“လေးဆူဓါတ်ပုံရွှေတိဂုံကိုဆောင်းနံနက်ခင်းမှာဖူးမြင်ရခြင်း”

“လေးဆူဓါတ်ပုံရွှေတိဂုံကိုဆောင်းနံနက်ခင်းမှာဖူးမြင်ရခြင်း”
ကန်တော်ကြီးကထွက်လာတော့လမ်းမလျောက်ချင်တာနဲ့တက္ကဆီငှားလိုက်ပါတယ်။
ဓါတ်လှေကားနားအရောက် တစ်ထောင်။
ဝင်ခါနီးမှာ၂၀ဝကျပ်ကိုအဆင်သင့်ထုတ်ထားလိုက်ပါတယ်။
ဂိတ်ဝင်ကြေးပေးဘို့။
ဓါတ်လှေကားနားရောက်တော့ အသင့်ယူလာတဲ့ ပလပ်စတစ်အိတ်လေးထုတ်ပြီးဖိနပ်ထည့်။
ယူမလာရင် တစ်အိတ်ငါးဆယ် ထပ်ကုန်မယ်လေ။
ဒါနဲ့ဘဲဓါတ်လှေကားထဲဝင် အထွက်ရောက်တော့ ပန်းရောင်းနေသူတွေကိုတို့ဝှေ့လို့ထွက် ဓါတ်လှေကားအသုံးပြုတဲ့အတွက် အလှူငွေထည့်ပြီး ရင်ပြင်တော်ပေါ်ကိုရောက်လာပါတယ်။
မနက်စောစောပေမယ့် ဘုရားဖူးတွေနဲ့စည်ကားနေပါတယ်။





မဒမ်ပေါက်က လူနည်းနည်းရှင်းတဲ့ဇရပ်တစ်ဆောင်မှာ ဘုရားဝတ်ပြုနေတုန်း ကျနော်ကတော့
လက်ဆော့ဘို့ရင်ပြင်ပေါ်မှာလမ်းသလားပါတယ်။
ရောက်တိုင်းရိုက်နေကျ ထန်းပင်နဲ့စေတီကိုရိုက်ပါတယ်။
ရင်ပြင်ပေါ်မှာကျနော်လို့ဘဲ လက်ဆော့နေသူရှိတယ်။
မြန်မာဝတ်စုံလေးနဲ့နိုင်ငံခြားသူလေးကိုတွေ့တယ်။
နံနက်စောစောအလုပ်မသွားခင်ဘုရားလာပြီးဆီမီးပူဇော်သူရှိတယ်။
အဝေးက ဘုရားဖူးသူတွေရှိတယ်။
မပြောင်းမလဲ အိန္ဒြေကြီးစွာနဲ့သပ္ပါယ်လွန်းတဲ့ရွှေစေတီရှိတယ်။




ကြောက်စရာကောင်းတဲ့ဘီလူးရုပ်ကြီးနားမှာ ဆီမီးအမွှေးတိုင်ပူဇော်ထားတာရှိတယ်။
ကျနော် မဒမ်ပေါက်နားရောက်တော့ အစာတောင်းပြီးနားနေတဲ့ကျီးကန်းနှစ်ကောင်တွေ့တယ်။
ဒါပေမယ့် ကျနော်က တော့ ပျောက်ဆုံးနေသလိုလို။
ကိုပေါက်လမ်းသလားနေသည်
မဟာရန်ကုန်
(16-1-2013)
11 comments
ဗုံဗုံ
January 20, 2013 at 10:11 am
လေးပေါက်ရဲ့ ကောင်းမှုနဲ့ မနက်စောစော ရွေတိဂုံဘုရားကို ဖူးမျှော်လိုက်ရပါတယ် ထန်းပင်နဲ့ပုံလေးက ပိုလှတယ် အခုစတော်ဘယ်ရီသီးလေးလည်း လှပါတယ် ကော့ပျံနေတာဘဲ ကြိုးနဲ့ဆွဲပြီးရိုက်ထားတာလားလေးပေါက်
ကိုပေါက်(မန္တလေး)
January 20, 2013 at 3:43 pm
ထန်းပင်လေးကတော့ သဘောကျလို့ရောက်တိုင်းရိုက်ပါတယ်။
စတော်ဘယ်ရီလေးက ခုံပေါ်တင်ရိုက်ထားတာပါကွဲ့။
cherry kyawlin
January 20, 2013 at 11:30 am
ရန်ကုန်မှာနေပြီး ရွှေတိဂုံဘုရားကို သိပ်မရောက်ဖြစ်ဘူး
လေးပေါက်တင်ထားတဲ့ပုံကိုကြည့်ပြီး ဖူးမျှော်လိုက်ပါတယ်
လေးပေါက်တင်ထားတဲ့အပူနဲ့အအေး ကဘယ်နားမှာလဲလေးပေါက်
မြောက်ဘက်မုဒ်မှာတော့ ယက္ခမယ်တော် တော့ရှိတယ်
ဆုတောင်းပြည့်တယ်လိုပြောတယ် တခါတော့သွားဆုတောင်းဖူးတယ်
ကိုပေါက်(မန္တလေး)
January 20, 2013 at 3:45 pm
အပူအအေး က တောင်ဘက်အခြမ်းမှာရှိတာပါ။
သူများမီးပူဇော်ထားတာကိုမြင်ပြီး သဘောကျတာနဲ့လက်ဆော့လာတာပါ။
magic ladylay
January 20, 2013 at 2:42 pm
ရွာသူအသစ်လေးပါ
ဒီဆိုဒ်လေးကို အရမ်းသဘောကျလို
မန်ဘာအဖြစ်ဝင်လိုက်တာ
ဂျူနီယာလေးအဖြစ်လက်ခံပေးပါနော်
ဦးပေါက်ရဲ့ပုံတွေအားလုံးကို အရမ်းသဘောကျပါတယ်
ကိုပေါက်(မန္တလေး)
January 20, 2013 at 3:48 pm
မျက်လှည့်ဆရာမလေးရေ
ဒီနေ့ အသစ်ဆိုပေမယ့် တစ်ညကုန်လွန်သွားတာနဲ့ လူရင်း လူဟောင်းဖြစ်သွားပါပြီ။
နောက်ဝင်လာမယ့်အသစ်တွေကို ပြန်ကြိုဆိုပေးဘို့ တာဝန်ရှိသွားပါပြီ။
ကြာကြာနေနော်
မောင်ပေ
January 20, 2013 at 9:10 pm
အဲဒီ မက်ဂျစ်လေဒီ လေးကို
ဟောဒီက မောင်ပေ က ခြစ်ခြစ်ခင်ခင် နဲ ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ် လို ့
အဲဒါ အဲဒါ
aye.kk
January 20, 2013 at 3:33 pm
ဘယ်နှစ်ခါဖူးဖူး။
ဖူးလို ့မဝနိုင်ပါ။
လေးဆူဓါတ်ပုံရွှတိဂုံစေတော်မြတ်ကြီးကိုဖူးမျှော်ရတာ။
ကုသိုလ်တွေမျှဝေလိုက်တဲ့ကိုပေါက်ကိုကျေးဇူးပါ။။
အမအေး။
ကိုပေါက်(မန္တလေး)
January 20, 2013 at 3:50 pm
ကျေးကျေးပါ အမအေးရေ
အမမေးလ်ထဲကို ကော်နက်ရှင်ကောင်းတဲ့ရက် ပုံတော်တွေပို့ပေးထားပါမည်။
sadabawa
January 20, 2013 at 10:41 pm
cherry kyawlin says:
အပူအအေး က အဂါင်္ထောင့် ညောင်ပင်ကြီး နားမှာရှိပါတယ်။ အတိအကျ ဆိုရရင် အရှေ့ တောင် ထောင့် (တောင်ဘက် ဓါတ်လှေခါး လျောက်လမ်းဆုံးရင် ဆိုရင် အုတ်နံရန် ကပ်ပြီး ညာဘက်ကွေ့သွားပါ။) အဂါင်္ထောင့် ညောင်ပင်ကြီး အကျော်မှာရှိပါတယ်။
ကိုပေါက်(မန္တလေး)
January 20, 2013 at 10:50 pm
ကျေးဇူးပါ sadabawaရေ
ကျနော်က လျောက်သာရိုက်သွားတာ နေရာနဲ့ပြောပါဆိုရင်အတိအကျမမှတ်မိပါဘူး။
အခုလိုညွှန်ပြပေးတာ ကျေးဇူးတင်ပါ၏