သွားဖြီးပြတဲ ့နွားနဲ ့ တဲနန်းရှင်ရဲ ့ဗေဒင်

တောင်စောင်းဘေး မြေပြန် ့ပေါ်တည်ထားတဲ ့ခုနှစ်ဝါရွာလေးရဲ  ့ဘေးက ကွေ ့ဝိုက်စီးဆင်းလာတဲ ့ ခုနှစ်ဝါကျောက်ချောင်းရဲ ့တောင်ဘက် ၂မိုင်အကွာလောက်

နေရာက ကြည်လင်အေးမြတဲ ့ ခုနှစ်ဝါချောင်းကိုဖြတ်ပြီးတက်လိုက်ရင်ပဲ မြက်ခင်းစိမ်းစိမ်းနဲ ့ ကွင်းပြင်ကိုရောက်တော ့တာပါပဲ..

နေလည်းမြင် ့တက်နေပြီ… နွားတွေကို အစာကျွေးဖို ့ ရပ်နားရင်းနဲ ့ လူတွေလည်း မနက်စာအတွက် ချက်ပြုတ်ဖို ့ပြင်ဆင်ရတော ့တယ်။

 

ကျောပေါ်က တနိုင်ဝန်စည်တွေကိုချ၊ နွားလှန်တဲ ့သူက လှန်၊ ထမင်း ဟင်းချက်ပြုတ်ဖို ့ပြင်ဆင်တဲ ့လူက ပြင်ဆင်…

ခေါင်းဆောင်ကတော ့ ဓါးတိုတစ်လက်နဲ ့ ချောင်းရိုးအတိုင်းဆင်းသွားပြီး တွေ ့သမျှ အသီး အရွက် အဥ တို ့စရာအတွက် အရှာထွက်သွားတယ်။

ဗိုက်ကဆာလှပြီ…..

မနက်စာကတော ့မြိန်အုံးတော ့မှာပဲ…. ငပိဖျော်ရည်၊ ငါးခြောက်ဖုတ်၊ ရှာတွေ ့ရသမျှ တို ့စရာ

ရက်ရှည်တောလမ်းလျှောက်ရမို ့ ရိက္ခာက တနိုင်ထမ်းနိုင်သမျှ ဆန်၊ဆီ၊ဆား၊ငပိ၊အချိုမှ ုန် ့၊ငရုတ်သီးခြောက်ရယ်နဲ ့ ငခြောက်… နောက်လမ်းသွားရင်း ခူးရသမျှ

အခုဥိီးတည်သွားရမယ် ့အရပ်က ထိုင်း မြန်မာနယ်စပ်၊ KNU ကြီးစို းရာဒေသ၊KNU ကအကြောင်းမရှိ၊ စိုးရိမ်ရတာက အစိုးရ စစ်ကြောင်းတွေ၊ တွေ  ့လိုက်

ကြုံလိုက်မိလို ့ကတော ့ ဒီလို အနက်ရောင်နယ်မြေမှာ အနည်းဆုံး နှစ်သိမ် ့ဆု  သေနတ်ဒင်နဲ ့ နဗန်ကျင်းခံရတာလောက်တော ့ လက်ဆောင်ရနိုင်တယ်။

ခရီးမစခင်ကတည်းက အစိုးရစစ်ကြောင်းရှိ မရှိ စုံစမ်းပြီးသား… ဒီလို ကိစ္စတွေက ဒီနယ်မြေသားဆိုရင် စစ်ကြောင်းတည်နေရာ ရှာရမခက်လှပါဘူး။

အခုတော ့ အားလုံးအဆင်ပြေတယ်…. နွားတွေလည်း အေးအေးလူလူ။ လူတွေလည်း အေးအေးချမ်းချမ်း…

မနက်စာ စားသောက်ပြီးတော ့ နေမွန်းတည် ့တော ့မယ်.. . နွားတွေကို အရိပ်ရရာ အပင်တွေအောက်ပြောင်းချည်၊ လူတွေလည်း ဓားလှီးဆေး

(ပါးပါးလှီးထားသော ဆေးရွက်ကြီး) ပွတ်ချွန်နဲ ့မှိန်းမယ်ကြံတုန်း……..

ပြဿနာတော ့ စပြီ…

အရိပ်အောက်ကို ပြောင်းရွေ ့ထားတဲ ့နွားတစ်ကောင် ကြိုးပြတ်ပြီး ဦးတည်သွားရမယ် ့အရပ်ကိုထွက်ပြေးသွားတယ်….

ထမင်းလုံးစီကာစပဲရှိသေး၊ အရေးပေါ်တပ်လှန် ့သံ ကြောင် ့ ကမန်းကတန်း အရိပ်အောက်ကထွက်၊ ခေါင်းဆောင်အပါ ရယောက် အုပ်စုက

၂ယောက်ကျန် ၅ယောက် ထွက်ပြေးတဲ ့နွားနောက်ကို လိုက်ဖို ့ပြင်ဆင်ရတော ့တယ်….   တော်ပါသေးရဲ  ့၊ နွားကလာရာလမ်းပြန်မလှည် ့သွားလို ့

လာရာလမ်းများပြန်လှည် ့သွားလို ့ကတော ့ ဘယ်နှစ်ရက်ခရီးပဲဖြစ်ဖြစ်၊ ဘယ်လောက်ဝေးတဲ ့ခရီးပဲဖြစ်ဖြစ် အိမ်အရောက်ပြန်နိုင်တဲ ့လမ်းကို မှတ်မိနေကြတာမို ့

ဒုန်းစိုင်းပြေးတတ်ကြတယ်၊ လိုက်ရတာ ပင်ပန်းတယ်။

အခု နွားထွက်ပြေးတဲ ့အရပ်က အရှေ ့ဘက်၊ ကျနော်တို ့ဦးတည်နေတဲ ့အရပ်၊ သူမသိတဲ ့လမ်း ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက် ဇွတ်တိုးပြေးသွားမှာပဲ..

မသွားတတ်တဲ ့အဆုံး တနေရာရာမှာတန် ့နေလိမ် ့မယ်…ကျနော်တို ့ခေါင်းဆောင်က ရှေ ့ဆုံးကနေပြေးလိုက်သွားပြီ…

နွားပြေးထွက်သွားရာအရပ်ကိုကြည် ့လိုက်တော ့ တောင်စောင်း၊ ကုန်းလျှောလိုနေရာမျိုး အပင်ကြီးမရှိ၊ ချုံပင် ချုံကိုင်းတွေလောက်သာ

ရှာရမခက်လှလို ့ခန် ့မှန်းမိတယ်….

ရှာပါပြီတဲ ့၅ယောက်သား.. နေ ့ခင်းနေပူကျဲကျဲအောက် ချွေးတဒီဒီ၊ ဟိုချုံတိုး ဒီချုံဖြဲ….  တစ်နာရီကျော်ကျော်သာကြာသွားတယ်

၅ယောက်သား ဘယ်ကိုမှရှာမတွေ ့၊ခေါင်းစားချင်လာပြီ… ဘယ်လိုအကြောင်းမှ ဒီချုံတွေအကြားလောက်တော ့ ရှာမတွေ ့နိုင်စရာမရှိ၊ လုံးဝရှာမတွေ ့နိုင်တာ

ကတော ့အခက်သား… နေပူပူအောက် တောင်စောင်းမှာပြေးတက်လိုက်၊ပြေးဆင်းလိုက် ရေကငတ်နဲ ့ ဒေါသက ထွက်ချင်လာပြီ…

 

ချောင်း ဟိုတဖက်ကမ်းကိုများကူးသလား….. တဖက်ကမ်းကို လှမ်းမျှော်ကြည် ့တော ့ ကွင်းပြင်ပြောင်ရှင်းရှင်း၊ နောက်တောင်ယာတဲတစ်လုံးတွေ ့ရတယ်။

လူရှိတဲ ့အရိပ်အယောင်ပဲ…ခေါင်းဆောင်ကိုပြောပြပြီး တဖက်ကမ်းက တဲ ဆီကိုကူးလိုက်တော ့ တဲရှင် အဖိုးကြီးတစ်ယောက်ရယ်၊ မြေးမလေး ၂ယောက်ရယ်

တွေ ့ရတယ်။ ခေါင်းဆောင်က တဲရှင်ကြီးကို အကျိုးအကြောင်းပြောပြပြီး စုံစမ်းတော ့ အဖိုးကြီးက တဲခေါင်းမိုးကြား ညှပ်ထိုးထားတဲ ့ တုတ်ချောင်း ၄၊၅ချောင်း

ဆွဲထုတ်လာပြီး မြေကြီးပေါ် ပစ်ချလိုက်ပြီး တုတ်ချောင်းလေးတွေကို ငုံ ့ကြည် ့ရင်း ခပ်ပြတ်ပြတ်ပဲ ကျနော်တို ့ကိုပြောလိုက်တယ်။

”မင်းတို ့ဆက်မရှာနဲ ့တော ့၊ မင်းတို ့နွားကိုတောပိုင်တောင်ပိုင်တွေက ဖွတ်ထားတာ၊ သူတို ့ကို ပသလိုက်၊ မနက်ဖြန်ညနေစောင်း မိုးမချုပ်ခင် သူ ့ချည်တိုင်နေရာ

ကိုပြန်ရောက်လာလိမ် ့မယ်”တဲ ့…. ရော… ယုံရအခက် မယုံရအခက်။   ကျနော်တို ့ခေါင်းဆောင်ကတော ့လက်ခံပုံပဲ။ ပြန်ကြရအောင်တဲ ့….

ဘယ်လို ဗေဒင်များပါလိမ် ့… ပြောပုံကလည်း သူ ့ကို သူ ယုံကြည်မှ ုအပြည် ့ရှိပုံပဲ။

ကျနော် မြင်ဖူးကြားဖူးတဲ ့ဗေဒင်တွေက ဂြိုလ်တွေ၊နက္ခတ်တွေ၊ မိနစ် စက္ကန် ့ လတ္တီကျွတ် လောင်ဂျီကျွတ်တွေ အပေါင်းအနှ ုတ်တွေနဲ ့ ရှုပ်ရှုက်ခတ်နေတာပဲ..

အခုလောက် ရိုးရှင်းတဲ ့တွက်နည်း၊ဟောနည်း တကြိမ်တခါမှ မမြင်ဘူးပေါင်…..

ဘာပဲဖြစ်ဖြစ် ဗေဒင်ဆရာကြီးကိုတော ့ ကျေးဇူးတင်တယ်။ ဒီမှာနေပူကျဲကျဲအောက် ပြေးရလွှားရတာ ပင်ပန်းနေပြီမို ့….. မွန်းလွဲနေလည်းစောင်းနေပြီ။

ညပိုင်းရောက်တော ့ ချောင်းဘေး မြေညီတဲ ့နေရာရှာ မီးဖိုပြီး အိပ်ယာနေရာပြင်၊ ပလပ်စတစ်မိုးကာလေး မြေပေါ်ခင်း မီးဖိုဘေးမှာ ခဏတဖြုတ် လေပန်းကြ၊

ပြောကြတဲ ့အထဲမှာ အတူပါလာတဲ ့ ကောင်လေးတစ်ယောက်ရဲ ့ ပုံပြင်တစ်ပုဒ်ကို မှတ်မိနေသေးတယ်။ ကောင်လေးပြောပြတဲ ့ပုံပြင်က

 

တခါက လူတစ်ယောက်ကသူ ့နွားတစ်ကောင်ကို ရောင်းချင်သတဲ ့။(နွားသမားတွေ နွားပုံပြင်ပဲ ပြောတာ သဘာဝမကျဘူးလား)

ဒီသတင်းရတော ့ နွားပွဲစားတွေ အဲဒီ ့နွားကိုလာကြည် ့ကြတယ်။ နွား ကြန်အင် အမြီး၊ အမွေး၊ ချို၊ခွာ နောက်ပြီး သွား စုံ မစုံ ပါးစပ်ဖြဲ သွားကိုကြည် ့ပေါ ့။

တစ်ယောက်ကလာ သေချာစစ်ကြည် ့ နောက်မဝယ်ဖြစ်ပဲပြန်သွား၊ နောက်ယောက်လာကြည် ့ သူလည်းပဲ မဝယ်ဖြစ်၊ နောက်တစ်ယောက်ပြီး တစ်ယောက်

ဘယ်သူမှ မဝယ်ဖြစ်… နွားခမျာလည်း တစ်ယောက်လာလိုက် ပါးစပ်ဖြဲသွားအကြည် ့ခံလိုက် မကြာခဏဒီလို သွားပြနေရတော ့ ကြာတော ့ အဲဒီနွားဟာ

သူစိမ်း သူ ့ခြံထဲဝင်လာတာမြင်ရင် အလိုလို သွားဖြီးပြနေတော ့သတဲ ့။

(စာဖတ်သူမိတ်ဆွေများ ခင်ဗျာ ကျေးဇူးပြုပြီး ဒီပုံပြင်လေးကို အရွယ်လွန်အပျိုကြီးများအားပြန်လည် မပြောပြမိစေရန် ကြိုတင် အနူးအညွှတ်တောင်းပန်

ပါတယ်ခင်ဗျာ… လူကဲမတတ်၊ အနေမတတ်တဲ ့ ကျနော် တောတွင်းပျော် ခမျာမှာ ရွာကကျောင်းဆရာမ အပျိုကြီးအား ဒီ ပုံပြင်လေးအား ပြောပြမိပါရွေ ့)

 

ပုံပြင်လေးပြီးတော ့ ခင်းထားတဲ ့အခင်းပေါ် ကျောခင်း စောင်ပါးလေးကိုခြုံ  တစ်နေ ့တာ ပင်ပန်းသမျှ အနားယူပါတော ့မယ်။

ထာဝရဘုရားက မြေမှ ုန်ကနေလူသားကို ဖန်ဆင်းခဲ ့ပါသတဲ ့၊ မြေကြီးကလာတဲ ့ လူသားဟာ တစ်နေ ့ကျရင် မြေကြီးကို ပြန်သွားရမယ်တဲ ့လေ….

အင်း.. ပြန်မသွားခင်လေးတော ့ မြေကြီးပေါ်မှာပဲ မြေကြီးသားပီပီ ဒီညတော ့ တောတွင်းပျော်အိပ်ရတော ့မယ်။

ဩကာသတွေလည်းမရွက်နိုင်တော ့ဘူး… ငါတို ့နွားတစ်ကောင်လုံး ပြန်ပြေးဆွဲထားတဲ့ တောပိုင်တောင်ပိုင်တွေကိုလည်း မေတ္တာ မပို ့နိုင်တော ့ဘူး။

မျက်ခွံတွေလည်းလေးလှပြီ။ မနက်ကျရင် တောချက်အရက်တစ်လုံး ကြက်တစ်ကောင်နဲ ့ ပြန်ရွေးရမယ် ့ဟာ..   မနက်ကျရင် ကြက်သားစားရချည် ့သေးရဲ  ့။

အိပ်နေကျနေရာမျိုးမဟုတ်တော ့ နိုးလိုက် ပျော်လိုက်ပါပဲ။ ဒီကြားထဲ အိပ်မက် မက်လိုက်ပါသေးတယ်….

အိပ်မက်ထဲ ပျောက်နေတဲ ့နွားကြီးကို လိုက်ရှာနေတာ…ချုံကွယ်အလွန်တနေရာမှာ  ပါးစပ်ဖြီးပြီး သွားပေါ်အောင်ပြုံးပြနေတဲ ့ပျောက်တော်မူကြီးကို

တွေ ့လိုက်ရတယ်။ ကျနော ့ကို စပ်ဖြီးဖြီးပြုံးပြရင်း မျက်စိတစ်ဖက်တောင် မှိတ်ပြလိုက်သလားပဲ။

” တောက် ”

 

မနက် မိုးမလင်းခင် အားလုံးနိုးနေကြပြီ။ ညက ကျထားတဲ ့နှင်းစက်တွေကြောင် ့ဘယ်လိုမှ အိ်ပ်မရအောင် ခြုံစောင်တွေကစိုနေပြီ၊ မီးဖိုဘေးမှာ ငုတ်တုတ်ထိုင်ရင်း

မိုးအလင်းကို စောင် ့နေကြတော ့တယ်။ မိုးလင်းတာနဲ ့ တပြိုင်နက် ခေါင်းဆောင်ကြီး ခုနှစ်ဝါရွာကို ကြက်ရှာ အရက်ဝယ်ဖို ့ထွက်သွားြ့ပီး နောက်၂နာရီကြာလောက်

မှပြန်ရောက်လာတော ့ ကြက်တစ်ကောင် အရက်တစ်ပုလင်း ပါလာတယ်။  ရောက်ရောက်ခြင်းပဲ ပသဖို ့အတွက် ကြက်ကိုချက်ပြုတ်၊ အားလုံးပြီးစီးတာနဲ ့

ပူဇော်ပသဖို ့ သစ်ပင်ကြီးကြီးတစ်ပင်အောက်မှာ ပြင်ဆင် ” တောပိုင်တောင်ပိုင်တို ့အား အမှားအယွင်းပြုလုပ်မိပါကတောင်းပန်ပါကြောင်း၊ ပျောက်သွားတဲ ့

နွားကိုပြန်လည်ပို ့ဆောင်ပေးပါရန်တောင်းပန်ကြောင်း”  တောင်းပန်….     ဘာရမလဲ … အရက်တစ်လုံး ကြက်တစ်ကောင်တောင်ရင်းထားတာ..

လမ်းခရီးမှာ အဆင်ပြေချောမွေ ့အောင် ကူညီဆောင်မပေးပါရန် အဆစ်ထည် ့ပြီးတောင်းဆို

အခမ်းအနား အစီအစဉ်ြ့ပီးတော ့ နတ်ကျစာကို လူတွေကဆက်လက်ပြီး သုံးဆောင်… တစ်လမ်းလုံးစားလာခဲ ့ရတဲ ့ ငါးခြောက်အကြောင်း မစဉ်းစား

ချင်တော ့ဘူး….

ဒီလိုနဲ ့ နေ ့လည်ဖက် အားအားယားယား ပျောက်သောနွား တွေ ့လိုတွေ ့ငြား ဆက်ရှာ…. မတွေ ့..ညနေတောင်စောင်းလာပြီ။ ညနေစာ ချက်ပြုတ်ဖို ့တောင် ပြင်ဆင် နေကြပြီ။ ပျောက်တော်မူကြီးက ပေါ်တော်မမူနိုင်သေး…

ထမင်း ဟင်းကျက်ပြီးကုန်ပြီ… ဘာအရိပ်အရောင်မှမတွေ ့ရ…

မစောင် ့နိုင်တော ့ ပြီ… ညစာ စားဖို ့ပြင်ဆင်ပြီး ထမင်းဝိုင်း ဝင်ထိုင်မယ် အလုပ်.. တစ်ယောက်က ထမင်းဝိုင်းက ရုတ်တရက်ထပြီး

ဝမ်းသာအားရ လက်ညှိုးတငေါက်ငေါက်ထိုးရင်း

ဟိုမှာပြန်လာပြီ၊ ဟိုမှာပြန်လာပြီ     ထအော်လို ့ လှမ်းကြည် ့လိုက်တော ့ ဟုတ်ပါလေရဲ  ့။ တို ့လို ့တန်းလန်း ထမင်း ဟင်းပန်းကန်တွေချပြီး

တအုံကြီး တပြုံကြီးထွက်သွားပြီး ပြန်လာတော်မူကြီးကိုဝမ်းသာအားရ ကြိုဆိုနေလိုက်ကြတာများ ပန်းကုန်းရှိရင်တောင် စွပ်ပေးလိုက်ချင်ရဲ ့။

 

ခရီးတန် ့အောင် ဖြစ်ခဲ ့တဲ ့ပြဿနာကတော ့ပြီးသွားပါပြီ။ တဲရှင်ပြောလိုက်တဲ ့စကားကိုပဲ နားထဲပြန်ကြားယောင်နေမိတယ်။

” ဆက်မရှာနဲ ့တော ့၊ မနက်ဖြန် ညနေစောင်းရင် နွားချည်တဲ ့နေရာကို ပြန်ရောက်လာလိမ် ့မယ်”

ပြောတာကခပ်ပြတ်ပြတ်၊ ဘယ်လို အတိအကျဟောနိုင်တဲ ့ဗေဒင်မျိုးပါလိမ် ့……………………………

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ကျနော် တောတွင်းပျော် နယ်စပ်ကို နွားအငှားမောင်းလိုက်ခဲ ့တုန်းက ကြုံတွေ ့ခဲ ့အဖြစ်အပျက်လေးပါ။

ခုနှစ်ဝါရွာ= ကရင် အခေါ် မောထီးရွာ( ဘုရားသုံးဆူလမ်း အနန်းကွင်းရွာမှ အနောက်ဖက်သို ့ ချိုးဝင်သွားရသည်။)

 

 

19 comments

  • မောင်ပေ

    February 8, 2013 at 9:05 am

    သွားဖြီးပြ
    နွားကြီးလှ
    ကျားထီးက
    စားပြီးထ
    ငါးစီးရ

  • kyeemite

    February 8, 2013 at 9:17 am

    အင်မတန်စတ်ဝင်စားစရာကောင်းတဲ့ တောတွင်းခရီးသွားဇတ်လမ်းလေးပါပဲ
    အရေးအသားကလည်းကောင်းတော့ လျှောကနဲဖတ်ဖြစ်သွားတယ်… :hee:

  • weiwei

    February 8, 2013 at 9:33 am

    ဒါကြောင့် ရှေးလူကြီးတွေ ပြောခဲ့တာဖြစ်မယ် … အလကားရတဲ့နွား သွားဖြဲမကြည့်နဲ့တဲ့ … :hee:

  • Shwe Ei

    February 8, 2013 at 9:39 am

    အိုက် ဗေဒင်စိတ်ဝင်စားသွားဘီဗျာ။
    လေယာဉ်လက်မှတ် အသွားအပြန်ဖြတ်ပြီးတော့ကို
    ဗေဒင်သွားမေးပလိုက်အုံးမယ်။ သများရဲ့ ပျောက်နေတဲ့နံရိုးလေး
    ဘယ်မာပါလိမ့်လို့။ :mrgreen:

  • မိုချို

    February 8, 2013 at 10:44 am

    ကောင်း လိုက်တဲ့ အရေး အသားလေး ။ ဘဝ ရဲ့ အတွေ့ အကြုံတွေ ကို ရေးတတ်တဲ့ သူက အဲလို ချရေး ပြတော့ လည်း ဖတ် ရ တဲ့ သူ အတွက် စိတ်ဝင်စား စရာ ဖြစ်ရတယ်။ တောတွင်း အတွေ့ အကြုံ တွေ ရေး ပါ အုံး နော။ တောကောင် လေးတွေ ပုံတွေ ရောပေါ့ ။

  • ဦးကြောင်ကြီး

    February 8, 2013 at 11:10 am

    နွားဗေဒင်
    ကျားငွေခင်
    ဝါးရွှေစင်
    ဖားနေစဉ်
    အားတွေဝင်
    သားရေငင်
    လားမြွေအင်
    ပါးဆွေလျင်..။

  • MaMa

    February 8, 2013 at 3:22 pm

    နွားကုန်ကူးတဲ့ အတွေ့အကြုံကလည်း ထူးဆန်းလိုက်တာ။
    တဲပိုင်ရှင် အဖိုးကြီးရဲ့ ဗေဒင်က ပိုလို့တောင် ထူးဆန်းနေသေးတယ်။

    ဒါပေမယ့် တောစောင့်နတ် တောင်စောင့်နတ်တွေကို ပူဇော်ပသပြီး တောင်းပန်လို့ နွားကြီး ပြန်ရောက်လာတယ်ဆိုတာကို သဂျီး မမြင်စေနဲ့။ :kwi:

    ပြောမယ့်သာ ပြောရတာ… အဲဒီတဲပိုင်ရှင် အဖိုးကြီးလည်း တစ်နေ့မှာ အီးတီလို မြို့တက်ပြီး နာမည်ကြီး ဗေဒင်ဆရာ မဖြစ်ဘူးလို့ မပြောနိုင်ဘူး။

  • Wow

    February 8, 2013 at 4:03 pm

    ဟိုဘက်မှာနွားတွေသွားရောင်းတာလား.. :eee:

    • တောတွင်းပျော်

      February 8, 2013 at 7:01 pm

      ဟုတ်ကဲ ့ ခင်ဗျ…
      ၂၀၀ဝ ခုနှစ် ဟိုဖက်ပိုင်းတုန်းကပါ…
      နယ်စပ်က ကရင် စခန်းသစ် စခန်း မကျခင်လောက်ကပေါ ့…
      အဲဒီ စခန်းနဲ ့ မနီးမဝေး က စနေဒိုင်ကိုပို ့တာ…
      စနေဒိုင်ကနေ ထိုင်းဖက်ကို ၁ ပတ်ကို နွား အကောင် ၆၀၀၊ ၇၀ဝ လောက် ဝင်သတဲ ့။
      ကျနော်တို ့သွားပြီး နောက် ၃လအကြာလောက်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပြီး
      စခန်းသစ်ကျသွားတယ်…

  • pooch

    February 8, 2013 at 6:08 pm

    သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့ ။ ဆိုင်ရာ ပိုင်ရာ ဆိုတာ ရှိတာပဲ ။

    ဒါမျိုးကလည်း ပြောမယုံ ကြုံဖူးမှ သိတာမျိုး ။

    စိတ်ဝင်စားစရာကောင်းတယ် ။
    နောက်ရှိသေးရင်လည်း တင်ပါအုန်း။

  • padonmar

    February 8, 2013 at 10:07 pm

    ဒီမှာ
    ရွာထဲက အပျိုကြီးတွေ ပါးစပ်မဟရဲရင် တော့်ကြောင့်ပဲ။
    နောက်မှ မာနကြီးတယ်၊ပြုံးပြဖော်တောင်မရဘူး မပြောနဲ့။

  • ခီညားဂလည်း ဟိုဇာတ်ကား မကျိဖူးဘူးလား …
    ဘာတဲ့ .. ဟာသကားဗျာ …
    အဲ .. အဲ .. ဟုတ်ပီ .. မစ္စတာ ဘွန်း … တဲ့ဗျ …
    အိုက်ဇာတ်ကားထဲမှာ မစ္စတာ ဘွန်းက ဗေဒင်ဆရာ …
    အရိုး ဗေဒင်ဆရာလို့ ပေါရမယ်ဂျ …

    သူက တစ်ခုခု ဖြစ်ပြီဆို အဲ့ဒီ အရိုးလိုလို ဘာလိုလို ဟာတွေ ထုတ် ..
    သူ့ လက်ခုပ်ထဲ ထည့်ပြီး ပါးစပ်ကနေ တတွတ်တွတ် ရွတ်လို့ …
    ဟက်ချလောင်း ဆို … အောကို ပစ်ချလိုက်ပါလေရော ….
    အိုက်ဒီမှာ ပေါ်တဲ့ပုံစံကို ကြည့်ပြီး တွက်လိုက်ဒါရယ် ……….။

    အခု ခီညားတို့ကို ဟောလိုက်တဲ့ အဖိုးကြီး ကလည်း …
    အိုက်ဒီ အရိုး ဗေဒင် အမျိုးအစား ထဲကပဲပေါ့ဗျာ ……

    ဒါ့ထက် … နွားဝယ်တဲ့ ကိစ္စ ..
    အင်း .. ခီညား အဆိုအရ နွားက သွားဖြီးပြတဲ့ ကိစ္စပေါ့ဗျာ …
    အိုက်ကိစ္စကလည်း နွားလိုက်ဝယ်တဲ့အခါ အရေးကြီးတာပဲဗျ ….

    ရှိစေတော့ … ဒါဘာဗျဲဂျာ ……။

  • kai

    February 9, 2013 at 2:23 am

    မြန်မာ့ရိုးရာဗေဒင်အထဲ.. မဟာဘုတ်က.. အင်မတန်စွမ်းပါတယ်..
    ဖြစ်တဲ့နေရာ..ဖြဟ်တဲ့အချိန်မှာ.. ဝန်းကျင်အခြေအနေနဲ့အရကောက်ဟောတာ..
    တော်တော်မှန်တယ် ကြားဖူးဖတ်ဖူးတယ်..

    အဲဒါမျိုးဖြစ်မှာပေါ့..

    ဆိုတော့…
    နွားကပျောက်တာနဲ့.. ပြန်ရတာ ၂ခုထဲရှိတာမှာ.. ၂ခုကို. တခုအပိုင်ကောက်ဟောရင်.. ၅ဝ ရာခိုင်နှုန်းထဲကစားရတာမို့..
    .. ၁ဝခါမှာ.. ၃ခါတိုးရင်.. လူ့မနောစိတ်နဲ့..ပေါင်းပြီး.. ” ဟာ..မှန်လိုက်တာဖြစ်.. “အိုကေပဲ..
    အာဟိ… :kwi:

    ( အချက်အလက်ဖမ်းကိုင်ပြောပေမယ့်… စာရေးသူရဲ့..စာအဖွဲ့လေး.. အင်မတန်ကောင်းကြောင်း..ပါနော.. ကျေးကျေး.. :harr: )

    • ဦးကြောင်ကြီး

      February 11, 2013 at 1:14 am

      အဲ့လိုဒေါ့ လိုရာဆွဲ မတွေးနဲ့လေ သဂီးရဲ့။ ပရော်ဗယ်လီးတီး ဖြစ်တန်စွမ်းပေါဂျေးဆို နှစ်ခုထဲ ဘယ်ကမလဲ။ အရပ်ဆယ်မျက်နှာနဲ့တွက်ရင် နွားခြေဦးတည့်ရာ သွားမည့်ကိန်းက ဆယ်ခုရှိတယ်။ ၃၆ဝံနဲ့ဆိုရင် ဖြစ်နိုင်ချေ ၃၆ဝ ရှိပြီ။ ဒါက မျဉ်းဖြောင့်အတိုင်း တည့်တည့်မတ်မတ် သွားတယ်လို့ ယူဆထားတာ၊ တကယ်တန်းမှာ ဘယ်သူမှ တဖြောင့်ထဲ မသွားနိုင်ဘူး၊ ဆိုတော့ ဖြစ်တန်စွမ်း အနန္တရှိတယ်။ အဲဒီထဲကမှ ပိုင်ရှင်ရှိရာ တန်းတန်းမတ်မတ် ပြန်ရောက်လာတာ မထူးဆန်းဘူးလား။ မယုံရင် သဂျီးကိုယ့်ဖာကိုယ် (ကိုယ်တိုင်လို့ပြောတာနော်၊ ဇိမ်မယ်ကိုဆိုခြင်းမဟုတ်) မျက်စိမှိတ်ပြီး တနေရာကနေ အိမ်ပြန်ကြည့်၊ ရာခိုင်နှုန်းဘယ်လောက် အိမ်ပြန်ရောက်ကိန်း ရှိမလဲလို့….။ ဝိုင်းဆဲဂျကွာ သချင်္ာပညာကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်တဲ့ သဂျီးဂို…. 👿

      • kai

        June 20, 2016 at 7:38 am

        ကကြောင်ပြောတာပြန်ဖတ်ကြည့်တော့ … ဟုတ်သလိုလိုပဲ..
        အရပ်၁ဝမျက်နှာ..။
        အင်း.. မြေလျှိုးမိုးပျံတတ်တဲ့နွား…။
        နတ်နွားကြီးကိုး..။
        နတ်နွားလည်း.. ပြန်မယ်ဆို ချည်တိုင်ကိုမှ မပြန်ရင် ဘယ်မယားငယ်ဆီသွားပါ့မလဲပေါ့…။
        :k:

        • တောတွင်းပျော်

          June 21, 2016 at 11:47 pm

          သဂျီး
          ကျွဲတွေကသာ ညနေစောင်းအချိန်တန်ရင်
          သူ ့တို ့ဘာသာ ချည်တိုင် (တင်းကုပ်) ကိုပြန်လာတတ်တာ။
          နွားတွေကတော ့ မခေါ်မခြင်း ( မသွင်းမခြင်း ) မပြန်ရေးချ မပြန်။
          ဒါကြောင် ့လည်း နွားရိုင်းသွင်းချိန် ဆိုတဲ ့ မြန်မာစကား ရှိနေတာနေမှာ …

  • ကိုတောတွင်းပျော် ရေ …

    ” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ အတွက် …
    တက်ရောက် အားပေးပါရန် ဖိတ်ကြားပါတယ်ဗျို့ …
    ဘာလို့တုန်းဆိုတော့ …
    ခင်ဗျားရဲ့ ဒီပို့စ်လေးက ဇကာတင်စာရင်း ပါဝင်ခဲ့လို့ပါပဲ ….
    ကိုင်းဗျို့ …. လာဖြစ်အောင် လာခဲ့နော့ ….။
    ကျုပ်ကို ဆတ်လေးများ ရှိရင်လည်း တစ်ကောင်လောက်ဗျာ … :mrgreen:

    ဒု – အတွင်းရေးမှူး
    အဟာအံ

  • Thint Aye Yeik

    June 20, 2016 at 10:17 am

    ဒီပိုစ့်ကို အဲ့တုန်းက ဘာလို့ မဖတ်ခဲ့ပဲ ကျော်သွားပါလိမ့်။
    အခုမှ ပြန်တက်လာလို့ ဖတ်မိသွားပြီ။

    ကတောပျော်ကြီးက ဘဝသရုပ်ဖော် စာရေးဆရာကြီး ဖြစ်လာမှာ

    • တောတွင်းပျော်

      June 21, 2016 at 11:40 pm

      ဝါသနာပါလို ့ ရေးနေရတာပါဗျာ ..
      စာရေးဆရာဖြစ်ဖို ့ကတော ့ …
      ကျေးဇူးပါ ကိုသင် ့အေးရိပ် .. ဝင်ဖတ်သွားလို ့

Leave a Reply