အတွေးတို့ မဆုံးခင်
ဟင်း . . . . ! ! !
သက်ပြင်းတစ်ချက်ချပြီး အနားက ဖုန်းလေးက နာရီကို လှမ်းကြည့်လိုက်မိတယ်။
မနက် ၂နာရီခွဲနေပြီ။
ဘယ်လိုတုန်းကွယ်။
ဒိုင်ရာစီပင် တစ်လုံးလုံး မတိုးနိုင်အောင်ကို ဒီ စိတ်တွေ အနားမရနိုင်တော့ဘူးလား။
ဘာတွေဖြစ်နေမှန်းတော့မသိ။ အတွေးတွေက ပလုံစီနေတယ်။
ကိုယ့်ကိုယ်ကို ဘာဖြစ်နေတာလည်း အရင် ဆန်းစစ်မယ်ဆိုပြီး မေးခွန်းတွေထွက်လာတယ်။
ဖြတ်သန်းရမဲ့ ဘဝအချိုးတကွေ့အတွက် ကြောက်နေသလား။
ဟင့်အင်း! စိန်ခေါ်မှုတွေကို ကြိုက်တတ်တဲ့သူပဲ။ ဘာကိုမှ သိပ်မကြောက်တတ်တာမို့ ကြောက်နေတာမဟုတ်ဘူး။
ဒါဖြင့် စိတ်လှုပ်ရှားနေသလား။
ဒါလည်းမဟုတ်ဘူး။ အသစ်အဆန်းကို စိတ်လှုပ်ရှားရမဲ့ အရွယ်လည်း မဟုတ်ဘူးလေ။
ဒါဆို ရင်မဆိုင်ချင်တာလား။
မဟုတ်ပါဘူး။ ကိုယ်လျှောက်သင့်တယ် ထင်လို့ ဆုံးဖြတ်ခဲ့တာပဲ။ အဲဒီလို တွေဝေကျင့်မရှိဘူး။
အဲဒါဆို ဘာလို့ အိပ်မပျော်တာလည်း။ ကိုယ့်ကိုယ်ကို ပဲ ဒေါသဖြစ်လာတယ်။
ဒီလိုနဲ့ အကျင့်အတိုင်း အတွေးတွေကို နေရာချကြည့်မယ်လို့ စဉ်းစားတော့ ဖြစ်စဉ်တွေက အာရုံမှာ အစီအရီ။
ကိုကိုလေးနဲ့ ဘယ်တုန်းက စသိခဲ့လည်းဆိုတာ အတိအကျမမှတ်မိပေမဲ့ ကိုယ်သိတတ်တဲ့ အရွယ်မှာ ကိုယ်တို့ မောင်နှမတွေရဲ့ သူရဲကောင်းပဲ။
ပညာရေးမှာထက် လက်တွေ့ သူ ဝါသနာပါရာ စက်မှုပညာမှာ ကျွမ်းကျွမ်းကျင်ကျင် နဲ့ စာရိတ္တအရာမှာလည်း ကိုယ့်အမျိုးတွေရဲ့ စံပြပေါ့။ အမျိုးစပ်မယ်ဆိုရင်တော့ ကိုကိုလေးမေမေနဲ့ ဖိုးဖိုးတို့က မောင်နှမ ၂ ဝမ်းကွဲ ဆိုတော့ ကိုကိုလေးက ဝါအရ ဦးလေးတော်တာပေါ့။ အသက် အဲလောက်မကွာလို့သာ သူတို့ မိသားစုခေါ်တဲ့အတိုင်း ကိုကိုလေးလို့ခေါ်ခဲ့ရတာ။
ဒီလိုနဲ့ တွေ့တလှည့်၊ မတွေ့တလှည့် အချိန်တွေကျော်ဖြတ်ပြီး ကိုယ် ၉ တန်းနှစ်လောက်မှာ ကိုကိုလေး က ကျွန်းနိုင်ငံတစ်ခုကို ထွက်သွားတယ်တဲ့။ သီတင်းသဲ့သဲ့လောက်ပဲကြားပြီး ကိုယ် အခြေအနေနဲ့ကိုယ် အချိန်တွေ လည်ပတ်ခဲ့ရင်း အမေ့တပျောက်။ ချစ်သူတစ်ခါ၊ မုန်းသူတစ်လှည့်တွေကြားမှာ ကိုကိုလေးဆိုတာ ကိုယ့်အာရုံမှာ မှိန်မှိန်လေး။
နောက် မကြာသေးခင်ဆိုတဲ့ အချိန်မှာတင် အိမ်ထောင်ကျပြီး အဲ့ဒီ နိုင်ငံသားအဖြစ်ခံယူလိုက်တယ်ဆိုတဲ့ အကြောင်းကြားတယ်။
သိပ် လက်တွေ့ကျတဲ့ လူတစ်ယောက်မှန်းသိတာမို့ အဲဒီ အဖြစ်ကို မအံ့ဩပေမဲ့ ဒီမှာမိသားစု ရှိသေးရဲ့သားနဲ့ ဒီလို ဆုံးဖြတ်ချက်ရဲတင်းတာကိုတော့ စိတ်ထဲမှာ ခိုးလိုးခုလုနဲ့။ ဒါပေမဲ့ ဒါတွေဟာကိုယ်နဲ့မှ မဆိုင်တာပဲလေ ဆိုပြီး ခေါင်းထဲသိပ်မထည့်ဖြစ်ခဲ့ဘူး။
နောက် ကိုယ်ကျောင်းပြီးလို့ လပ်လျား လပ်လျား လုပ်နေချိန်မှာပဲ သူ့သားလေးနဲ့ ခဏ အလည်လာတဲ့ သူ့ကို ပြန်တွေ့တယ်။ နီထွေးထွေး သားကလေးက ကိုကိုလေးနဲ့တူလို့ ချောတယ်ထင်တယ်။ မြင်မြင်ချင်း အရမ်းချစ်သွားတယ်။
ကိုကိုလေးကို ကြည့်မိတော့ ကိုယ်အရွယ်ရောက်တာကို အသိအမှတ်မပြုသလို မျက်ဝန်းမျိုးတွေနဲ့။ မိန်းမ ဘာလို့မပါလဲပဲဆိုတာ တစ်ချက်တော့ တွေးမိသား။ မေးလည်း အရာထားဖြေမှာမှ မဟုတ်ပဲ။
အေးလေ။ ဘယ်တုန်းကမှလည်း ကိုယ်လို ငချွတ်ကို ဂရုစိုက်ခဲ့တာမှမဟုတ်ပဲ။ သူ့အတွက်ဆို ကိုယ်က ဘယ်အချိန်နေနေ ကလေးသာသာပဲဟာကို။
မောင်ငယ်လေးကိုပဲ မောင်နှမတွေ ဝိုင်းနှိုက်နေမိကြတယ်။
နောက် သူတို့ပြန်သွားတော့လည်း လွမ်းကျန်ခဲ့ရတာပေါ့။
ဒီလိုနဲ့ ပညာရေးဆုံးခန်းတိုင်ပြီလို့ ယူဆတဲ့အချိန်မှာပဲ မေမေက စကားစလာတယ်။ ကိုကိုလေးရှိတဲ့ ကျွန်းနိုင်ငံမသွားချင်ဘူးလားတဲ့။
သွားချင်တာပေါ့။ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်သွားတာကို ကြည့်နေခဲ့ရသူပဲ။ အိမ် အနေနဲ့ မလွှတ်ချင်ဘူးထင်လို့သာ ဘာမှ မပြောခဲ့တာပါ။
ဒါပေမဲ့ မေမေ နောက်ဆက်ပြောတဲ့ စကားက ကိုယ့်အတွက်တော့ တကယ် အံ့ဩသွားရတဲ့ အကြောင်းအရာမျိုးပဲ။
ကိုကိုလေးနဲ့ လက်ထပ်ဖို့တဲ့။။
ဟင်! ဘာတွေဖြစ်ကုန်တာလည်းဟင်။ အတွေးတွေက ခဏအတွင်းမှာ ချာချာလည်ကုန်တယ်။
ကိုယ်ချစ်တဲ့သူတစ်ယောက်ကို မေမေက အစကတည်းက သဘောမတူတာ ဒါကြောင့်လား။
ကိုကိုလေးကရော ဒီကိစ္စ သဘောတူသလား။ သူ့ဘက်ကရော အကုန်ကင်းရှင်းလို့လား။
မေမေတို့ကရော ကိုယ့်ကို သူ့လက်ကို အပ်ဖို့ လုံးဝ စိတ်ချလိုက်ပြီလား။
“လား”ပေါင်းများစွာနဲ့မေးမိတော့ စာရိတ္တပိုင်းဆိုင်ရာ ပစ်ချက်မရှိ၊ သတို့သားဘက်က လိုလား၊ အကြောင်းသိ စတဲ့အချက်တွေ နဲ့ မေမေက စိတ်ချချင်တယ်တဲ့။
ကိုယ် တအား ငိုပြီး ကိုယ့်ဘက်ကို ရော ဘာလို့မစဉ်းစားတာလည်းလို့မေးမိတော့ သမီးပဲ အရင်ကတည်းက အိမ်ထောင်ရေးကို ဖြစ်သင့်တာကို မူတည်ပြီးပဲ စဉ်းစားမယ်ဆို တဲ့။
ဟင်။ ဟုတ်သလား။
ပြောရင်ပြောခဲ့ဘူးမှာပေါ့။
အချစ်ကို မတွေ့ခင်ကဖြစ်ပါလိမ့်မယ်။
အတွေးတွေ ရှုပ်သွားသလောက် မေမေ့ကို စကားမပြန်နိုင်ခဲ့ဘူး။
တိုတိုပြောရရင် ဒီလိုနဲ့ ကိုယ်တို့မောင်နှမ နှစ်ယောက် ဒီ ကျွန်းနိုင်ငံကို ရောက်တယ်။ ကိုကိုလေး အုပ်ထိန်းမှုအောက်မှာ နေခဲ့ရတယ်။
အနီးကပ်နေရတော့မှ ကိုကိုလေးဟာ ကိုယ်တွေကိုချစ်ပါရဲ့။ ဂရုစိုက်ပါရဲ့။ ဒါပေမဲ့ လက်တွေ့မှာ နူးညံ့တဲ့ချစ်ခြင်းကို မပြတတ်တဲ့လူမျိုးဆိုတာ သိလာရတယ်။ ဆူစရာရှိရင် မစဉ်းစား ဖြတ်ကနဲ့ ဆူလိုက်သလောက် ပြန်ချော့ရမှာကို အင်မတန် ဝန်လေးတယ်ဆိုတာလည်း သိလာရတယ်။
ယောင်္ကျားလေးတန်မဲ့ ဟင်းချက်ကောင်းတဲ့ လက်ရာတွေကိုလည်း အဆူအဆဲခံပြီး စားရင်း ကိုယ့်မှာ အထင်တကြီး။ သူဖြစ်ချင်တဲ့ ကိစ္စတစ်ခုကို အကောင်အထည်ဖော်ရာမှာလည်း ဘာအကြောင်းကြောင့်မှ မယိမ်းယိုင်တာကိုလည်း ကိုယ့်မှာ သဘောတကျ။
ဒါပေမဲ့ ဒါဟာ အချစ်မဟုတ်သေးဘူးလို့ ကိုယ်ထင်တယ်။ ခုထိ ထင်နေတုန်းပဲ။
သူ့နောက်လိုက်ရတာ အရမ်းပင်ပန်းတယ်ကွယ်။ အပြင်လောကမှာ ဖြစ်သင့်တာတွေချည်းလုပ်ရတဲ့အခါ Virtual World မှာ နေပျော်တတ်တဲ့သူဖြစ်လာတယ်။
သူကတော့ သူ့ထက်အသက်ငယ်သလောက် သူ့ကို နားလည်ပြီး စိတ်ရှည်တဲ့ ကိုယ့်ကို ချစ်သတဲ့လေ။
ဘာလိုလိုနဲ့ ကိုကိုလေးနဲ့ တစ်ဘဝ ဆောက်တည်ရမဲ့ အချိန်က နီးသထက်နီးလာပြီ။ မိသားစုနဲ့ ဝေးနေတဲ့ အချိန်မှာ အဖေလို အစ်ကိုလို စောင့်ရှောက်ထားတဲ့သူတစ်ယောက် ကို ကိုယ့်ဘဝအဖော် အဖြစ် ပြောင်းလဲ လက်ခံပေးရဦးတော့မယ်။
ကိုယ့် အတွေးတွေ လက်ရှိအချိန်ကိုပြန်ရောက်လာတယ်။
ချစ်တဲ့သူနဲ့လည်း ကွေကွင်းဖူးပြီးပြီ။ မချစ်တဲ့သူနဲ့ ပေါင်းရမှာ မို့ ဒီ လောက်စဉ်းစားနေတာလား။ စဉ်းစားစရာကျန်နေတာ အချစ် လား။ ကိုကိုလေးကို မချစ်ဘူးလား။
အဲဒီလို မဟုတ်ပါဘူး။ ချစ်တယ်၊ မချစ်ဘူးဆိုတာထက် မမုန်းဘူး၊ လေးစားတဲ့သူ၊ ယုံကြည်ရတဲ့သူဆိုရင် ပိုမှန်မှာပါ။
ဒါဖြင့် ဘာတွေကို စဉ်းစားနေမိတာလဲ ။ စ တွေးကတည်းက အဖြေမပေါ်တဲ့ အတွေးတွေ ဘယ်အချိန် ဆုံးမှာလဲ။
56 comments
pooch
February 6, 2013 at 2:13 am
ဒိုင်ယာစီပင်က အဲ့ဒီမှာ ဝယ်လို့ လွယ် လို့လား ဒီမှာတော့ ပေးမရောင်းဘူး ဆေးဆိုင်တချို့က ။
ပုလည်း အာရုံကြော ယောင်တုန်းက တော်တော်ကြာစွဲသောက်ရတယ် ညဖက်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်အောင်လို့ ဆိုပြီး stress တွေများပြီး အလူးအလဲ ခံရတုန်းကပေါ့
အဲ့တုန်းက မိသားစု ဆရာဝန်မ သူပေးတာပဲ နည်းနည်းချင်း ယူသောက်ရတာ။ ဘူးလိုက် ပေးပါ ဆိုတာလည်း တောင်းမရဘူး ။
ရုပ်ကြည့်ပြီး စိတ်မချတာလား မသိဘူး။
ခု အသက်ကြီးလာလို့လား မသိဘူး ကော်ဖီကို မနက်တခွက်ပဲ သောက်လို့ ရတယ် နေ့လယ်သောက်မိရင် မအိပ်နိုင်ဘူး ။ မျက်စိကြောင်တယ် ။
ကော်ဖီတွေ လျှော့ပေါ့ ဆွိရယ် ။
ခုတောင် ဆံပင်တွေ တော်တော်ဖြူနေပြီ ။ ဇရာရဲ့ သဘောတွေ သင်္ခါရတွေ စနေပြီ။ 🙁
ခိုင်ဇာ
February 6, 2013 at 7:46 am
ပု ရေ။
ကော်ဖီကတော့ လျှော့တော့ လျှော့နေတာပါပဲကွယ်။
ခုတော့ စာကျက်တာအကြောင်းပြပြီး ပြန်သောက်နေမိတယ်။
ဆေးကတော့ အတူနေ မောင်လေးရော၊ စိုင်း ညီမလေးရော က ဆရာဝန်။
ဖေဖေကိုယ်တိုင်ကလည်း ဆရာဝန်မို့ ရဖို့ အရမ်းလွယ်ပါသည်။
မစွဲရင်တော့ အကောင်းဆုံးပေါ့။ ဆေးသောက်ခဲပါတယ်။
ဆေးမကူပဲ အိပ်ပျော်ဖို့ မလွယ်လွန်းတဲ့ အခြေအနေမို့…………………………………..
Mလုလင်
February 6, 2013 at 2:16 am
ခု တလော ရွာထဲ မယ် ရင်ဖွင့်သံ တွေ တော်တော် ကြားရတယ် . . . . .။ ကျုပ်လဲ ဒီမှာ ပဲ ရင်ဖွင့် လိုက်မယ် . ယာဉ်ကြောတွေ ပိတ် လို့ . . . . . . . ကျုပ် တို့တွေ ထမင်းနပ်မှန် မှ မှန်ပါတော့ မလား လို့ တွေးမိနေပြီဗျို ့ ………………… စည်းကမ်း ရှိပေးကြပါ ကိုယ့် ဆရာ တို့ ရယ် . . . . . . . .
ခိုင်ဇာ
February 6, 2013 at 7:49 am
အဟင့်!! ကလုလင်။
ဒီမှာ အနော်တို့ လွမ်းရေးခက်နေပါတယ်ဆို
ဝမ်းရေးခက်ကြောင်းတွေ လာအော်နေတော့ ………
အော် ငို လိုက်မှာ နော်။ :byae:
nozomi
February 6, 2013 at 2:38 am
သူကြီးကတော့ ကောင်းတယ်လို ့ မြှောက်ပေးတော့မှာပဲ
သားလေးကရော ဘယ်အရွယ် ရှိသွားပြီလဲ
ရွာထဲက ရန်တွေကြောက်လို ့များ လမ်းကြောင်းပြောင်းလိုက်တာလား
ဘာရယ်မဟုတ် တရေးနိုး ပြန်အိပ် မပျော်တာနဲ ့ ဝင်မန် ့သွားပါတယ်
ခိုင်ဇာ
February 6, 2013 at 7:52 am
ကိုနို !
မေးချင်တာသာမေး ဘာမှ မဖြေဘူးသာမှတ်။
တရေးနိုးရေးထားတဲ့ ပို့(စ) ကို တရေးနိုး ဝင်မန့်တာ အကောင်းဆုံးပါ။
စိတ်ခံစားချက်တွေက တရေးနိုးနဲ့ နေ့ခင်းကို မတူတာကလား။ 🙂
kai
February 6, 2013 at 4:20 am
ယောက်ျားတွေ.. မုဆိုးမ..တခုလတ်.. ယူရင်.. တချို့ကကြွက်ပျင်းတဲ့..
သူများတူးထားတဲ့တွင်း.. ဝင်ခိုလို့တဲ့လေ..
အဲဒီယောကျာ်းတွေက.. ပြန်ပြောတတ်တယ်..။
သက်သာတာပေါ့တဲ့..
အတွေ့အကြုံတွေအရ..သုံးသပ်ရရင်.. ဟုတ်ပါတယ်ပေါ့လေ…။
ကလေးလေးများရှိနေပြီးသူဆိုရင်.. ပိုတောင်သက်သာသေး..
ကလေးငယ်ငယ်ပိစိ… ပြုစုပျိုးထောင်ရတာ..လွယ်တာမှမဟုတ်တာနော..။
ဆိုတော့…
ဒီဇတ်လမ်းအရ..
ဘယ်လိုနာမယ်တတ်ရကောင်းမလည်း.. တွေးနေတာ…။
ဘယ်လိုဖြစ်ဖြစ်… ယူဖြစ်ရင်.. ယောကျာ်းဖြစ်သူက. (အင်မတန်)အလိုလိုက်မှာသေချာတယ်..။
မိန်းကလေးဖြစ်သူရဲ့.. ဘဝကလည်း.. ရင့်ကျက်ရောက်နှင့်ပြီးသားဘဝအခြေအနေတခုကို.. အဆင်သင့်လှမ်းတက်ရတာမို့.. တဆင့်ခုန်ပဲ..။
… ပျော်ရွှင်ပါစေ…။ :kwi:
ခိုင်ဇာ
February 6, 2013 at 7:56 am
ဟဟဟ။
ကိုနိုပြောလို့မဆုံးသေး သူကြီးလာပြီ။ :harr:
အနော်တို့က ဖြစ်ချင်းဖြစ် ကြွက်ပျင်းတော့ ဖြစ်ချင်ဘူး။
ကြွက်တွင်းဖြစ်အောင်ပဲ သောက်ချင်တော့တယ်။
အစဉ်ပြေပြီးသား ဘဝ (ထင်ရတာပဲ) မို့ “ပျော်ရွှင်ပါစေ” ဆိုတဲ့ ဆုတောင်းအတွက် ကျေးဇူးတင်ပါသည်။
မဟာရာဇာ အံစာတုံး
February 6, 2013 at 5:27 am
ကိုယ့်ကွန်မန့်ကို ရေးလိုက် … ဖျက်လိုက်နဲ့ …
ဘယ်လို ပြောလိုက်ရင် ကောင်းမလဲ … လို့ .. အခါခါ …
ရှိစေတော့ ….
မမခိုင်ဇာရေ …..
“ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရ”
ဆိုတဲ့ စကားဟာ လူသား အများစုနဲ့ သက်ဆိုင်လေမလားပဲဗျ ….
“ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ”
ဆိုတဲ့ စကားကလည်း ရှိနေပြန်သေး ….
မမခိုင်ဇာ … အိပ်လို့ မရနိုင်တာလည်း ဖြစ်သင့်ပါတယ် …
“ငါသည်သာ ငါ့ဘဝရဲ့ အရှင်သခင်” ဆိုပေမယ့်
ငဲ့ကွက်စရာတွေကလည်း ရှိနေပြန်သေးတယ် ….
ခက်တော့ ခက်တယ် …..
တစ်ခါတစ်ခါ ငြင်းလို့ မရနိုင်တဲ့ အခြေအနေတွေကလည်း ရှိပြန်သေးတယ် …
ဥပမာ .. သဂျီး က ဟိုဒင်းဂျီး ကို ပြိုင် မငြင်းနိုင်သလိုပေါ့ ….
ဒါဂ စကားစပ်တုန်းလေး ညှောင့်ပေးဒါဘာ .. အဟီးးး
ကျုပ်တော့ မမခိုင်ဇာ ရေးထားတာကို ဖတ်ကြည့်ပြီး …
သက်ပြင်းတောင် ချလိုက်မိသေးရဲ့ …
အဲ … မေးရဘာအုံးမယ် .. ဒါက တကယ်နော် …
တကယ် မဟုတ်လို့ကတော့ ကျုပ် သက်ပြင်းတွေ ပြန်လျော်ပေးရမှာ .. ဒါဗျဲ ….
မန့်တော့ … မန့်လိုက်ဒါဘဲ …
ဟုတ်လား မဟုတ်ဘူးလားတော့ သိဝူးးးဂျာ …
ခိုင်ဇာ
February 6, 2013 at 8:01 am
အံစာတုံးက တကယ်လားမေးတော့ အစ်မ ဘယ်လို ဖြေရမတုန်းကွယ်။
သက်ပြင်းတွေတော့ ဘယ်လိုပြန်လျော်ရမယ်မသိ။
သက်ပြင်းချတဲ့ အကြိမ်ရေကို ပြောပါကွယ်။
အဲ့ဒီ အကြိမ်ရေထက်ပိုအောင် အံစာ ပို့(စ) ကိုသွားကြည့်ပြီး သက်ပြင်းချပေးပါ့မယ်။ ကျေရောပဲ။
ဦး ကျောက်ခဲ
February 6, 2013 at 7:35 am
ယက်ဆက်လိုက်တာကွယ်…
ဦးကြောင်ကြီးရဲ့ ရန်ကိုကြောက်ပြီး ခုလို မထော်မနန်းတွေ လက်ခံလိုက်ရသလား….
တကယ်ဆို ရေထဲခုန်ချ လက်ပစ်သာကူးလာခဲ့ရင်….
ဟောင်ကောင်ကျွန်းက စောင့်နေမယ့် အဖေအရွယ် ဦးကျောက်…
ဂျပန်ကျွန်းက စောင့်နေမယ့် သားအရွယ် မောင်ဂီ တို့ ရှိရဲ့နဲ့များကို..
ခုတော့ နာ ဆုတောင်းပေးလိုက်မယ်…ရေလိုအေးလို့ ပန်းလို ချမ်းမြေ့ပါစေ…
အ…ဟီး…ရွှတ်…ဖတ်…ဗြဲ..
:byae:
ခိုင်ဇာ
February 6, 2013 at 8:07 am
ရေထဲ ခုန်ချ ကူးလာရအောင် အနော်မှ ရေမကူးတတ်တာလို့။
အဲဒီတော့ ဟောင်ကောင် ဝီ(လ)စမစ် ဆီကိုလည်း မလာနိုင်၊ ဂျာပွန် ဂျော်နီဒက်ဆီ ကိုလည်း မသွားနိုင်တဲ့ဘဝ။
အမေဒိကကြောင်နဲ့ကလည်း ပြန်အစဉ်ပြေတာမှ မကြာသေးဆိုတော့။ :byae:
ဆုတောင်းအတိုင်း ဒီမှာပဲ “ရေလိုအေးလို့ ပန်းလို ချမ်းမြေ့တော့မယ်”။။
Crystalline
February 6, 2013 at 8:22 am
အစ်မရေ..တကယ်ကြီးလားဟင်.. တရေးနိုးအိမ်မက်ဆိုရင်တော့ ..သူများစိတ်ရှုပ်သွားရတာ ကိုပြန်လျော်ပေးရမယ်.. ဖြစ်သင့်တာတွေဘာတွေဆိုပေမယ့် ကိုယ်ဆိုရင်လည်း အခုအချိန်ထိ လက်ခံလို့မရတဲ့အကြောင်းအရာမျိုးဖြစ်နေလို့ အစ်မအတွက်အရမ်းကိုစာနာမိပါတယ်.. အစ်မကိုယ်စားစိတ်တောင်ညစ်သွားတယ်.. မဟုတ်ရင်တော့ပြန်လျော်ပေး..
ခိုင်ဇာ
February 6, 2013 at 10:30 am
စိတ်ရှုပ်ရင် ပို့(စ) တစ်ပုဒ် အနေတဲ့ပဲ ဖတ်သွားပါ ခရစ်(စ) လေး။
လျော်ကြေးက ကမ်းနားက ဂျန်ဘို စီးဖု လောက်ဆိုရလားဟင်။
Ghi Ghi ThE KiD
February 6, 2013 at 8:38 am
အိပ်လို့ ကျော်ဝူး .. မက်လုံးတေ မှိတ်တေးဘူး
မြင်နေတယ် ဂုထိ အမြဲတမ်း မင်းအကျောင်း စဉ်းဇားကာနေတုန်း..
ဒီလိုညတိုင်း နာနဲ့မင်း အိုဆုံတေ့ ဖြစ်ရင် နာ့အတွက်ဂွင်ဘဲ …
ဒီလိုညတိုင်း နာနဲ့မင်း အိုဆုံတေ့ ဖြစ်ရင် နာ့အတွက်ဂွင်ဘဲ …
နာ့အတွက်တော့ …
နာ့အတွက် ဂွင်ဘဲ…
:harr:
မိုချို
February 6, 2013 at 9:23 am
ခိုင်ဇာရေ
တကယ်ကြီးလားဟင်။ ဘာပဲပြောပြော အပေါ်မှာသဂျီး ပြောခဲ့ သလို အကြောင်း သိပြီး သား လူတစ်ကောက်ရဲ့ အဆင်သင့် အထိုင်ကျ ပြီးသား ဘဝ တစ်ခုထဲ ကို ဝင်ရ မှာ မို့ ပြီး ပြည့်စုံ ပျာ် ရွှင် တဲ့ ဘဝ ဖြစ် မှာ တော့ သေချာပါတယ်။
ဆုံး ဖြတ်ပြီးရင်လည်း ပြောအုံးနော် ၊ တစ်ကျွန်း တည်း သား ချင်း တွေ လာအားပေး အုံး မှာ။
ဟိုနေ့ ကတောင် ဆာကူရာ မှာ သွားစားတုန်း ဗမာ မင်ဂါ ဆောင်တစ်ခုနဲ့ တိုး လို့ သတို့ သမီး ဝဝ ချောချော လေး ကို ငမ်းခဲ့ သေးတယ်။
ခိုင်ဇာ
February 6, 2013 at 10:33 am
မမိုချို
အဲ့ဒီ ဆာကူရာက သတို့သမီး ဝဝ လှလှ က ကျနော်
.
.
.
..
.
မဟုတ်ပါဘူးလို့ပြောမလို့။
လူကလေး
February 6, 2013 at 9:27 am
ဒီအတွေးတို့ ဆုံးသွားတဲ့အခါ ဘာဆက်ဖြစ်မလဲမခိုင်ဇာ..
ဇာတ်သိမ်းလေးများ ရှိရင် .. သိချင်ပါသေးရဲ့..
အဲနိုပဲ.. တူများကိစ္စဆို ရမ်း..ဝင်စားတာ…
ခိုင်ဇာ
February 6, 2013 at 10:35 am
ခုထိ အတွေး မဆုံးသေးတဲ့ တွက် မပြောနိုင်သေးပါဘူး လူကလေးရယ်။
:harr:
ဗုံဗုံ
February 6, 2013 at 9:40 am
ဟယ်………..မမခိုင်ဇာရယ် ဘာပြောရမှန်းမသိလောက်အောင်ဖြစ်သွားပါတယ်ကွယ် ဒါပေမယ့် မချစ်ဘဲနဲ့တော့ ……….. ဘာဘဲပြောပြော မမခိုင်ဇာကိုတော့ နှမြောတာပေါ့ :byae:
ခိုင်ဇာ
February 6, 2013 at 10:36 am
ဗုံ ကလေးပြောမှ အရမ်း စိတ်ထိခိုက်သွားပြီကွယ်။
:byae:
ပြန်လာရင် ကန်တော်ကြီးက ဝက်တား ဒုတ်ထိုးလိုက်ကျွေးပါနော်။
Ma Ei
February 6, 2013 at 9:48 am
ခိုင်ဇာရေ..
ကိုကိုလေးဘက်က သူကိုယ်တိုင် ချစ်ခင်နှစ်သက်လို့ မိဘတွေကတစ်ဆင့် ပြောခဲ့တာလား…
သူ့အပြုအမူတွေက ကိုယ့်ကို ချစ်နေတယ်လို့ ခံစားရလား…
ကိုယ်ကကော သူ့ကိုတစ်သက်ချစ်နိုင်မှာလား…
အဖြေက အင်း ဆိုရင်တော့ အတွေးတွေ အဆုံးသတ်လို့
ပျော်ရွှင်ဘွယ် ဘဝခရီးကို ရဲရဲသာ လျှောက်လှမ်းလိုက်ပါကွယ်…
ခိုင်ဇာ
February 6, 2013 at 10:38 am
မွအိ ရေ
၁) အင်း!
၂) အင်း!
၃) အင်း …………… (ဒီ အင်း က စဉ်းစားနေတဲ့ အင်း)
ဦးကြောင်ကြီး
February 6, 2013 at 10:10 am
ဦးကြောင်ကြီးလည်း အမြီးဖြတ်လိုက်ရင် အဲဒီ ကိုကိုလေးနဲ့ နင်လားငါလားပါပဲကွယ်…..။
တောက်စ်……………. (ခရက်ဒစ်တူ အရီးလတ်)
ခိုင်ဇာ
February 6, 2013 at 10:40 am
အဲလာကြောင့် ပြောပါတယ် ကြောင်ကြောင်ရယ်။
စောစောစီးစီး ဒီ အမြီးကြီး ဖြတ်ထားပါဆို။
:harr: :kwi:
Wow
February 6, 2013 at 1:46 pm
ဆွိရယ် … ဂယ်ဂျီးလား..
မချစ်ဝူးဆိုတောင် သံယောဇဉ်လေးနဲနဲတော့မရှိဝူးလား…..
ခိုင်ဇာ
February 6, 2013 at 2:46 pm
သံယောဇဉ်ပဲ ရှိတာပါကွယ်…
ကိုရင်စည်သူ
February 6, 2013 at 1:56 pm
ဇာဂျီးမမ ဘာမှ ဒိုင်လာစီဘင်တောက်နေနဲ့.. ရယ်ဒီမိတ်သာ သုံးပလိုက်..
ကိုရင်လည်း ရယ်ဒီမိတ်ပဲ အမြဲသုံးတာ…။ ကိုယ့်ကိုယ်လဲ ရယ်ဒီမိတ်လုပ်ထားဒယ်..
ဇာဂျီး ဟင်းချက်တတ်တဲ့ ဂိုဂိုလေးနဲ့ အာရုံနောက်မနေနဲ့..
တူလောက်သားလောက် ကိုရင့်သာ ရယ်ဒီမိတ်ဖောက်ချားလိုက်…
သင်္ဘောပေါ်မှာ နေစရိတ်စားစရိတ် ရယ်ဒီမိတ် အာမခံပါ့မယ်..
လက်ပစ်ဒါ ကူးလာလိုက်ဘာ.. ဂျီးဒေါ်ဇာ.. 😆
ခိုင်ဇာ
February 6, 2013 at 2:44 pm
နာ့ မှ ရေမကူးတတ်ပါဘူးဆို လက်ပစ်ကူးခိုင်းတဲ့သူ ချည့်ပဲ။
လိန်ဗျံ စရိတ်လေးဘာလေးပေးမဲ့ သူ ကို မပါဘူး။
စိတ်နာဒယ်။
:harr:
moonpoem
February 6, 2013 at 2:05 pm
မခို်င်ဇာ စွံတော့မယ့် အရိပ်အယောင်ပဲ။ မင်္ဂလာဆောင်ရင်သာ တစ်ရွာလုံးကို ဖိတ်ဖို ့မမေ့နဲ ့နော်။
ခင်ခ
February 6, 2013 at 2:09 pm
အလ် တကယ်စွံတော့မယ် အချက်လား။
မစွံ တစွံမို့ ကယောက်ဂယက် အိမ်မက်လား ဟင်!
နှမျောတသသ နဲ့ဘဲ ဘာပြောရမှန်း သိတော့ဘူး။
ခိုင်ဇာ
February 6, 2013 at 2:48 pm
ဘာပြောရမှန်းမသိလည်း ပို့(စ) တစ်ပုဒ် အနေနဲ့ပဲ ဖတ်သွားပါ ကိုကြီးခရယ်။
သိပ်မစဉ်းစားပါနဲ့။ :hee:
pooch
February 6, 2013 at 3:02 pm
ဟီး … ဘာမှ မဟုတ်ဖူး ကွန်းမန့်တွေ ဖတ်ပြီး ရယ်ချင်ပက်ကျိဖြစ်နေလို့
ဆွိနော် … ဆွိ …. 😆
ခိုင်ဇာ
February 6, 2013 at 3:05 pm
မလွှဲမရှောင်သာလို့ပါ ပု ရယ်။
ဆွိ ကို ခွင့်မလွှတ်ပါနဲ့။ 🙂
pooch
February 6, 2013 at 3:21 pm
ချောကလက်ကျွေးပါ ဆွိ ဘာလင်တံတိုင်းဆိုလား ဗယ်လင်တံတိုင်းဆိုလား နီးလာပြီ
ရှုတ်ချကဲ့ရဲ့ ခံရတော့မယ် 😥
ဒီလိုလုပ် ပုက ဆွိကို ပို့ပေးမယ် ဆွိကပုကို ပို့ပေး ဘေးလူမြင် အထင်ကြီး ခံရနည်းလားလို့ နော့
Shwe Ei
February 6, 2013 at 5:53 pm
အော် ကို့ မမ အိပ်မပျော်ဝူးပျောနေတာ ဘာဖစ်မှန်းဒဂယ်မသိဝူး။
အခုမှ ပို့်စ်ဖတ်မိတယ်။
ယူစရာအဆင်သင့်ရှိနေတုန်း ယူပလိုက်အမရာ အဖတ်တင်တယ်။
ပြန်အမ်းချင်ရင်တော့ ရဝူးတဲ့ ခိခိ။
ခိုင်ဇာ
February 6, 2013 at 6:12 pm
အိပ်မပျော်လို့ ချွေအိ လေး သီချင်း ဆို တာတွေ လာလာ နားထောင်ရတာပေါ့။
အလင်းဆက်
February 6, 2013 at 8:00 pm
အတွေးတို ့…
ဘယ်တော့…
ဆုံးမလဲ….
ဆက်တွေး ဦးမယ် ။
🙂
Mr. MarGa
February 6, 2013 at 8:33 pm
ဟိုဘက်က ကိုထက်ဝေးပို့စ်မှာတော့ မန့်ထားတယ်
အခုလဲ အဲဒီအတွေးလေး ပြန်ဝင်လာလို့ မန့်မယ်
တူနေရင် ခွင့်လွှတ်နော်
———————————————————–
အိမ်ထောင်တစ်ခု တည်ဆောက်တယ်ဆိုတာ
အချစ်တစ်ခုတည်းနဲ့ မပြီးပါဘူး
တစ်ယောက်နဲ့တစ်ယောက်
နားလည်ဖို့ ၊ ယုံကြည်ဖို့၊ အပေးအယူမျှဖို့ က အဓိကလေ
ဆိုတော့
အချစ် ကို အဓိက မထားပဲနဲ့ အိမ်ထောင်တစ်ခု တည်ဆောက်နိုင်တယ်(နိုင်လိမ့်မယ်) လို့ ဦးမာဃ ယုံတယ်
တကယ် လက်တွေ့ဘဝကို ရင်ဆိုင်တဲ့အခါမှာ
အချစ်ထက် အပေါ်က ပြောထားတဲ့ အရာတွေကို အသုံးချပြီးတော့ ရင်ဆိုင်ရတာများတယ်
နောက်ပြီး
အိမ်ထောင်ပြုတယ် ဆိုတာက
မိသားစုနှစ်ခု ပေါင်းစပ်တာမို့
အကြောင်းသိပြီးသား အဆင်ပြေပြီးသားတွေဆို ပိုကောင်းတာပေါ့
ပြောတာများသွားပြီ
(မျက်စိ လည်သွားမလား မသိ)
အချုပ် ပြန် ပြောရရင်
ရှေးလူကြီးသူမများ ပြောစကားအတိုင်းပေါ့လေ
ကိုယ်ချစ်မရှာနဲ့ သူချစ်ကိုရှာပါလို့
မိဘ စီစဉ်တာသာ နာခံသင့်ပါတယ်လို့ ထင်မိပါတယ်ကွယ်
(တွေးမိတာ ပြောပြတာနော် ကိုယ့်ဟာကိုယ် ဆုံးဖြတ်)
ခိုင်ဇာ
February 6, 2013 at 9:38 pm
ဒီ သိကြားတော့ နာ့ ကို လာလာ ဆုံးမ ပေါင်းများနေပါပကောလား။
(နောက်တာ)
သိကြား ပေးသွားတဲ့ အတွေးလေးအတွက် ကျေးဇူးတင်ပါတယ်။
:hee:
မဟာရာဇာ အံစာတုံး
February 6, 2013 at 9:41 pm
မမခိုင်ဇာ ကလည်းဂျာ …
အိုက် သဂျားကို ..
ဟောဒီလို မေးထည့်လိုက်ချမ်းဘာဂျ …
“နှီဂ ချရာဂျီးလား” ……
ချရာဂျီးဆို အာမပီး ဘူးဒဲ့ …..
ချရာဂျီး မဟုတ်ဒဲ့လူဆို အာပီးနေဒဲ့ လူဘဲ .. ငွင်းး ငွင်းး
ခိုင်ဇာ
February 6, 2013 at 9:46 pm
အေး ဟုတ်တယ် ….
နာ လည်း အဲ့ဂလို ပြောချင်တာပဲ။
မကောင်းတတ်လို့။ ။
သိကြားရေ
သူ ပြောတဲ့ အတိုင်းပဲဟေ့။ :kwi:
Mr. MarGa
February 7, 2013 at 6:36 pm
ငါ့ဟာငါ အေးအေးဆေးဆေး ဆရာလုပ်တာကို
လာပြီး နှောင့်ယှက်နေတယ်
အိုဘယ့် ခြောက်မျက်နှာ
ဟို အဒေါ်ကြီးကလဲ
အဲသလို မြှောက်ပေးဖို့ဆို ရှေ့ကပဲ
လူတွေ လူတွေ
ဘယ်သူမှ မကောင်းပါလားနော် :om:
မောင်ပေ
February 6, 2013 at 8:44 pm
မခိုင်ဇာရေ
စေတနာနဲ ့အကြံပြုချင်တာကတော့
ဘာမှ မစဉ်းစားပါနဲ ့တော့ဗျာ
ကိုကိုလေး က မခိုင်ဇာအတွက် ၁၀၀%အကောင်းဆုံး ဖြစ်မှာ လုံးဝသေချာပါတယ်
မခိုင်ဇာ အရွယ်နဲ ့လဲ ၊ ကိုယ်ချစ်ဆိုတာ မရှာသင့်တော့ပါဘူး
ကိုယ့်ဘဝအတွက် အကောင်းဆုံးကိုတွေ ့နေပြီပဲ
ဘာလိုသေးလဲ အဒေါ်ကြီးရယ်
ပုံ
ခင်မင်စွာဖြင့် အကြံပေးတိုက်တွန်းသူ
မောင်ပေ
ခိုင်ဇာ
February 6, 2013 at 9:36 pm
ဟယ်။
ကပေရယ်။
ပေးတဲ့ ကော်မန့်ထဲ ကျုပ် မေ့ထားတဲ့ အသက်ရောလာ ဖော်၊ အဒေါ်ကြီးလို့ရော လာ ခေါ် သွားပါရောလား။
:harr:
padonmar
February 6, 2013 at 9:55 pm
ထပ်ပြီး စဉ်းစားပါအုံး ဆွိရယ်၊
အော်မေ့ဂိုဏ်းသားပီပီ ထိုင်နေအကောင်းသား လို့ ပြောချင်ပါတယ်။
ခိုင်ဇာ
February 6, 2013 at 9:59 pm
ဆွိလည်း ထိုင်နေချင်တာပေါ့ မ ရယ်။
surmi
February 6, 2013 at 11:48 pm
ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘေးက အားပေး နှစ်သိမ် ့ အကြံပြုသူတွေများနေပြီဆိုတော့ ….
ကဲ …. ကျုပ်က မဆိုင်တာတွေပဲလျောက်ပြောတော့မယ် …
ကျုပ်တို့ ယောက်ကျားအများစုုက အတော်လေးကို အပျို ကြိုက်ကြပုံရသဗျ .။
တော်တော်လေးတော့ကြာပါပြီ ဘင်္ဂလားဒေ ့ရှ် ကခိုးသွင်းလာတဲ့
အပျို ပြန်ဖြစ်ဆေး ဆိုလားး အဲဒါတွေကို လက်သိပ်ထိုးရောင်းတာတွေ ့ရဲ ့ ။ ကျုပ်ကတော့ မထင်ပေါင်ဗျာ ။
ဘာပဲဖြစ်ဖြစ် အဲဒါသွင်းရောင်းတဲ့ မူတူးကြီး ကတော့ ချမ်းသာသွားတယ.်ဗျ ။
ဝယ်ကြတာမှသောက်သောက်လဲဗျို ့ …. ကျုပ်လည်း ကြည် ့နေတာ ..
ဘယ်နေ ့ ဘယ်သူတွေ ကျော်မကောင်း ကြားမကောင်းနဲ ့ ဆေးရုံရောက်မလဲလို့ …..
ဒါနဲ့ … ကျုပ်လည်း တွေးမိတယ် ။
ယောက်ကျားတွေအတွက် လူပျို ပြန်ဖြစ်ဆေး မကြားဖူးသေးဘူး ဆိုတော့ …
အဲဒါလေး များတီထွင်ပြီးရောင်းရင် ကောင်းမလားလို့ …. =)
ခိုင်ဇာ
February 7, 2013 at 7:56 am
ဦးဆာမိရေ။
ပြန်လာပြီး မနားနိုင်ပဲ လာပေးတဲ့ ကော်မန့်အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
ဦးဆာမိ ပြောတဲ့ ဆေးကတော့ ၂ မျိုးလုံးရောင်းရနိုင်တာပါလေ။
ဟုတ်မဟုတ် ဆွေးနွေးရရင် ခန္ဒာဗေဒ တွေ ပါ ပါကုန်မှာမို့ ခုတော့ ရှောင်ပါရစေ။
ဆေးဖော်ပြီးရင်တော့ ပြောပါ။ ဖြန့်ချီရေးတာဝန်ယူပါရစေ။
တစ်ယောက်သောသူ ဖတ်ဖူးပြီး ပြောခဲ့တဲ့ ဟာလေးရှိတယ်။
အိမ်ထောင်ရေးက ထူးဆန်းတဲ့ ရဲတိုက်ကြီးနဲ့ တူသတဲ့။ အပြင်ကလူတွေက အထဲကို ဝင်ချင်တယ်၊ ဒါပေမဲ့ အထဲက လူက အပြင်ကို ထွက်ချင်နေတယ်တဲ့။
ဒါကြောင့် ခုလည်း ကြည့်။ တစ်ချို့ လူတွေအတွက် ဒီ လို ဆေးမျိုးရောင်းရမလောက် တစ်ချို့ကတော့ လူပျိုဘဝ စွန့်လွှတ်ချင်တာမှ တစ်ပိုင်းသေပါရောလား။
(ဘယ်သူ့ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိရင် သင့်ကိုပြောခြင်းဖြစ်၏)
:harr:
အရီးခင်လတ်
February 7, 2013 at 5:01 am
ပြသနာက ရွာထဲ ဝင်မိ ပြန်မထွက်နိုင်တာဘဲ။
ဇာလေးရေ။
ဒါ တကယ်လား ဆိုတဲ့ “အတွေးတို့ မဆုံးခင်” တကယ်ကြီး မယူလိုက်နဲ့။
ကလေးအမေ က ဘယ်ရောက်သွားတာလဲ စုံစမ်းဦး။ 🙄
ကကြောင်
တောက်စ် ကကျုပ် မူပိုင်မဟုတ်။
နွယ်ပင့် “ဂဂ” မူပိုင်ပါဗျိုး။
😆
ခိုင်ဇာ
February 7, 2013 at 7:58 am
ဟုတ်! အရီးလတ်။
:hee:
Ghi Ghi ThE KiD
February 7, 2013 at 8:00 am
…..may be good times are remembered, bad times- for ignore…..
i don’t wanna be like your black rain cloud …any more
:byae:
ခိုင်ဇာ
February 7, 2013 at 8:03 am
:byae:
အဟင့်။
လာငိုနေပြန်ပြီ။
နာ မနေ့က အဲ့ သီချင်း ဆက်နားထောင်ပြီး ငို လိုက်သေး။
စာမရသေးတာလည်း ပါလို့ပါ။
Hnin Hnin
February 7, 2013 at 10:21 pm
အိပ်မပျော်သူလေးက မတင်မကျ ခံစားမှုတွေနဲ့ပဲ ကျေနပ်မှုတွေပါ ရောနေသလားလို့
( အိုရမှာ ကြောက်နေတာလေးပဲ ထင်ပါ့ )
ဇာတ်လမ်းဆိုရင်လည်း ဇာတ်လမ်းပေါ့…. 🙂
ခိုင်ဇာ
February 7, 2013 at 10:45 pm
နှင်းနှင်း ရေ
မတွေ့ရတာကြာပြီ။
အလုပ်များနေသလား။
အို ရမှာ တော့ မကြောက်ပါဘူးလေ။
လူဆိုတာ အို၊ နာ၊ သေ မျိုးတွေ မဟုတ်ပါလား။
Hnin Hnin
February 7, 2013 at 11:19 pm
မမန့်ဖြစ်ရင်းကနေ မန့်ခဲသွားတာပါ…ဆွိ ရေ
အလုပ်ကတော့ ‘ အိမ်…ရှင်…မ ‘ မို့ များပါတယ်။
တငြိုးမထင်လေနဲ့။
အိမ်မှာပဲ အရှင်လတ်လတ်နေရတဲ့ မိန်းမ လို့ပဲ ဆိုရမလား။
(အလားတူ… )