Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အကျည်းတန်သစ်တစ်ပင်

Mg Yay ChanJanuary 20, 20131min1820

သစ်ပင်တစ်ပင်သည် သစ်ပင်တစ်ပင်သာဖြစ်သည်ဟု လွယ်လွယ်ထင်မှတ်နိုင်သော်လည်း ထိုသစ်ပင်တစ်ပင်က ပြောသောရာဇဝင်သည် တခမ်းတနားရှိနေတတ်ပါသည်…၊၊   ကျွန်တော်နေထိုင်ရာအိမ်ခြံဝင်းသည် အကျယ်ကြီးမဟုတ်ပေ ၊၊သို့သော် သစ်ပင်စိုက်ရန်ဝါသနာထုံ
လှသောကျွန်တော့်အဖေအစွမ်းကြောင့် မြေပိုလေးတွင်စိမ်းစိမ်းစိုစိုနှင့်သစ်ပင်လေးများဖြစ်

တည်လာခဲ့သည် ၊၊ရှောက်ပင် ၊ မာလကာပင် ၊ ရဲယိုပင်မှ အစ နှင်းဆီ ၊စံပယ်စသော ခပ်အုပ်အုပ် အပင်ငယ်လေးများအထိ ကျွန်တော်တို့ခြံဝင်းထဲတွင်ရှိနေပါသည် ၊၊
ထိုထိုသောအပင်များစွာထဲကမှစိတ်ဝင်စားဖွယ်လည်းမကောင်း၍ကဗျာလည်းမဆန်သော သရက်ပင်အိုကြီးတစ်ပင်ကိုမှနေ့စဉ်နေ့စဉ်ငေးမောကြည့်ဖြစ်၏၊၊ထိုသရက်ပင်ကိုကြည့်မိတိုင်းအတွေးမျှင်
တို့သည်ပင့်ကူအိမ်သဖွယ်ကွန်ယက်ဖြန့်ကျက်လာလေ့ရှိ၏…၊၊ထို့နောက်…အတွေးပေါင်းများစွာတို့သည်
ငွေ့ရည်ဖွဲ့ကာစုစည်းလာတတ်ပါသည် ၊၊

သရက်ပင်ဟူသည်ဘာမှထူးထူးခြားခြားအပင်မျိုးမဟုတ်ကြောင်းလူတိုင်းသိပါလိမ့်မည်၊၊ အခြား၊အခြားသောအပင်များကဲ့သို့ပင် အကိုင်းအခတ် ၊ရိုးတံ ၊အရွက် ၊ အမြစ် ၊ပင်စည် ၊ အသီးအပွင့်  စသည်တို့ ပေါင်းစပ်၍ဖွဲ့စည်းထားခြင်းပင်၊၊ သရက်ပင်ကြီး၏ပင်စည် သည်လည်းကောင်း ၊အကိုင်းအခတ် အရွက်များသည်လည်းကောင်း
ကဗျာတစ်ပုဒ်စပ်ဆိုရလောက်အောင် နုရွလှပနေသည်မဟုတ်ပေ…၊၊ ထိုသို့သာမန်သာဖြစ်သည့်မထူးဆန်းသောသစ်ပင်အိုကိုနေ့တိုင်းနေ့တိုင်းကျွန်တော်

ဂရုတစိုက်ကြည့် မိခြင်းသည်သာ ထူးဆန်းကောင်းထူးဆန်းနေပေလိမ့်မည် ၊၊
………………..       ……………     …………….
သရက်သီးကိုသိပ်အကြိုက်ကြီးကြိုက်လှသည်မဟုတ်သော်လည်းသရက်ပင်ကြီးကိုတော့ကျွန်တော်

တွယ်တာမိသည်၊၊ သူ့အသက်သည် ကျွန်တော့်ထက်ပင်ကြီးပါသည်၊၊အနည်း ဆုံးနှစ်ပေါင်း နှစ်ဆယ်ကျော်လောက်တော့ ရှိပေလိမ့်မည် ၊၊အပင်ကြီးသောအခါအရိပ်ရရန် အသီးစားရန်ရည်ရွယ်၍ကျွန်တော်မမွေးခင်ကာလ သည်အိမ်လေးတွင် စတင်နေထိုင်ခါစတည်းကကျွန်တော့်အဖေစိုက်ပျိုးခဲ့ခြင်းဖြစ်သည် ။
ထိုသရက်ပင်ကြီးကို မြတ်နိုးတွယ်တာမိခြင်းမှာ ငယ်စဉ်ကတည်းကပင် ထိတွေ့ရင်းနှီးခဲ့သောကြောင့်လည်း ဖြစ်ပေလိမ့်မည်၊၊ကျွန်တော်မူလတန်းကျောင်းသား ဘဝကထိုအပင်ပေါ်မှပြုတ်ကျ၍သွားတစ်ချောင်းကျိုးခဲ့ဖူးသည်၊၊ သို့သော်
အပင်ကြီးကို စိတ်မနာမိ၊၊မမုန်းမိပေ၊၊အဖေကနောက်တစ်ခါ အပင်ပေါ်ထပ်တက် ပါက ရိုက်မည်ဟု ဘီလူးကြိမ်း ကြိမ်းထားသည့်ကြားမှ ကျွန်တော်အပင်ပေါ်ခိုးခိုး တက်ခဲ့ဖူးသည်၊၊မလုပ်နဲ့ဆိုသောအရာကိုလုပ်လိုက်ရသည့်အရသာ မှာကြည်နူးဖွယ်ကောင်းသလိုရင်ခုန်ဖွယ်လည်းဖြစ်၏.၊၊

ကျွန်တော် ခြောက်တန်း ၊ခုနစ်တန်းလောက်ရောက်ချိန်တွင်တော့ သရက်ပင်ကြီးသည်ပိုမိုခန့်ညားလာပါသည်၊၊သရက်ပင်အောက်တွင်ခုံလေးချ၍ စာအုပ်တစ်အုပ်ထိုင်ဖတ်နေရသောအရသာသည် နတ်ပြည်ခဏရောက်သလိုပဲ..၊၊   သရက်ပင်ကြီး၏အရိပ်အောက်တွင် ထိုသို့ခိုလှုံ၍အေးမြခဲ့ဖူးသည်၊၊ ကြည်နူးခဲ့ရဖူးသည် ၊၊

လွန်ခဲ့သောနှစ်မိုးဦးကျချိန်ကသရက်ပင်ကြီး၏ဘေးကိုင်းလေးတစ်ကိုင်း ကျိုးကျသွားခဲ့သည်၊၊ ထိုစဉ်က အကိုင်းကျိုးသွားသောသရက်ပင်ကြီးကိုကြည့်ရင်း ကျွန်တော့်နှလုံးသားတစ်ခြမ်းပဲ့ပါသွားသလို ခံစားခဲ့ရသည် ၊၊ဤမျှအထိ
သရက်ပင်ကြီးကိုတွယ်တာမိပါသည်၊၊ချစ်မိပါသည် ၊၊

သရက်ပင်ကြီးကိုမှီခိုနေကြရသောသတ္တဝါငယ်လေးများလည်းရှိပါသည်၊၊သရက်ပင်ကြီး၏ပင်စည် အထက်ခပ်မြင့်မြင့်တစ်နေရာတွင် ပျားအုံသေးသေးလေးတစ်အုံရှိသည်၊၊အပင်ခြေရင်းတွင်မို့မောက်နေ
သည့်ခြအုံတစ်အုံရှိသည်၊၊ကျွန်တော့်အဖေသည် ထိုခြအုံကိုဖြိုပစ်ရန်စိတ်ကူးသော်လည်း အဖေကသူများ
အိမ်မဖျက်ကောင်းဟု ဟန့်တားသောကြောင့်ဒီအတိုင်းပင် ထား ထားပါသည်…၊၊သေချာကြည့်မည်ဆိုပါက
သရက်ပင်၏ပင်စည်ပေါ်တွင်လည်းတရွရွပြေးလွှားနေကြသောပုရွက်ဆိတ်ကလေးများကို မြင်တွေ့ရပေမည် ၊ ၊ထိုသတ္တဝါငယ်လေးများအတွက်မူ သရက်ပင်ကြီးသည်မှီတင်းနေထိုင်ရာဖြစ်သော တိုင်းနိုင်ငံကြီးတစ်ခုပင်ဖြစ်ပေလိမ့်မည်..၊၊
……………….                  ………….                          ……………………            …………………..
ဇန်နဝါရီ ၊ဖေဖော်ဝါရီလောက်ရောက်ပြီဆိုပါကသရက်ပင်ကြီးတွင်သရက်ဖူးကလေးများစတင် ဖူးလေပြီ..၊၊ထိုအချိန်သည်သရက်ပင်ကြီးအတွက်အလှတရားတို့ပိုမိုပြည့်စုံလာချိန်ဟုထင်မိပါသည်၊၊မိုးဦးမကျ
မီလောက်တွင် သီးကင်းလေးများစတင်သီးလာလေ့ရှိသည်..၊၊သရက်ပင်ကြီးသည် အသီးလှိုင်လှိုင်သီးသော
အမျိုးကောင်းသည့်အပင်မို့လားမသိ ၊၊ထိုအချိန်ကျလျှင်အကိုင်းတိုင်း၊အကိုင်းတိုင်းတွင်အဖူး ၊ အငုံတို့ဖြင့်ဝေ
ဆာလှပါသည်၊၊သို့သော်တချို့အကိုင်းများတွင် အဖူးဘဝမှအသီးဘဝသို့ကူးပြောင်းခွင့်မရရှာသေးသော
သရက်ဖူးကလေးများ ကျန်နေတတ်သေးသည်၊၊ကျွန်တော့်အမေသည်သရက်သီးအလွန်ကြိုက်သည်၊၊ သူကိုယ်တိုင်လည်း ခူး၍စားတတ်သည်သလိုအိမ်နီးချင်းများကိုလည်း ဝေပေးတတ်သောအကျင့်ရှိသည်၊၊
ထို့ကြောင့်သရက်ပင်ကြီး၏အသီးများမှာ တဖြည်းဖြည်းလျော့၍လျော့၍လာသည်၊၊

ကျွန်တော်သတိထား၍အမြဲကြည့်မိသောကြောင့်လားမသိ၊၊သရက်ပင်ကြီး၏ထူးခြားချက်တစ်ခုကိုသွားတွေ့
မိသည်၊၊သရက်ပင်ကြီး၏ဟိုး…….အမြင့်ဆုံး၊အပေါ်ဆုံးအကိုင်းတစ်ကိုင်းတွင်သရက်သီးခိုင်ကြီးတစ်ခိုင်
မှာအခိုင်လို်က်ပင်မကြွေမပြုန်းဘဲရှိနေပါသေးသည်၊၊ကျွန်တော့်အမေလည်းအမြင့်ဆုံးကိုင်းမှာသီးနေသော
အသီးတွေမို့ခူးရန်လက်လျော့ထားခြင်းဖြစ်မည်၊၊ခူးရန်လည်း မလွယ်ကူ ၊ခက်ခက်ခဲခဲကြိုးစားရပေမည် ၊၊
ထို့ကြောင့်လည်း အမေသည်တစ်ခိုင်လုံးသူ့ဘာသာကြွေမည့်အချိန်ကိုစောင့်နေခြင်းပင်ဖြစ်သည်..၊၊
သရက်သီးခိုင်ကြီးသည်နေ့စဉ်နေ့စဉ် ကြည့်ရင်းကြည့်ရင်း ဝင်း၍ဝါလာသည်၊၊ဝါ၍မှည့်လာပြီ ၊၊သို့သော် ယခင်အတိုင်းပင်တစ်လုံးတစ်လေမှမကြွေကျနိုင်သေးပါ ၊၊ထိုအခိုင်ကြီး၏သရက်သီးများအနက်
အလယ်မှသရက်သီးတစ်လုံးသည် ငှက်များထိုးဆိတ်စားသောက်သွား၍လားမသိ၊၊ဘေးတစ်ခြမ်းလုံးပြောင်၍
သရက်စေ့ကိုပင် မြင်နေရပြီ..၊၊
ကျွန်တော်သည် နေ့တိုင်းနေ့တိုင်းထိုသရက်သီးခိုင်ကြီးကို မော့ မော့ကြည့်ဖြစ်၏..၊၊အညှာခိုင်လွန်း၍ထင်သည်၊၊
တဖြည်းဖြည်းပို၍ပို၍မှည့်ဝင်းလာသော်လည်းမကြွေကျနိုင်သေးပါ၊၊ကျွန်တော်ချစ်ခင်မြတ်နိုးသောသရက်ပင်ကြီး တွင်လတ်ဆတ်သစ်လွင်သည့်အသီးများဖြင့်သာ ဝေဝေဆာဆာရှိစေချင်မိသည်..၊၊ အသီးတို့သည်ပုပ်နေပါက
အညှာခိုင်လွန်းတတ်သောသဘောရှိပါသလား၊၊ထိုသရက်သီးခိုင်ကြီးကိုကျွန်တော့်အဖေစိုက်ပျိုးခဲ့သောအပင်
အမြင့်တွင် ခန့်ခန့်ကြီးတွေ့ရသည်မှာသရက်ပင်ကြီး၏အလှကိုရုပ်ဆိုးစေသလိုခံစားမိသည်…၊၊

………………….            …………….           …………………..                …………………………….
ကြယ်တို့မည်သည် ကြွေ၍ကြွေ၍သွားပေမည်၊၊လူတို့သည်လည်း နောက်ဆုံးတွင်သေ၍သေ၍သွားပေမည်၊၊
ထိုနိယာမသည်ဖီဆန်၍မရသောအမိန့်တော်ပင်တည်း၊၊ဗုဒ္ဓဟောကြားတော်မူခဲ့သောအနိစ္စတရားသဘောကို
ကျွန်တော် အကြွင်းမဲ့ယုံကြည်သည်၊၊ထို့ကြောင့် မှည့်ဝင်း၍ကြွေချိန်လွန်နေပြီဖြစ်သောသရက်သီးခိုင်ကြီးကို

မည့်သည့်အချိန်တွင်ကြွေလိမ့်နိုး ၊ကြွေလိမ့်နိုးဖြင့် သရက်ပင်ကြီးကို နေ့စဉ်နေ့စဉ်တိုင်း
ဂရုတစိုက်ကြည့်မိနေခြင်းပင်ဖြစ်ပါတော့သည်…………….၊၊           ၊၊

မောင်ရေချမ်း