( ကျောင်းတက်လာကြ ငယ်သူငယ်ချင်းတွေ – ၂ ) ကျနော် မတူပီကျောင်းတက်နေစဉ်ကာလတုန်းက ကစားဖော်အပေါင်းအသင်းအများစုက ကျောင်းဆရာ သားသမီးတွေချည်း။ ကျောင်းအုပ်ဆရာကြီးက ချင်းပြည်မြောက်ပိုင်း တီးတိန်ဖက်က။ မြို ့နယ်ပညာရေးမှူးက ဖလမ်းလူမျိုး။ တီးတိန်နဲ ့ ဖလမ်းဟာ မြေပုံထဲမှာ နယ်မြေခြင်းထိစပ်တဲ ့ မြို ့နယ် နှစ်ခုဖြစ်ပေမယ် ့ စကားမတူပါဘူး။ နောက်ပြီး ဆရာကြီးနဲ ့ ပညာရေးမှူး နှစ်ယောက်စလုံးဟာ ဗမာလို လည်လည်ဝယ်ဝယ်ပြောရတာခက်နေတော ့ သူတို ့ နှစ်ယောက် အချင်းချင်းဆုံရင် အင်္ဂလိပ်လိုပြောတာများပါတယ်။ ကျောင်းအုပ်ကြီးက ဟိုခေတ်တုန်းက ရ တန်းအောင်ဆိုလား။ သိပ်တော ့မမှတ်မိတော ့ဘူး။ ဒါပေမယ် ့ သူတို ့ရဲ ့ အင်္ဂလိပ်စာ အရေးအပြောကတော […]