Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ကုန်ရောက်စ ဆောင်းနံနက်ခင်း

1 ဆောင်းနံနက်ခင်း အလင်းတန်းများ
1 ဆောင်းနံနက်ခင်း အလင်းတန်းများ
ပေါက်ကရတွေရိုက်ဘို့ ကိုပေါက်ကိုင်တဲ့ ကိုင်မရာပေါက်စလေးပါ
ပေါက်ကရတွေရိုက်ဘို့ ကိုပေါက်ကိုင်တဲ့ ကိုင်မရာပေါက်စလေးပါ

 

 

“ရန်ကုန်ရောက်စ……………နံနက်ခင်း”

၂၀၁၂ ခုနှစ်ကို နုတ်ဆက်ဘို့ တစ်ရက်အလို မှာ ရန်ကုန်မြို့ကိုရောက်လာခဲ့ပါတယ်။

အောင်မင်္ဂလာအဝေးပြေးကွင်းကနေ တည်းအိမ်ရောက်တော့ မနက်ခြောက်နာရီ။

အိမ်နောက်ဘက်က ခြုံပုတ်လေးများအနားမှာ မြူတွေ့ဝေ့ဝေ့ ဆိုင်းဆိုင်း။

အိမ်ထဲဝင်အထုပ်အပိုးတွေချ အဝတ်လဲ ပြီး လမ်းလျောက်ထွက်ခဲ့ပါတယ်။

ကျနော်တည်းတဲ့နေရာက မြောက်ဥက္ကာလာပအစ နဝဒေး ကုန်းကျော်တံတားနားမှာပါ။

လမ်းလျောက်လို့သိပ်မကြာခင် နေရောက်လေးက ဖျပ်ကနဲထွက်လာတော့ နှင်းကွဲသွားပါတယ်။

ဒါနဲ့ဘဲ ဝေဇယန္တာ လမ်းမကြီးအတိုင်း တောင်ဘက်ကိုလျောက်လာခဲ့ပါတယ်။

ဒီလို ဆောင်းနေရောင်နဲ့ဆိုရင် ဂန္တမာကုန်တိုက်ကြီးရဲ့ တောင်ဘက် မှာရှိတဲ့ဂေါက်ကွင်းနားကသစ်ပင်ကြားမှာ

အလင်းတန်းတွေ ကို ဖမ်းဆုပ်နိုင်မယ်လို့ ထင်မိလို့ပါ။

နောက်အဲဒီဂေါက်ကွင်းနဲ့ မျက်နှာခြင်းဆိုင်မှာရှိနေတဲ့ မြန်မာအသံဝင်းကြီးရဲ့ အုဌ်တံတိုင်းနံဘေးက ကန်စွန်း ခင်းကြီးမှာ နှင်းတွေဝေ့နေတတ်လို့ပါ။

တကယ်ရောက်တော့လဲ မြင်ရတဲ့ မြင်ကွင်းက တကယ်ကိုလှပါ ပေရဲ့ ။

 

 

ကိုပေါက်လမ်းသလားနေသည်

(10-1-2013)

 

 

2 ဆောင်းနှင်းမြူမူန်
2 ဆောင်းနှင်းမြူမူန်

 

3 ဆေင်းအလင်းစက်များ
3 ဆောင်းအလင်းစက်များ
4 ကန်စွန်းခင်းစိမ်းစိမ်း အနားသတ်က မြူမူန်တန်း
4 ကန်စွန်းခင်းစိမ်းစိမ်း အနားသတ်က မြူမူန်တန်း

 

5ရေချောင်းလေးနဲ့ကန်စွန်းခင်း
5ရေချောင်းလေးနဲ့ကန်စွန်းခင်း

5IMG_3153 [640x480]

6 အလင်းထွက်ပေါ်ခါစ
6 အလင်းထွက်ပေါ်ခါစ

 

7 ကန်စွန်းခင်းထဲက လုပ်အားရှင်
7 ကန်စွန်းခင်းထဲက လုပ်အားရှင်

 

27 comments

  • mamanoyar

    January 14, 2013 at 10:02 am

    ကစွန်းခင်းတွေအရမ်းလှတယ် စိမ်းနေတာပဲ
    ပုံတွေအားလုံးအရမ်းကြိုက်တယ်

  • weiwei

    January 14, 2013 at 10:11 am

    ရန်ကုန်သူ ရန်ကုန်သားတွေ အိပ်နေတုန်း မန်းလေးသားက လက်ဆော့သွားတာကိုး …
    အခုရက်ပိုင်း ရန်ကုန်မှာ နဲနဲအေးလာတယ် …

  • မင်းနန္ဓာ

    January 14, 2013 at 11:09 am

    ရန်ကုန်မှာ ချမ်းသလားဗျို့
    တွေ့ဆုံပွဲတက်ဖို့သွားရင် အနွေးထည်အထူကြီး ယူသွားရမလား
    ပုံမှန် ခပ်သင့်သင့်ဆိုရလား..
    ပုံလေးတွေ လန်းပါ၏

    • MaMa

      January 14, 2013 at 3:03 pm

      လမ်းခရီးအတွက် အနွေးထည် လိုပါလိမ့်မယ်။
      ရန်ကုန်မှာတော့ ချမ်းတဲ့ရက်တောင် အနွေးထည်ပါးပါး ပါရင်ရပါပြီ။

  • ဆူး

    January 14, 2013 at 11:14 am

    ရန်ကုန် မရောက်ခင်က ရန်ကုန်မှာ အေးတယ် ဆိုပြီး ပြောမိလို့ အနွေးထည်တွေ ယူလာခဲ့တာ.. မအေးခဲ့ဘူးနော်.. အဲ့ဒီတုန်းက ၃ရက်ပဲ အေးပြီး မအေးတော့ဘူး.. အခု ပြန်ပြောချင်တယ်.. ရန်ကုန်မှာ အေးနေတယ်လို့.. တကယ်ပြောတာ မနောက်ဘူး.. တကယ်အေးနေတာ.. ရန်ကုန်မှာကတော့ အခုအေးလိုက် တော်ကြာ မအေးပဲ နေလိုက် ဆိုတော့.. ပြောရတော့ ခက်တယ်.. ရန်ကုန်လာတုန်းက အနွေးထည်တွေ အလေးခံ သယ်လာရတယ် ဆိုလို့ အားနာ မိပါကြောင်း။။

  • kyeemite

    January 14, 2013 at 11:56 am

    ကိုပေါက်လက်ဆော့လိုက်တော့လည်း
    ရန်ကုန်ရဲ့ဆောင်းနံနက်ခင်းလေးက
    လှသွားပြန်ရော…

  • ဗုံဗုံ

    January 14, 2013 at 12:17 pm

    ကန်စွန်းဆိုတော့လည်း တနလာင်္နံ ပေါ့နော် အတိတ်ကောက်လိုက်ရအုံးမလားလေးပေါက် :harr:

  • ကြည်ဆောင်း

    January 14, 2013 at 12:19 pm

    1 , 2 , 3 နဲ့ နံပါတ် 6 ပုံလေးတွေကြိုက်တယ်..
    ဓာတ်ပုံနဲ့တောင်မတူဘဲ ပန်းချီကားလေးတွေကြနေတာဘဲ…
    ရန်ကုန်ဆောင်းကခုတော့တော်တော်ပြန်အေးနေပြီ
    ဒီအချိန်များဓာတ်ပုံရိုက်ရင် မြူနှင်းလေးတွေဝေ့ဝဲနေတဲ့ပုံလေးတွေတောင်ရနိုင်အုံးမယ်ထင်ပါရဲ့…

  • ဟုတ်တယ် မဆူးရေ
    အိမ်ကလဲပြောတယ် မန်းလေးကလူ အပူတွေသယ်လာတယ်လို့
    ကျနော်တို့လဲပြန်ရော ပြန်လဲအေးရော
    ကျနော်က အေးချင်တာ အေးမှ နှင်းအလှရမှာ
    မန်းလေးမှာက ဒီမြင်ကွင်းမျုိုးမရနိုင်ဘူးလေ
    နည်းနည်းလေးစောသွားတယ်ဗျာ

  • surmi

    January 14, 2013 at 1:03 pm

    ရန်ကုန်က လှလား မလှလား မသိတာကြာပေါ ့
    မနက်မနက် မီးခိုးငွေ ့ကြားသွားနေရတာ
    ကန်စွန်းတွေေတွေ့တော ့ မင်းဓမ္မလမ်းဘေးက ကန်စွန်းခင်းကြီးသတိယမိပါရဲ ့
    ခုတော ့ တန်ဖိုးကြီးအိမ်ယာစခန်းပေါ ့ ။
    ကျနော်အပါအဝင် တချို ့က အိပ်ယာထနောက်ကျတော ့အစ်ကို ့ဓတ်ပုံမြင်မှ
    အင်းးး ……….မနက်စောစော ထဦးမှပဲ ….လို ့ …..

    • ကိုဆာမိ တစ်ခါ မင်းဓမ္မလမ်းနားထင်ပါရဲ့
      သံဇကာခတ်ထားတဲ့ခြံကြီးတဲ့မှာ
      လှလိုက်တဲ့ ကြာကန်ကြီးဗျ။
      ကားပေါ်က ဖြတ်သွားရင်းမြင်လိုက်တာ
      လက်ဆော့ချင်လိုက်တာ စိတ်ကိုယားနေတာဘဲဗျ။
      ဒီတစ်ခေါ်က်သွားကြည့်တော့ ကြာတွေမရှိတော့ဘူးရယ်။

  • ဆူး

    January 14, 2013 at 1:19 pm

    ဒီရက်ပိုင်း မနက်စောစော အိမ်ပြင် ကို ကြည့်လိုက်ရင် လူတွေ အနွေးထည်တွေ ခေါင်းစွပ်တွေနဲ့ လျှောက်နေကြတယ်.. မိုးလင်းခါနီးဆိုရင် နှင်းမှုံခပ်မှိုင်းမှိုင်း နဲ့ ဝေဝေ ဝါးဝါး ဖြစ်နေသေးတယ်.. ညည ဟောင်တတ် အူတတ်တဲ့ ခွေးတွေလည်း မနက် မြူနှင်းတွေ ကျတဲ့ အချိန်မှာတော့ တုတ်တုတ်တောင် မလှုပ်ပဲ နွေးနိုင်တဲ့ ချောင်တနေရာမှာ ကွေးပြီးတောင် နေကြသေးတယ်။ ဆူး ကတော့ အိမ်ရှေ့ကို ထွက်ကြည့်ပြီးတဲ့ အခါ.. စောပါသေးလား.. ပြန် အိပ်အုန်းမှ ဆိုပြီး နေထွက်မှ အိပ်ယာ ထ ဖို့ ကြံပါတော့တယ်.. သို့သော်.. အချိန်မှန် သွားရတဲ့ လုပ်ငန်းခွင် အတွက် နာရိကြည့်ပြီး အိမ်က ထွက်ရပါတော့တယ်။

  • mingaung

    January 14, 2013 at 1:44 pm

    ရိုက်ချက်တွေ ကြိုက်တယ်ဗျာ ကိုပေါက်ရဲ့ gear တွေ သိပရစေ ၊

    • ကိုမင်းခေါင်ရေ
      ကျနော် က ကင်မရာအသေး အိမ်သုံးလေးနဲု့ရိုက်တာပါဗျ။
      canon A2200 မော်ဒယ် ကင်မရာသေးသေးလေးနဲ့ရိုက်တာပါ။
      အများအားဖြင့် supe vivid ဖန်ရှင်ကိုသုံးရိုက်ပါတယ်။
      ဝါသနာရှင်သက်သက်ပါခင်ဗျာ

  • မောင်ပေ

    January 14, 2013 at 1:45 pm

    ရောက်စနံနက်
    မျောက်ကမရှက်
    သောက်ချဘလက် (ဂျော်နီလမ်းလျှောက်)
    ကောက်ရလဘက်
    ဟောက်ခွအပြတ်

  • ကျနော့်လက်စွဲတော် ကင်မရာပေါက်စနေလေးကို မြင်ဘူးအောင်တင်ပေးလိုက်ပါတယ်။
    တစ်ခါတော့ တင်ပေးဘူးပါတယ်။
    ကြာခဲ့ပြီ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

  • Ma Ei

    January 14, 2013 at 4:27 pm

    ကိုပေါက်ဓါတ်ပုံရိုက်ပြမှ ရန်ကုန်မှာလဲ
    လှပတဲ့ရှုခင်းလေးတွေ ရှိမှန်းသိရတာ့တာရယ်…

  • မယ်အိ မတွေ့တာကြာပြီနော်
    ဘယ်ပျောက်နေလဲ အခု ကျနော်သီချင်းတွေတင်နေပြီ
    အခု မွန်းအောင်နဲ့ခင်ဝမ်းစပြီးတင်ထားတယ်နော်။
    နောက်ရက်ခင်မောင်တိုးတင်မယ်။
    တစ်လှည့်စီပေါ့။

    • Ma Ei

      January 14, 2013 at 4:58 pm

      Co.,group အတွင်းမှာ အသစ်ဖွင့်တဲ့ Co.,ကိုတာဝန်ပြောင်းရတာမို့
      အဟောင်းမှာ ရှင်းလွှဲနေရတာရယ်…အသစ်ကို စတာဝန်ယူနေရတာကြောင့်
      ဒီလပိုင်းတွေ အရမ်းကို အလုပ်များနေလို့ပါ…

  • Novy

    January 14, 2013 at 4:54 pm

    မနက်ခင်းအလှကို ခံစားကြည့်ချင်ပါတယ် လေးပေါက်ရေ.
    ဒါပေမဲ့ 7နာရီ မထိုးမချင်းမထချင်တဲ့ အပျင်းရောဂါက အနိုင်ယူနေလေတော့
    လေပေါက်လက်ရာလေးတွေကိုပဲ ကြည့်ပြီးဖြေသိမ့်တော့မယ်

  • ကျနော်တောင်မန်းလေးရောက်မှအပျင်းထူနေတယ် အေးလွန်းလို့ လမ်းမလျောက်နို်င်ဘူးဗျာ

  • နာဒို့ ဖေပေါက်ဂျီးက တော်ဒယ်ဂွာ …
    ရန်ကုန် ဆိုတာနဲ့ ကန်စွန်းရွက် ခင်းပါ ပါဒယ် … :mrgreen:
    ကိုင်ဒဲ့ ကင်မလာဂ ကန်နွန်ဂျီးနဲ့ပေါ့ …
    ကျုပ်ကို တူမ မပေးဒေါ့မယ့် တူတူ ..
    အိုက်ဒီ ကင်မလာဂျီးဘဲ ပေးလိုက်ဂျာ .. ကြာဒလားလို့ … :mrgreen:

    • ဗုံဗုံ

      January 15, 2013 at 9:58 am

      ဟဲ့ ဟဲ့ အံချာတုံး အဲ့ဒီကင်မလာရချင်ရင် လေးပေါက်ဆီမတောင်းနဲ့ အန်တီပေါက်ဆီသွားတောင်း ကင်မလာတစ်လုံးနဲ့ အိမ်မကပ်လို့တဲ့ လာတောင်းတဲ့သူရှိရင် ပေးပစ်မယ်လို့ ကြိမ်းဝါးနေတယ် ညည်းသွားတောင်းလိုက် ရောင်းပြီးရင် နာဒို့ တစ်ယောက်တစ်ဝက်ခွဲယူရအောင် :harr:

        • လူစွန့်လည်း ယူဘူးးး
          ကင်မလာဘဲ တွားတောင်းမယ် …
          အဆစ် အနေနဲ့ တူမလေး၊ တပည့်မလေးဘာ …
          တောင်းရအုံးမယ် …. :mrgreen:

  • နံပါတ်၁ အရမ်းမိုက်တယ်ကိုပေါက်ရေ။
    ဒါနဲ့ သုဝဏမှာရိုက်ထားတာလား။
    အဲ့ဒီမြင်ကွင်းတွေကို မြင်ဖူးသလိုရှိလို့ပါ။

  • ဒီပုံလေးတွေက ဂန္ဓမာကုန်တိုက်ကြီးရဲ့တောင်ဘက်လမ်းကနေအရှေ့ဘက်တက်သွားတဲ့လမ်းကလေးနားကမြင်ကွင်းတွေပါ။
    တောင်ဘက်က ဂေါက်ကွင်းရှိပြီး မြောက်ဘက်က မြန်မာ့အသံခြံဝင်းကြီး။
    ကျနော်တည်းတဲ့အိမ်ကနေဆိုရင် ဘတ်စ်ကား သုံးတိုင်စာလောက်လမ်းလျောက်ရပါတယ်။

Leave a Reply