၊ ၁ အပေါ်တင် ၁ နဲ့ ၂ ပေါင်း ၃၊ ၃ နဲ့ ၂ ပေါင်း ၅ ။ ၅ ချရေး။ အဖြေ ၅၄ ရပါတယ်ဆရာမ ´´
“ စာအုပ်ထဲမှာ ဘာရေးထားလဲ ဖတ်စမ်း ´´
“ ၄၄ ပါ ဆရာမ ´´
“ ဘာလို့ ၄၄ ရေးတာလည်း ကိုယ့် အမှားကို သိလား ´´ ခင်ခ စာအုပ်တလှည့် ကျောက်သင်ပုန်းတလှည့် အပြန်အလှန်ကြည့်ပြီးတော့
“ ၁ တင်ပြီး မပေါင်းခဲ့ လို့ပါ ဆရာမ ´´
“ အေးဟုတ်တယ် လက်ဝါးဖြန့် နောက်မရှမ်းအောင် အမှတ်ရအောင် ´´ ပြောတော့ ညာဘက်လက်ဖဝါးလေး ဖြန့်ပေးရင်ဘဲ “ဖြမ်း´´ ဆရာမက ကြိမ်လုံးလေးနဲ့ ခပ်ဆတ်ဆတ်လေး တစ်ချက်ရိုက်လိုက်တာပေါ့။
“ ရော့အဖြေစာအုပ်၊ ကိုယ့်နေရာ သွားထိုင်တော့၊ နောက်ကို သေချာ တွက်နော် ´´
“ ဟုတ်ကဲ့ပါ ဆရာမ ´´ လို့ပြောပြီး လက်ဖဝါးနှစ်ဖက်ကို ပွတ်ကာ မိမိနေရာကို လျှောက်လာရင်း အတန်း သူားများရဲ့ ဝိုင်းကြည့်နေကြတာမို့ရယ် ကြက်ခြေခတ်ထားတဲ့ ဆရာမရဲ့ မှင်နီလေးကိုကြည့်ရင်း လက်ကလေး ရယ်တဲ့ ရှက်မိတော့ နောက်မမှားဖို့ ကြိုးစားရအုံး မှာပါလားလို့ တွေးခဲ့မိတဲ့ မူလတန်း ကျောင်းသားဘဝက ခင်ခ ပါ။
ခင်ခလည်း တက္ကသိုလ်ဝင်တန်းဖြစ်တဲ့ ၁ဝတန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)မှာ တက္ကသိုလ် ပထမနှစ် ဒုတိယနှစ် တက်ရတာပေါ့။ အဲဒီမှာ ပထမနှစ်ကထဲက ခင်ခ နဲ့ မေဂျာတူ အတန်းတူပြီး ခုံနံပါတ်ချင်း လည်း သိပ်မကွာတဲ့ ရန်ကင်းသူ ကျောင်းသူတစ်ယောက်ကို ခင်ခ စိတ်ထဲကြိုက်မိတာပေါ့။ အတန်းဖော်လည်း ဖြစ် ခုံနံပါတ်လည်း သိပ်မကွာမို့ လက်တွေ့အတန်းချိန်မှာလည်း အတူတွဲဖြေခဲ့ရသလို ကျူတိုရီရယ် ဖြေလည်း ရှေ့ဆင့်နောက်ဆင့်မို့ ပိုပြီးတော့ တွဲဖြစ်တဲ့သူငယ်ချင်း တစ်သိုက်ထဲသူပါခဲ့ပေါ့။ ဒီလိုနဲ့ ပထမနှစ် လွန်မြောက်ပြီး ဒုတိယနှစ် ကျောင်းတွေပြန်ဖွင့်လို့ သိပ်မကြာသေးတဲ့ နေ့တစ်နေ့ရဲ့ ညနေခင်း လက်တွေ့အတန်းချိန်ရှိတယ်မို့ ခင်ခ လည်း ပထမနှစ်ပြီး ကျောင်းပိတ်တုန်းက ခဏဝေးနေရတာမို့ လွမ်းတဲ့ခံစားချက်က လည်းရှိ ကျောင်းပြန် ဖွင့်တော့ အနီးနားအတူတွဲ ကြပြန်ဆိုတော့ ဒီနေ့ လက်တွေ့သင်တန်းချိန်ပြီး အိမ်ပြန်ဖို့ ကားဂိတ် သွားရင်း သူ့ကို ချစ်ကြိုက်ကြောင်း သိအောင် ရည်စား စာလေးရေးခဲ့တာပေါ့။ အဲဒီနေ့က ခင်ခ အတွက် ကံကောင်း ချင်လို့လားမသိ လက်တွေ့လုပ်ရတဲ့ဘာသာရပ်က ခါတိုင်းထက်ပိုကြာလို့ လက်တွေ့ သင်တန်းချိန် ပြီးတော့ ကျောင်းမှာလူနည်းနည်းရှင်းနေတယ်လေ၊ အဲလိုနဲ့ လက်တွေ့သင်တန်းပြီး ကားဂိတ်အသွား ကော်ရစ် တာအချိုးလေး လူရှင်းတာမို့ အဆင်သင့်ရေးထားတဲ့စာလေးကို လက်လနေကိုင်ရင်း
“ ငါ နင်ကို ဖတ်စေချင်လို့ ဒီစာလေးယူသွားပေးပါလား ´´
“ ဘာစာမလို့လဲ ဟ၊ အခုလို လူချင်းတွေ့နေတာဘဲ ပါးစပ်ကပြောလည်းရဘဲဉ္စာ´´
“ ပါးစပ်ကပြောတာထက် စာနဲ့ရေးပေးတာ ပိုပြီးခံစားချက်ကို သိစေလို့ပါဟာ ယူသွားပေးပါနော်´´
“ ခင်ခ အခုလည်းယူမသွားနိုင်ဘူး နောက်လည်း ဘယ်တော့မှမယူနိုင်ဘူး ငါက နင်ကို အချစ်ဆုံးသူငယ်ချင်း တစ်ယောက်လိုဘဲ ခင်ခဲ့တာပါဟာ´´ လို့ပြောလည်းပြော ခင်ခ လက်ထဲမှာ ကိုင်ထားတဲ့ရည်းစားစာလေးကို လည်း သူလှမ်းက ပုတ်လိုက်ပြီး ခင်ခ အနီးက ပြေးထွက်သွားလေရဲ့ဗျာ။ ခင်ခ လည်း အောက်ကျသွားတဲ့ ရည်စားစာလေးကို ပြန်ကောက်ခါ အဝေးဆီကိုရောက်သွားတဲ့ သူလေးကိုလှမ်း၍ကြည့်ရင်း ရည်စားစာပေးမိလို့ ချစ်မြတ်နိုးခဲ့တဲ့သူတစ်ယောက်ရဲ့ ကြက်ခြေခတ်ကာ ပုတ်ထုတ်ခံရတဲ့ လက်ကလေးရယ်တဲ့ ရှက်မိတော့ မချစ်ဖို့ ကြိုးစားရအုံးမှာလားလို့ တွေးမိခဲ့တဲ့ တက္ကသိုလ်တက်စဉ် ကျောင်းသားအရွယ်က ခင်ခ ပေါ့။
ဒီလိုနဲ့ တက္ကသိုလ်ပညာသင်ကာပြီး ဘွဲ့လေးတစ်ခုရလို့ ခင်ခ တစ်ယောက် အလုပ်ထဲဝင်ရောက်လုပ် ကိုင်ခဲ့ကြ ရပါပေါ့လေ။ အဲဒီတုန်းက ခင်ခ လုပ်တဲ့အလုပ်က နိုင်ငံခြားကတင်ပို့ပေးလိုက်တဲ့ ကုန်သေတ္တာတွေကို ဆိပ်ကမ်းမှာ အကောက်ခွန်စစ်ဆေးပြီး တင်သွင်းတဲ့ကုမ္မဏီတွေကို ပို့ပေးရတဲ့ အေးဂျင့်အလုပ်ပေါ့။ တစ်ခါက တင်သွင်းတဲ့ကုမ္မဏီ မတူ တင်သွင်းတဲ့အမျိုးအစား မတူတဲ့ ကုန်သေတ္တာ ၂ လုံး ကို ဆိပ်ကမ်းကထုတ်ဖို့ အကောက်ခွန်စစ်တဲ့ ပုံစံမှာဖြည့်စွက်တာ လွဲပြီးဖြည့်ခဲ့လို့ ပထမ ကုန်သေတ္တာအရင် အကောက်ခွန်စစ်တော့ နောက်က လွဲတဲ့ သွင်းကုန်လိုင်စင်နဲ့ အကုန်လွဲနေလို့ သိမ်းဆည်းမယ်ဆိုတော့မှ ကုန်သေတ္တာ၂ ခု လွဲဖြည့်တဲ့ အကြောင်း ရှင်းပြပြီး နောက်ကျန် ၁ လုံးကို အခုစီစစ်တဲ့ ကုန်သေတ္တာနဲ့ ဒီနေ့ယှဉ်ထိုးပေး လွဲတာမဟုတ် ရင်တော့ သိမ်းပြီတာမှတ်ဆိုပြီး အကောက်ခွန်အရာရှိရဲ့ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရတဲ့ အရွယ်ရောက်ကာ အလုပ်တွေဝင်တဲ့အခါက မှားယွင်းလွဲကာဖြည့်ခဲ့လို့ ဘဝကကြက်ခြေခတ်ခံခဲ့ရတဲ့ လက်ကလေးရယ်တဲ့ ရှက်မိတော့ မမှားဖို့ကြိုးစားခဲ့ရတဲ့ အလုပ်စလုပ်တဲ့ အရွယ်က ခင်ခ ပေါ့။
အခုတော့ ဂဇက်ရွာထဲမန်ဘာဝင်ကာ ကိုယ်ဖတ်ခဲ့ဖူးတဲ့ သုတေသနဆေးပညာပေးစာပေတွေကို မျှဝေရေးပေး ရင်း၊ ကိုယ့် တွေးမိ မြင်မိ ကြားမိ တာလေးတွေ တစ်ခါတလေ ဟိုရေးဒီရေးကာ Creative Writing ဆိုကာ ပိုစ့်လေးတွေ တင်ခဲ့တာပေါ့။ အခုလထဲမှာဘဲ မန္တလေးဂဇက်အဖွဲ့ဝင်များဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများ စာပေဆုပေးပွဲ မကြာမီ ကျင်းပပါတော့မယ် တကယ့်အတွေးကောင်း အရေးကောင်းသူတွေ ဆုယူရတော့မယ် တကယ်လည်း သူတို့အရေး သူတို့အတွေးတွေကို ပြန်ဖတ်ကြည့်တော့ အလွန်ကိုကောင်းတဲ့ရသ ပိုစ့်တွေပါဘဲ လေ၊ အဲဒီလို ဆုရမယ့် ပိုစ့်လေးတွေဖတ်မိရင်း ကိုယ်ရေးတယ်ဆိုတာ ဘာဟုတ်သေးလဲကွာ အတော်ကိုညံတဲ့ ကိုယ်ပါလားလို့ မိမိကိုယ်ကြက်ခြေခတ်ပေးဖြစ်လို့ ပိုစ့်ရေးခဲ့တဲ့ လက်ကလေးရယ်တဲ့ ရှက်မိတော့ နောက်များ ရေးဖို့ တောင် လက်တွန့်ကာ တွေးနေမိတဲ့ ခင်ခ ပေါ့။
ကဗျာဘွဲ့မှုးသီဆိုပြီး စောဘွဲမှုးရေးဆပ်ခဲ့တဲ့ ဘဝကကြက်ခြေခတ်တယ် သီချင်းလေးကို ခံစားပြီးရေးဖွဲ့ဖြစ် တာပါ။
ဖတ်ရှု့သူများကျေးဇူးပါ။
ခင်ခ။
38 comments
Novy
January 14, 2013 at 11:40 am
ကိုခင်ခရေ..
လက်ကလေးရယ်တဲ့ ရှက်မနဲ့
အဲ.လိုရှက်ကြေးဆိုရင် မနိုတို့တော့
လိပ်ကလေးလို ခေါင်းတောင်မဖေါ်ဝံ့လို့ အခွံထဲမှာ ပုန်းနေရတော့မှာပေါ့
ခင်ခ
January 14, 2013 at 11:46 am
ဦးဆုံးကွန်မန့်နဲ့ အားပေးလာသူ မနိုဗွီရေ ကျေးဇူးပါနော်။
zarlay
January 15, 2013 at 12:22 pm
ဟုတ်ပါတယ် အငယ်တုန်းက အခန်းထဲမှာစာသင်ရင်အိပ်ငိုက်လို့ ဆရာမက အိမ်ကိုတိုင်တာခံရတာကို ပြန်အမှတ်ရမိပါတယ်။
mamanoyar
January 14, 2013 at 11:48 am
လေးခင်ခရဲ့ပိုစ့်ကိုဖတ်ပြီး
ဗဒင်ရဲ့ သီချင်းလေးတောင်အမှတ်ရမိပါတယ်
(ကျွန်တော်ငယ်ငယ်က အတန်းထဲမှာခုံခေါက်ပြီးသီချင်းလေးဆို
ဒါကိုဆရာမသိတော့ အတန်းရှေ့ကိုလာစမ်း ……….လူဘုံအလယ်အရှက်ကြီး ရှက်ရအောင်
ခုံခေါက်တဲ့လက်လေးကို ပေတံစောင်းနဲ့ရိုက်ပြီး မှတ်လောက်အောင် အပြစ်ပေးတယ်…)
ဟုတ်တယ် ကောင်မလေးကို ရည်းစားစာပေးတာ
ကောင်မလေးကမယူလို့ချက်သွားတာ တ မီးးးးးးးးးးး မြင်ရိုက်အယ်……..
ဘဲဥ
January 14, 2013 at 1:09 pm
အိုက်ဒီ သီချင်းဂ ဗဒင်ဟုတ်ဘူးဟဲ့
လွှမ်းမိုးဆိုထားဒါ၊ နောက်ပိုင်းမှာ ဇော်ပိုင်ပြန်ဆိုထားဒါအေ့
mamanoyar
January 14, 2013 at 1:24 pm
အို ကလေးကိုသိမှသိပဲ
ဦးဦးဘဲဥ ကြောကြတာကျေးကျေးနော်
ကလေးအမိုက်အမဲမို့ ခွင့်လွှတ်ပါ
kthwinzayarmyo
January 14, 2013 at 12:19 pm
ကိုခင်ခ ရေးတာဖတ်ပြီး တစ်ပုဒ် မှ မရေးတင်ဘူးတဲ့
ကိုယ့်လက်ကလေး ကိုယ် ရှက်သွားပြီ။
ကိုခင်ခ (စာတွေ) ကို အားပေးတဲ့ ….
ဗုံဗုံ
January 14, 2013 at 12:28 pm
(ခင်ခ အခုလည်းယူမသွားနိုင်ဘူး နောက်လည်း ဘယ်တော့မှမယူနိုင်ဘူး ငါက နင်ကို အချစ်ဆုံးသူငယ်ချင်း တစ်ယောက်လိုဘဲ ခင်ခဲ့တာပါဟာ) သူကအဲ့လိုပြောလိုက်တော့ လေးခကဘာဖြစ်လို့ မချစ်ဖို့ကြိုးစားရအုံးမှာပါလားလို့ တွေးလိုက်တာလဲ တစ်ကယ်မချစ်ခဲ့လို့လားးးးးးးးးးး အဟဲ လူကြီးကိုရှက်အောင်လုပ်တာ ဟုတ်ပါဘူး သိချင်သွားလို့ပါ
surmi
January 14, 2013 at 12:49 pm
ဦးခ ခင်ဗျ
မရေးဘဲနဲ ့တော ့မနေပါနဲ ့ဦး ဗျို ့
အကျိုး ရှိတဲ ့ ပို ့စ်လေးတွေ ရေးနိုင်တာကိုပဲ အားကျနေရတာ
အပြင်မှာရှာမဖတ်နိုင်တာလေးတွေဆွဲထုတ်ပေးလို ့ သဘောကျအားပေးနေပါတယ် ။
နောက်လည်းအားပေးနေလျက်ပါ ။ကျနော်ဆိုမရေးနိုင်လို ့ ဒီလ တစ်ပုဒ်မှ မတင်ရသေးပါဘူး
ဆက်ရေးပေးပါဗျို ့ ။
ခင်ခ
January 14, 2013 at 1:28 pm
မမနိုရာ ရေးတဲ့သီချင်းလည်း ကြားဖူးတယ်ဗျ။ မြင်လိုက်ရင်လည်း တိတ်တိတ်လေးနေပေးလည်း အစပြန်ဖော် တော့ထပ်ရှက်ရပြန်တာပေါ့။
အလ် ဟုတ်လား kthwinzayarmyo ရေ။ အားပေးခြင်းအတွက်လည်း ကျေးဇူးဗျာ။
မိဗုံရေ သီချင်းထဲမှာ မချစ်ဖို့ကြိုးစားရအုံးမယ်ဆိုလို့ အဲဒီအတိုင်းလေးပြန်ခံစား ရေးမိတာပါ။ အနော်ကိုယ်တွေ့မဟုတ်တဲ့ သီချင်းလေးကိုခံစားသီကုန်းမှု့မို့ပါ။
ကိုဆာမိရေ အားပေးခြင်းများအတွက် ကျေးဇူးပါနော်။
မောင်ပေ
January 14, 2013 at 1:32 pm
မန်းဂေဇက်တည်ရှိနေသမျှကာလပတ်လုံး အတူတူရေးကြတာပေါ့ဗျာ
ဆူး
January 14, 2013 at 1:38 pm
ဒီပိုစ်လေး ဖတ်လိုက်တော့.. မှင်နီကြက်ခြေခတ်တွေ မြင်တိုင်း မူလတန်းကျောင်းသားဘဝ ကို အောင့်မေ့တယ် ဆိုတဲ့ သီချင်းကလေးက စာသားတွေရဲ့ နောက်မှာ ကတ်ဆတ်ဖွင့်သလို ပေါ်ပေါ်လာတယ်။
ဆူး တောင် စာမရေးတာ ကြာပေါ့.. လေးလေခ ပြောသလို လက်ရှက်နေလို့..
ခင်ခ
January 14, 2013 at 1:41 pm
ဆရာပေရေ ရေးချင်လွန်းလို့ကို ရေးနေဖြစ်တာပေါ့။ ဒါပေမယ့်လည်း တစ်ခါတရံတွေးမိတော့လည်း
လက်ကလေးရယ်တဲ့ ရှက်မိပေါ့ဗျာ။
မမ ဆူး ရေ ခင်ခ ခံစားပြီးရေးတဲ့ သီချင်းလေးကို သိနေတယ်ဟုတ်။
ကိုပေါက်(မန္တလေး)
January 14, 2013 at 2:30 pm
ကိုခရေ
ခင်ဗျားကလက်ရှက်တယ်ဆို ကျနော်ဘယ်နားသွားနေရမလဲဗျာ။
ဆုရတာ မရတာထက် ကိုယ်စိတ်ထဲရှိတာတွေ ရေးနေရင်ကျေနပ်လို့
မျှဝေပေးတယ်လို့သဘောထားလိုက်ကြပါစို့။
(ဆုရတယ်ဆိုတာ အကောင်းဆုံးလို့ ဆိုလိုတာမဟုတ်ပါဘူး ဗျ။
ဖတ်ရွေးသူရဲ့ ရင်ကို ဟတ်ထိ သွားလို့ ရွေးတာပါဗျ)
ရွေးတာ မရွေးတာ သူ့အလုပ် သူလုပ်
ရေးတာက ကျနော်တို့ ရေးသူရဲ့အလုပ်။
အဲတော့ ရေးလိုက်ကြအုံးစို့ဗျာ
ကျန်တာတွေရှက်ချင်ရင်ရှက် စာရေးတာတော့ မရှက်ကြေးဗျာ
ခင်ခ
January 14, 2013 at 2:49 pm
ဆုမရလို့ အရွေးမခံရလို့ ရေးခြင်းမဟုတ်ပါဘူးဗျ၊ နဂိုကထဲကလည်း ကျွန်တော်ပိုစ့်တွေကို မရွေးကြဖို့ တိုင်တွန်းပြောခဲ့ပြီးသားပါ။ ဒါပေမယ့် ရွာထဲမှ တကယ်ရသမြောက် အရေးကောင်းလေးတွေ အခုနောက် ပိုင်း ပိုစ့်တွေတွေ့ရလို့ ဝမ်းသာနေမိပြီး ကိုယ် အများကြီးလိုနေသေးပါလားလို့ တွေးမိလို့ရေးတာပါ။
ကိုပေါက်ရေးလိုက်မှ ဆုရတာမရတာတွေ ဖြစ်ရတော့တယ်ဗျာ အဲလိုထင်ရင်မှားပေမပေါ့လေ။
ကိုပေါက်(မန္တလေး)
January 14, 2013 at 3:40 pm
အော်ကိုခရေ
ဆုမရလို့ရေးတယ်လို့ မဆိုလိုပါဘူး။
ဆုပေးပွဲနဲ့ဆက်စပ်သွားမိလို့ပါ။
P chogyi
January 14, 2013 at 3:06 pm
ကိုခင်ခတို့က လက်ရှက်တော့
ကျွန်တော်က ဘာရှက်ရမှန်းတောင်မသိတော့ပါဘူး
အားငယ်သွားပြီဗျာ။
MaMa
January 14, 2013 at 3:17 pm
ကိုခင်ခရေ-
တွေးတတ် ရေးတတ်သူက ရေးလိုက်တော့လည်း အားငယ်စရာတောင် ဖြစ်ပါပေ့ါ။
ဒါပေမယ့်လည်း ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် ရေးချင်လာတဲ့အခါကျတော့ ဘာကိုမှမစဉ်းစားမိတော့ဘူး။ :harr:
ခင်ခ
January 14, 2013 at 3:38 pm
P chogyi နဲ့ အမ မမ ရေ အချိန်တန်တော့လည်း အင်တာနက်လေးဖွင့် ရွာထဲအလည်ရောက် ရေးဖြစ်ကြပြန် တာပါဘဲလေ။ ဒါပေမယ့် ကျွန်တော်တို့ရွာထဲ စာကောင်းပေကောင်းလေးတွေ တစ်စတစ်စ များလာတာတော့ အမှန်ဘဲမို့ အားကျမိရင်း အားငယ်မိတာပေါ့လေ။
kai
January 14, 2013 at 3:55 pm
အင်းနော..
ကျုပ်မလဲ..ဓါတ်ပုံပြိုင်ပွဲဝင်ပြိုင်ပါတယ်.. ၁ချည်းပဲရတာတို့.. (နောက်ကတွက်ရင်)
စာတွေ…ရေးပါတယ်.. ရေးပါတယ်..
ဖတ်ရွေးကများ.. ရွေးဖို့နေနေသာသာ.. စိတ်ထဲတောင်ထည့်မိပုံမပေါ်…
လက်ကလေးရှက်လိုက်တာ…
နောက်ဆို..
တူနဲ့ထုမယ်..
လက်ကိုမဟုတ်.. ကီးဘုတ်ကို.. :harr:
အဟမ်း..
နောက်တာပါ..
ဦးကြီးခင်ခရေ့..
ဆေးဆရာကဆေးဆရာပေါ့..။
ရွာထဲလှည့်.. ရွာအိမ်ရှေ့တခုကနေ..” ဟေ့.. ကြက်သား” ဆို..
ဘာမှန်းသာမသိ.. အိမ်ကြက်ကိုခုတ်.. ကျွေးမွေးမယ့်သူတွေနဲ့ချည်းပါ..
ရွာမေတ္တာခံရတာ.. မြတ်တယ်မှတ်ပါနော.. နော… :kwi:
ကိုပေါက်(မန္တလေး)
January 14, 2013 at 4:10 pm
သူကြီးရေ အဲဒါ လူကြည့်မရွေးဘူးဆိုတာ သေချာတဲ့သဘောပေါ့ဗျာ
ခင်ခ
January 14, 2013 at 4:30 pm
သူကြီးရေ ကြုံတုန်းလေးစကားပါးလိုက်မလို့ အယ်လ်ဇိုင်းမား(သူငယ်ပြန်)ရောဂါနဲ့ စပ်ဆက်အဟာရ အကြောင်း ဖတ်ဖြစ်နေပါတယ်၊ အလုပ်နည်းနည်းများနေလို့ မျှဝေဖို့မရေးဖြစ်သေးတာပါ။
ဒီလထဲတော့ တင်ဖြစ်ပါ့မယ်ဗျာ။
ကိုပေါက်(မန္တလေး)
January 14, 2013 at 3:58 pm
ကိုခ ပိုစ်တွေလဲကောင်းပါ၏.
သူများနဲ့မတူသောအမြင်တွေ ထွက်ထွက်လာတတ်ပါ၏။
Ma Ei
January 14, 2013 at 4:43 pm
ကိုခင်ခရေ…
အဲ့ဒီ..အယ်လ်ဇိုင်းမား(သူငယ်ပြန်)ရောဂါ ကျမတို့အမေမှာဖြစ်နေပြီထင်နေရတာ…
စာအုပ်ရှာဖတ်မအားသေးလို့…ကိုခင်ခရေးမဲ့ စာကိုစောင့်ဖတ်ပါဦးမည်…
မိုချို
January 14, 2013 at 7:38 pm
ဦးခင်ခရေ
ဒီလောက်တန်ဘိုးရှိတဲ့ စာတွေ ရေးနေ တာကို ဘာကြောင့် ရှက်ရ မှာတုန်း ။ မိုချို သာ တခြားသော ဆုရသူတွေ ၊ ဆု မရသေး ပေမယ့် အရေး ကောင်း တဲ့ သူတွေ ရဲ့ ပိုစ့် တွေ ဖတ်ရတိုင်း ဘာမှ မဟုတ်တဲ့ ကိုယ့် ကိုယ် ကို ဆု နဲ့ မထိုက် တန်ဘူး၊ ထင်ပြီး ရှက်နေမိတာ။
etone
January 14, 2013 at 8:12 pm
အန်ကယ်ခင်ခက ငယ်ငယ်ကတည်းက ရှက်တတ်ခဲ့တာကိုး … ခိခိ … ။
စာပေးတဲ့အကြောင်းလေး မဒမ်ခင်ခနဲ့တွေ့ရင် နည်းနည်း ဖွဦးမှပဲ .. :kwi:
အန်ကယ့်လိုပဲ သမီးလည်း လက်ရှက်တတ်လွန်းလို့ …အခုဆို အိမ်က လက်ဖြန့်မတောင်းတော့ဘူး …
ကိုယ့်လက်နဲ ့ပဲ ကိုယ်လိုချင်သလို နှိုက်ယူလိုက်တယ်လေ .. ဟိဟိ
ခင်ခ
January 14, 2013 at 8:35 pm
မိုချိုက တကယ်အရေးကောင်းပါဗျာ။ အားပေးနေမှာပါ ဆက်ရေးအုံးနော်။
သမီးအိတုန်ရေ ဖွလည်းမထူးနိုင်တော့ပါဘူး ဒီပိုစ့်ကမဒမ်ဆင်ဆာ pass ရပြီးသားလေ။
Mr. MarGa
January 14, 2013 at 8:57 pm
အဟင့်
လေးခ ကတောင် လက်ရှက်တယ်ဆိုတော့
တစ်လမှ တစ်ပုဒ်တောင်မှန်အောင်မရေးတဲ့ ဦးမာဃတို့ဆို ပိုဆိုးပြီပေါ့
:byae:
မဟာရာဇာ အံစာတုံး
January 15, 2013 at 12:40 am
ဦးခင်ခကြီး ကလည်း …
ဘယ်ကလာ .. လက်ရှက်ရမှာဒုံးဂျ …
ဦးခင်ခကြီးရဲ့ လက်က လာဘ်တစ်ပါး ဖြစ်စေတဲ့ လက်ပဲဗျ …
ဒီလက်က မြတ်ပြီးသား …..
ဒါများ ဘာလို့ ရှက်ရမှာတုံးးးလို့ ….
ဟို .. တက္ကသိုလ် ကျောင်းသား ဘဝက
ရှက်ခဲ့တဲ့ လက်ကတော့ ရှက်သင့်ဘာဒယ် … ဟီးဟီး
အရီးခင်လတ်
January 15, 2013 at 5:54 am
ကိုခင်ခရယ်
ရီးစားစာ ပေးချင်ခဲ့ပေမဲ့ မပေးနဲ့ လို့ကြိုပိတ်ထားတာကို ဘယ်လို ပေးရဲ ပါ့မလဲလို့။
ပေးရင် လက်ရှက်ရမှာ ကြောက်ကြတာလေ။ 😉
ဒါထက်
အဲဒီ ရန်ကင်းသူ သူငယ်ချင်း နဲ့ ဘာဆက်ဖြစ်သေးလဲ ဟင်။
သူငယ်ချင်း အတိုင်းဘဲလား။
မဒမ်ခ များဖြစ်နေမှာလား။
ဆက်ပါဦးရှင့်။
:kwi:
ဦးကြောင်ကြီး
January 15, 2013 at 10:38 am
ရှက်မိ
မျက်စိ
ဓာတ်သိ
ဖွက်ကြည့်
ဟက်ထိ
ကြက်အိ
တက်ဖိ
ဗျတ်ဝိ..။
နေဝန်းနီ
January 15, 2013 at 11:02 am
ကိုခင်ခရေ ….။ အတိတ်ကိုပြန်တွေးနေရင်တော့ ရှက်တတ်တဲ့သူတွေ အရှက်ရစရာတွေချည့်မို့ လွမ်းစရာတောင် သိပ်မရှိပါဘူးဗျာ…။ အဲဒိတော့ ………..
ခင်ခ
January 15, 2013 at 11:19 am
ဝင်ရောက်ဖတ်ကာ ကွန်မန့်ပေး အားပေးကြသူ အပေါင်းကို ခင်ခ မှ အလွန်ကျေးဇူးတင်ပါတယ်ဗျာ။
mingaung
January 15, 2013 at 11:19 am
မှန်ပါတယ် ကိုခင်ခရေ ကျွန်တော်တို့ရဲ့ ငယ်ငယ်တုန်းက အပုံပြောပါတယ် ၊ မိန်းခလေးပဲ စာ တစ်ခါပေးရုံနဲ့တော့ (သူတစ်ကယ်ကြိုက်တယ်ဆိုရင်တောင်) ဘယ်ယူပါ့မလဲ ၊ ပြီတော့ ကိုယ်ကသာ ဖီလင်တွေတက်ပြီး ကြိုက်နေတာ ၊ ငါ့မှာ သူကြိုက်စရာ ဘာကော (selling point) ရှိလို့လဲလို့ တစ်ခါမှ မစဉ်းစားမိဘူး။ ကိုယ်ကိုယ် ကို တော်တော် ရှော်မှန်း အခုမှ သိတယ် ၊ 🙂
ဦး ကျောက်ခဲ
January 15, 2013 at 11:32 am
ဦးခ ရေ
ပြောရရင် တကယ်ရှက်မိတာက မောင်ကျောက်ပါ….
ဦးခတို့လို အကျိုးပြုတဲ့စာမျိုး၊ အများ ဗဟုသုတရစေမယ့်စာမျိုး မရေးတတ်လို့….
ဖတ်ရုံ မှတ်ရုံကလွဲပြီး မန့်ဖို့တောင် စိတ်မရဲတာပါ…
ခုတော့ အားငယ်ချင်လာပြီ….
:eee:
ခင်ခ
January 15, 2013 at 12:01 pm
ဦးကျောက်က အားငယ်ရင် ခင်ခ တို့က ဆေးဆိုင်သွား အားဆေးတောင်ဝယ်ရမလိုဘဲဗျာ။
အားငယ်တာထက် အားပါမရှိတော့လို့ဗျို့။
ကြိုးစားပမ်းစားနဲ့ ရွာတွေ့ဆုံပွဲတက်မယ်လို့ သတင်းတွေဖတ်ရတယ် အလွန်ကိုဝမ်းမြောက်စွာ
ဂုဏ်ပြုတယ်ဗျာ။
kyeemite
January 16, 2013 at 9:41 am
တခါတလေ အလုပ်များလို့ မမန့်ဖြစ်တာကလွဲလို့
ကိုခင်ခစာတွေဖတ်ဖြစ်ပါတယ်..ရေးပါဗျာ..
အခုရေးတဲ့ ပို့စ်ဆို အကြောင်းအရာရောအရေးအသားရော
ကောင်းမှကောင်းပါ…
ခင်တဲ့..
:kwi:
weiwei
January 16, 2013 at 9:53 am
လက်ရှက်ခဲ့ရပေါင်းလဲ မနဲတော့ပါဘူး …
ကြာလာတော့ အရည်ထူလာပြီး မရှက်တတ်တော့ဘူး … :kwi:
ကိုခင်ခပို့စ်တွေကို အားပေးဖြစ်ပါတယ် …. ကွန်မန့်ရေးစရာမရှိလို့ မရေးဖြစ်တာကလွဲရင်ပေါ့ …