Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ညနေခင်းဆည်းဆာ…………….

1 ညခင်းဆည်းဆာမှာမြင်ရတဲ့ တိမ်အလှ
1 ညခင်းဆည်းဆာမှာမြင်ရတဲ့ တိမ်အလှ

            ညနေခင်းဆည်းဆာ

ကျနော်မိတ်ဆွေလေးရဲ့အိမ်အပေါ်ခေါင်မိုးကတော့ သိပ်အကျယ်ကြီးမဟုတ်ပေမယ့်

ဖွဲ့စည်း ထားတာကတော့ အတော်လေးသေသပ်လှပ ပါတယ်။

သူတို့အခန်းက ဆယ်တစ်ထပ် မှာရှိတဲ့အခန်းပါ။

သူတို့အိမ်ကနေ အပေါ်ထပ်ခိုးကိုတက်။

ထပ်ခိုးမှာ တံခါးလေးဖောက်ထားပါတယ်။

အဲဒီတံခါးလေးက ထွက်လိုက်ရင်ခေါင်မိုးပြင်ကိုရောက်ပါတယ်။

အဲဒီခေါင်မိုးပါတ်ပါတ်လည်မှာ လမ်းလျောက်စရာ အဖြစ် တစ်ပေလောက်ချန်ထားပါတယ်။

အဲဒီလမ်းကလေးအတိုင်း တောင်ဘက်ကိုထွက်လိုက်ရင် သံဇာကာ  ကာထားပြီး

ကြွေပြားတွေခင်းထားတဲ့ နေရာလေးကိုရောက်ပါတယ်။

ဟိုးအဝေးတော်တော်လှမ်းထဲ့အထိ မြင်ကွင်းကျယ်ကျယ်ကြီးမြင်ရတာလှပ။

ရှုပ်ထွေး မွန်းကျပ်လှတဲ့ရန်ကုန်မြို့မြေပြင် ကနေ ကျနော်မိတ်ဆွေလေး မကြာခဏထွက်ပြေးတဲ့နေရာလေး

လဲဖြစ်ပါသတဲ့။

ရန်ကုန်မြို့ကျနော်ရောက်ခဲ့တဲ့အချိန်မှာ ဒီတစ်ခါဘဲ အမြင့်ဆုံးကနေတက်ကြည့်ဘူးတာပါ။

ကိုယ့်အထက်မှာ အုပ်မိုးထားတာကပြာလွင်သောကောင်းကင်ကြီးဘဲရှိ။

ကြည့်နေရင်းက နေမင်းက ပြန်တော့မယ်လို့နုတ်ဆက်။

အနောက်ဘက်ကောင်းကင်တစ်ခုလုံး ပုဇွန်ဆီရောင်သန်းလို့လှပ။

ကျနော်လည်းလက်ဆော့လု့ိမဝ။

အေးချမ်းတဲ့ ကာလလေးတစ်ခု။

အမှောင်သိပ်မသန်းခင်အိမ်ပေါ်ကဆင်းလာပြီး သူ့တို့ မိသားစုနဲ့

ရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး တဲ့အခါ ပြန်လာခဲ့ပါတယ်။

ဓါတ်လှေကားထဲကထွက်လို့ လမ်းမရောက်တဲ့အခါတော့

ပူအိုက်ဆူညံတဲ့လောကကြီးထဲကို ကျနော်ပြန်လည်လို့စီးမျောလို့သွားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။

 

 

 

 

ကိုပေါက်လမ်းသလားနေသည်

မဟာရန်ကုန်

23-1-2013

 

2 အရှေ့ဘက်က တိမ်ပြာပြာ
2 အရှေ့ဘက်က တိမ်ပြာပြာ
3 တိမ်ပြာမိူင်းဝေရီ အဝေးမှာစေတီ
3 တိမ်ပြာမိူင်းဝေရီ အဝေးမှာစေတီ

 

4 လွမ်းအောင်လို့
4 လွမ်းအောင်လို့
5 ဝင်လုဆဲဆဲ
5 ဝင်လုဆဲဆဲ
6နေရောင်ကွယ်လုဆဲဆဲ
6နေရောင်ကွယ်လုဆဲဆဲ
7 သွားတော့မယ်နော်
7 သွားတော့မယ်နော်

 

 

8 ရောင်စုံရှယ် ညနေခင်း
8 ရောင်စုံရှယ် ညနေခင်း
9လှပစွာနုတ်ဆက်
9လှပစွာနုတ်ဆက်

 

 

 

 

 

19 comments

  • တိမ်တွေ တောက်တဲ့ ညနေခင်းတွေ ..
    ငါ့ ရင်ကို တိုးဝင်လေတိုင်း
    အလွမ်းတွေက ဖလန်းဖလန်း ထ
    သူ့တစ်ယောက်ကို တမ်းတမ်းတတ …
    အလဲ့ … :mrgreen:

    ကဗျာစပ်ရင်း အားပေးတွားဘာဒယ် ဖေပေါက်ဂျီး ခညာ ..

    • တိမ်တွေတောက်တဲ့
      ့ ညနေခင်းလေးမှာ
      ငါ့စိတ်တွေလျောက်သွား ဘယ်ဆီမသိပါ။
      တကယ်တမ်းကျတော့ တဝဲဝဲလည်
      မင်းအနားမှာ အဲသဟာ

      လွမ်းလွန်းလို့လ ကွာ

      • ဘာဒုံးဂျ …
        ခညားဂျီးဂ ဒါ့ပုံရိုက်ရင်း
        မိန်းမ လွမ်းနေဒယ်လို့
        ဆိုလိုဂျင်ဒါလား …

  • ခိုင်ဇာ

    January 31, 2013 at 11:46 am

    ချစ်တဲ့သူ နှစ်ဦးမှာ မြူးကာ
    ကြည်နူးနှစ်သိမ့်လျက်ပါ
    ချစ်စရာ “ဆည်းဆာ”

    ဒါ ဘာသီချင်းတုန်း သိလား? :mrgreen:

  • ဆူး

    January 31, 2013 at 11:58 am

    ဆည်းဆာ အချိန်မှာ တိမ်တွေ မြူးနေကြတယ်။

  • Ma Ei

    January 31, 2013 at 12:15 pm

    …7 သွားတော့မယ်နော်…
    လှပတဲ့ ဆည်းဆာချိန်လေးတွေမကြည့်ရဘဲ
    တစ်နေ့တစ်နေ့ ရုံးပြန်ကား ပေါ်မှာသာအချိန်ကုန်နေရပါတယ်…
    ခဏထွက်ပြေးလို့ ခရီးသွားမှသာ အပြည့်ဝ ခံစားရပါတော့မယ်…

    • ကျနော်ကတော့ အလုပ်ပိတ်ရက် ဆိုရင်တော့ ညနေခင်းလေးကို တကူး တက သွားကြည့် တာ
      အလေ့အကျင့်လုပ်ပေးထားပါ၏။
      ညနေခင်းဆည်းဆာက လွမ်းစရာကောင်းပါ၏။

  • ကိုရင်စည်သူ

    January 31, 2013 at 12:36 pm

    နတ်ပြည်ကိုလှမ်းရိုက်နေသလားတောင် ထင်ရတယ်…
    အိုဘယ့်ရန်ကုန်ကောင်းကင်အလှ..
    နေဝင်ချိန်တိမ်တောက်တဲ့အခါ.. ရွာလမ်းနံဘေးက
    စာဥတို့ အပေါင်းအဖော်ညီအမတွေတောင်
    သတိရသပ… 😆

  • နွယ်ပင်

    January 31, 2013 at 1:58 pm

    လှလိုက်တာ လေးပေါက်ရယ် …
    သဘောကျလို့ ကူးယူသွားပါတယ်နော် …

  • Mon Kit

    January 31, 2013 at 2:29 pm

    Good Bye ပုံလေး ကြိုက်တယ်…. :hee:

  • မောင်ပေ

    January 31, 2013 at 8:44 pm

    အမှန်က ရန်ကုန်ညနေခင်း ကို လမ်းပေါ်မှာ ကားတစ်စီးပေါ်ကနေ မှတ်တမ်းတင်သင့်တာဗျ

  • aye.kk

    January 31, 2013 at 10:24 pm

    လှလွန်းနေတဲ့ဆည်းဆာအလှ။
    ပန်းချီဆရာတောင်လက်မှီုင်ချရပြီးငိုင်သွားရမယ်နော်။
    ကိုပေါက်လက်ရာလှလှတွေကိုအားပေးလို ့မဝနိုင်ပါ။။

  • ကျနော်ဒီပုံတွေရလိုက်တာကလဲ ကျနော့်မိတ်ဆွေလေးကျေးဇူးကြောင့်ပါဗျာ
    သူအိမ်သာ အလည်မလိုက်မိရင် ဒီပုံတွေကို ကြည့်ခွင့်ရကြမှာ မဟုတ်ဘူးဗျာ

  • panpan

    January 31, 2013 at 11:11 pm

    လေးလေးရေ
    နံပတ်၁ပုံကတိမ်တွေက မိုက်တယ်
    :hee:
    လှိုင်းကလေးတွေဖွေးကာ ပြာသောကောင်းကင်အောက်မှာ ဆည်းဆာတဲ့
    ရေပြင်ကဆည်းဆာဆိုရင် ပိုလှမှာနော်

  • ဂန္ဓာရီ ဆြာအုပ်

    February 1, 2013 at 1:26 am

    ရွှေဂုဏ်တိုင် . ကမ္ဘောဇဘဏ်ရှိတဲ့ တိုက် က ရိုက်တာလားဗျ
    ဟုတ်တယ်ဆိုရင် ယုဇန တာဝါကနေရိုက်ဗျ.. အဲဒီမှာ ဆိုရင် မြင်ကွင်းရှင်းတယ်
    ပုဇွန်ဆီရောင် အသွေးနဲ့ လှနိုင်လွန်းလို့ အားရပါးရ အားပေးသွားပါဂျောင်း

  • ကိုကိုအုပ်ရေ
    ယုဇနတာဝါမှာက အသိမရှိဘူးလေကွယ်၊
    အဲတော့ အိမ်ပေါ်တက်ခွင့်ရတဲ့နေရာလေးကဘဲလှမ်းဆော်ရတာပါ။
    နောက်တစ်ခါလာရင် အတူသွားမယ်နော်။

    • panpan

      February 1, 2013 at 12:57 pm

      လေးလေးရေ
      နောက်ဆို ယုဇနတာဝါထဲကို ခပ်တည်တည်နဲ့ဝင်သွား
      :mrgreen: (နောက်ပိုင်းကိစ္စပေးကလန်နဲ့ဆိုင်ဘူးနော်)
      အထဲကအထပ်တိုင်းမှာ လှေကားမကြီးရှိတယ်
      ပြီးတော့ အပြင်လှေကား၂ခုစီရှိတယ်
      အဲ့အပြင်ကနေဆို ဗြူးသိပ်ကောင်းတာလေးလေးရဲ့
      အထပ်မြင့်မြင့်ထိတက်ပီး အဲ့လှေကားလေးတွေကနေရိုက်လိုက်လို့က ရှယ်ပဲ
      ရွှေတိဂုံဖက်ဗြူးရယ် ကမ္ဘာအေးဖျားလမ်းဖက်ဗြူးရယ် ၂ဗြူးတောင်

Leave a Reply