သံတွဲက အရှုပ်ထုပ်များ

ကို မွန္January 18, 20131min923

သံတွဲမြို့နယ်တရားရုံးတွင် မြို့နယ်တရားသူကြီးဦးခင်မောင်သောင်းနှင့် ပြည်နယ်စည်ပင်ဝန်ကြီး ဦးလှဟန်၏ ခမက်ဖြစ်သူ ဦးဝင်းနိုင်တို့ပူးပေါင်းကာ လာဘ်စားမှုများ ပြုလုပ်နေကြပါသည်။ ဦးဝင်းနိုင်မှာ စည်ပင်ဝန်ကြီးက ငါ့ ခမက် ၊ ငါပိုင်ပါတယ် ဟူသော အချိုးမျိုးဖြင့် ပြောဆို လာဘ်ယူလျက်ရှိပါသည်။ ငွေတောင်း၍မရသော အမှုများတွင် ရက်ချိန်းများစွာခွာချိန်းပြီး အချိန်ဆွဲပါသည်။ ဦးဝင်းနိုင်က ဦးလှဟန်အား ဒွါရာဝတီဈေးသစ်ကြီးတွင် ဆိုင်ခန်းနှစ်ခန်း ကိုအကြံအဖန်ပြုလုပ်ပြီးပေးကမ်းထားပါသည်။ ဦးလှဟန်နည်းတူ ကြံ့ခိုင်ရေးအမတ်တစ်ဦးဖြစ်သော အမျိုးသားလွှတ်တော်မှ ဦးမြင့်လှိုင်မှာ ပညာရေးဝန်ကြီးဌာန မှ မူလတန်းကျောင်း ၁ဝ ကျောင်း ဆောက်လုပ်ရန်အတွက် ကန်ထရိုက်များထံမှ တစ်ကျောင်းလျှင် သိန်း ၂ဝ စီ ရယူထားပါသည်။ ၎င်းမှာ သံတွဲမြို့နယ်အကျိုးအတွက် ဆောင်ရွက်ပေးခြင်းမရှိပဲ ဝန်ကြီး၊ တိုင်းမှူးတို့လာလျှင် ကျွေးမွေး လက်ဆောင်ပေးတတ်သော ကိုယ်ကျိုးရှာ စီးပွားရေးသမားတစ်ဦးသာ ဖြစ်ပါသည်။ အထက်ပါကိစ္စများအား သက်ဆိုင်ရာမှ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။

3 comments

  • ကထူးဆန်း

    January 19, 2013 at 8:43 am

    ကိုမှန် ရေ ..ဒီလောက် ရေးလို့ ကတော့ မျက်စိရှုပ်စရာ ပစ်စာ သာ ဖြစ်ပေမပေါ့ ။
    ဘယ်သူ ဆီက ဘယ်နေ့ က ဘယ်လို ဘယ်လောက် ဘယ်နေရာမှာ ဆိုတာ တိတိကျကျ ရေးမှ အရေးယူနိုင်မဲ့ တိုင်စာဖြစ်မှာပေါ့ ။
    အခုတော့ သူကြီး ဆာဗာ ကြီး လေးတာ ဘဲ အဖတ်တင်မယ်ထင်ပါသည် ။

  • ဦးဦးပါလေရာ

    January 19, 2013 at 8:52 am

    ကျုပ်ကြည့်ကြည့်နေတာ..
    ကြာတော့ .. သဘောပေါက်လာတယ်..
    သံတွဲသားတချို့က လာဘ်စားတာတွေ အဂတိလိုက်စားတာတွေ အာဏာအလွဲသုံးစားလုပ်တာတွေ ကို သူတို့မြို့မှာပဲ ရှိတယ် ထင်ပုံရတယ်။

    မိတ်ဆွေသံတွဲသားတို့ရေ
    အဲဒါမျိုးက ကျုပ်တို့ဆီမှာ ပိုတောင်ဆိုးသဟဲ့..
    (တစ်ခါလောက် အလည်ခေါ်ဦးမယ်)

    :kwi:

  • marga thagyar

    January 23, 2013 at 10:22 am

    We must denounce bribery. We must take a action to political exploitation. So ko hman should express these exploiter exactly.thank.

Leave a Reply