Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျောင်းတက်လာကြ ငယ်သူငယ်ချင်းတွေ – ၁

ကျောင်းဖွင် ့ရာသီ ကျောင်းသူကျောင်းသားတွေ ကျောင်းတက်ကျောင်းဆင်း သွားလာနေတာတွေ ့ရတော ့
ခုခေတ်ကျောင်းသားလူငယ်တွေ ကျောင်းတက်သွားလာရတာ အဆင်ပြေလာကို တွေ ့ရတော ့
တောတွင်းပျော် ငယ်ဘဝတုန်းက
နယ်က ကျောင်းလာတက်ကြတဲ ့ သူငယ်ချင်းတွေကို သတိရလာပြန်တယ်။

ခုတောတွင်းပျော်နေတဲ ့ ဒေသက အရင်က အနက်ရောင်နယ်မြေ
ဒါမှမဟုတ် အညိုရောင် သတ်မှတ်ခံရတဲ ့ရွာ။
ဟိုတုန်းက ကျေးရွာတွေတိုင်းမှာ စာသင်ကျောင်းရှိဖို ့ဆိုတာ
အလွန်ခက်ခဲပါတယ်။ နှစ်ရွာပေါင်း သုံးရွာပေါင်း ခနော်ခနဲ ့ စာသင်ကျောင်းတစ်ကျောင်းဆိုသလို။ ကျောင်းဆရာ/မ ဆိုတာကလည်း ရှားတယ်။ ဟိုတုန်းကများဆို ၈ တန်းအောင်
ရွာခန် ့ ဆရာ/မတွေ ရဖို ့တောင် အနိုင်နိုင်။
မိဘတွေဆိုတာကလည်း စာမတတ်တာတွေများတော ့ သားသမီး
ကျောင်းထားတာတောင်မှ သူများထားလို ့ လိုက်ထားရတဲ ့ ပုံစံလို
ဖြစ်နေတာ။ ဒီကြားထဲက အမျှော်အမြင်ကြီးမားတဲ ့ မိဘတစ်ချို ့တလေကသာ သားသမီးတွေကို ဒီပုတ်ထဲက ဒီပဲ အဖြစ်က ဖောက်ထွက်နိုင်ဖို ့ ကြိုးစားကျောင်းထားပေးကြတာ။

ဟိုတုန်းကဆိုတာ ခေတ်အခြေအနေကြီးက ကောင်းလှတာမှ မဟုတ်ဘဲ။ အစိုးရတပ်တွေနဲ ့ ဒေသခံလက်နက်ကိုင်တွေ တချိန်လုံး
ပြေးတမ်းလိုက်တမ်း ဖြစ်နေတဲ ့အချိန်။ အမြဲတမ်း ရင်တထိတ်ထိတ်
နေရတဲ ့ခေတ်။ အဲဒီခေတ် အဲဒီအခါအချိန်က ကျနော်တို ့ဒေသဖက်က ၁ဝ တန်းအောင်ကျောင်းသားဆိုတာ လက် ၅ ချောင်း ပြည် ့အောင်တောင် ရေတွက်ဖို ့မရှိ။

ခုနောက်ပိုင်း KNU နဲ ့ မြန်မာစစ်တပ် အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေးယူပြီးချိန်မှာတော ့ ကျနော်တို ့ ဒေသတွင်းမှာ ငြိမ်းချမ်းခြင်း အသီးအပွင် ့အဖြစ် အပြောင်းလဲကြီး ပြောင်းလဲသွားတယ်။
ဘယ်တုန်းကမှ ကားလမ်းပေါက်လာလိမ် ့မယ်လို ့ မမျှော်လင် ့ဝံ ့ခဲ ့တဲ ့ရွာတွေ ခုဆို ကားကြီးကားငယ် အကုန်ရောက်ကုန်ပြီ။
ဆေးပေးခန်းတွေ စာသင်ကျောင်းတွေရှိကုန်ပြီ။ တချို ့ရွာက စာသင်ကျောင်းတွေဆို KNU က ဦးစီးဦးဆောင်ပြီး နိုင်ငံခြားအလှူတွေနဲ ့ ဆောက်တဲ ့ ခမ်းခမ်းနားနား စာသင်ကျောင်းကြီးတွေ။ ပညာရေးဝန်ထမ်းတွေကိုတော ့အစိုးရဖက်က စီစဉ်ဆောင်ရွက်ပေးထားပါတယ်။
နယ်မြေအေးချမ်းသွားတော ့ KNU ဖက်ကနေလည်း ကျန်းမာရေးကိစ္စတွေ အရင်ကထက်ပိုပြီး အလေးပေး ဆောင်ရွက်ပေးနိုင်လာတာကို တွေ ့ရတယ်။

ခုဆို ဟိုအတွင်းပိုင်းကျတဲ ့ရွာတွေမှာမြင်တွေ ့နေရတာက
အိမ်ကြီးအိမ်မတွေသာ နေလို ့ရရုံသာဖြစ်ချင်ဖြစ်ပါစေ ရေလောင်းအိမ်သာကို အထူးအလေးပေးဆောက်နေကြတာ
တွေ ့လာရတယ်။
ဟိုတုန်းက ပြင်ပနဲ ့ အဆက်အသွယ်နည်းခဲ ့သလောက် ခုနောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး ကောင်းလာတဲ ့နောက်ပိုင်း ကျန်းမာရေးဗဟုသုတတွေလည်း တိုးလာကြတယ်။
ကျေးရွာတိုင်းမှာလည်း အိမ်တိုင်ယာအရောက် ရေပိုက်တွေ သွယ်လာနိုင်ကြတယ်။
ဒါတွေက သိပ်မကြာသေးတဲ ့ နှစ်ကာလအတွင်းမှာ ပြောင်းလဲလာတဲ ့ ကျနော်တို ့ဖက်က မြင်ကွင်းတွေပါ။

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

တောတွင်းပျော်ငယ်ဘဝဟာ ချင်းပြည်တောင်ပိုင်းက မတူပီ ဆိုတဲ ့မြို ့ကလေးကနေ ကြီးပြင်းလာခဲ ့တာ။
မတူပီမြို  ့ဟာ တောင်ကုန်းတောင်တန်းပေါ် ခွအုပ်တည်ထားပြီး
မြို ့ထဲမှာ လမ်း ရှစ် လမ်းဆုံတဲ ့ လမ်းဆုံရှိနေတာကလည်း ထူးခြားချက်တစ်ခုပေါ ့။
တောတွင်းပျော်တို ့ နေခဲ ့တဲ ့တုန်းက မတူပီနဲ ့ အနီးဆုံးမြို ့ ဖြစ်တဲ ့မင်းတပ်မြို ့ဟာ ၁၀၂ မိုင် ဝေးပြီး မိုးတွင်းဆို လနဲ ့ ချီသွားရတဲ ့ လမ်းမျိုး။
ဒီအချိန်တုန်းက အောင်ဆန်းသူရိယ ဦးတိုက်ချွန်းကြီး သက်ရှိထင်ရှား
ရှိနေသေးတဲ ့အချိန်။

မိုးတွင်းဆို မှိုင်းခိုးတွေ သိပ်သိပ်သည်းသည်းဝေ စိုစွတ်နေတတ်သလောက် နွေရောက်ရင် တိတ်ဆိတ်ခြောက်သွေ ့
နေတတ်ပြန်ရော …
ဒီအကြောင်းတွေ အစဖော်ပြန်ရေးမိပြန်တော ့ ငယ်ငယ်က
မြို ့ကလေး တောင်ကုန်းပေါ်ကနေ အမြဲ လှမ်းမျှော်ကြည် ့မိခဲ ့
ဘုံတလာရေတံခွန်ကြီးကို အမှတ်ရလာပြန်တယ်။
ဒီရေတံခွနကြီးဟာ လေးမြို ့မြစ်ရဲ ့အစ။

~~~~~~~~~~~~~~~~~~

ကျနော်နေခဲ ့ချိန် အစပိုင်းလောက်က မတူပီမြို ့နယ်တစ်ခုလုံးမှာ
အထကကျောင်း တစ်ကျောင်းသာရှိပါသေးတယ်။
ဒီတစ်မြို ့နယ်လုံးက အထကကျောင်းသားတွေဟာ မတူပီမြို ့ကို ခြေကျင်လာပြီး ကျောင်းလာတက်ကြရတာ။
တချို ့ကျောင်းသားတွေဆို မိုင် ၅၀/ ၆ဝ ရပ်ဝေးလောက်နေ လာတက်ကြတယ်။ အနီးဆုံးရွာဖြစ်တဲ ့ ဖနိုင်ရွာ ငလိုင်ရွာတောင်မှ
၈ မိုင် ၉ မိုင်ခရီး။
ဒီမြို ့ကလေးရဲ ့ မိုးဦးကျောင်းစဖွင် ့ချိန်မှာ ကျောင်းသားပြည် ့ပြည် ့စုံစုံဆိုတာ တစ်ခါမှမရှိ။ တစ်နှစ်တာ ကျောင်းဖွင် ့ချိန်
တနင်္လာနေ ့မနက်ပိုင်းနဲ ့ သောကြာနေ ့ ညနေပိုင်းလည်း ရပ်ဝေးကျောင်းသားတွေ မစုံနိုင်။

ဇွန်လကျောင်းဖွင် ့ချိန်မတိုင်ခင် မေလလယ်လောက်ကစပြီး ရပ်ဝေးကျောင်းသားတွေ မတူပီမြို ့ကိုရောက်လာကြပါပြီ။ တချို ့က
အိမ်ငှားရှာဖို ့။
အများစုက အထကကျောင်း ပရဝုဏ်အတွင်းမှာရှိတဲ ့ တောင်ကုန်းစောင်းပေါ်မှာ ကျောင်းတက်စဉ်ကာလအတွင်းမှာ
နေထိုင်ဖို ့ တဲကလေးတွေဆောက်ဖို ့။
ကျောင်းမှာ အဆောင်ဘော်ဒါရှိသလားဆိုတော ့ ရှိပါတယ်။
ဒီဘော်ဒါဆောင်ကြီးက အရေးခင်းပြီးနောက်ပိုင်း
ပုံစံ ၃၁ ဖောင်အဖြည် ့မှားလို ့ ဝန်ထမ်းဘဝကပြုတ်ပြီး ကျောင်းဆရာ/မဖက်ကို ဝင်လာတဲ ့ မြေပြန် ့က ဆရာမတွေ အဓိကနေတာပါ။

သူတို ့တဲဆောက်ရတဲ ့ အလုပ်ဟာ အင်မတန်ပင်ပန်းပါတယ်။
မြို ့ပေါ်ကနေ ဖြတ်လမ်း ၃ မိုင်လောက် ဇောက်ဆင်းရတဲ ့ လေးမြို ့ ချောင်းဘေးကနေ ဝါးတွေခုတ် ထမ်းတင်။ တစ်နေ ့ ၂ ခေါက် ၃ ခေါက် အတက်အဆင်းလုပ်ထမ်းရတာ။
နောက် သက်ငယ်(သက်ကယ်) ရိတ်။ အစပိုင်းမှာ ရွာက ညီအကိုမောင်နှမ ဆွေမျိုးသားချင်းတွေလာကူနိုင်ကြပေမယ် ့
မိုးဦးကျချိန်မှာတော ့ တောင်ယာအလုပ်တွေပြန်လုပ်ကြမှာမို ့
အချိန်ပြည် ့ မကူညီနိုင်။
တချို ့က ကျောင်းစဖွင် ့ချိန်အထိတိုင် တဲထိုးမပြီးသေး။ ဒါဆို ညနေကျောင်းဆင်းပြီးချိန် လေးမြို ့ချောင်းကို ပြေးဆင်း ဝါးတစ်ခေါက်စာ ခုတ်ထမ်းတက်လာ။
အဲဒီအချိန်က နယ်ကျောင်းသားတွေရဲ  ့ဘဝဟာ
အသက်ရှုအမောဆို ့လောက်အောင်ကို ပင်ပန်းလှပါတယ်။

ဟိုတစ်ချိန်တုန်းက ခုခေတ်လို ပလတ်စတစ်တွေ ပေါပေါများများမရှိသေးတော ့ ရေခပ်ရေသယ်ရတဲ ့ နေရာမှာလည်း ဗူးခါးခြောက်ဘူးတွေ သုံးကြရတယ်။ ဒီဗူးခွံတွေက အထိအခိုက်မခံနိုင်တာမို ့ အတော်ဂရုစိုက်ပြီး ထိန်းသိမ်းရတာ။ ရဖို ့ကလည်းမလွယ်။ ထိမိခိုက်မိလို ့ ကွဲသွားပြီဆိုရင်လည်း သူတို ့အတွက် အတော် ဒုက္ခများတာ။
အဲဒီအချိန်ကာလက မတူပီမြို ့ဟာ ဆောင်းရောက်လာပြီဆို ရေခက်ခဲလာတာမို ့။ ရသလောက်ရေကို ရှိသလောက် ဘူးတွေနဲ ့
စုထားရတယ်။

တချို ့ကျောင်းသားတွေရဲ ့ ရွာ ခရီးအလှမ်းဝေးလွန်းတော ့ သောကြာနေ ့ မွန်းလွဲကျောင်းမတက်ဘဲ ရွာကိုပြန်ကြပါတယ်။
ကျောင်းသားတွေရဲ ့ ရွာနာမည်တွေကို မှတ်ပြီး ဆရာတွေက ခွင် ့ပေးရပါတယ်။ မပေးလို ့မရ။
တစ်ချို ့က ရွာပြန်ရောက်ဖို ့အရေး လမ်းမှာ တစ်ညအိပ်သွားတယ်။
ရွာရောက်တော ့လည်း မနားအား …
နောက်တစ်ပတ်စာ နှစ်ပတ်စာ ရိက္ခာ ဆန် ကျောက်ဖရုံ ရွှေဖရုံ
မျောက်ဥ စတာတွေစု။ ပြီးတာနဲ ့ ပြန်လှည် ့လာ။
မတူပီကို ပြန်ရောက်တော ့ တနင်္လာနေ ့ မနက်ကျောင်းတက်ချိန်
မမှီပြန်။
ခရီးဝေးလွန်းတော ့ ရိက္ခာလည်းများများမထမ်းနိုင်။
သူတို ့က မထမ်းနိုင်ဘူးဆိုရင်တောင်မှ ဆန်အိတ်ကြီးတစ်အိပ်စာလောက်တော ့ ထမ်းသွားကြတာပါပဲ။
၉ တန်း ၁ဝ တန်း အရွယ်တွေဆိုပေမယ် ့ အရမ်းသန်မာကြတယ်။
တောင်ပေါ်ဒေသဆိုတော ့ လမ်းဟူသမျှက အတက်အဆင်းတွေချည်း။ သူတို ့ကတော ့ နေ ့ဝက်လောက် အတက်အဆင်းလမ်းမှာ မနားတမ်းလျှောက်နိုင်ကြတွေပါ။

တစ်ချို ့ကျောင်းတက်နေစဉ်ကာလမှာ ဆုံးသွားလို ့ ရပ်ဝေးနယ်ဝေး ဆွေမျိုးညာတိတွေဝေးမို ့ အနီးအနားဘော်ဒါတဲက ကျောင်းသားတွေ ကျောင်းဆရာတစ်ချို ့
အသုဘရွာပြန်ပို ့ရတာတွေလည်း ရှိသေးတယ်။ အိမ်ကို အချိန်မှီ
ပြန်အကြောင်းမကြားပေးနိုင်တာမို ့ ဘော်ဒါနီးချင်း ဆွေမျိုးရင်း
အချင်းချင်းစီစဉ်ပေးရတွေ။

ဟိုတုန်းက တောင်ပေါ်နယ်ကျောင်းသားဘဝနဲ ့ ပတ်သက်တာတွေ
ရေးချင်တာတွေ အများကြီးရှိနေပေမယ် ့ ဒီလောက်ပါပဲ။
ခုခေတ်ကျောင်းတက်နေကြတဲ ့ ကျောင်းသားတွေကိုမြင်မိတော ့
ငယ်ငယ်က နယ်ကကျောင်းတက်လာကြတဲ ့ သူငယ်ချင်းတွေကို
မြင်ယောင်အမှတ်ရစိတ်နဲ ့ ….

တောတွင်းပျော်

နိုင်ငံခြားအလှူရှင်တွေနဲ ့ဆောက်ထားတဲ ့ စာသင်ကျောင်း

24 comments

  • ဦးကျောက်ခဲ

    June 25, 2017 at 10:48 pm

    ပထမပြောချင်တာက ငြိမ်းချမ်းချင်းဆိုတာပဲ …
    စစ်ပွဲဆိုတာ ကောင်းကျိုးမပေး ၊ ၂-ဘက်လုံးလည်း သေကြေ ကျိုးကန်း…
    ကြားက အရပ်သားတွေခမြာလည်း မြေဇာပင်ဖြစ် ၊ ပေါ်တာကလည်း အဆစ် …
    အခုလို ငြိမ်းချမ်းရေးယူလိုက်တာ မင်္ဂလာရှိပါ့ဗျား …
    .
    ချင်းတိုင်းရင်းသား ကျောင်းနေဘက်သူငယ်ချင်းတွေ အများကြီးရှိတယ်ဗျ…
    ဆောင်းတွင်းဘက်ဆို ချင်းတောင်မှာ အေးလွန်းလို့ စာသင်နေရင်း ဖယောင်းတိုင်နဲ့ လက်ချောင်းတွေနွေးအောင် မီးကင်ရသတဲ့ ။ တစ်ခု ခြီးကျူးဖို့ကောင်းတာက တစ်ယောက်ကောင်းစားရင် တစ်ဆွေမျိုးလုံး တစ်ရွာလုံးကို ပြန်လှည့်ကြည့်တာပဲ …

    • တောတွင်းပျော်

      July 5, 2017 at 11:36 pm

      ငြိမ်းချမ်းခြင်းအကျိုးကတော ့ ကျနော် လက်တွေ ့သိခဲ ့ရပါတယ်။
      ၉၇/ ၉၈ ဝန်းကျင် ကျနော်တို ့နယ်ဖက် စစ်ကောက်တော ့ လူငယ်အတော်များများ
      ထိုင်းဖက်ကို ထွက်သွားကုန်တယ်။
      ကျနော် ကိုယ်တိုင်လည်း ထိုင်းဖက်ရောက်လိုက် မလေးဖက်ရောက်လိုက်
      နှစ်အကြာကြီး အိမ်မပြန်နိုင်ခဲ ့ဘူး။

      ကျနော် …
      ချင်းပြည်တောင်ပိုင်းကော မြောက်ပိုင်းမှာပါ နေဖူးခဲ ့တယ်။
      ဆောင်းတွင်းဆို ရေငွေ ့မပါ အေးစက်နေပြီး အရေပြားတွေ
      ခြေဖဝါးတွေအနားသားတွေ အက်ကွဲတဲ ့အထိ အေးစက်တယ်။
      အဆီနည်းတဲ ့လူဆို ပိုခံရတယ်။

      ညဆို စောင်ခြုံထားရင်း မီးဖိုနံဘေးမှာ စာဖတ်ရတယ်။ အအေးက ဘယ်လောက်ထိပြင်းသလဲဆို
      မီးဖိုဖက်အခြမ်းက ကိုယ်က လောင်မတတ်ပူနေပေမယ် ့ တဖက်ခြမ်းက အေးစက်နေတယ်။
      ဟိုဖက်လှည် ့ ဒီဖက်လှည် ့ပြောင်းထိုင်နေရတာ။

      ချင်းလူမျိုးတွေက သူတို ့ဒေသ သူတို ့လူမျိုးကို အရမ်းခင်တွယ်သံယောဇဉ်ကြီးကြတယ်။
      ဘယ်အရပ်မှာပဲ ကွန်လွန်သေဆုံးတာဖြစ်စေ တတ်နိုင်ရင် တောင်ပေါ်က ဇာတိရွာဆီ
      မရောက် ရောက်အောင်ပြန်သယ်ကြတယ်။ ဟိုတုန်းကတွေပေါ ့။
      ခုနောက်ပိုင်းနည်းသွာတယ်ဆိုပေမယ် ့ ရှိနေပါသေးတယ်။
      ဥပမာ စင်ကာပူက အိမ်ဖော်မလေးအဖြစ်မျိုး။

      နိုင်ငံခြားရောက်လို ့ တစ်ယောက်အဆင်ပြေရင် နောက်ကကျန်ခဲ ့တဲ ့ ညီအကို
      မောင်နှမ မိဘ သူငယ်ချင်း စတာတွေ အဆင်ပြေသလို ခေါ်ထုတ်တယ်။
      ချင်းပြည်က ခက်ခဲလွန်းတာကိုး

    • CharTooLan

      July 6, 2017 at 1:39 pm

      ကျနော်တွေ့ဖူးတဲ့ချင်းတွေကတော့ တစ်ယောက်ကောင်းစားရင် တစ်မျိုးလုံးကြည့်ဖို့နေနေသာသာ ကိုယ့်မိဘတောင် ကိုယ်ပြန်မကြည့်ကြဘူးဗျ မတိုးတက်တာ၊ ယဉ်ကျေးမှုမဖွံ့ဖြိုးတာ၊ ချို့တဲ့လိုက်ကြတာလဲလွန်ရော ချင်းလူမျိုးထဲကအောင်မြင်တိုးတက်သွားသူတွေကို အများကြီးလိုအပ်နေသေးတဲ့ ကိုယ့်နေရာ ကိုယ့်ဒေသအတွက် စံပြတခုခုဖစ်စေချင်တယ်….

      • ဦးကျောက်ခဲ

        July 6, 2017 at 2:34 pm

        လူချင်းတူပေမဲ့ အသက်ရှုပုံချင်းကွဲတယ် …
        ချင်းဖြစ်တာတူပေမဲ့ အမျိုးချစ်စိတ် ကွာမှာပေါ့ …
        ဩစီနဲ့ အမေဂျီးကားမှာ ချင်းလူမျိုးတွေ မြို့တည်လို့ရတယ်…
        ဟိုးအရင် … Guam တို့ Saipan တို့ကို US က ဖရီးဗီဇာဖွင့်ပေးချိန် ၊ လေယာဉ်တဝက်လောက်က ချင်းတွေချည်း ။ ရွာလိုက် ပြောင်းကြတယ်လို့တောင် ယုံမှားရတယ် … :k:

        • တောတွင်းပျော်

          July 6, 2017 at 9:32 pm

          ပိုစ်ရဲ ့ ရည်ရွယ်ချက်က ဟိုတုန်းက တောင်ပေါ်ကလူတွေ ပညာသင်သွားရတဲ ့ အခက်အခဲတွေအကြောင်းတွေပါ။
          တဖြည်းဖြည်းနဲ ့ နိုင်ငံခြားထွက်တဲ ့ အကြောင်းဖက်ကိုရောက်သွားရော ….

          ထွက်သွားရတဲ ့ အကြောင်းရင်းတွေ အတော်များများထဲက တစ်ခုက မြန်မာပြည်ထဲ နေမပျော်တာလည်းပါတယ်။
          ဦးကျောက်ကြားဖူးမလား ဟိုတုန်းက ဘူမိပုံပြင်လေးတစ်ခု။

          ဦးနေဝင်းခေတ်က။
          Vun Suan ဝုန်ဆွမ် ဆိုတဲ ့ တီးတိန်နယ်သား ချင်းလူမျိုးတစ်ယောက် ဂျာမနီမှာ ကျောင်းတက်တယ်။ အလုပ် လုပ်တယ်။ဟိုမှာ ဂျာမနီသူနဲ ့အိမ်ထောင်ကျတယ်။
          ဒါပေမယ် ့ မြန်မာပြည်ကို ချစ်စိတ်နဲ ့ သူ့ ့မိသားစုနဲ ့ပြန်လာပြီး သတ္တုတွင်းဝန်ကြီးဋ္ဌာနမှာ အလုပ်ဝင်လုပ်တယ်။

          တခါတော ့ သတ္တုတွင်းဝန်ကြီးဋ္ဌာနရဲ ့ စီမံကိန်းတစ်ခုအတွက် ဂျာမနီက ပါရဂူနှစ်ယောက် ရောက်လာတယ်။
          အဲဒီနှစ်ယောက်က ဝုန်ဆွမ်ကိုတွေ ့တော ့ ဝန်ကြီးဋ္ဌာနကိုပြောတယ်။
          ဒီမှာ သူတို ့ရဲ ့ဆရာအရင်းခေါက်ခေါက် မစ္စတာဝုန်ဆွမ်ရှိနေတာ သူတို ့ကို ငှားဖို ့ လိုသေးလားတဲ ့။

          အဲဒီနောက်ပိုင်း ဝုန်ဆွမ်ဟာ သူ ့မိသားစုကို ဂျာမနီ အရင်ပြန်ပို ့။ နောက်မှ သူလည်း ဂျာမနီကို အပြီးအပိုင်ထွက်သွားတော ့တယ်။

          သူ ့ရဲ ့နာကျဉ်းမှုဟာ ဘယ်လောက်တောင်ပြင်းထန်ခဲ ့သလဲဆိုရင် ၈၈ နောက်ပိုင်း နယ်စပ်တစ်နေရာမှာ သူ အထောက်အပံ ့ပေးတဲ ့
          အဖွဲ ့အစည်းတစ်ခုပေါ်လာခဲ ့တယ်။
          ဦးဝုန်ဆွမ် ဆုံးသွားတာ သိပ်မကြာလှသေးပါဘူး။

        • ဦးကျောက်ခဲ

          July 6, 2017 at 10:39 pm

          ကိုရင်တော အသက်ဖြည်းဖြည်းရှု …
          လူဆိုတာ “ရေကြည်ရာ မြက်နုရာ” ရွှေ့ကြသူတွေချည်း…
          ဘယ်သူ့ကိုမှ အတိုက်အခံ အပြစ်ပြောစရာမရှိ …
          ကိုယ့်ဒုက္ခ ကိုယ်သာသိ ၊ မြေပြန့်ကလူ တောင်ပေါ်တင်ရင် ဂန့်မှာ…
          စနစ်ဟောင်းအကြောင်း စာဖွဲ့ရင်တော့ မဆုံးနိုင် … :k:

      • တောတွင်းပျော်

        July 6, 2017 at 9:01 pm

        မတိုးတက်တာ ယဉ်ကျေးမှုမဖွံ ့ဖြိုးတာ ချို ့တဲ ့တာတွေက
        အပြစ်တင်စရာ တစ်ခုလိုဖြစ်နေေရောလား …
        တကယ် ့လက်တွေ ့ ဘဝကို အတွင်းကျကျမြင်နိုင်အောင်ကြိုးစားပေးပါ။
        ဒီလိုမျိုးမှ သဘောမထားနိုင်ရင် လူမျိုးကြီးဝါဒဆိုတဲ ့ စကားလုံးက ဘယ်အချိန်မှ ကုန်ဆုံးနိုင်မှာမဟုတ်ဘူး။

        ပင်လယ်ရေမျက်နှာပြင် ပေ ၄၀၀ဝ ကနေ ၆၀၀ဝ ကျော်အတွင်း မြေပြန် ့လုံးဝမရှိတဲ ့ တောင်တန်းတွေပေါ်
        နေထိုင်မှုအခက်အခဲတွေကို ဒေသခံတွေကလွဲပြီး အပြင်လူတွေက သိပ်သိမှာမဟုတ်ဘူး။

        တစ်ဦးတစ်ယောက်ကြောင် ့ တစ်မျိုးလုံးတစ်ဆွေ တစ်နိုင်ငံလုံး ဒီလိုဖြစ်ရမယ် သတ်မှတ်လို ့မရသလို
        ဒီမျိုးနွယ် ဒီမျိုးရိုးကြောင် ့ ဒီပုတ်ထဲကဒီပဲ ပဲဖြစ်ရမယ်လို ့ တရားသေမှတ်ယူလို ့မရပါဘူး။
        မတူတဲ ့ လူမျိုးစုတိုင်းမှာ သူ ့တို ့ဘာသာ သီးခြားဓလေ ့တွေရှိတယ်။ ရိုးရာတွေရှိတယ်။ ဗီဇတွေရှိတယ်။

        ကျနော်ကငယ်ငယ်ကတည်းက ချင်းပြည်မှာကြီးလာခဲ ့တာ။ အတော်များများထိတွေ ့ဆက်ဆံလာခဲ ့တာ။
        ချင်းပြည်ဟာ ပညာတတ်မချို ့တဲ ့ပါဘူး။
        အကြောင်းအမျိုးမျိုးကြောင် ့ မဆလခေတ်ကတည်းက ပညာတတ်တွေ နိုင်ငံခြားကို ထွက်သွားခဲ ့ကြတာ ..
        ဒေသရဲ ့ ခက်ခဲမှုတစ်ခုတည်းတင်မကဘူး နိုင်ငံရေးနဲ ့လည်း အများကြီး ပတ်သက်နေပါတယ်။

  • aye.kk

    June 26, 2017 at 1:09 am

    ချင်းဆိုတာ
    ချယ်လူလင်းတဲ့
    ချယ်လူလင်းတွေမဟုတ်ကြောင်း
    အခုpostလေးဖတ်ပြီးလေးစားမိပါတယ်။
    တောင်ပေါ်ဒေသအကြောင်းတွေ
    ဖတ်ချင်ပါတယ်၊နောကက်ထပ်ဆက်ရေးပေးပါဦး
    ဆက်ဖတ်ချင်ပါတယ်။

    • တောတွင်းပျော်

      July 5, 2017 at 11:37 pm

      အဆင်ပြေရင် ဆက်ရေးပါအုံးမယ် အန်တီ!

  • kai

    June 26, 2017 at 8:07 am

    အခုရော ဇာတိဒေသပြန်ရောက်ဖြစ်သေးလား..
    ချင်းပြည်ကနေ.. ကရင်ပြည်ဖက်ချည်း အတွေ့များနေသလားလို့..။

    ဇာတိပြန်ဖြစ်ရင်.. အရင်လိုမဟုတ်တော့ဘူးလို့တော့ ထင်ပါတယ်..။
    ဖြည်းဖြည်းချင်း ပြင်သွားကြမယ်လို့..။

    ပြောလို့သာပြောတာ.. အမေရိကားမှာ ချင်းတိုင်းရင်းသား တွေသောင်းချီ…။
    ကမ္ဘာအနှံ့ဆို.. သန်းချီမယ်ထင်တယ်..။ မီဇိုရမ်ပြည်ကချင်းတွေပါ ထည့်တွက်မယ်ပေါ့..။

      • တောတွင်းပျော်

        July 5, 2017 at 11:59 pm

        လုံမလေး အထင်က တစ်ဝက်တိတိ မှန်ပါတယ် :k:

    • တောတွင်းပျော်

      July 5, 2017 at 11:57 pm

      အဖေက အစိုးရဝန်ထမ်း။
      ဇာတိမြောက်ပိုင်းက။ အဲဒီဖက်တွေ မရောက်တာ ကြာလှပေါ ့။
      ခုနောက်ပိုင်း အများကြီးအဆင်ပြေလာတယ်။
      ဆိုပေမယ် ့ လူတွေက နိုင်ငံခြားထွက်နေကြတုန်း။ ဒါက နိုင်ငံရေးပထဝီနဲ ့လည်း
      အများကြီးဆိုင်နေပါတယ်။ တချို ့ရွာတွေဆို ရွာတွေပျက်သွားလောက်တဲ ့အထိ
      နိုင်ငံရေးဒုက္ခသည်အနေနဲ ့ တတိယနိုင်ငံထွက်ကုန်တာ။

      ဟိုအရင် မဆလခေတ်ကတည်းက အမေရိကမှာ ရွာတည်နိုင်လောက်အောင် ထွက်သွားခဲ ့တဲ ့
      ရွာတွေရှိတယ်။ ဖလမ်းမြို ့နယ်က လုံဗန်ရွာဆိုရင် ဟိုကတည်းက အမေရိကကို ရွာတစ်ဝက်လောက် ရောက်သွားတယ်။

      ဒေသရဲ ့ ခက်ခဲမှု မြေပြန် ့အစိုးရရဲ ့ ခွဲခြားမှုတွေနဲ ့ ဘာသာရေးအဆက်အသွယ်တွေနဲ ့
      နိုင်ငံခြားကိုဦးတည်ကုန်တယ်။
      ဟိုခေတ်တုန်းကတည်းက တတ်နိုင်တဲ ့လူတွေက အိနိ္ဒယဖက်မှာကျောင်းတက်ကြပြီး အမေရိကကို
      ဆက်ထွက်သွားခဲ ့ကြတယ်။

  • သင့်အေးရိပ်

    June 26, 2017 at 10:21 am

    အဲ့နယ်က ကျောင်းသားလေးတွေ ပညာ ရှာ ကျောင်းတက်ရတာလည်း မလွယ်ပါ့လား။
    အခုရော အရင်ထက် ပို လွယ်လာပြီလား။

    လွယ်မှပဲ ဖြစ်မယ်။ တောနယ်တွေမှာ
    အလိလိုမှ ပညာရေးကို
    သိပ် ဦးစားမပေးရတဲ့အထဲ ပညာရှာရ ခက်နေရင်ဖြင့်
    🙁

    • တောတွင်းပျော်

      July 6, 2017 at 12:00 am

      နောက်တစ်ပိုင်း ဆက်ရေးအုံးမလားလို ့ပဲ

  • padonmar

    June 26, 2017 at 9:50 pm

    ချင်းပြည်နယ်က လူတော်တွေ ထွက်တယ်။
    ချင်းလူမျိုး အထူးကု ဆရာဝန်တွေအများကြီး။
    I Love Myanmar ချင်းမလေး လည်း နာမည်ကြီး။
    ဒါပေမယ့် အများစုက ဆင်းရဲနေတယ်။
    ရေကြီးမြေပြိုတဲ့ ဒဏ် ခံလိုက်ရတာ ပိုဆိုးတယ်။
    ငြိမ်းချမ်းကြပါစေ။

    • တောတွင်းပျော်

      July 6, 2017 at 12:06 am

      ရာသီဥတုက ကြမ်းတယ်။
      တောင်တွေက မတ်တယ်။
      စိုက်ပျိုးအတွက်က အခက်အခဲရှိတော ့ တတ်နိုင်သမျှပညာရေးပိုင်းမှာ
      ဖြစ်ထွန်းအောင် အခက်အခဲအများကြီးကြားက သူများထက်
      အဆပေါင်းများစွာ ပိုကြိုးစားရတာ။

  • ကြားမိတာတော့ ချင်းပြည်နယ်မှာ အရွယ်ကောင်းလူငယ်တွေတော်တော်နည်းကုန်ပြီဆိုပဲ
    ရန်ကုန်တက်အလုပ်လုပ်..နိုင်ငံခြားထွက်…ပြည်နယ်ထဲမှာဝင်ငွေရမဲ့အလုပ်အကိုင်
    အခွင့်အလမ်းကရှိမှမရှိသေးတာကိုးဗျ..မယုံရင်တောတွင်းပျော်ကိုသာကြည့် :k: :k: :k:

    • တောတွင်းပျော်

      July 6, 2017 at 12:08 am

      ချင်းပြည်မှာ တောမထူတော ့ တောထူတဲ ့နေရာ ရွေ ့နေရတာလေ :k:

  • စိတ်ထဲမှာ ဖွံဖြိုးမှုအနည်းဆုံးလို့ ထင်မိတာ.. ချင်းနဲ့ ကယား လို့ ထင်တာပဲ.. အဓိက လမ်းပန်းဆက်သွယ်ရေးပေါ့.
    ဒါပေမယ့် ခရစ်ယာန်အသင်းတော်တွေရဲ့ အထောက်အပံ့တွေနဲ့ ချင်းလူငယ်အများစု နိုင်ငံခြားမှာရောက်နေကြတယ် ထင်တယ်..

    မီးအိမ်ရှင်မလေး သီချင်းကို အရမ်းကြိုက်တယ်.. ချင်းတောင်တွေဘက်ကလည်း သွားလည်ချင်တယ်..

    အေးချမ်းပါစေမြန်မာပြည်!!!

    • တောတွင်းပျော်

      July 6, 2017 at 12:20 am

      ချင်းတောင်က သက်နုကျောက်။ မိုးတွင်းဆို လမ်းတွေကပြိုပေါ ့။
      ဟိုတုန်းက တောင်ယာအားကိုးလို ့ရတယ်။
      ခုတော ့ ခက်ခဲသွားပြီ။
      အအေးကဲတဲ ့ ဒေသမို ့ ထင်းမီးသုံးရတာက တခြားဒေသထက်ပိုများတော ့
      တောသစ်တွေလည်း ကုန်သလောက်ရှိနေပြီ။

      မီးအိမ်ရှင်မလေးသီချင်းက …
      ဆရာစောဘွဲ ့မှူး တီးတိန်ကိုလာတော ့
      သူတို ့ အသင်းတော် ( EBC ) ဧဝံဂေလိဘက်တစ်ချာခ်က အသင်းသူ
      ကျောင်းဆရာမလေးတစ်ယောက်အကြောင်းကိုရေးထားတာ။
      စောဘွဲ ့မှူးလာတော ့ ကျနော ့သူငယ်ချင်းတစ်ချို ့
      စောဘွဲ ့မှူးတပည် ့ စောစောမူး နာမည်ခံယူပြီး သူ ့ဆီမှာ ဂီတာတီးသင်ခဲ ့ကြသေးတယ်။
      church မှာ စောဘွဲ ့မှူးက သင်တန်းအခမဲ ့ ဖွင် ့ပေးတာကိုး

  • ဇီဇီ

    June 30, 2017 at 1:18 pm

    ချင်း ရိုးရာ ဟင်းတစ်ခွက်လောက် ချက်နည်းလေး ပြောပြပါညော်

    :chit:

    • တောတွင်းပျော်

      July 6, 2017 at 12:23 am

      ချင်းပြည်တောင်ပိုင်းဒေသက ပြာရည်နဲ ့ချက်တဲ ့ ဟင်းအကြောင်း ကြားဖူးသလား
      အမ!
      နောက်မှ ပြန်လာမန် ့မယ်။ ခု မျက်စိ မခံနိုင်တော ့လို ့

      ပြာရည်နဲ ့ ချက်တဲ ့ဟင်းက မတူပီနယ် မီဇိုပြည်နယ် ( လုရှိုင်း ) ဖက်မှာ သုံးကြတယ်။
      ကြော်ချက် ( လုံဘိန် ) ပြုတ်ချက် ( အမ်ပေါ ့ ) ၂ မျိုးချက်ကြတယ်။
      သူက ငံပြာရည်လိုသဘောမျိုးသုံးတာပါ။
      အထူးသဖြင် ့ ပဲရွက်တွေ အနူးကြာတဲ ့ အသားရွက်တွေမှာ ထည် ့ရင် ခဏလေးနဲ ့ နူးပါတယ်။ ပဲရွက်တွေဆို နူးညံ ့သွားတာပဲ။
      ဝက်သားချက်တဲ ့အထဲမှာ သုံးလိုက်ရင် ဝက်ခေါက်တွေ နူးသွားပြီး စားရတဲ ့အရသာ
      တစ်မျိုးထူးပါတယ်။
      အမ်ပေါ ့ဟင်းကြတော ့ ကရင် တာလဘောဟင်းလိုပါ။ သူကတော ့ ဆန်မလှော်ဘဲထည် ့ပြီး ပြာရည်သင် ့ရုံထည် ့ပေးတာ။
      လုရှိုင်းဖက်မှာ မီးဖိုမှာ မီးလှုံရင်း မတော်တဆ မီးဖိုထဲ တံတွေးထွေးမိရင် အလွန်စိတ်ဆိုးတတ်ကြပါတယ်။ ပြာကို သန် ့သန် ့ရှင်းရှင်းယူကြတယ်။

      ပြာရည်ကို ဘီးစပ်ရွက်/ပင် ဝါးပင်တွေကို မီးရှို ့ပြာချပြီးယူရတာ။ ဝါးစိမ်းကို ပြာချရင်ပိုကောင်းတယ်လို ့ ဆိုတယ်။

      မြောက်ပိုင်းမှာက ဆာဘူးတီးဆိုတဲ ့ ပြောင်းဖူးပြုတ်။ သူကတော ့ အသားပြုတ်ရည်နဲ ့ဟင်းသီးဟင်းရွက်နဲ ့ ချက်ထားတာ။
      ပြောင်းဖူးဆိုတာက အစိုမဟုတ်ဘဲ အခြောက်ခံထားတဲ ့ အစေ ့တွေကိုမွှေးနေအောင်လှော် အခွဲကျွတ်အောင် ဆုံထဲထောင်းပြီး ဒန်အိုးထူထူ ( သူက သာမန်အိုးထက် အပူပိုပြင်းတယ် ) နဲ ့ တစ်ညလုံး မီးမျှင်မျှင်နဲ ့ပြုတ်ပေါ ့။

      နောက်ပြီးတော ့ ဝက်အူပြုတ်။
      သူက ၂ မျိုးပြုတ်တယ်။ တစ်မျိုးက ဝက်အူထဲကို ဝက်အတွင်းကလီစာ အသား အဆီတွေကို နှုပ်နှုပ်စင်း စပါးလင် ဂျင်း စတဲ ့အမွှေးအကြိုင်တွေနဲ ့ ရောထည် ့ပြီး ပြုတ်တာ။

      နောက်တစ်မျိုးကတော ့
      ဝက်အူထဲကို ကောက်ညှင်းထည် ့ပြီး ပြုတ်တာ။
      ဝက်အူအတွင်းပိုင်းကိုတော ့ ဆားတွေဘာတွေနဲ ့ အသေအချာနယ်ပြီးဆေးပေါ ့။
      ဒါက မြောက်ပိုင်းတီးတိန် တွန်းဇံနယ်ဖက်က လူတွေက လုပ်ကြတယ်။
      တခြားဒေသမှာလည်း လုက်ကြမယ်ထင်တာပဲ။

      ချင်းပြည်က အေးတော ့ အစားအသောက်စားကြတဲ ့အခါ ပူပူနွေးနွေးပဲ စားကြတယ်။
      ဟင်းအရည်သောက်ကို နှစ်သက်ကြတယ်။ အအေးကို အံတုဖို ့ဟင်းရည်ပူပူကို သောက်ကြတယ်။

  • kai

    July 7, 2017 at 5:38 am

    ဂျူးတွေက.. သူတို့မျိုးရိုးဗီဇ အစဉ်ဆက်တဲ့သူတွေကို လိုက်ရှာ.. အစ္စရေးပြည်မှာ အခြေချဖို့ကူညီခေါ်လေ့ရှိတယ်..။
    အဲဒါ… ချင်းတွေ ထောင်ချီခေါ်သွားတယ်လို့ သတင်းထဲတွေ့ဖူးတာပဲ..။
    ဂျူးဆိုတာ အင်မတန်”ထက်”တဲ့ အမျိုး…။ ဆိုတော့.. သူတို့ဗီဇသာပါရင်.. ထက်ကြမှာသေချာ..။

    https://www.youtube.com/watch?v=E1eChxcZfOM

    ဆိုတော့..
    လွန်ခဲ့တဲ့.. အနှစ်၂ဝလောက်.. ချင်းပြည်မှာ.. ဒေါ့ကျုူမန့်ထရီရိုက်ပြီး.. NHK ( ဂျပန်အစိုးရတီဗီ) ကိုသွင်းတဲ့သူတွေနဲ့အတူတူအလုပ်လုပ်ဖူးတယ်..။
    ချင်းမလေးတယောက်တောင်ပေါ်ကနေ.. ရေခပ်ဆင်းတာ ရိုက်ထားတဲ့ဗီဒီယိုကြည့်ပြီး.. .. ချင်းမလေးက.. ဂျပန်မနဲ့တူတယ်..တူတယ်နဲ့.. ကိုယ်ရွှေဂျပန်တွေ ပြောတာ… လှလည်းလှ.. တုတ်လဲတုတ်..။ ခြေသလုံးပြောပါတယ်.။ :k:

Leave a Reply