တောင်ရောက် မြောက်ရောက် ( ၆ )
ပြီးခဲ ့တဲ ့နှစ် နှစ်ကုန်ပိုင်းလောက်က fb မီဒီယာတွေမှာ ပွတ်ပွတ်ညံအောင် တက်လာခဲ ့တဲ ့
သတင်းတွေရှိခဲ ့တယ်။ ဒီသတင်းတွေ အထဲမယ် ဖိုးတစ်ခေတ်အကြောင်းလည်း ထိပ်သီးသတင်းလို
ဖြစ်ခဲ ့တယ်။ ထိပ်သီးလို ့ပြောရတာက fb က ဖိုးတစ်ခေတ်အကြောင်းပါတဲ ့သတင်းတွေမှာ
မြန်မာတွေရဲ ့ အဆဲစွမ်းရည်ကောင်းကောင်းပြသနိုင်ခဲ ့ကြလို ့။ 🙁
တဖက်က လူမျိုး ဓလေ ့စရိုက် ယုံကြည်ကိုးကွယ်မှုမတူညီတာကို နားလည်ခွင် ့လွှတ်ပြီး လေးစား
အသိအမှတ်ပြုတတ်ဖို ့တွေ အလွန်ခေါင်းပါးနေတာတွေတွေ ့ခဲ ့ရတယ်။
အခြေအမြစ်မရှိတဲ ့သတင်းတွေ မှန် မမှန် မစီစစ်ဘဲ ဝုန်းဒိုင်းကြဲနေတာတွေ။
ဒီတုန်းက ဖိုးတစ်ခေတ်နဲ ့ ပတ်သက်ပြီး အထင်ကရဖြစ်နေတဲ ့ သတင်းတွေက
၁။ မြေနင်းရင် မီးပွင် ့တယ်။
၂။ ကညာပျိုတွေရဲ ့ နို ့ဆွမ်းဘုန်းတယ်။
ဒီ ၂ ခုကို မှားသလား မှန်သလား မစဉ်းစားဘဲ ဝေဖန်ကဲ ့ရဲ ့ကြတဲ ့ ကော်မန် ့တွေ အများကြီး။
၃။ သူ ့နယ်မြေက ကလေးသူငယ်တွေ ကျောင်းနေခွင် ့မပေး။
ဒါလည်း ခြေခြေမြစ်မြစ် မသိဘဲ ပြောကြဆိုကြတာတွေ အများကြီး။
တကယ်တော ့ ဖိုးတစ်ခေတ်ရွာက သွားရမခက်ပါဘူး။
သာမညကနေ နာရီဝက်လောက်မောင်းပြီး ကျုံဒိုးတံတားမရောက်ခင် ဖိုးတစ်ခေတ်ရွာကိုဝင်တဲ ့
မုဒ်ဦးကို ထင်ထင်ရှားရှားတွေ ့ရပါတယ်။
မနှစ်က ဘဲလမိုင်းရွာ ကရင်နှစ်သစ်ကူးကျင်းပတော ့ ဖိုးတစ်ခေတ်ကိုယ်တိုင်ဦးဆောင်ပြီး
သူ ့ရွာသားတွေ နှစ်သစ်ကူးအခမ်းအနားကို အကုန်ပြင်ဆင်သွားကြတယ်။
ဖိုးတစ်ခေတ်ရွာသားတွေကို ဒီတုန်းက မေးကြည် ့မိတယ်။
အဘတို ့ ခုတလောအဘတို ့ အကြောင်းလူပြောသူပြောများနေတာ သိကြသလား လို ့
မေးကြည် ့တော ့
သူတို ့တွေ သိပါတယ်တဲ ့။
သူတို ့တွေ သူတို ့အလုပ် လုပ်ကြပါစေ .. (ဝေဖန်သူတွေ)
အဘတို ့က အဘတို ့အလုပ်ကိုပဲ အာရုံစိုက်တယ်။ အနှောက်အယှက်လည်းမဖြစ်
မေတ္တာလည်းမပျက်ပါဘူး .. တဲ ့
ဖိုးတစ်ခေတ်အဖွဲ ့အစည်းဟာ
ဗုဒ္ဓဘာသာဝင်တွေ ..
ရှေးကရင်ရိုးရာယုံကြည်မှုတိုင်း နေထိုင်နေကြသူတွေ ..
ရိုးရာယဉ်ကျေးမှုဓလေ ့ကို ထိန်းသိမ်းစောင် ့ရှောက်နေသူတွေ (ဒီအချက်က ကရင်အဖွဲ ့အစည်း
တွေရဲ ့ လေးစားသမှုကို အများကြီးရှိစေတယ်)
နွေတုန်းက ဖိုးတစ်ခေတ်ရွာကိုရောက်တော ့ ကျောင်းအကြောင်းမေးကြည် ့တော ့ မူလတန်းကျောင်း
ရှိတယ်လို ့ သိရတယ်။
နာမည်ကြီး ဖိုးတစ်ခေတ်အကြောင်း
သွားရင်းလာရင်း စုံစမ်းသိရသမျှတွေနဲ ့ ရိုက်မိခဲ ့သမျှ ဓါတ်ပုံတွေ စုပြီးတင်ပေးလိုက်ပါတယ်။
12 comments
kotun winlatt
July 18, 2016 at 9:54 am
ဖိုးတခေတ်နာမည်ကြီးချက်ကတော့ facebook ပေါ်မှာတောင် ဖိုးတခေတ်နာမည်နဲ့ အကောင့်က ဖရန့်နဲ့ ဖော်လိုနည်းမှာ မဟုတ်ဘူးးးးးးရယ်
အခုထက်ပိုပြီး သတင်းအချက်အလက်များများ စုံစမ်းပြီး ဖော်ပြပေးသင့်တယ်ထင်ပါရဲ့ တောတခေတ် အဲလေ ကိုတောပျော်ရေ
တောတွင်းပျော်
July 18, 2016 at 10:05 pm
အဲဒီအကောင် ့က အတုပါ။ တကယ် ့အစစ်က လိုင်းတောင်ဝင်အားမယ် မထင်ဘူး။
သူ ့ရွာ ၂ခေါက်ရောက်တာ ၂ခေါက်စလုံး မတွေ ့ခဲ ့ရဘူး။
ကျနော်ကတော ့ သွားရင်းလာရင်း ကြုံလို ့စပ်စုတာနဲ ့ ပုံရိုက်တာလောက်ပဲ
တတ်နိုင်တယ်။
အွန်လိုင်းပေါ်က သတင်းတွေထက် အပြင်က အဖြစ်မှန်ပိုသိရအောင်
တင်လိုက်တာပါ။ မြင်ရသမျှ သိရသမျှ ချရေးရင်တော ့ မနည်းဘူးဘဲ ဆရာ ..
kai
July 18, 2016 at 3:29 pm
ဆတ်မြင်တော့.. မြန်မာပြည်က ဆတ်သားခြောက်ဆိုတဲ့ဟာတွေက.. ဘာအသားလည်းလို့.. သိချင်စိတ်ပေါက်မိပြန်ရော…။
စကားအတင်းစပ်…
ပြီးခဲ့တဲ့တပါတ်က.. ခရီးသွားတုံး.. တောလမ်းမှာ.. အဲဒီအကောင်ကြီး ၂ကောင်ကားရှေ့ကဖြတ်ပြီး.. ဘေးကစမ်းချောင်းရေသောက်ဆင်းနေလို့.. နာရီဝက်လောက် စောင့်လိုက်ရသေးတယ်..။
အံဖွယ်သုတ တိုက်ဆိုင်ချက်ပေါ့…။
တောတွင်းပျော်
July 18, 2016 at 10:49 pm
တချို ့ဒေသကဆိုင်တွေမှာ တောကောင်သားတွေ ရာသီမရွေး ရတယ်
ဆိုတာက သံသယဖြစ်စရာပါ။
နောက်ပြီး ဒီလိုနာမည်ရှိတဲ ့ဆိုင်တွေကို သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးတွေကလည်း ဘာမှအရေးမယူ။
– – – – – –
အဲဒီတောင်ကောင်ကြီးတွေကို ပုံ မရိုက်ခဲ ့ဘူးလား
ဒါနဲ ့စကား အတင်းစပ် ..
နေ ့လည်က ရွာကလူတစ်ယောက် တောလည် ချေ တစ်ကောင်ရလို ့
ညနေစာ ဂျီအူခါးဟင်းနဲ ့ စားလိုက်ရသေးသဗျ :k:
မမချွိ
July 20, 2016 at 9:01 am
ရိုးရာ လုံချည်တွေ က လှလိုက်ထာနော်။
:chit:
တောတွင်းပျော်
July 22, 2016 at 7:01 pm
မွီးမွီးသာ အဲဒီရိုးရာထည်တွေဝတ်လိုက်ရင်
အရမ်း အရမ်းလန်းသွားမှာ
တကယ် တကယ် :k:
အောင် မိုးသူ
July 20, 2016 at 2:04 pm
သူက ဘာရိုးရာကိုယူထားတာလဲမသိ ကရင်အဆင်တွေလိုပဲနော်။
တောတွင်းပျော်
July 22, 2016 at 7:04 pm
သူတို ့က ကရင်တွေပါ။
ရှေးရိုးရာဓလေ ့အတိုင်း နေထိုင်နေကြတော ့ လူတွေ အမြင်မှာ
ဆန်းကြယ်နေသလိုဖြစ်နေတယ်။
Ma Ei
July 22, 2016 at 11:09 am
ရိုးရာအသုံးအဆောင် ပစ္စည်းများ ( ၂ ) ထဲက
ထမီဆင်လေးတွေ လှလိုက်တာ
အရောင်လေးတွေရောဘဲ ကြိုက်လိုက်တာ
တောတွင်းပျော်
July 22, 2016 at 7:10 pm
ကျနော်ဒီကနေ ့ပဲ မြိုင်ကြီးငူဆရာတော် မွေးနေ ့ပွဲကိုရောက်ခဲ ့တယ်။
အဲဒီမှာ လမ်းဘေးမှာချပုံရောင်းထားတာတွေ ဒီထက်မကပိုစုံသေးတယ်။
ဒီလိုအခမ်းအနားတွေရှိလို ့ကတော ့ ကရင်အမျိုးသမီးကြီးကြီးငယ်ငယ်
သူတို ့ ရိုးရာအင်းကျီ ထမိန်တွေပဲဝတ်ကြတယ်။
အမျိုးသမီးငယ်လေးတွေကတော ့ ခေတ်နဲ ့ညီအောင် ပြင်ဆင်ချုပ်ထားကြတဲ ့
ရိုးရာအထည်တွေကိုဝတ်တတ်ကြတယ်။
Thint Aye Yeik
January 24, 2017 at 1:23 pm
တောတခေတ် အဲ့ဘက်ကို ရောက်ခဲ့သေးတာကို
ဖိုးတခေတ်နဲ့ တောတခေတ်နဲ့ ဆုံခဲ့သေးလား။
သူ့နယ်မြေ ဒေသမှာ သူ့အယူအဆ သူ့ယုံကြည်မှုနဲ့သူ … ရှိတာကို ကျနော်ဖြင့် ကဲ့ရဲ့ ရှုတ်ချဖို့ထက်…
စိတ်ဝင်စားပြီး…လိုက်ကြည့်ချင်မိတာက အရင်…
😆
ကျနော် အဲ့ ရွာ သွားကြည့်ချင်တယ်။
သွားဖြစ်ရင် တောတခေတ် လိုက်ပို့ပေးပါနော့
တောတွင်းပျော်
January 24, 2017 at 9:46 pm
ဒီနှစ် ကရင်နှစ်သစ်ကူးက ရေးမြို ့နယ်ကျောင်းရွာမှာ လုပ်ဖြစ်တယ်။
ဖိုတစ်ခေတ်အဖွဲ ့တွေလည်းလာကြတယ်။
ကျနော် မသွားဖြစ်လိုက်ဘူး။
နောက်နှစ်က ကျနော်တို ့ရွာအလှည် ့ကျတယ်။ ငြင်းလို ့မရ။
အဲ ့အချိန်ကျရင် လာလည်ကြပေါ ့ဗျာ ..