မတူညီ ဓလေ ့များ
ချင်းပြည်နယ်နဲ ့ ဆက်စပ်နေတဲ ့ အနောက်ဖက် အိန္ဒိယနိုင်ငံထဲက
ပြည်နယ်က Mizo Ram လို ့ခေါ်တယ်။
Ram ဆိုတာက ပြည်
မီဇိုး ပြည်နယ်ပေါ ့။
ဒီပြည်နယ်ထဲမှာ
လုရှေ ခေါ် လုရှိုင်း ခေါ် lu sei လူမျိုး
ကသည်းလူမျိုး
မဏီပူရ် စသည်လူမျိုးကြီးတွေ အများကြီးရှိတယ်။
အားလုံးက ချင်းမျိုးနွယ်တွေ။ ခရစ်ယာန်တွေ။
မြန်မာပြည်ဖက် ချင်းလူမျိုးတွေနဲ ့
ဘာသာစကား ယဉ်ကျေးမှု အမျိုးအနွယ် ဆက်စပ်မှုရှိတဲ ့ အိန္ဒိယနိုင်ငံသားတွေပါ။
ကျနော် အဓိကပြောချင်တာက ..
တဖက် လုရှေလူမျိုးတွေအကြောင်း။
ချင်းလူမျိုးတွေဟာ ဇာတိမွေးရပ်မြေကို အလွန်သံယာဇဉ်ကြီး
ခင်တွယ်တတ်ကြတဲ ့လူမျိုးတွေ။
ဘယ်လောက်ခရီးဝေးဝေးဖြစ်ဖြစ် ရပ်ဝေးမှာ ဆုံးပါးခဲ ့ရင်
ကျန်ရစ်တဲ ့ရုပ်ကလာပ်ကို အိမ်အရောက် မရမကပြန်သယ်တတ်ကြတယ်။
အသုဘတွေကို ကြီးကြီးကျယ်ကျယ်လုပ်တတ်ကြတယ်။
Mizo Ram ဖက်အလုပ်သွားလုပ်ရင်း သေဆုံးသူတွေကိုလည်း
မြန်မာပြည်က သူ့ ့ဇာတိရွာအရောက်ပြန်သယ်ကြတယ်။
ဟိုခေတ် ခြေကျင်ခေတ်ဆို
ခြေကျင်ခရီးနဲ ့ တစ်ရွာဝင်တစ်ရွာထွက်သယ်ကြတယ်။
ဒီလိုသယ်ရာမှာလည်း ရောက်လေရာရွာတွေက
လူအင်အား အစားအသောက် စတာတွေနဲ့ ့ကူညီကြတယ်။
ဒီနေရာမှာ ကျနော်တို ့ မြန်မာလူမျိုးတွေရဲ ့ အသုဘအပေါ် သဘောထားခံယူထင်မြင်ချက်နဲ ့ လုံးဝဆန် ့ကျင်တဲ ့လုရှေလူမျိုးတွေရဲ ့ အသုဘအပေါ်ထားတဲ့ သဘောထားကိုပြောပြချင်ပါတယ်။
ရပ်ဝေးက အသုဘထမ်းလာသူတွေ ရွာထဲကိုဝင်လာရင် အဲဒီအဖွဲ ့တွေကို
သူတို ့အိမ်မှာ လာနားကြဖို ့ အတင်းခေါ်တတ်ကြတယ်။
အိမ်ရှင်တွေ အဲဒီရွာက ရွာသားတွေက အသုဘထမ်းလာတဲ ့အဖွဲ ့တွေကို
ကောင်းကောင်းဧည် ့ခံကျွေးမွေးကြတယ်။
ကောင်းကောင်းဆိုတာက
တောင်ပေါ်ဓလေ ့တွေမှာ အထူးဧည် ့သည်တွေကို ဝက်သတ် ကြက်သတ်
အိမ်မွေးတိရစ္ဆာန်တွေနဲ ့ချက်ပြုတ်ကျွေးမွေးတာပါ။
တောင်ပေါ်ဒေသက အသားငါး အလွန်ရှားပါးပါတယ်။
အဲဒီ အသုဘအဖွဲ ့တွေရွာကထွက်ရင် ဒီရွာကလူတွေက နောက်ထပ်တဖက်
ရွာအရောက်ထမ်းပို ့ကြတယ်။ ရွာစဉ် ရွာစဉ်မှာ ဒီလိုနဲ ့ပဲ ခရီးဆက်ပြီး သယ်သွားကြတာ။
သူတို ့တွေရဲ ့ ခံယူချက်က
ပူဆွေးဝမ်းနည်းနေသူတွေကို ဖေးမကူညီခြင်းက ဘုရားသခင်ရဲ ့ ကောင်းခြင်းမင်္ဂလာကို ပြန်လည်ခံစားရမယ်။
ဗုဒ္ဓဘာသာအလိုဆို ကိုယ်ပြုတဲ ့ကံ ကိုယ်ခံ/စံပေါ ့။
သူတို ့တွေဟာ ယေရှုခရစ်ကို အထူးယုံကြည်သလို ခရစ်တော်ရဲ ့
အဆုံးအမအတိုင်း လူတစ်ဖက်သားကို စိတ်ရင်းကိုယ်ပါ အထူးကူညီတတ်ကြတယ်။
သူတို ့မှာ ပြောတတ်တဲ ့ စကားတစ်ခုရှိပါတယ်။
ခရီးသည် အသုဘ သူတို ့အိမ်မှာ ခဏခိုဝင်နားခြင်းက
ဘုရားသခင်ရဲ ့ကောင်းခြင်းမင်္ဂလာကို အထူးခံစားရဖို ့ အခွင် ့အရေး
ဖြစ်ပါတယ်တဲ ့ခင်ဗျာ ..
မတူညီတဲ ့ ဓလေ ့တွေအပေါ်
ဆင်ခြင်ဖို ့ တွေးတောဖို ့ နားလည်နိုင်ကြဖို ့
သိသမျှ မှတ်သမျှ ရေးလိုက်တာပါ။
ကျနော် ့ facebook မှာတချိန်တင်ခဲ ့ဖူးတာကို ရွာထဲကို ပြန်တင်လိုက်တာပါ။
4 comments
Thint Aye Yeik
January 27, 2017 at 8:36 am
ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ဗမာတော်တော်များများကတော့ … ရပ်ထဲရွာထဲ လူသေကောင် ထမ်းဝင်လာမှာကို
အတော်ကြောက်ကြတာပဲ။ ပင်လယ်ထဲက အလောင်း ကမ်းလာကပ်ရင်တောင်… ခေါင်းနဲ့ကပ်ရင် ရွာနာတယ်ဆိုလား…
တစ်ရွာလုံး သေမှာကြောက်လို့… လူသေကောင်တောင် ဝါးလုံးတွေနဲ့ထိုးပြီး..ဖင်ပြန်ခေါင်းပြန်… လိုသလို ကပ်အောင် လုပ်ယူကြတယ်။
ရပ်ထဲရွာထဲမှာ… လူသေကောင်ဆို…ထွန့်ထွန့်လူး…လန့်ကြတယ်။ မသာအိမ် ဆိုတာကို မင်္ဂလာ မရှိတဲ့ အမင်္ဂလာအိမ်ဆိုပြီး
သတ်မှတ်ကြတယ်။ သေစကား ပြောရင် … နိမိတ်မရှိ နမာ မရှိတွေ ပြောတယ်လို့ဆိုတယ်။
ဝမ်းနည်း ပူဆွေးနေသူတွေကို တထောင့်တနေရာကနေ ကူညီပြီး… အစွဲကင်းကင်းနဲ့ လုပ်ကိုင်ပေးတတ်တဲ့…
ဓလေ့လေးကို ကြားရတော့… အင်မတန် သဘောကျမိတယ်ဗျို့…
အဲလို…မတူကွဲပြားတဲ့ ဓလေ့လေးတွေ… တခြား ရှိသေးရင်လည်း ပြောပြပါအုန်းနော…
တောတွင်းပျော်
February 1, 2017 at 9:20 pm
မနှစ်က စင်္ကာပူမှာ ရက်ရက်စက်စက် အနှိပ်စက်ခံပြီး သေဆုံးသွားခဲ ့ရတဲ ့
ချင်းမလေး သူ ့ဇာတိမြေ ဇာတိအိမ်အထိရောက်အောင် ပြန်သယ်သွားကြတယ်။
သယ်ယူသွားချိန်မှာ မိုးတွင်းကြီး တောင်ပေါ်လမ်းအလွန်ဆိုးဝါါ်လှတဲ ့ ကြားက
မရမက မရောက်အရောက် ရွာတွေ မြို ့တွေ ဖြတ်ပြီးသယ်သွားခဲ ့တယ်။
ကံဆိုးမလေးဖြတ်သွားခဲ ့တဲ ့ မြို ့တွေ ရွာတွေကို ခုချိန်အထိ
အကုသိုလ်ပေးခဲ ့တယ်လို ့ မကြားရသေးဘူးဗျ …
ရွာကိုရောက်တော ့ ချင်းဓလေ ့ထုံးစံအရ အိမ်မှာ ၃ ရက် ထားအုံးမှာဖြစ်ပေမယ် ့
အလောင်းက ရက်ကြာနေပြီဖြစ်တဲ ့အတွက် နောက်တစ်နေ ့မှာပဲ သင်းဂြိုလ်လိုက်
ကြတယ်။
ကျနော် ဒီအကြောင်းရေးတာက ကံ ကံရဲ ့ အကျိုးကို တကယ်သေချာလေ ့လာစမ်းစစ်
လက်ခံစေချင်လို ့ပါ။
ဝင့်ပြုံးမြင့်
January 30, 2017 at 2:59 pm
အဲဒီဘက်မှာ နာမည်သစ်စေ့ လေးတွေ ဆွဲတဲ့ ဓလေ့ကော ရှိလားဟင်။ လူသေရင် သေတဲ့နေရာမှာ မြှုပ်လို့ ရတယ်။ ဒါမယ့် နာမည်သစ်စေ့လေးကို ဇာတိမြေမှာ ပြန်မြှုပ်ပေးလိုက်တဲ့ လူမျိုး ရှိလားဟင် ကိုတော။ နာမည်သစ်စေ့ဆိုတာက ကလေးမွေးစမှာ ကလေးရဲ့ နာမည်ကို အမေက ကလေးကို ချက်ချင်းမပေးဘူး။ သစ်စေ့လေးထဲ တိုးတိုးလေး ပြောထည့်ပေးလိုက်တယ်။ ကလေးကြီးမှ ကလေးကို အဲဒီသစ်စေ့လေးထဲက နာမည်ကို ပြန်ယူပြီး ကလေးကို ပေးတယ်ဆိုတာမျိုးပါ။
တောတွင်းပျော်
February 1, 2017 at 9:42 pm
အဲဒီဓလေ ့ကို မကြားမိဖူးဘူး အမ။
ခက်တာက ချင်းတွေက လူမျိုးကွဲတွေ အရမ်းများသလို
မတူတဲ ့ ဓလေ ့တွေလည်း များလှမယ်ထင်ရတယ်။
လူရှိုင်းဒေသဖက်နဲ ့ ဒီဖက် ချင်းဒေသမှာ ဟိုခေတ်တုန်းက အမျိုးသမီးတွေ
ဝတ်စားဆင်ယင်တဲ ့
ကျောက်လိုလို သတ္တုလိုလို အဖြူအမည်း နှစ်ရောင်စပ် အတုံးအခဲလေးတွေ
ငယ်ငယ်ကတော ့ တွေ ့ဖူးတယ်။
အဲဒီအတုံးလေးတွေအပေါ် သင်္ကေတ အရုပ်လေးတွေ စာကြောင်းလိုလို အကွေ ့အကောက်အကြောင်းလေးတွေ ရေးထားတယ်။
လေသူရဲဟောင်းတစ်ဦး ဦးလှဝင်းရေးတာ ဖတ်ဖူးတာက
အဲဒီ အဖြူအမည်း သတ္တု နှစ်မျိုးကို တစ်လုံးတည်း တစ်ပြားတည်း ဖြစ်အောင် ရှေးလူတွေက ဘယ်လိုစပ်ခဲ ့သလဲ …
အဲဒီအပေါ် သင်္ကေတတွေ တင်ခဲ ့သလဲ
( အဖြူ လုံးအပေါ် အမည်းရောင် အတွင်းထိမြုပ်အောင်
အမည်းအလုံးအပေါ် အဖြူသား တင်အောင် သပ်သပ်ရပ်ရပ် လုပ်ခဲ ့တာတွေ )
အဲသတ္တုတွေ ဘယ်ကရလို ့ ဘယ်လိုလုပ် ဒီလိုဖြစ်အောင် ဘယ်လိုနည်းပညာတွေနဲ ့လုပ်ခဲ ့သလဲ …
စတာတွေ ခုခေတ်လူတွေ ဘယ်လိုမှ တွေးလို ့ စဉ်းစားလိုလ့မရဘူးလို ့ဆိုတယ်။
အဲဒါတွေက လူရှိုင်းဒေသဖက်ကထွက်လာ ယဉ်ကျေးမှုလက်ရာတွေပါ။
ခုခေတ်မှာ ရှာရမလွယ်တော ့သလို
မှောင်ခို ဈေးကွက်တွေမှာ ဈေးကောင်းပေးဝယ်ကြတယ်လို ့ကြားတယ်။
အဲဒီပစ္စည်းလေးတွေရဲ ့ ဇစ်မြစ်က ခုထိ ပဟေဠိဖြစ်ဆဲ။