ကျောင်းတက်လာကြ ငယ်သူငယ်ချင်းတွေ – ၂

( ကျောင်းတက်လာကြ ငယ်သူငယ်ချင်းတွေ – ၂ )

ကျနော် မတူပီကျောင်းတက်နေစဉ်ကာလတုန်းက ကစားဖော်အပေါင်းအသင်းအများစုက ကျောင်းဆရာ သားသမီးတွေချည်း။
ကျောင်းအုပ်ဆရာကြီးက ချင်းပြည်မြောက်ပိုင်း တီးတိန်ဖက်က။
မြို ့နယ်ပညာရေးမှူးက ဖလမ်းလူမျိုး။ တီးတိန်နဲ ့ ဖလမ်းဟာ
မြေပုံထဲမှာ နယ်မြေခြင်းထိစပ်တဲ ့ မြို ့နယ် နှစ်ခုဖြစ်ပေမယ် ့ စကားမတူပါဘူး။
နောက်ပြီး ဆရာကြီးနဲ ့ ပညာရေးမှူး နှစ်ယောက်စလုံးဟာ ဗမာလို လည်လည်ဝယ်ဝယ်ပြောရတာခက်နေတော ့ သူတို ့ နှစ်ယောက် အချင်းချင်းဆုံရင် အင်္ဂလိပ်လိုပြောတာများပါတယ်။
ကျောင်းအုပ်ကြီးက ဟိုခေတ်တုန်းက ရ တန်းအောင်ဆိုလား။
သိပ်တော ့မမှတ်မိတော ့ဘူး။ ဒါပေမယ် ့ သူတို ့ရဲ ့ အင်္ဂလိပ်စာ အရေးအပြောကတော ့ တကယ်ကိုကောင်းတယ်။
စည်းကမ်းကြီးပြီး စည်းကမ်းနဲ ့ ပတ်သက်လာရင် သူ ့သားသမီးအရင်းတွေကိုလည်း မညှာတတ်ဘူး။
ဒီဆရာကြီးက တခါတလေ ဆရာ/ဆရာမ မလာတဲ ့သူငယ်တန်း ပထမတန်း အတန်းတွေကို ကိုယ်တိုင်ဝင်ပြီး စာပြတတ်သေးတယ်။ စည်းကမ်းကြီးသလောက် ကျောင်းအပေါ်
စေတနာကြီးတဲ ့ ဆရာကြီးပါ။

ူကျနော်က အဲဒီဆရာကြီးသားတွေနဲ ့ အနေများတော ့ သူတို ့ခေတ်သူတို ့အခါက သူတို ့ကျောင်းတက်ကြရပုံတွေ သိလာရပါတယ်။
သူတို ့ကျောင်းတက်တော ့ သူတို ့ရွာကနေ ၁ဝ မိုင်လောက်ဝေးတဲ ့ တီးတိန်ကို နေ ့ချင်း အသွားအပြန်တက်ကြတာလို ့ ဆိုတယ်။
အဲဒီခေတ်က မြို ့ပေါ်မှာ ဘော်ဒါဆောင်တွေ ဘာတွေက မရှိသေး။
မနက် ၃ နာရီခွဲလောက်ရွာကထွက်။ နေ ့လည်စာအတွက် ဖရုံသီးတွေ ဘာတွေပါထမ်းသွား။ ညနေကျောင်းဆင်း ရွာပြန်အရောက်
ည ၁ဝ ကျော်။
တကယ်ဖြစ်နိုင်ပါ ့မလား သံသယဝင်တော ့ ငါတို ့ထဲမဟုတ်ဘူး။
ငါတို ့ခေတ်က လူတွေဒီလိုကျောင်းတက်လာကြတာ ဆိုတယ်။
တောင်ပေါ်လမ်းက တစ်နေရာမှ မြေပြန် ့ပြန် ့ပြေပြေလျှောက်ရတာမှ မရှိတာ။ အတက်ပြီးရင် အဆင်း။
အဆင်းပြီးရင် အတက်။
ဒီလိုလမ်းမျိုးမှာ ထင်းရှူးမီးတွေထွန်းပြီး ကျောင်းတက်လာခဲ ့ကြသူတွေကို မြင်ယောင်ကြည် ့မိတာ ကိုယ်တွေတောင် ပင်ပန်းမိတယ်။

×××××××××××××××××

လူမျိုးစုံတဲ ့ ကျနော် ့ငယ်သူချင်းတွေဟာ ဘာသာစကားတွေ မတူကြတာမို ့ ဗမာလိုပဲ ပြောကြတယ်။
မြေပြန် ့ ဒေသက အလွန်ဝေးပြီ ခေါင်လှတဲ ့ မတူပီကို မြေပြန် ့ကရောက်လာကြတဲ ့ လူတွေ အံ ့ဩရတာက မတူပီကလူတွေ
အသံဝဲပေမယ် ့ ဗမာလို ကောင်းကောင်းမွန်မွန်ပြောတတ်နေကြတာကိုပဲ။ နယ်ကကျောင်းတက်လာတဲ ့ ကျောင်းသားတွေလည်း ၃/၄ လ လောက်ဆို ဗမာစကားကောင်းကောင်းပြောတတ်သွားကြတယ်။

နွေကျောင်းပိတ် ကျောင်းတော်ကြီးဟာ ပျင်းခြောက်ခြောက်ကျန်ခဲ ့တဲ ့ အချိန် ကျောင်းစာကြည် ့တိုက်ဟာ
နေ ့ခင်းနေ ့လည် ကျနော်တို ့ စာသွားဖတ်ဖို ့ ကစားဖို ့နေရာ
ဖြစ်လာတယ်။
စာကြည် ့တိုက်သော ့က စာကြည် ့တိုက်မှူး သူငယ်ချင်းရဲ ့အဖေနဲ ့ ကျောင်းအုပ်ဆရာကြီးဆီမှာ တစ်ချောင်းစီရှိတယ်။

ကျနော်တို ့ စာကြည် ့တိုက်ဝင် စာဖတ်မှာကို ဆရာကြီးက ကောင်းကောင်းအားပေးတယ်။ ဒါပေမယ် ့ ကျနော်တို ့ကို ပြတ်ပြတ်သားသားမှာထားတယ်။
စာအုပ်တွေ မစုတ်ပြဲစေနဲ ့။
နေရာတကျပြန်ထား။

ဆရာကြီးမှာက သားသမီးတွေအများကြီး။ အားလုံးက စာဖတ်ဂျပိုးတွေဖြစ်ကြသလို အဆော ့လည်းသန်ကြတယ်။ အားကစားလည်း တစ်ယောက်တစ်မျိုးထူးချွန်တယ်။
သူ ့သား နှစ်ယောက်ဆို ဟိုတုန်းက လူရည်ချွန် ဖြစ်သေးတယ်။
တစ်ယောက်က ၂ ထပ်ကွမ်းလား ၃ ထပ်ကွမ်းလား မမှတ်မိတော ့။

ဆရာကြီးမှာ သားသမီးများတော ့ ကျနော ့သူငယ်ချင်းတွေ အထက်တန်းကျောင်းသားဖြစ်လာချိန်မှာ ကျောင်းစရိတ်တွေ အခက်အခဲဖြစ်လာတယ်။
သူတို ့အဖေ ့ဆီက လစာနဲ ့ ကျောင်းတက်ဖို ့ မလွယ်မှန်းသိကြတော ့ နွေရာသီကျောင်းပိတ်ရက် သူတို ့ညီအကိုတွေ မိုင်းရှူးတက် ကျောက်သွားတူး။
အဲဒီအချိန်က မိုင်းရှူးခေတ်ကောင်းနေတဲ ့အချိန်။
ကျောင်းဖွင် ့ချိန်
ပြန်လာ ကျောင်းတက်။ ဒီလိုနဲ ့တက္ကသိုလ်ဘွဲ ့ရတဲ ့အထိတက်သွားကြတာ။ သူတို ့ညီအကိုထဲက တစ်ယောက်က
ဒီလိုနဲ ့ GTI အောင်ပြီး online ကနေ အဆက်အသွယ်ရှာပြီး
ဟိုဖက်ကအထောက်အပံ ့ရတော ့ အမေရိကကိုထွက်သွားပြီး
ဟိုမှာ အလုပ်တဖက် ကျောင်းတက်နေရင်း ဒီကကျန်ခဲ ့တဲ ့ ညီအကို မောင်နှမတွေကို တစ်ယောက်ပြီးတစ်ယောက် အမေရိကကို ခေါ်သွားတယ်။

သူတို ့ ညီအကိုအတော်များများ ဟိုကိုရောက်သွားတော ့ ဒီမှာကျန်ခဲ ့တဲ ့ သူတို ့ မိဘနှစ်ပါးကို ခေါ်ဖို ့စီစဉ်ကြပြန်တယ်။
အသက် ၆ဝ ဝန်းကျင်သက်တန်းရောက်နေပြီဖြစ်တဲ ့ သူတို ့အမေဟာ အမေရိကကိုသွားဖို ့ စပိကင်သင်တန်းတွေ အပြေးအလွှားသွားတက်နေတဲ ့ အချိန်မှာ သူတို ့အဖေ ကျောင်းအုပ်ဆရာကြီး အငြိမ်းစားဟာ လူကြီးရောဂါနဲ ့ ကွယ်လွန်သွားခဲ ့တယ်။
ဆရာကြီးဆုံးသွားတာ ဆယ်နှစ်နီးပါးရှိတော ့မယ်။

ငယ်သူငယ်ချင်းတွေအကြောင်းရေးမိတော ့
လူပျိုသော အပျိုသောနားမလည်
ဆိုးဆိုးပေပေ ထက်ထက်မြက်မြက် သူ ့သားသမီးတွေကို
တုတ်ကိုင်ပြီး စည်းကမ်းပေးခဲ ့တဲ ့ ဆရာကြီးကို ပြန်လည်အမှတ်ရရင်း ဂါရဝပြုလိုက်ပါတယ်။

တောတွင်းပျော်

14 comments

  • ဦးကျောက်ခဲ

    July 18, 2017 at 12:52 am

    ဟိုက်ရှားဘား …
    “မနက် ၃ နာရီခွဲလောက်ရွာကထွက်… ရွာပြန်အရောက် ည ၁ဝ ကျော်။”
    လမ်းမှာတင် အချိန်ကုန် … မလွယ်ကြောပဲ … နေ့တိုင်းတော့ မထင် …

    • တောတွင်းပျော်

      August 2, 2017 at 10:08 pm

      အဲဒီရွာ ကျနော်ရောက်ဖူးတယ်။
      တောင်ပေါ်လမ်းက သိတဲ ့အတိုင်းပဲ …
      မြို ့ကနေတောင်ထိပ် တောင်ထိပ်ကနေ ချောင်းထိတောက်လျှောက်အဆင်း
      ချောင်းရောက်တာနဲ ့ သူတို ့ရွာ ၂ မိုင်နီးပါး အတက်။
      တကယ်မလွယ်ဘူး

  • Shar Thet Man

    July 20, 2017 at 12:50 pm

    မိုက်တယ်

    • တောတွင်းပျော်

      August 2, 2017 at 10:16 pm

      ကျနော်တို ့ ခေတ်မှာလည်း သူတို ့ ခြေကျင်လာပြီး ကျောင်းတက်နေတုန်း
      ခေတ်မတူတော ့တာက မြို ့ပေါ်မှာ အိမ်ငှားတွေနဲ ့နေလို ့ရပြီ

  • ကျနော်တို့ငယ်ငယ်ကလည်းနယ်မှာတစ်မိုင်ခွဲလောက်နေ့စဉ် လမ်းလျှောက်ကျောင်းတက်ခဲ့ရသဗျ
    …၁ဝ မိုင်ဆိုတော့မလွယ်လှဘူးနော်…နောက်သတိထားမိသလောက် ချင်းလူမျိုးအများစုက
    အမေရိကား ကိုထွက်တာများတယ်…ဒေသကလည်းမဖွံ့ဖြိုးပဲကိုး.. :i: :i:

    • တောတွင်းပျော်

      August 2, 2017 at 10:20 pm

      ဒေသက အတော်ခက်ခဲတယ်။ ရာသီဥတုကလည်း ကြမ်းတယ်။
      ဆောင်းတွင်းဆို ပုံမှန် ရေခဲမှတ်ရောက်တယ်။

      ကျနော်တို ့တက်တုန်းကဆို အနီးနားရွာက ခြေကျင်အသွားအပြန်
      နေ ့တိုင်း ကျောင်းလာတက်တယ်။ မနက်ဆို ကျောင်းအရောက်
      တောက်လျှောက်အတက်လမ်း။
      ညနေဆို အိမ်အရောက် အဆင်းသက်သက်။
      ၃ မိုင်လောက်ရှိတဲ ့ခရီး။

  • •*¨နန်းတော်ရာသူ •*¨

    July 30, 2017 at 4:39 pm

    ဘုရားဘုရား အိပ်ချိန်နည်းလှချည့်လား…ကိုယ်တွေသာဆိုမလွယ်ကြော

    • တောတွင်းပျော်

      August 2, 2017 at 10:24 pm

      ဘဝပေး ခပ်ကြမ်းကြမ်းမှာ ဒီလိုပဲ ရှင်သန်ရုန်းရတာ
      သူတို ့ အတွက်ကတော ့ မဆန်းသလိုပါ။

  • manawphyulay

    July 31, 2017 at 4:49 pm

    ဒီလိုသာ ကိုယ်တွေ အလုပ်လုပ်ရင် ချမ်းသာနေပြီပဲ… အများအားဖြင့်က တောရွာတွေက လူတွေက အိပ်ချိန်သိပ်မရှိကြရှာဘူး။ မိုးလင်းမိုးချုပ် လယ်ထဲမှာပဲ အချိန်ကုန်နေကတာများတယ်။ ကိုယ်တွေ အအိပ်ကြီးတဲ့သူတွေဆို မလွ်ကြောပဲ…

    • တောတွင်းပျော်

      August 2, 2017 at 10:34 pm

      ဟုတ်ပါတယ်။ ချင်းပြည်ရယ်လို ့မှ မဟုတ်ဘူး။
      တောရွာတွေမှာက ဒီလိုတွေပဲ။

      နောက်တစ်ခုက ချင်းတွေက ဒူပေဒဏ်ပေ အတော်ခံနိုင်ကြတယ်။
      ကျနော်မလေးရှား စရောက်တော ့ putra မြို ့သစ်ဆောက်နေတဲ ့အချိန်။
      အဲဒီမှာ မြေသယ်ကား ဘိလပ်မြေကားမောင်းနေတဲ ့ မြန်မာအများစုက ချင်းတွေပဲ။
      ကားပေါ် အိပ် ကားပေါ်စား နေ နေကြတာ။

      နောက်ပိုင်း သစ်ကားလုပ်ငန်းဖက်ရောက်ကုန်တယ်။ အဲဒီနေရာက အန္တရာယ်များသလောက် လစာလည်းကောင်းတယ်။
      ဒီနေရာမှာ အင်ဒိုနီးရှားကားသမားတွေ ဝင်မတိုးနိုင်တော ့ဘူး။
      မလေး တရုတ်စတဲ ့ သစ်ကားသမားတွေလည်း ချင်းတွေ ဝင်လာတော ့
      အလုပ်မရဖြစ်ကုန်တယ်။
      လုပ်ရည်ကိုင်ရည်က ချင်းလူငယ်လေးတွေက အပြတ်သာတာကိုး

  • သင့်အေးရိပ်

    August 1, 2017 at 3:48 pm

    ချင်းကြည်ဘက် ရောက်ဖူးချင်တယ်။

    • တောတွင်းပျော်

      August 2, 2017 at 10:37 pm

      ဆောင်းတွင်းက အရမ်းအေးနေပေမယ် ့ သွားလည်လို ့ ကောင်းတဲ ့
      အချိန်ပဲ။
      ကျနော်လည်း တစ်ခေါက်လောက် ချင်း တောင်ပိုင်း/ မြောက်ပိုင်း
      ပြန်လည်ချင်ပါသေးတယ်ဗျာ …

  • ko six

    August 2, 2017 at 3:28 pm

    ကျနော်လည်း တောသားဆိုတော့ကာ ထပ်တူထပ်မျှပါပဲ

    • တောတွင်းပျော်

      August 2, 2017 at 10:45 pm

      ကျနော် မတူပီနေတုန်းက ဘုန်းကျောင်းသားလုပ်နေရတာ …
      ညနေကျောင်းဆင်း ဘုန်းကျောင်းရောက် ….
      သန် ့ရှင်းရေး ဘာညာလုပ် ရေချိုးထမင်းစားပြီးတာနဲ ့
      မနက်ဖြန်မနက် အာရုဏ်ဆွမ်းအလှည် ့ကျမယ် ့ အိမ်ကို
      ချိုင် ့ဆွဲပြေး ..
      တချို ့အိမ်က မြို ့ဟိုဖက်ထိပ် ၃ မိုင်ကျော်လောက်ဝေးတယ်။ ဟိုရောက်
      သူတို ့ဆွမ်းချက်အပြီးစောင် ့ရင်း တခါတလေ ည ၉ နာရီလောက်မှ
      ဘုန်းကျောင်းကိုပြန်ရောက်။
      မနက်ကျ ၄ နာရီထ ထမင်းချက် ဟင်းနွှေး။ ဘုန်းကြီးကို ဆွမ်းကပ်ခဲ ့ပြီး
      ဓါတ်ဗူးတစ်လုံးနဲ ့ ၁ မိုင်လောက်ဝေးတဲ ့ နေရာမှာ လဘက်ရည်သွားယူဖို ့
      တောင်ကုန်းတွေအပေါ် ပြေးတက်ပြေးဆင်း
      ငယ်ငယ်တုန်းကတော ့ တကယ်ပြေးနိုင်တာ
      ခုတော ့ မလွယ်တော ့ဘူး။
      ချင်းပြည်လို လေဖိအားနည်းတဲ ့ နေရာဆို ပိုဆိုး

Leave a Reply