Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြဝတီ လှိုင်သာယာ နဲ့ ဘန်ကောက်

မောင်ဆန်းFebruary 5, 20131min152031

လှိုင်သာယာမှာ ၃ ရက်နေ့ ညနေက မီးလောင်တာ အိမ် ၁၅ လုံး နဲ့ အဆောင် ရ ဆောင် မီးထဲ ပါသွားတယ် ၊ ၄ ရက် နေ့ ညနေ ၅ နာရီလောက် က လှိုင်သာယာဘက်မှာပဲ မီးခိုးလုံးကြီးတွေ တက်လာတာ တွေ့မိတော့ ဘယ်မှာ မီးလောင်ပြန်ပြီလဲ ဆိုပြီး စိတ်ပူမိသွားတယ်၊ တကယ်လောင်တာက မြဝတီထရိတ်ဒင်း ပိုင် တဲ့ ဆီသင်္ဘောက နေ ဆီချရင်း မီးလောင်နေတာတဲ့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအပေါ်ကနေ ပုံလေးတွေရိုက်ဖြစ်လိုက်တာမို့ မှတ်တမ်း တစ်ခုအနေနဲ့ တင်လိုက်တာပါ ၊ လူ ၄ ယောက်သေ ၄ ယောက် ဒဏ်ရာ ရတယ်လို့လဲ ကြားမိပါတယ်။

p1

p2

မနေ့ကပဲ မြန်မာတိုင်း ဖတ်မိတော့ ကျွန်တော့ တစ်သက် တစ်ခါမှ မတွေ့ဘူးတဲ့ ပုံလေး တွေ့တာမို့ ဓါတ်ပုံပြန်ရိုက်ပြီး တင်ပေးလိုက်ပါတယ် ၊ လှိုင်သာယာမှာ တန်ဘိုးနည်း အိမ်ယာဆောက်ဘို့ ၁၆ ဧကလောက် ရှိတဲ့ မြေကွက်လပ်ကြီး ရှိတယ် ၃၁ ရက် နေ့ ညက စပြီး လူတချို့က တဲ တွေ ဝင်ထိုး ကြတယ် စတုန်းက နဲနဲလေး တဖြည်းဖြည်းများလာတာ လူ ၃၀ဝ လောက် ရှိလာတယ် ၊ စည်ပင်နဲ့ ရဲတွေ ရောက်လာပြီး အိမ်တွေကိုဖျက်တယ် လူတွေက ပြန်ဆောက်တယ် နောက်တစ်ခေါက် စည်ပင်တွေ ရောက်လာတော့ အောက်က ပုံအတိုင်း ဖြစ်တော့တာပဲ…

p3

သတင်းထဲမှာတော့ ဖေဖော်ဝါရီလကစပြီး အိမ်လခတွေ ၅၀၀ဝ လောက် ထပ်တိုးမယ်လို့ ကောလဟလ ထွက်လာတယ် လှိုင်သာယာမှာ လူများစုက အခြေခံအလုပ်သမားတွေ ၊ ဝင်ငွေက နဲလာတယ် ထွက်ငွေက တိုးလာတယ် ဘယ်နေရာမှာတော့ တဲတွေ ထိုးနေကြပြီလဲ ဆိုရော အုံနဲ့ကျင်းနဲ့ ရောက်လာပြီး တဲထိုးကြတော့တာပဲ ၊ ဒါမျိုး ဒဂုံဆိပ်ကမ်း က တန်ဘိုးနဲ အိမ်ယာဆောက်မဲ့ မြေနေယာမှာလဲ ဖြစ်ခဲ့သေးတယ် အစိုးရက နေထိုင်သူ စာရင်းလဲ ကောက်ရော တစ်ရက်ထဲ နဂိုရှိရင်း အိမ်ထက် နှစ်ဆလောက် ဖြစ်သွားဆိုပဲ ၊ ဒါ့ကြောင့်ပဲ ဝန်ကြီးတွေ သတင်းစာသမားတွေနဲ့ တွေ့တဲ့ ပွဲလုပ်တော့ တန်ဘိုးနည်း အိမ်ယာတွေ ဘယ်မှာဆောက်မှာလဲလို့ မေးတော့ “ ဆောက်ဘို့တော့ အစီအစဉ် ရှိတယ် ဘယ်မှာလို့ တော့ အတိအကျ မပြောသေးဘူး ၊ ပြောလိုက်တာနဲ့ လူတွေက တဲတွေ ဝင်ထိုးကြမှာ စိုးလို့ “ ပါ လို့ ဆောက်လုပ်ရေး ဒုဝန်ကြီးက ဖြေသွားတာမှ ရက်ပိုင်း ရှိသေးတယ် ၊ ဒီ ကိစ္စမှာ အိမ်လခတိုးမယ်တို့ ဘယ်မှာတော့ တဲထိုးလို့ ရပြီတို့ ဆိုတာတွေက တစ်ချို့သော လူတွေရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက် လို့ မြင်တယ် ၊ မြေသိမ်းခံရတဲ့ သူတွေ သူတို့ မြေအတွက် ထိုက်တန်တာ ရဘို့ ဆန္ဒပြတာ ပြောစရာ မရှိပေမဲ့ ပိုင်ရှင်ရှိပြီးသား မြေကွက်မှာ အချောင်ဝင်နေဘို့ ကြိုးစားတာကတော့ မကောင်းတဲ့ လုပ်ရပ်ပါ တချို့က တကယ် အခက်အခဲ ရှိလို့ လုပ်တာ ဖြစ်ပေမဲ့ တချို့ကတော့ ကျူးကျော်လိုက် မြေကွက်လေး တိုက်ခန်းလေး ရလိုက် ရောင်းစားလိုက် နောက်တစ်နေရာသွား ကျူးကျော်လိုက်နဲ့ ဖြစ်နေကြတာပါ ၊ ဒီမိုကရေစီ ရပြီ လုပ်ချင်တာ လုပ်လို့ ရပြီ ဆိုတာမျိုး ဖြစ်သွားရင်တော့ အောင်ဆန်းကွင်းထဲ တဲထိုးဘို့ ဝင်လာမဲ့ သူတွေ သိပ်မကြာခင် တွေ့ရတော့မှာပါ ( ဒါဆို အမေကြီး ကားပေါ်ကနေ အနှစ် တစ်သောင်း လို့ အော်မှာ ကြားယောင်မိသေး ) ၊ အခြားတစ်ဖက် အစိုးရဘက်ကလဲ ကိုယ့်ပြည်သူ ပြည်သားတွေ အများစု နေထိုင်စားသောက်ရေး အဆင်မပြေတာ အစိုးရမှာလဲ တာဝန်ရှိတာမို့  ပါးစပ်ကနေ မဟုတ်ပဲ လက်တွေ့ အကျိုးရှိမှာမျိုး အမြန်အကောင်အထည်ဖော်သင့်ပါတယ် ဒီ ကိစ္စမှာ လဲ တားဆီးရမှာ မှန်ပေမဲ့ အကြမ်းဖက်တဲ့ ပုံစံမျိုး ဖြစ်မသွားအောင် ပညာသားပါပါ ကိုင်တွယ်တတ်ဘို့တော့ လိုမှာပါ ၊ မူရင်းသတင်းနဲ့ ဓါတ်ပုံလေးက ဒီမှာပါ (http://www.mmtimes.com/index.php/national-news/3968-rent-rise-rumour-sparks-squatter-face-off-with-govt.html)

မနေ့ က ကျွန်တော်တို့ ရဲ့ ရွာ့ အချစ်တော်ကြီး ကိုချော တစ်ယောက် ကိုခင်ဝမ်းကြီး ကို ဘယ်လောက်လွမ်းတယ်ဆိုတဲ့ အကြောင်းလေး ဖတ်လိုက်ရတယ် အဲဒီထဲက ပန်းချီ ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေး တွေ့တော့ သဘောကျမိတယ်…

ပန်းချီဆိုတာဘာလဲ…

ပန်းချီဆိုတာ မျက်နှာပြင်တစ်ခုကို ဘောင်ခတ်ပြီး လူရဲ့ စက္ခုအာရုံကတစ်ဆင့်

စိတ္တဇကို ချုပ်ကိုင် လှုပ်ရှားဖန်တီးတဲ့ဝိဇ္ဇာ ပညာရပ်ပဲ။

ဆိုတာ ဖတ်ရင်းနဲ့ သဘောလဲ ကျ မျက်စေ့ထဲ ပန်းချီကား တစ်ခုကိုလဲ မြင်ယောင်သွားတယ် ဘန်ကောက်က ပန်းချီပြခန်းတစ်ခုမှာ တွေ့ခဲ့ တဲ့ ပုံလေးပါ မြင်လိုက်တာနဲ့ ရှေ့ဆက် မသွားနိုင်ပဲ တွေးစရာတွေ အများကြီး ရသွားတယ် စိတ္တဇကို ချုပ်ကိုင် ခံလိုက်ရတဲ့ ပန်ချီကားလေးပေါ့..

p4

ဘာရယ် မဟုတ် လူ စိတ်ဝင်စားအောင် ခေါင်းစဉ် တစ်ခု စီ ယူသုံး မိတာတော့ ခွင့်လွှတ်ပါနော..

31 comments

  • weiwei

    February 5, 2013 at 11:23 am

    ခေါင်းစဉ်တစ်ခုစီယူသုံးထားတဲ့ 3 in 1 ပို့စ်မှာ ဘယ်ဟာကို ဘယ်လိုမန့်ရမှန်းမသိလောက်အောင် တွေးစရာတွေ များသွားပါတယ် ..
    သူနဲ့ကျမှ တိုက်တိုင်ဆိုင်ဆိုင် ဆွဲတွဲမီးလောင်နေတုန်း ဝေဟင်ထဲရောက်နေတဲ့ ဦးနို ..
    အခုတလော ရေများရေနိုင် မီးများမီးနိုင်လုပ်နေတဲ့ ပြည်သူလူထုတွေ …
    နောက်ဆုံး ပန်းချီကားကို ကြည့်မိချိန်မှာ မှင်သက်ငေးမောမိသွားတယ် … အသက်မရှိတဲ့ပန်းချီကားထဲမှာ အသက်ရှိနေတာကို မြင်နေရတာ မျက်လှည့်ကြည့်နေရသလိုပါပဲ ..

    • nozomi

      February 5, 2013 at 11:33 am

      အန်တီဝေ ရေ အရင်ဆုံး အား လာပေးတာ ကျေးဇူးပါ
      မတင်တာ ကြာတော့ ဓါတ်ပုံ တင်တာ ဂယောင်ကတမ်းတွေ ဖြစ်လို့

      ည က အင်တာနက်ထဲ ဘယ်နေရာ လောင်တာလဲ ဝင်မွှေကြည့်တော့မှ
      ဆီတွဲလောင်တာ IMO ရဲ့ rules and regulations မလိုက်နာလို့ မီးသတ်သင်္ဘော အလုံအလောက်မရှိလို့ လူနဲ့ နီးတဲ့ နေရာ ဆီချဆိပ်ခံ ထားလို့ ဆိုတာတွေလဲ မန့်ထားတာ တွေ့မိတယ်
      အန်တီဝေ ကြီး အမြင်လေးတွေလဲ မျှဝေပါဦး

    • Foreign Resident

      February 17, 2013 at 12:00 pm

      ” ဆီတွဲလောင်တာ
      ၁ ။ IMO ရဲ့ rules and regulations မလိုက်နာလို့
      ၂ ။ မီးသတ်သင်္ဘော အလုံအလောက်မရှိလို့ ”

      အဘတို့လည်း ပြောမယ်ဆို ၊ အဲဒါမျိုးတွေ သိပ်ပြောတတ်တာပေါ့ကွယ် ။
      နိုင်ငံတကာ Regulation အတိုင်း ၊ တိတိကျကျသာ လုပ်ခိုင်းလိုက်ရရင် ၊
      ဆိပ်ကမ်းတွေရော ၊ သင်္ဘောတွေရော အကုန် ထိုးရပ်ပြီး ၊
      ကုန်ဈေးနှုန်းတွေ ၊ မိုးပေါ် ထိုးတက် ကုန်မှာပေါ့ ။

      ” ရွှေ ” လို့ ခေါ်ခေါ်နေတတ်ကြတဲ့ ၊
      အဘ တို့ရဲ့ ” Super ငမွဲ ” တိုင်းပြည်ကြီးမှာ ၊ ပိုက်ဆံမှ မရှိတာပဲကွယ် ။

      ရှိရှိသမျှ တိုင်းသူပြည်သား အားလုံးဆီက ၊ ဆင်းရဲ ချမ်းသာ မရွေး ၊
      ရသမျှ ဝင်ငွေ ရဲ့ ၃ဝ % လောက်ကို အခွန်ဆောင်ကြပါလားဟင် ။
      ( ဝန်ကြီး ဦးမြင့်လှိုင် ပြောသလို ၊ တစ်နပ်ပဲ စားပြီးပဲ ဖြစ်ဖြစ်ပေါ့ )
      အဲဒါဆိုရင်တော့ ၊ နဲနဲ ပိုနီးစပ်သွားမယ် ထင်တယ် ။

  • kyeemite

    February 5, 2013 at 11:40 am

    တိုက်ပဲတိုင်ဆိုင်လွန်းပ ကိုနိုရေ…မနေ့ညနေရုံးကအပြန်
    အဲဒီပိတောက်ချောင်းဘက်ကမီးခိုးတွေမြင်လို့ အဲဒီတဝိုက်
    နေထိုင်ကြတဲ့အသိမိတ်ဆွေ တွေကိုဖုန်းသတင်းလှမ်းမေးလိုက်ရတာအမောဗျို့..
    ကိုနို့ ဘော်ဒါကြီး..ရဲဘော်ဘလက်တောင်အတော်ပြာယာခတ်သွားသေးတယ်…
    အင်း..အဲ့အချိန်မှာ ကိုနိုက လေထဲပျံဝဲနေသကိုး…ကင်မရာအဆင်သင့်နဲ့လျှပ်တပျက်
    ရိုက်နိုင်လိုက်တာ ဂဇက်CJ ပီသပါသဗျို့… :hee:

  • မောင်ပေ

    February 5, 2013 at 12:05 pm

    အဲဒီ တုတ်နဲ ့ရိုက်နေတဲ့ မိန်းမတွေက မီဒီယာသမားတွေကို လိုက်ရိုက်နေတယ်ဆိုကလားပဲ
    မနေ ့က ၊ ဖေ့ဘုတ် အေးချမ်းမွန် နဲ ့ ၊ မြန်မာနိုင်ငံ စောက်ဖောင်းပတ်ထုရေးအဖွဲ ့က တင်တဲ့ထဲမှာ ဖတ်ခဲ့ရတာ ။
    ဒါနဲ ့ ဘိုနို တစ်ယောက် ဘန်ကောက်မှသည် ပက်ပုန်း ပက်တရားအထိ ခရီးထပ်ဆက်စေလိုကြောင်းပါ

    • nozomi

      February 5, 2013 at 1:29 pm

      ဦးမိုက်ရေ
      မနေ့ကတော့ ခရီးတိုလေး သွားရင်း ရိုက်ဘို့ကြုံသွားတာပါ
      စိတ်လဲ ပူ ဖုံးလဲ ဆက်ဘို့မလွယ် နဲ့ အပေါ်က မြင်ရတာကို သဘောင်္တစ်စင်းလုံး မီးကရဲလို့
      ကိုချောကြီးကတော့ သူကိုယ်တိုင်အတွက် မပူရလောက်ပါဘူး သူ့ရဲ့ ……

      ဆရာပေ
      ပုံထဲ တွေ့တာတော့ စည်ပင်ကလူကို ရိုက်လို့ ပြေးတာ တန်းနေတာပဲ
      နောက်မှ ဝတ္တရားနှောက်ယှက်မှုနဲ့ ဆွဲခံရမှာတောင် ပူရသေး
      အရင်က ဒီ ပုံ မျိုး ကြားရ မြင်ရဘို့ မလွယ်တာပဲ

  • Char Too Lan

    February 5, 2013 at 12:42 pm

    အိုက်လူတွေပြောပြန်ရင်လဲ မြေနိမ့်ရာ လှံစိုက်တယ်ဖစ်အုံးမယ်
    တနှစ်က သံလျှင်ဘက်မှာ ပစ်ထားတဲ့မြေကွက်လေးတခု ဈေးတွေတက်လာတယ် ဘာညာကြားလို့ သွားပြန်ကြည့်တာ အိုက်လူတွေဗျာ… ဝင်ရောက်ဆောက်လုပ်ပီးနေရုံမကဘူး အဆင့်ဆင့်တွေ ရောင်းထားဌားထားသေးတယ် …. အဲ့ဒီတုံးက အိုက်လိုလူတွေနဲ့ ရပ်ကွက်လူကြီးတွေနဲ့ ပိုင်ရှင်တွေနဲ့ ဖစ်လိုက်ကြတဲ့ အမှုဆိုတာ ရှေ့နေတွေစားကြောပဲ ….
    တော်ရုံ မပိုင်တဲ့အိညောင်အိညောင်ပိုင်ရှင်တွေများ ကိုယ့်မြေကွက်လေးလုံးလုံးဆုံးရော….

  • ကိုရင်စည်သူ

    February 5, 2013 at 12:47 pm

    အလုပ်တွေများပြီး စာတစ်ခါတရံမှ ရေးတဲ့ ကိုကြီးနို ပို့စ်ကို မျှော်နေတာ..
    ခုတော့ ဆီတင်တဲ့ သင်္ဘောမီးလောင်တာနဲ့ လေပျံပေါ်ရောက်နေတာနဲ့
    တည့်တည့်တိုးသွားမှ တင်တော့တယ်။ ပို့စ်တော်တော်များများဖတ်မိတာ
    ကိုနိုက ဝေဟင်ထဲရောက်နေတာများတယ်နော်… အဟီးးး :mrgreen:
    လေယာဉ်မယ်လေးတစ်ယောက်လောက်လဲ အူးစည်အတွက် ပစ်ချပေးခဲ့ပါဦး.. 😳
    မြန်မာမြစ်ကြောင်းတွေ၊ ပင်လယ်နားတွေမှာ သွားနေတဲ့ သင်္ဘောတွေဟာ
    ISM code တွေနဲ့ အညီ အလုပ်မလုပ်ကြဘူးထင်ရဲ့… ဗြဲလရမ်းတွေချည်းပဲ
    ကြည့်လိုက်ရင်..။ ကုန်ထုတ်လုပ်မှု မြင့်မယ်.. ရေကြောင်းဆက်သွယ်မှုတွေ
    ထပ်တိုးရင်.. safety plan တွေ ဗြဲလရမ်းနေတုန်းဆိုရင် ဒါဟာ တာထွက် နိမိတ်တစ်ခုပေါ့..
    စကားမစပ်.. ပတ္တရားကိုကော မရပ်မနားထပ်သွားဦးမှာလား :kwi:

  • nozomi

    February 5, 2013 at 1:33 pm

    ဟုတ်ပ ချာတူးရေ လုပ်စားလို့ ရနေတော့ အလေ့အထကို ဖြစ်လာပြီ

    ကိုရင်စည်သူရေ အခုနောက်ပိုင်း ခရီးတိုတွေ သွားရများလို့ပါ
    ကိုရင်တာ ဟ လိုက်ရင် ပါ မဲ့ လေယာဉ်မယ်တွေ အများကြီး ပါ
    ပတ္တရားတော့ မရောက်ဘူး သေး ဘူး ဗျ ၊သွားချင်ပေမဲ့ အဖော်မပါတော့
    တစ်ယောက်ထဲ ကြောက်လို့ပါ

  • ခင်ခ

    February 5, 2013 at 1:33 pm

    ဆီသင်္ဘော ၃ စီး ရပ်ထားရာက မီးလောင်တာလို့ မနေ့က ဖေ့ဘုတ်မှာဖတ်ရတယ်ဗျ။
    အလယ်အစီးက ပိုလောင်ပြီး မြုပ်သွားတယ်ဆိုဘဲ။

  • ဆူး

    February 5, 2013 at 2:01 pm

    အဖိုးတန်တဲ့ လျှပ်တပြတ်ရိုက်ချက်ပါပဲ..
    မီးလောင်နေတာကို အပေါ်စီးက ရိုက်ယူနိုင်ဖို့ မလွယ်ပါဘူး။

    စည်ပင်ဝန်ထမ်း ကို ဒုတ်နဲ့ လိုက်ရိုက်တာ ဖနောင့်နဲ့ တင်ပါး တသားတည်းကျအောင် ပြေးတဲ့ အကွက်ကို ရိုက်နိုင်တာလည်း တော်တော် ကို တော်တဲ့ ဓါတ်ပုံဆရာပါပဲ..
    ဓါတ်ပုံက စကားတွေ အများကြီး ပြောပြနေတယ်လို့ ခံစားရပါတယ်။

    တန်ဖိုးနည်း အိမ်ယား အနား မြေတွေ ဈေးတွေ တက်တယ်လို့ သတင်းတွေမှာလည်း ဖတ်ရတယ်။

    • nozomi

      February 5, 2013 at 2:34 pm

      ကိုခင်ခ ရေ မီးလောင်ပြီး မြုပ်သွားတယ် တဲ့
      ဖိတ်တဲ့ ဆီ လောင်လို့ သဘောင်္မြုပ်သွားလို့ ပတ်ဝန်းကျင် ထိခိုက်မှုကရော နဲမှာ မဟုတ်ဘူး

      ဒေါ်ဆူး ရေ တိုက်ဆိုင်လွန်းတာလို့ပဲ ပြောရမလို ဖြစ်နေပြီ
      လောင်နေတုန်း အပေါ် ရောက်သွားတာပဲ

      စကားအတင်း စပ်ရရင် မနေ့က ဖတ်မိတဲ့ ထဲ ICT ဂျာနယ်ပါ ပါတယ်
      အဲဒီ ထဲ ရွာသူ ဒေါ်မနော ရွာထဲ တင်ထားတဲ့ မလေးနဲ့မြန်မာ ဆက်သွယ်ရေး ကွာခြားချက် လေးလဲ ဖတ်ခဲ့ရပါတယ် ၊ ကိုယ်တိုင်အတွက်ရော ရွာအတွက်ပါ ဂုဏ်ယူစရာပေါ့

      • ဆူး

        February 5, 2013 at 3:57 pm

        မနောဖြူလေး အတွက်လည်း ဂုဏ်ယူစရာပေါ့.. သတင်းကြားရတာ ဝမ်းသာပါတယ်။

  • kai

    February 5, 2013 at 2:41 pm

    တချို့အဖြစ်တွေဟာ..
    .. ဒီမိုကရေစီအပျိုမ.. ထပ်ခါမုဒိမ်းကျင့်ခံနေရတာလို့.. မြင်မိတယ်..

    တရားခံအစစ်(အစစ်)ကိုမြင်နိုင်..ပြင်နိုင်ကြပါစေသတည်း… :buu:

  • pooch

    February 5, 2013 at 3:44 pm

    အိမ်ရာသပွတ်အူကိုမြင်ရကြားရတာ ကိုယ်ဉာဏ်မမှီတဲ့ပုစ္ဆာတပုဒ်ကို အဖြေထုတ်ခိုင်းနေသလိုပဲ
    လောကနိယာမအရတော့ပြသာနာ ရှိမှတော့ အဖြေရှိကိုရှိရမှာ

    ပုံတခုက star war ကားထဲက မျက်နှာဖုံးနဲ့တူတယ်
    ကျမတို့လူသားတွေမျက်နှာဖုံးအမျိုမျိုးစွပ်ပြီး
    ကြောက်စရာကောင်းတဲ့ အတွင်းအျဇ္တကို ပိုင်ဆိုင်ထားကြတယ်လို့ပြောတာ

    နောက်တပုံကတော့ အရာ အားလုံး ဒုက္ခအားလုံးက လွတ်မြောက်သွားတာ

    စကားစပ်လို့ပြောရမယ်ဆို ပတ္တရားသွားချင်တယ်ဆိုဆောင်ရန်ရှောင်ရန်လေးတော့
    ပြောပြချင်တယ်

    • nozomi

      February 5, 2013 at 4:00 pm

      သူကြီး ရေ
      ဒီနေ့ထွက်တဲ့ ကုမုဒြာ ထဲ လှိုင်သာယာနဲ့ ပတ်သက်တဲ့ သတင်းတို နှစ်ခုပါတယ်
      တစ်ခုမှာ- တချို့ ကျူးတွေက အမှန်တကယ် နေစရာမရှိလို့ လာပြီး ကျူးကျော်ဝင်ရောက် ဆောက်လုပ်တဲ့ သူတွေရှိတယ်၊ တချို့ကျူးတွေက ဆောက်လုပ်ထားတာ ခြောက်ခုလောက်ရှိပြီသား ပြန်ငှားဖို့အတွက် ဝင်ရောက်ဆောက်လုပ်ကြတာဖြစ်တယ် တဲ့ နောက်တစ်ခုမှာက – ပိုင်ရှင်ရှိပြီးသားထဲကို ဝင်ရောက်ကျူးကျော်တာက စည်းမဲ့ကမ်းမဲ့ လုပ်ရပ်ဖြစ်တယ် ပြီးတော့ ဒီကိစ္စက နောက်ကွယ်ကနေ ကြိုးကိုင်တဲ့သူ ရှိတယ် အဲဒါကို အာဏာပိုင် အဖွဲ့အစည်းအနေနဲ့ စုံစမ်းအရေးယူဘို့ လိုတယ် / နောက်ကွယ်ကနေ ငွေကြေးစိုက်ထုတ် ကာ ဝါးတွေ ဓနိတွေ ကို ဝယ်ပြီး ကွင်းထဲ အထိအရောက်ပို့ပေးတာတွေ ရှိနေပါတယ်၊ ကျူးတွေအနေနဲ့ သည်ဝါးတွေကို ဝယ်ယူနိုင်ဘို့ ပိုက်ဆံ မရှိတာ သေချာတယ် တဲ့ ကော်နီ သီချင်းလို တရားခံ ဘယ်သူလဲ ဟေ့ ပြော လို အော်ရမလိုဖြစ်နေပြီ ကျုပ်တို့ ရဲ့ ရှားရှားပါးပါး အပျိုမလေး ကိုတော့ ချမ်းသာပေးကြပါ ဗျာ

      ဒေါ်ပု ရေ အမြင်ကလဲ စူးရှပါပေ့
      ဆောင်ရန် ရှောင်ရန်လေးတွေ လုပ်ပါဦး
      ဟို နေ့က က တွေ့လိုက်မိပါတယ် Big Eye Show ဆိုတာလေးလဲ လုပ်ပါဦး

  • မိုချို

    February 5, 2013 at 4:17 pm

    ကျမတို့ ဂဇတ် ပရိသတ် တွေ အဖို့ ရှား ပါး မှတ်တမ်း ဓါတ်ပုံ ကြည့် ခွင့် ရတာ ပါပဲ။ မီးလောင် နေတဲ့ အချိန် အပေါ် က ဖြတ်သွား အုံး မှ၊ ပြီးရင် ဓါတ်ပုံ ရိုက်မိအုံး မှ၊ အဲလို တိုက်ဆိုင် ဖို့ လွယ်တာ မှတ်လို့နော ။
    ဒုတိယ သတင်း အတွက်တော့ တော်တော် စိတ် မကောင်း ဖြစ် မိတယ်။ လူတွေ ဟာ ဆင်းရဲ လွန်းတာ အကြောင်း ပြလို့ အချောင် ရ ချင်စိတ်တွေ များ လာ ရုံ တင် မက ဘူး၊ မြှောက် ပေးတိုင်း လိုက် လုပ် ၊ ကိုယ်ပိုင် အသိ နဲ့ ဆင်ခြင်နိုင်စွမ်း ပါ ခေါင်း ပါး လာကြတယ်။ စိတ် ဓါတ်တွေ ပါ ကြမ်း ကျုတ် နေကြပြီ။ စည်ပင်တွေ ကို လည်း အမြင် ကပ် ပေမယ့် ဒီပုံ က တော့ တော်တော် အကြည့် ရ ဆိုးနေတယ်။ သူတို့ အများစု ဟာ မြစ်ဝကျွန်းပေါ် ဒေသ နာဂစ်နောက်ပိုင်း လုပ်စား ကိုင်စား ခက်ခဲလို့ ရန်ကုန် တတ်လာကြတဲ့ သူတွေလို့ ဖတ်ရတယ်။ သူတို့ တွေ ပဲ အပြစ်တင်ရ မလား ၊ ဘယ်သူ့ ကို အပြစ်တင်ရ မလဲ ၊ လက် ညှိုး ထိုး ရရင်လည်း ဝိုင်း ကြီး ပတ်ပတ်ဖြစ်တော့ မယ်။
    နောက်ပြောချင်တာ တစ်ခု က လက်ပတောင်း တောင် က စလို့ ဘာပွဲ ဟေ့ ဆိုတာနဲ့ အမျိုး သမီးတွေ ကို ရှေ့ တန်း ထုတ် လာ ကြသလား လို့ ၊ ဒါလည်း နောက်ကွယ် က လူတွေ ရဲ့ အကြံ ပဲ ဖြစ်လိမ့် မယ်။

    ပန်းချီ နဲ့ ပတ်သက်ရင်တော့ ရှုခင်း ပုံ တွေ က လွဲ လို့ မခံစားတတ်ဘူး လို့ ပဲ ပြောပါရစေ။

  • Mobile

    February 5, 2013 at 7:24 pm

    လေ့လာသွားပါတယ်ခင်ဗျ။

  • Mr. MarGa

    February 5, 2013 at 9:51 pm

    ပထမ သတင်း
    ပေါ့လျော့မှုလို့ ယူဆပါတယ်
    ဝေဟင်ကနေ ရိုက်နိုင်တာကိုတော့ တကယ် ချီးကျူးပါတယ်ဗျာ
    ဒုတိယ သတင်း
    သူကြီး ပြောသလို မုဒိမ်း ကျင့်နေကြသပေါ့ဗျာ
    နောက်ဆုံးကပုံ
    အတွေးစတစ်ခုကို ရသွားပါတယ်ဗျာ

  • padonmar

    February 5, 2013 at 11:44 pm

    ဝေဟင်ထဲက စီဂျေနိုပေါ့။
    ှ………..
    ဘာမှ နားမလည်တဲ့ ဆင်းရဲသူတွေကို မက်လုံးလေးပေးပြီး ရင်ထဲမရှိတဲ့ ဆန္ဒတွေ ဖော်ထုတ်ခိုင်းကြတဲ့ ဇာတ်လမ်းတွေလည်း အများကြီးပါ။ဘယ်နေရာကနေ သူတို့တွက် အကျိုးရှိလို့ ဒီလို လုပ်နေကြလဲတော့ မသိပါဘူး။
    အလုပ်သမားတွေ ဆန္ဒပြကြတုံးကလည်း ရသင့်တဲ့အခွင့်အရေးတွေ ညှိနှိုင်းပြီးတာတောင်မှ လမ်းပေါ်ထွက်ရမှလို့ ပြောလာကြတာကြောင့် ပိတ်ပစ်တဲ့ စက်ရုံတွေလည်းရှိတယ်လို့ ကြားမိပါတယ်။
    ဒီလို မတည်မငြိမ်ဖြစ်နေရင် ရေရှည် ရင်းနှီးမြှုပ်နှံမယ့် ဂုဏ်သိက္ခာရှိ နိုင်ငံခြား ကုမ္ပဏီတွေ မလာရဲပါဘူး။
    သယံဇာတ ထုတ်ရောင်းချင်တဲ့ကုမ္ပဏီတွေ၊သူတို့ပစ္စည်းရောင်းချင်တဲ့ ကုမ္ပဏီတွေ၊မြေဈေးလာကစားမယ့် ကုမ္ပဏီတွေပဲ လာမှာပေါ့။
    ………….
    ပန်းချီတော့ သိဘူးရှင်။

  • nozomi

    February 6, 2013 at 3:19 am

    ဒေါ်မိုးချို ကျေးဇူးပါ ခင်ဗျ
    ဒီမြေ ဒီလေ ဒီလူ ဒီအတွေးအခေါ်တွေနဲ့ နောက်ကွယ်က ဟားတိုက်ရီနေကြမဲ့ သူတွေက အများကြီးရယ်

    ကိုမိုဘိုင်း ကိုမာဃ အားပေးတာ ကျေးဇူးပါ
    ကျွန်တော်တို့လဲ အတွေးပေးနိုင်တဲ့ အနုပညာလေးတွေ ဖန်တီးနို်င်ဘို့ကြိုးစားရမယ်

    အန်တီလေးက ဝရမ်းပြေး မိသွားတော့ ရှက်ရှက်နဲ့ လူလုံးပြရတာပေါ့
    ဒီမိုကရေစီ အကူအပြောင်း ဒါမျိုးတွေဖြစ်တတ်ကြတယ် ဆိုပေမဲ့
    ကျွန်တော်တို့ဆီမှာ မြှောက်ပေးလို့ ပို လွယ်တယ် ထင်ပါရဲ့

  • MaMa

    February 6, 2013 at 6:53 am

    ဆန္ဒထုတ်ဖော်တာတွေ ခေတ်စားလာတာ သိပ်မကြာသေးဘူး။
    ခေတ်အဆက်ဆက် မတရားခံခဲ့ရလို့ မှန်တာကို ထုတ်ဖော်ကြသူတွေရှိသလို….
    ကိုယ့်အလှည့်ရောက်ပြီဆိုပြီး တရားမှန်းမသိ မတရားမှန်းမသိ လုပ်နေကြတာတွေလည်း ရှိသေးတယ်။
    အမှန်တကယ်ဆို ကိုယ့်ကို မတရားလုပ်ရင်မကြိုက်သလို ကိုယ်ချင်းစာတရားထားပြီး သူများကိုလည်း မတရားမလုပ်ဘူး ဆိုတဲ့ စိတ်ကလေး မွေးဖို့ ကြိုးစားသင့်ပါတယ်။
    စီဂျေနိုရဲ့ မှတ်တမ်းဝင်ဓာတ်ပုံလေးကတော့ အဖိုးမဖြတ်နိုင်ဘူး။ :hee:

  • blackchaw

    February 6, 2013 at 12:51 pm

    မြဝတီ၊ လှိုင်သာယာ နဲ့ ဘန်ကောက် ကို အလည်တစ်ခေါက် ရောက်ခဲ့ပါတယ်။
    ဓါတ်ပုံလေးတွေလည်း ကြည့်ရင်းပေါ့…။
    မိုးပေါ်က ရိုက်ထားတဲ့ ဓါတ်ပုံလေး၂ပုံကတော့ ထူးဆန်းပါပေ့…။
    အဲဒီ မီးလောင်တဲ့နေရာက ကျွန်တော်တို့ အိမ်နဲ့ တော်တော် နီးနေလေတော့…
    တက်လာတဲ့ မီးခိုးလုံးကြီးကိုကြည့်ပြီး ပြေးလိုက်လွှားလိုက်ရတာ…။
    စည်ပင်ဝန်ထမ်းကို ဝါးလုံးနဲ့ လိုက်ရိုက်တဲ့ မိန်းမတွေရဲ့ ရင်ထဲကအပူမီးတွေကို…
    ကိုယ်ချင်းစာအတွေးနဲ့ မြင်လိုက်ရပါတယ်…။
    ဘန်ကောက် မှာတော့ ခင်ဝမ်း ရဲ့ စာကို ကိုးကားပေးထားတဲ့အတွက်…
    ကျေးဇူးအထူးပါဗျာ…။
    မည်သို့ပင်ဆိုစေကာမူ…
    မြဝတီ၊ လှိုင်သာယာနဲ့ ဘန်ကောက် ဆိုတဲ့ တွေးစရာပို့စ်လေးအတွက်
    ကျေးဇူးအထူးပါဗျာ…။
    ချစ်တယ်ဆိုရင် ဒီကပိုသပေါ့… :mrgreen:
    ဘလက်ချော…။

  • nozomi

    February 6, 2013 at 2:33 pm

    ကိုယ့်ကို မတရားလုပ်ရင်မကြိုက်သလို ကိုယ်ချင်းစာတရားထားပြီး သူများကိုလည်း မတရားမလုပ်ဘူး ဆိုတဲ့ စိတ်ကလေး မွေးနိုင်ရင် အားလုံး ကောင်းသွားမှာပါ မမ ခင်ဗျာ

    ကိုချောရေ
    ငယ်ငယ်က အိမ်နား မီးလောင်တာ ကြုံဘူးတော့ ခံစားရတဲ့ ပူပင်သောက ကို ကို်ယ်ချင်းစာတယ်
    အခုမှသာ ခံစားတတ်တာ အဲဒီတုန်းက ဝေတဲ့ မီးဘေးထမင်းထုပ် တန်းစီယူ စားရတာကို သဘောကျနေတဲ့ အရွယ် ရယ်

  • MaMa

    February 6, 2013 at 3:29 pm

    ပထမနဲ့ ဒုတိယ ပုံ၂ပုံကတော့ အတော့်ကို ရတောင့်ရခဲတဲ့ ပုံတွေပါပဲ။
    တတိယပုံကိုကြည့်ပြီး ဘယ်လိုပြောရမှန်းမသိဘူး။
    စတုတ္ထပုံ ပန်းချီကိုတော့ လိုက်မမီဘူး။

    ပိုစ့်ခေါင်းစဉ်ကို စီဂျေနိုရဲ့ စကားပြောသော ဓာတ်ပုံများလို့ ပေးချင်မိတယ်။ :hee:

  • DEPARKO DEPARKO

    February 6, 2013 at 8:18 pm

    အိုမလွယ်ဘူး ရူးနိုင်တယ်

  • surmi

    February 7, 2013 at 12:14 am

    တိုက်ဆိုင်လိုက်တာဗျာ .. ကျနော်က မြေပြင်မှာ ….
    အဲဒိ နားမှာ … ကျနော်ရှိနေတဲ့အချိန် မီးသတ်တောင်မရောက်သေးဘူး ။
    လမ်းတွေပိတ်ကုန်မှာဆိုတော့ ကျနော်လည်း အမြန်ပြေးခဲ့ရတာ

    • kai

      February 7, 2013 at 4:00 am

      အဲဒီအချိန်က.. လေယဉ်ပေါ်ကနေ..သားရေပင်နဲ့လှမ်းပစ်ရင်.. ဦးဆာမိထိမှာပေါ့နော…။
      လေးခွနဲ့ပြန်ထု..

  • nozomi

    February 7, 2013 at 5:45 pm

    မရူးပါနဲ့ ကိုဒီပါကို ရယ်
    ကိုဒီပါကို တို့ လောကထဲက ဟာသလေးဖြစ်တဲ့ ဒီနေ့ CO အလှည့်ဆိုတာမျိုးဖြစ်မှာပေါ့

    ကိုဆာမိ ရေ
    တစ်ခုခု ဆို လမ်းတွေ ပိတ်ကုန်တာလဲ ကျွန်တော်တို့ တွေရဲ့ မကောင်းတဲ့ အကျင့်ပဲဗျ
    မီးလောင်တာ ဝိုင်းငြိမ်းမယ် မီးသတ်ကားအတွက် လမ်းရှင်းမယ် တတ်နိုင်သလောက် ကူညီမယ် ဆိုတာမျိုး မလုပ်နိုင်ရင်တောင် အလုပ်လုပ်မဲ့သူတွေကို အနှောက်အယှက်ဖြစ်လောက်အောင်တော့ မလုပ်သင့်ဘူး ( နှစ်တစ်သောင်း နှစ်တစ်သောင်း..)

  • ကိုသင်း

    February 16, 2013 at 3:13 pm

    ဘာပဲ ပြောပြော စည်ပင်ဝန်ထမ်း အရိုက်ခံရလို့ ပြေးတာ
    သဘောအကျဆုံးပဲ ဒင်းတို့လူပါးဝနေတာ ကြာလှပေါ့။

    • nozomi

      February 17, 2013 at 2:10 am

      သူတို့လဲ ဝန်ထမ်းတွေ ဆိုတော့ အထက်က တာဝန်ပေးရင် လုပ်ရမှာပေါ့
      လုပ်သင့်တာထက် ပိုလုပ်ရင်တော့ ဘောင် အတွင်းက တစ်နည်းနည်းနဲ့ တုန့်ပြန်ပေ့ါ

      အခု နောက်ပိုင်းတော့ သူတို့ လူပါးဝရင် သူတို့ကို မကျေနပ်တာရှိရင်
      သက်ဆိုင်ရာကို တိုင်ကြားတာ မီဒီယာကို အသိပေးတာမျိုးလုပ်လို့ ရလာပါပြီ

Leave a Reply