တစ်ုခုသောဆောင်းနံနက်အလည်ထွက်ခြင်း




တစ်ခုသော ဆောင်းတစ်ရက်အလည်ထွက်ခြင်း
ရန်ကုန်ကပြန်လာကတည်းက မနက်မနက်ဆို လမ်းမလျောက်ဖြစ်တဲ့ရက်တွေများလာပါတယ်။
အရင်ဆို မနက်ငါးနာရီကျော်တာနဲ့ အိမ်ကထွက်လို့လမ်းလျောက်နေကြ.။
ဒါနဲ့ဘဲ ဥပုဒ်တစ်ရက်မှာတော့ စောစောထလို့လမ်းလျောက်ဖြစ်ပါတယ်။
လမ်းမလျောက်တာ ကြာတော့ မနက်ခင်းရဲ့အေးမြတဲ့ လေတွေကြောင့်လူကလန်းဆန်း။
သိပ်မကြာခင် အာရုဏ်ဦးရဲ့ရှေ့ပြေးရောက်နီတွေတက်လာပါတယ်။
နံနက်ခင်းရောင်စဉ်များအောက်မှာ အိန္ဒြေရရ ရပ်နေတဲ့ ပြည်ကြီးမွန်ဖောင်တော်ကလဲလှပ။.
သစ်ကိုင်းများကြားကမြင်ရတဲ့ နံနက်ခင်းရောင်ခြည်များကလဲလှပ။
သိပ်မကြာခင်း ဝင်းလက်လာတဲ့နေမင်းကြီးကိုမြင်ရပါတယ်.။






လမ်းလျောက်ပြီးအိမ်ပြန်လာ ရေချိုးပြီး မုန့်စားထွက်ကြပါတယ်။
မုန့်စားနေတုန်း တောင်သမန်အင်းနားက မိတ်ဆွေအိမ်က ဖုန်းဆက်လာပါတယ်။
သူတို့အိမ်ကို မုန့်ဟင်းငါးချက်ထားတာ လာစားဘို့ပေါ့။
အဲဒါနဲ့ မထူးဘူးဆိုပြီးတော့ တောင်သမန်အင်းဘက်ကိုချီတက်ခဲ့ကြပါတယ်။
မိတ်ဆွေအိမ်ကို သွားဘို့စောနေသေးတော့ ဦးပိန်တံတားဘက်ကိုသွားဓါတ်ပုံရိုက်။
တောင်သမန်အင်းကတော့ ဆောင်းအငွေ့တွေကြောင်း မူန်ရီဝေဝေ။
လှေကတော့ မစီးချင်တော့တာနဲ့ မယ်ဇယ်ပင်ကြီးတွေရှိရာ အနောက်ဘက်ကိုသွားခဲ့ကြပါတယ်။
အရင်က အမြစ်ဆုံတွေနဲ့လှပခဲ့တဲ့ မယ်ဇယ်ပင်ကြီးများကို ရေတိုက်စားမူ့က ကာကွယ်နိုင်ဘို့
အုတ်တွေနဲ့ကာထားပေးလိုက်ပါတယ်။
ငယ်ကတည်းက မြင်နေခဲ့ရတဲ့ သဘာအလှကတော့ပျက်ယွင်းလို့သွားပါတယ်.။
ဘယ်အချိန်ကြည့်ကြည့်လွမ်းစရာကောင်းအောင်လှနေတဲ့တောင်သမန်မှာ ငေးရင်းမောရင်း
နာရီကြည်လိုက်တော့ 11နာရီ။
ဒါနဲ့ဘဲ မိတ်ဆွေအိမ်ကို ခရီးဆက်ဘို့တောင်သမန်ကိုနုတ်ဆက်ခဲ့ပါတယ်။
ကိုပေါက်လမ်းသလားနေသည်
20-1-2013
18 comments
Myo Thant
February 9, 2013 at 9:51 am
ဦးပိန်တံတားပုံလေးကြိုက်တယ်ဗျာ
ကျန်တဲ့ပုံတွေလည်းမိုက်တယ်
ကျနော်တို့က ကြည့်ပဲကြည့်တတ်တာ
ဘယ်နေရာက ရိုက်ရင် ကောင်းမယ်ဆိုတာမျိုး မမြင်တတ်ဘူးဗျ ၊
ကိုပေါက်(မန္တလေး)
February 9, 2013 at 6:08 pm
အဲလိုလဲ မဟုတ်ပါဘူး
သတိမထားမိကြလို့ပါ
ရွှေ ကြည်
February 9, 2013 at 11:14 am
၂၊ ၅၊ ၈ အရမ်းကြိုက်တယ်လေးပေါက်
ဆောင်းမနက်ခင်းဆိုတာဒီမှာမရှိတဲ့ရှုခင်းပဲလေးပေါက်ရေ ရွှေနိုင်ငံကိုလွမ်းတယ်။
ကိုပေါက်(မန္တလေး)
February 9, 2013 at 6:10 pm
အဝေးရောက်ရင် ဇာတိကိုလွမ်းသူတွေချည်းဘဲအေ့
mamanoyar
February 9, 2013 at 11:34 am
ဦးပိန်ကတော့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ နေရာလေးတစ်ခုပေါ့
ဗုံဗုံ
February 9, 2013 at 1:15 pm
အော်…. ဦးပိန်တောင် ရေခမ်း ပါရော့လား အင်း အနိစ္စ အနိစ္စ မယ်ဇယ်ပင်ကြီးတွေတောင် ခါးကိုင်းကုန်ကြပြီ ကွန်ပစ်နေတဲ့သူတွေ ငါးကမိရဲ့လားမသိ ပြောင်းဖူးပြုတ်စားချင်လိုက်တာနော် ဘုရားလည်းဖူးချင်သေးတယ် အဲ နေတောင်ထွက်ပေါ့ …………… (လေးပေါက် အဲ့ဒါ မော်ဒန်ကဂျာလို့ခေါ်တယ်
)
ကိုပေါက်(မန္တလေး)
February 9, 2013 at 9:53 pm
မိဗုံရေ
မော်ဒန်ကဗျာလေးတွေများများစပ်အေ့
တောင်သမန်လဲများများသွား
ပြီးရင်ငါးကျော်စား
thureinmaung
February 9, 2013 at 2:12 pm
အင်း အလယ်က သစ်ခြောက်ပင်ကြီး အကိုင်းတွေတဖြည်းဖြည်းနဲသွားပြီ
နှမြောစရာကြီး…
ဒီပုံတွေကိုမြင်ရရင်မန်းလေးကိုအရမ်းလွမ်းတယ်…
ကိုပေါက်(မန္တလေး)
February 9, 2013 at 9:54 pm
တောင်သမန်ရောက်ရင် ဒီသစ်ပင်မရိုက်ဘဲမနေနိုင်ဘူး
မောင်ပေ
February 9, 2013 at 2:37 pm
ဆောင်းမနက်
ချောင်းကတက်
မောင်းအထွက်
ပြောင်းအဖက်
ရောင်းတမတ်
လောင်းပစက်
ကိုပေါက်(မန္တလေး)
February 9, 2013 at 9:57 pm
မနက်ဆောင်း
တက်ချောင်း
အထွက်မကောင်း
ဘက်ပြောင်း
သမက်ရောင်း
ပက်စလောင်း
ဗျောင်း ဗျောင်း ဗျောင်း
မဟာရာဇာ အံစာတုံး
February 9, 2013 at 7:13 pm
“သမို်င်းဝင် မယ်ဇယ်ပင်တန်း”
ဆိုတာကို မြင်တော့ …
ကျုပ်တို့ ရွာဦးကျောင်းက မန်ကျည်းပင်တန်း ကို ပြေးပြီး
သတိရလိုက်မိတယ် …..
စကားမစပ် …
ဒုတိယနဲ့ တတိယ ပုံကို ကြည့်ရတာ …
ဖေပေါက်ဂျီးက ချောင်းရိုက်ရတာ ဝါသနာ ပါပုံရတယ်လို့ .. အင်းးး … အဲ …
ဗုံဗုံ
February 9, 2013 at 7:33 pm
နီ့ကိုတွေ့ရင်ဒေါ့ ဖေပေါက်ဂျီးက ချောင်းမရိုက်ဘူး ဒဲ့ရိုက်မှာတဲ့ နှစ်တစ်လက်မနဲ့
ကိုပေါက်(မန္တလေး)
February 9, 2013 at 9:59 pm
မှားနေပြီ မောင်အံဇာ
ချောင်းမရိုက်ဘူး သေးတယ်
အင်းဘဲရိုက်တယ်
မင်းအတွက် ငါ ရွှေဘိုသူတစ်ယောက် စာရင်းတို့ထားတယ်
မဟာရာဇာ အံစာတုံး
February 9, 2013 at 11:15 pm
တွေ့ရားးး မိဗုံ ..
နာ့ ဖေပေါက်ဂျီး က ဘီလောက် ဂျစ်ဖို့ ကောင်းလိုက်တုံး ..
နာ့အတွက် စာရင်းတောင် တို့ထားတယ်ဒဲ့ …
ဟီဟိ …
padonmar
February 9, 2013 at 7:50 pm
ကိုပေါက်
အပေါ်ဆုံးပုံက ရုတ်တရက် ကြည့်ရင် အလံနဲ့တူတယ်။
ကိုပေါက်(မန္တလေး)
February 9, 2013 at 10:19 pm
ဟုတ်တယ် မမာရေ
ဂျပန်အလံလေ
Mobile
February 9, 2013 at 7:55 pm
တင့်တယ်ရှု့မငြီးကောင်းချီးပြည့်စုံလွန်းလှတဲ့
ကိုပေါက်ရဲ့လက်ရာလေးတွေကို အားပေးသွားပါ၏။
နံဗါတ် ရ ပုံလေးကို ကြိုတ်ပါ၏။