Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိန်းမများရဲ့…….လက်နက်

cobraJuly 19, 20101min54318

အင်း ဘာရယ်လို့တော့ဟုတ်ဖူးနော်။ ပျော်စေပျက်စေနဲ့ရီစေချင်လို့ပို့လိုက်တာ။
တကယ်ဟုတ်လားဆိုတာ လည်း သားသားသိဝူး။ ဒါပေမယ့် လက်နက်တွေက 21 ရာစုမှာအသစ်ထွက်တဲ့
လက်နက်တွေထက်တော့ အဆ 100လောက်အဆင့်မြင့်တယ်ထင်တယ်။ အဟိ။ ဒေါ်ဒေါ်, မမ, နဲ့
ညီမလေတို့ရေ စိတ်မဆိုးပဲနဲ့။ ပြုံးပေးရင် ကို စိတ်ချမ်းသာလှပါပြီ။ ဟီးဟီး။
ခင်မင်လျက်ဆူမိုပေါက်စီ။ သတိတော့ထားကြနော်။ ကျွန်တော်လည်းသတိထားရတော့ မယ်။
အခုလောလောဆယ်တော့။ မေးလ်ဖတ်ဖတ်ပြီးချင်း နံပါတ် ၁ လက်နက်စာမိတော့မယ်ထင်တယ်။
နားတွေပူသလိုလိုဖြစ်နေပြီ။

၁ ။ ပါးစပ်သေနက်

မိန်းမတို့ရဲ့ မွေးရာပါလက်နက်ပါပဲ — သမီးရည်းစား ဘဝမှာ
သိပ်မသုံးတက်ကြဘူး ။ အိမ်ထောင်ရှင်ဖြစ်မှ ထုပ်သုံးကြ တာ —
တစ်အိမ်လုံးကိုစက်သေနက်နဲ့ မွှေသလို မွှေတက်ကြတာ ။ အိပ်ရင်တောင်
ကျည်ထိုးမောင်းတင်ပြီးမှ အိပ်တက် ကြတာ ။ တစ်ရေးနိုး ထပစ်ရင်တောင်
ပစ်တက်ကြတာ ။ ( သိပ်ကြောက်စရာကောင်းတာနော် )

၂။ မျက်စောင်း

အဲဒီ မျက်စောင်းက အမျိုးမျိုးရှိတယ် ။ မူကွဲတွေပေါ့ အချစ်မျက်စောင်း ၊
အမုန်းမျက်စောင်း ၊ ရောစွပ်မျက်စောင်း ၊ —- (ရောစွပ်မျက်စောင်း
ဆိုတာအရေးကြီးတယ် — ဘာသာပြန်မှန်ဖို့လိုတယ် ။ ချစ်သလိုလို မုန်းသလိုလို
ဘာကြီးမှန်းကို မသိတဲ့ မျက်စောင်းမျိုးလေ – ဘာသာပြန်များ
အကောက်လွဲလို့ကတော့ (တတိယ လက်နက်စာမိသွားမယ် )

၃။ လက်ဝါး ၊ လက်သီးဆုပ် ၊ လက်ဝါးစောင်း – တွေပဲ

သူကလည်း မူကွဲတွေများတယ် ၊ လက်ဝါးပြရင်နှစ်မျိုးတွေးလို့ရတယ် ( မဟော်သဓာ
ဇာတ်တော်နဲ့ တစ်မျိုးတွေး ) လက်သီးဆုပ်ပြရင်လည်း နှစ်မျိုးတွေးလို့ရတယ်
— အဲ — လက်သီးဆုပ်ကြီးနဲ့ ကိုယ့်ရင်ဘက်ကြီးကို ဖွဖွလေးလာထု ရင်တော့ – –
တစ်မျိုးတည်းသာတွေးလိုက်တော့ – – အိုကေ — ပြေလည်ပြီလို့မှတ် အဲဒီ
လက်သီးဆုပ်လေးကို ဖမ်း – ပြီး ဖွဖွလေးသာ နမ်းလိုက် — — ရဲရဲသာလုပ် —
— အာမခံတယ် — — အဆင်ပြေလိမ့်မယ် ။

၄။ ရင်ဘက်စည်တီး အော်ကြီးဟစ်ကျယ် လုပ်တက်ခြင်း

အဲဒီ လက်နက်ကလည်း ကြောက်စရာ်တော်တော် ကောင်းတယ် ။ အရှက်ဟက်တတ်ကွဲစေမဲ့
လက်နက် ( နျူးက – လီးယားလက်နက်ထက်ပြင်းတယ် )

၅။ မျက်ရည်လေ — မျက်ရည် လက်နက်

ဒါနောက်ဆုံးလက်နက်ပဲ မျက်ရည်ယို ဗုံးခွဲတက်သေးတာ မျတ်ရည်လေ — မျက်ရည်
ဘာပေါသလဲမမေးနဲ့ သူ့ကို မနိုင်တော့ဘူးဆိုရင် မျက်ရည်လေးစမ်းစမ်း
စမ်းစမ်းနဲ့ လုပ်ပစ်လိုက်ကြတာ သွားရော — အကုန်ကြွေပေတော့ —
လူပါပေါင်ပေးချင်စိတ်ပေါက်သွားလိမ့်မယ် — ဒါမှမဟုတ် ဘေးက ကိုယ့်ကို
ဝိုင်းရိုက်ချင်စိတ် ပေါက်သွားစေနိုင်တယ်

( ကဲ — အဲဒါက ယောက်ျားတွေ ဂရုစိုက်ရမဲ့ မိန်းမလက်နက် (၅)ဖြာပဲ —– )
တကယ်စိတ်မဆိုးနဲ့နော်..။

18 comments

  • kopauk mandalay

    July 19, 2010 at 2:48 pm

    ယောက်ျားမာယာကရောသိလား
    မိန်းမတွေဘာပြောပြော
    အရေးအကြီးဆုံးရောက်ရင်
    နောက်ဆုံးဗီတိုအာဏာ
    သုံးလို်က်တာပေါ့။
    ဒါဆိုရင်လဲပြီးရော။

  • blackprince72

    September 22, 2010 at 3:32 pm

    မျက်ရည် လက်နက် ကကြောက် စရာအကောင်း ဆုံး ပဲ။သတိထား ကြ နော် ။

  • kyansitthar101

    September 22, 2010 at 3:51 pm

    ပါးစပ်လက်နက်က အဆိုးဆုံးလို့ ထင်တယ်။ ဟုတ်တာ မဟုတ်တာ ၊ မှန်တာ မမှန်တာထက် ပြောသင့်မှန်းမသိ မပြောသင့်မှန်းမသိ ဇွတ်ပြောတက်လေ့ ရှိကြတယ်။

  • thethtet87

    September 28, 2010 at 12:04 pm

    တကယ်ပါဗျာသတိပေးတာကျေးဇူးတင်ပါတယ်။
    ဒါပေမဲ့လည်းသိသိချည်းနဲ့ခံနေရတာဗျ။

  • inz@ghi

    September 12, 2011 at 2:49 pm

    ကုတ်တတ် ဖဲ့တတ်လိမ်ဆွဲတတ်တဲ့ လက်သည်းရှည်တွေကိုရော နောက်တိုးလက်နက်စာရင်းအဖြစ် ထည့်ခွင့်ရမလားဟင် …

    • cobra

      September 12, 2011 at 3:09 pm

      ရတယ်…
      ဒါလည်းဟုတ်တယ်။
      သူတို့ကလက်နက်တွေများတယ်ဗျ။

  • Shwe Ei

    September 12, 2011 at 2:57 pm

    ဘာစကားမှမပြောတော့ဘဲ နှုတ်ခမ်းထော်ပြီး စိတ်ကောက်နေတာရော။ :-*

  • rain pricess

    September 12, 2011 at 5:15 pm

    သူပြောမှပဲတို.မိန်းကလေးတွေလက်နက်တော်တော်ပေါပါလား
    မှတ်ထားဦးမှ သိုင်းကျူး သိုင်းကျူး

  • Arkar11

    September 12, 2011 at 6:45 pm

    အဲဒီလက်နက်တွေကို ကာကွယ်ဖို့ ယောက်ျားတွေမှာလည်း လက်နက်တွေရှိပါတယ်…
    (၁) ပြန်မပြောနားမထောင် (အချိန်တန် အာငြောင်းရင် သူ့ဘာသာသူပါးစပ်ပိတ်သွားလိမ့်မယ်..)
    (၂) တံမျက်စည်းနှင့်လက်သီး (ဒီလက်နက်ကတော့ အခန့်မသင့်ရင်ပြသနာ ပိုကြီးသွားနိုင်ပါတယ်..ကိုယ့်အတွက်လည်းမကောင်းသဖြင့် အရမ်းလိုအပ်မှ ထုတ်သုံးသင့်ပါတယ်…)
    (၃) ရွှေငွေလက်ဝတ်ရတနာ အဝတ်အစား ဝယ်ပေးခြင်း (တော်တော်ထိရောက်တဲ့ လက်နက်ဖြစ်ပါတယ်)
    (၄) လိုက်လျောခြင်း (ထိရောက်မုှရှိပေမဲ့ မသုံးတတ်ရင် သုံးစွဲသူကို တဖြည်းဖြည်း “မယက” အဖြစ် အသွင်ပြောင်းစေပါတယ်…အဓိကတော့ “သဘာ”ရှိဖို့ လိုပါတယ်…)
    ဒီလက်နက်တွေကို အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး သုံးတတ်ရင် တော်တော်အကျိုးရှိစေပါတယ်…နောက်ထပ်လက်နက်တွေရှိအုံးမှာပါ…
    မစဉ်းစားချင်တော့လို ဒီလောက်ပဲရေးပါရစေ…

    • cobra

      September 12, 2011 at 9:24 pm

      ကိုအာကာကဆရာတပါးပါလား။
      တော်တော်လေးကျွမ်းကျင်ပုံရတယ်။
      ကျွန်တော်တို့လိုနောင်လာနောင်သားတွေအတွက်အသုံဒဝင်တာပေါ့။
      ကျေးဇူးပါ…။

  • mgmglusoe

    September 12, 2011 at 8:32 pm

    တစ်ခြားသူတွေတော့ မသိပါဘူး…. ကျုပ်တော့ အဲဒီလက်နက်တွေနဲ့ တိုက်စစ်ဆင်နေတာ ခံနေရတယ်ဗျ…
    မျက်ရည်လက်နက်က တော့ အဆိုးဆုံးပါပဲ…. :mrgreen:

  • nature

    September 12, 2011 at 9:03 pm

    မိန်မမာယာသဲကိုးဖြာ ဆိုတာ မိန်းမတွေရဲ့လက်နက်တွေပါပဲ။

  • kai

    September 13, 2011 at 3:10 am

    မိန်းမတွေရဲ့..အဓိကလက်နက်က.. မိန်းမဖြစ်နေခြင်းပါပဲ..။
    ဘယ်သူငြင်းမလဲ…။ 🙂

  • nature

    September 13, 2011 at 8:44 am

    ဒါဆိုသူကြီးရဲ့လက်နက်ကရော ဘာလဲ။ သူကြီးကတော်ရဲ့လက်နက်ကရောဘာလဲဆိုတာ တဆိတ်လောက် မိန့်ပါဦး။

  • etone

    September 13, 2011 at 10:18 am

    တေနာ ယေး ဟုတ်ဒါယော မဟုတ်ဒါယော လျှောက်ပွားနေတယ် … ။
    တယ် ….. နာ… ခေါင်းခေါက်လိုက်ရ 😛 😛 တေဒေါ့မယ် ( ဒါလည်း မိန်းမလက်နက်ထဲပါပါတယ် … 😛 )

    • cobra

      September 13, 2011 at 3:00 pm

      ဟုတ်ရယ်…ဟုတ်ရယ်….
      တာလည်းပါရယ်…
      သားသားအမေနဲ ့လေတူရယ်…။

  • နွယ်ပင်

    September 13, 2011 at 10:27 am

    ဟင် မိန်းမတွေရဲ့ လက်နက်က (5) မျိုးတည်းလား
    နည်းလိုက်တာ အမှန်ဆို ဒီထက်များသင့်တယ် 😀

  • မီးမီး သော်

    September 13, 2011 at 12:45 pm

    အမလေးနော်။ရက်စက်လိုက်တာ။သူတို ့ယောကျာ်းတွေအကြောင်းရေးပါဦးလားနော်။

Leave a Reply