Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ဥဿာမြေ ပဲခူးမှ ရွှေမော်ဓော”

1ပဲခူးမြို့ကျက်သရေဆောင်ရွှေမော်ဓော
1ပဲခူးမြို့ကျက်သရေဆောင်ရွှေမော်ဓော

“ဥဿာမြေ ပဲခူးမှ ရွှေမော်ဓော”

 

 

ရန်ကုန်ကိုမရောက်ခင်ကတည်းက လုလင်နဲ့တိုင်ပင်ဖြစ်တာက ဘယ်သွားဓါတ်ပုံရို်က်ကြမလဲဆိုတာကိုပါ။

နှစ်ယောက်လုံးတွက်ထားက လွတ်လပ်ရေးနေ့ကိုတော့ပဲခူးကိုသွားကြမယ်ပေါ့။

အဲဒီနေ့မနက်စောစောသွားမယ် လမ်းမှာ နေရောင်အပျောက်လေးတွေကို ဖမ်းယူကြမယ်ပေါ့.။

မရောက်ဘူးသေးတဲ့ မဒမ်ပေါက်ကိုလဲခေါ်မယ် သူ့အလုပ်က ကလေးတွေလဲလိုက်မယ်ဆိုခေါ်မယ်ပေ့ါ။

ဒါနဲ့ဘဲ မနက် ၅နာရီခွဲလောက်သွားကြဘို့တိုင်ပင်ထားပါတယ်။

လွတ်လပ်ရေးနေ့မနက်၅နာရီမထိုးခင်အိပ်ယာထ အသင့်ပြင်ထားပါတယ်။

၅နာရီထိုးတော့ လုလင်လှမ်းဖုန်းဆက်ပါတယ်။

ထွက်လာပြီ သူငယ်ချင်းတစ်ယောက်ဝင်ခေါ်မယ်ဆိုတာနဲ့မုန့်စားရင်းစောင့်ဘို့အိမ်နားနီးတဲ့လက်ဖက်ရည်ဆိုင်ကို

ချိန်းလိုက်ပါတယ်။

မုန့်စားရင်းစောင့်နေပေမယ့် ၆နာရီထိုးခါနီးမှရောက်လာပါတယ။်

သူ့သူငယ်ချင်းအိပ်ယာက မနိုးလို့ထားခဲ့တယ်လို့ိုဆိုပါတယ်။

 

အေးစပြုနေတဲ့ဆောင်းမနက်မှာ ပျော်ပျော်ပါးပါးစကားတွေပြောရင်းထွက်လာပါတယ်။

ထင်ထားသလို လမ်းခရီးမှာလိုချင်တဲ့ပုံကတော့မရပါဘူး။

သွားနေရင်းကနေ ပုသိမ်ကိုရောက်နေတဲ့ ဘိုစိန်သော့ကို သတိတရနဲ့နုတ်ဆက်ပါတယ်။

လမ်းမှာမရပ်တော့ ဘဲ ပဲခူးအဝင်နားရောက်မှာ ရွှေခရားကြီး ဆိုတဲ့ဆိုင်မှာဝင်လို့

ကလေးတွေနဲ့ အတူ မနက်စာ စားပြီးထွက်ခဲ့ကြပါတယ်.။

လမ်းတနေရာရောက်တော့ တောတန်းလေးလိုဖြစ်နေတာကိုမြင်မိတော့ ဆင်းပြီးလက်ဆော့ ။

ကိုးနာရီထိုးခါနီးလောက်မှာ ပဲခူးကိုရောက်ပါတယ်။

ကျနော်ကတော့ ပဲခူူးကို တစ်ခါမှ မရောက်ဘူးပါဘူး။

လုလင်ကတော့ရောက်ဘူးပါတယ်။

စစခြင်းရွှေမော်ဓော ကိုသွားမယ်ဆိုပြီး ဆုံးဖြတ်လို့ ကုန်းတံတားကိုအတက်

ဝုန်းကနဲအသံကြားလို့ လှမ်းအကြည့်

ကျနော်တို့နဲ့မျက်နှာခြင်းဆိုင်ကလာနေတဲ့ လိုင်းကား ဟိုင်းလပ်အပြာရောင်က

လမ်းပေါ်မှာ ဂျွမ်းထိုးတာကိုမြင်လိုက်ရပါတယ်။

ကားပေါ်မှာပါတဲ့ ခရီးသည်သုံးလေးယောက်ကားပေါ်ကလွင့်စင်ပြီးလမ်းပေါ်ကျနေတာကို

မြင်လိုက်ရပါတယ်။

လမ်းပေါ်မှာလူတွေရှုပ်ယှက်ခတ်နေတော့ကားကိုအမြန်မောင်းထွက်လာခဲ့ပါတယ်။

သိပ်မကြာခင်လေးမှာဘဲ ရွှေရောင်ပြောင်ဝင်းနေတဲ့ ရွှေမော်ဓော ဘုရားကိုမြင်ရပါတော့တယ်။

လွတ်လပ်ရေးနေ့ဆိုတာ ဈေးပိတ်ကျောင်းပိတ်ရုံးပိတ်အလုပ်ပိတ်ရက်ဖြစ်တော့လူစည်ကားလှပါတယ်။

ဒါနဲ့ဘဲ ဘုရားနဲ့မနီးမဝေး ဆိုင်တန်းနားလေးမှာ ကားရပ် ဖိနပ်တွေကားပေါ်ထားပြီး ဘုရားကုန်းတော်ပေါ်တက်ခဲ့ကြပါတယ်။

စိတ်ထဲမှာ မှတ်မှတ်ရရဖြစ်နေတာကတော့ ငလျင်ဒဏ်ကြောင့် မြေခခဲ့ဘူးတယ်ဆိုတာကိုပါဘဲ။

ဘုရားပေါ်ရောက်တော့ မဒမ်ပေါက်က တော့ ဘုရားဝတ်ပြု။

ကျနော်ကတော့ ဓါတ်ပုံလှည့်ပါတ်လို့ရိုက်ပါတယ်။

ဘုရားကုန်းတော်ပေါ်မှာရှိနေတဲ့ ခေါင်းလောင်းနားမှာအမှတ်တရဓါတ်ပုံရိုက်ပါတယ်။

ဒီဘုရားမှာထူးထူးခြားခြားရှိနေတာတော့  ဝန်ကြီးချုပ်ဦးနု လှူဒါန်းထားတဲ့ကဗ္ဗည်းကျောက်စာရယ်

၁၉၁ရခုနှစ်ငလျင်ဒဏ်ကြောင့်မြေခပေမယ့် ကွဲအက်မသွားဘဲတစောင်းလဲနေတဲ့စေတီတော်ကြီးရဲ့

ငှက်ပျောဖူးကြီးကိုတွေ့ မြင်ရတာပါဘဲ။

 

 

 

2ပြာလွင်ကောင်းကင်အောက်မှ ရွှေရောင်ဝင်းလဲနေသောရွှေမော်ဓောစေတီ
2ပြာလွင်ကောင်းကင်အောက်မှ ရွှေရောင်ဝင်းလဲနေသောရွှေမော်ဓောစေတီ

 

3သမိုင်းမှတ်တမ်းဆိုတာ ဖျောက်ဖျက်လို့မရ
3သမိုင်းမှတ်တမ်းဆိုတာ ဖျောက်ဖျက်လို့မရ

 

4မြေခ မှတ်တမ်း
4မြေခ မှတ်တမ်း
5ငလျင်ကြောင့်မြေခခဲ့သော ငှက်ပျောဖူး
5ငလျင်ကြောင့်မြေခခဲ့သော ငှက်ပျောဖူး

 

6 သမိုင်းဝင်ခေါင်းလောင်းတော်
6 သမိုင်းဝင်ခေါင်းလောင်းတော်
7စည်ကားသိုက်မြိုက်သောစောင်းတန်း
7စည်ကားသိုက်မြိုက်သောစောင်းတန်း
8 သစ်ပင်ပေါ်က ကပ်ပါးသစ်ရွက်
8 သစ်ပင်ပေါ်က ကပ်ပါးသစ်ရွက်

 

9ကြည်နူးဘွယ်ရာ
9ကြည်နူးဘွယ်ရာ

 

နောက်ဘုရားပေါ်ကသစ်ပင် အကိုင်းတွေမှာ ကပ်နေတဲ့ဖက်ရွက်ခြောက်တွေပါဘဲ။

အစက တော့ ကြာရွက်တွေမှတ်နေပေမယ့်သေချာမေးကြည့်တော့မှ သစ်ပင်ကိုတွယ်တက်လာခဲ့တဲ့

ကပ်ပါးပင်က အရွက်တွေဖြစ်နေတာကိုသိရပါတယ်။

ရွှေမော်ဓောကနေထွက်လာတဲ့အခါ ဘယ်သွားမလဲလို့စဉ်းစားမိတဲ့အခါ နာမယ်ကြီးနေတဲ့မြွေဘုရားကို

အရင်သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမယ့် ဘယ်က သွားရမှန်းမသိပါဘူး။

ဒါနဲ့ ဆိုင်ကယ်ကယ်ရီတွေရှိတဲ့နေရာမှာရပ်ပြီးစုံစမ်းတော့ လမ်းပြပေးမယ်

ဓါတ်ဆီဘိုးလောက်ဘဲပေးပါလို့ပြောတာနဲ့ ဆိုင်ကယ်နဲ့လမ်းပြပေးမယ့်သူနောက်ကနေလိုက်ခဲ့ကြပါတယ်.။

 

 

ကိုပေါက်လမ်းသလားနေသည်

25-1-2013

 

 

 

 

 

 

 

18 comments

  • စောစောစီးစီး ..
    ရွှေမော်ဓော ဘုရားကြီးကို ..
    ဖူးမြောက်သွားပါတယ်ဗျို့ …..။
    ဤသို့သော အကျိုးအားဂျောင့် …
    ဘွဆိုက်တိုင်း မစွံဒေါဘွမှ ကျွတ်ရဘာစေရို့ … အဟီးး :mrgreen:

  • Mobile

    February 1, 2013 at 9:54 am

    ရွှေမော်ဓော ဘုရာမှာ လပြည့်လပြည်လကွယ် နံနက်တိုင်း မေမြို့ပန်းကပ်လှူ
    ကျနော်မမ မမပုသိမ်သူ ဆိုတဲ့ ကျနော်တို့ မုံရွာရဲ့ အရှေ့ဖက် ကျောက်ကာတောင်ရွာမှ
    သန်းထွန်းလေး(ပိုးအစံ ၏အဖေ) သီချင်းလေးထဲက ကြားဖူးနေတာဗျို့ ………….
    အခုမှပဲ ဓာတ်ပုံအတွင်းမှ မျက်မြင် ဖူးမြော်ရတော့တယ်ဗျာ အထူးကျေးဇူးတင်ရှိလှကြောင်းပါ
    ယခုလို ရွှေမော်ဓော ဘုရားကို ဒါ့ပုန်းအတွင်းမှ ဖူးမျှော်ရသော အကျိုးအားကြောင့်
    ဘွဆက်တိုင်းဆက်တိုင်း သာသနာ ပြု့နိုင်တဲ့ ပုတ်ဂိုထူး ပုတ်ဂိုမြတ် ဖြစ်ရလိုပါကြောင်းးးးးးးးးးးးးးးးး

    • padonmar

      February 1, 2013 at 11:42 pm

      ကိုမိုဘိုင်းရေ
      မမပုသိမ်သူထဲဘုရားက ပုသိမ်က ရွှေမုဋ္ဌောဘုရားပါ။
      ဒါက ပဲခူးရွှေမော်ဓောလေ။

  • ရွှေမော်ဓောဘုရားကို ကြားသာကြားဘူးတာ အခုမှတကယ်ရောက်ခဲ့ရတာ။
    ကြည်ညိုဘွယ်ကောင်းပါ၏။

  • Ma Ei

    February 1, 2013 at 12:31 pm

    ငယ်က ကျောင်းလေ့လာရေးအဖွဲ့နဲ့ ပဲခူးဘုရားစုံ ဖူးခဲ့ဘူးပါ၏…
    ရွှေသာလျှောင်း၊ရွှေမော်ဓော၊ဟင်္သာကုန်း၊ကိုးသိန်းကိုးသန်း
    စသည်ဖြင့် နေရာစုံပါ။ နောက်ပိုင်းတွေတော့ ဘုရားဖူးခရီးအပြန်
    ရွှေမော်ဓော ဘုရားသာ ဖူးဖြစ်ပါတော့တယ်…
    ခုထပ်ဖူးရတဲ့အတွက် ကျေးဇူးတင်ပါတယ်…
    မြန်မာပြည်အလှတွေ မြင်တွေ့ရဘို့အတွက်
    ကိုပေါက် ကျန်းမာစွာဖြင့် လမ်းသလားနိုင်ပါစေ….

  • ဟုတ်ပ မအိရေ
    ကျနော်စိတ်ကူးထဲမှာသွားချင်တဲ့နေရာတွေတော့အများကြီးပါဘဲဗျ။။
    မြန်မာပြည်အောက်ပိုင်း ကောင်းကောင်းမရောက်ဘူးသလို
    ပုဂံကိုလဲ ဓါတ်ပုံမရိုက်ဘူးသေးလို့ သင်္ကြန်တွင်သွားမလားလို့ တွေးနေမိပါ၏။

  • မောင်ပေ

    February 1, 2013 at 12:48 pm

    သာဓု သုံးကြိမ်ခေါ်ဆိုပါတယ် ဘုရားဒကာပေါက်

  • ဆူး

    February 1, 2013 at 2:43 pm

    ပဲခူး က တော့ ဖြတ်သွားဖြတ်လာပဲ.. အဲ့ဒီ ဘုရားကို မရောက်တာ တော်တော် ကြာပြီပေါ့။

  • kyeemite

    February 1, 2013 at 3:12 pm

    ပဲခူးအလွမ်းပြေပေါ့ကိုပေါက်ရေ…
    ကျနော်က ပဲခူးမှာ ၁၃နှစ်လောက်အလုပ်လုပ်လာတာ…
    ကျနော်လိုက်ရင်ပိုအဆင်ပြေမှာဗျာ….
    အဖေက အဲဒီရက်ပိုင်းအသဲအသန်ဖြစ်နေလို့…ကိုပေါက်ကို
    ဘယ်မှလိုက်မပို့နိုင်လိုက်ဘူး..ခွေးလွှတ်ပါဗျို့…

    • ကိုမိုက်ရေ
      ကျေးကျေးပါ
      အဲသနေ့ကအဆင်ပြေသွားပါ၏
      လုလင်လေးကို ချောဆွဲသွားပါတယ်ဗျို့

  • aye.kk

    February 1, 2013 at 4:59 pm

    ကိုပေါက်ရေ
    မဖူးရတာကြာပြီဖြစ်တဲ့
    ရွှေမောဓေါဘုရားဖူးကိုဖူးမြင်ရတဲ့အတွက်ကျေးဇူးပါနော်။။

  • garuda

    February 1, 2013 at 7:11 pm

    ငလျင်ကြောင့်မြေခခဲ့သော ငှက်ပျောဖူး ဆိုတာခုမှပဲမြင်ဖူးတော့တယ်။ ကျေးဇူးပါ။

  • uncle gyi

    February 1, 2013 at 10:16 pm

    ရွှေမော်ဓေါဘုရားရောက်တာကြာပေါ့
    ငှက်ပျောဖူးအပျက်ကိုအဲလိုပြထားတာသတိမထားမိဖူးဗျို့
    ကိုရီးယားယဉ်ကျေးမှုကကိုပေါက်ဆီမှာအရိုးစွဲနေတာကိုး
    အခန်းဆက်ကလေးကပါလိုက်ရမှ

  • အီးကယ်ဂျန်ရေ
    ကော်နက်ရှင်မကောင်းတော့ ဓါတ်ပုံတွေမကြည့်ရဘူး ဖွင့်ရခက်တယ်ဆိုလို့
    2013မှာ ပုို့စ်တစ်ခုမှာ ပုံဆယ်ပုံထက် ပိုမတင်ဘဲ အပိုင်းခွဲရေးပါတယ်ဗျို့။

  • ဦးကြောင်ကြီး

    February 3, 2013 at 9:01 am

    ရွှေမော်ဓေါ
    ငွေဖော်ကြော
    မေပျော်တော
    ဆွေဖော်ပေါ..။

  • Mr. MarGa

    February 3, 2013 at 5:48 pm

    ပဲခူးကို တစ်ခါရောက်ဖူးတယ်
    ကားပေါ်မှာတင် အချိန်ကုန်ရတာဆိုတော့
    ဘုရားတောင် သေချာမဖူးခဲ့ရဘူး
    ရောက်သွားတာကလဲ ည ဆိုတော့
    အခုမှ သေသေချာချာ ဖူးသွားပါတယ်

Leave a Reply