တောအကြောင်း တောင်အကြောင်း ၁
( တောအကြောင်း တောင်အကြောင်း – 1 )
ကျနော်တို ့ Air putih က hutan lipar သစ်လုပ်ကွက်ကုန်သွားတော ့
ကျနော် ့ကားရယ် နောက်ကားတစ်စီး ( သူလည်းမြန်မာပါပဲ )
kemaman cherul က ကျနော်တို ့ရဲ ့ ပင်မစခန်းကို ပြန်လာခဲ ့ရတယ်။
Air putih မှာကျန်ခဲ ့တဲ ့ ကားတစ်ချို ့နဲ ့ ဘူဒိုဇာ excavator တစ်ချို ့က kuantan နားက gambang ကိုပြောင်းဖို ့ကျန်ခဲ ့တယ်။ ကျနော်တို ့ကို ပင်မစခန်းပြန်လှည် ့ခိုင်းတာက စခန်းမှာ
ကျန်ခဲ ့တဲ ့ workshop ကြီးကို ပြန်စောင် ့ဖို ့နဲ ့ စက်ကြီးတစ်ချို ့ပြန်ပြင်ဖို ့။
ပင်မစခန်းမှာ ၁ဝ ရက်လောက် လုပ်စရာ ပြင်စရာ လုပ်နေတုန်းမှာ ဒီ ပင်မစခန်းထက် ပိုအတွင်းပိုင်းကျ တောပိုနက်တဲ ့ တခြားသစ်လုပ်ကွက်ကို ပြောင်းဖို ့ အကြောင်းရှိလာပါတယ်။
အဲဒီသစ်လုပ်ကွက်က သစ်ကုမ္ပဏီဟာ ဒီပြည်နယ်ရဲ ့ အကြီးဆုံးသစ်ကုမ္ပဏီဖြစ်ပြီး သူဋ္ဌေးကတော ့ အဲဒီအချိန်မှာ
အသက် ၉ဝ ရှိပါပြီ။ ကျန်းကျန်းမာမာနဲ ့ ရုံးတက်နေတုန်း။
တောနက်ခရီးဝေးတာတွေကြောင် ့ သစ်ကားအငှားရခက်နေချိန်မှာ အနီးစခန်းမှာရှိတဲ ့ တောတွင်းပျော်တို ့ဆီရောက်လာတာဖြစ်တယ်။
သူတို ့စခန်းက တောတွင်းပျော်တို ့ စခန်းဆီကနေ 28 km လောက်သာဝေးပေမယ် ့ တောင် ၄တောင် ချောင်းကြီး ၄ ချောင်းဖြတ်ပြီးမှ ရောက်နိုင်တာမို ့ hilux 4×4 တွေနဲ ့တောင်
၁ နာရီနီးပါး ခရီးနှင်ရတယ်။ မိုးရွာပြီဆို ကားဘီးတွေကို သံချိန်းကြိုးပတ်မောင်းရတဲ ့ လမ်းမျိုး။
စခန်းအနေနဲ ့ သိပ်မဝေးလှတာမို ့ တောတွင်းပျော်တို ့၂ ယောက်
ကားဘီး အပိုတစ်လုံးစီ
အိပ်ယာလိပ်ထည် ့ပြီး တက်လာခဲ ့ကြတယ်။
ပင်မစခန်းမှာလည်း အိပ်ယာအပိုသိမ်းထားသေးတယ်။
ဘာကြောင် ့လဲဆို တောထဲကထွက်လာပြီးသစ်ချရမယ့်နေရာက
တောတွင်းပျော်တို ့ရဲ ့ ပင်မစခန်းနဲ ့ မနီးမဝေးက Matau မှာ
ချရမှာလေ …
20 comments
ဦးကျောက်ခဲ
June 15, 2017 at 10:02 pm
တိုးလို့တန်းလန်း … Edit Post နှိပ်ပြီး ရှေ့ဆက်ဗျာ… :k:
စကားအတင်းစပ် … ဘယ်လို သစ်အမျိုးအစားတွေ ထုတ်တာလဲဗျ…
တောတွင်းပျော်
June 21, 2017 at 9:55 pm
အပိုင်း ၂ ဆက်တော ့မယ်ဗျာ …
သစ်အမျိုးအစား မြန်မာလိုခေါ်ခိုင်းရင်တော ့
ကိုယ် ့ပေါင် ကိုယ်လှန်ထောင်းသလိုဖြစ်တော ့မယ်။ :k:
မလေးလိုပဲ ခေါ်တတ်တာ။ ကျွန်း ပျဉ်းကတိုးတွေတော ့ မရှိဘူး။
ပူနွေးစိုစွတ် မိုးများတဲ ့ဒေသဆိုတော ့ သစ်ပင်ကောင်းတွေအများကြီး။
တစ်ချို ့အမျိုးအစားတွေကို ကရင်ပြည်ထဲလည် တွေ ့ရတယ်ြ
kai
June 16, 2017 at 5:08 am
အသက် ၉ဝ နဲ့.. တောထဲရုံးတက်နေတာကို.. အံ့ဩတာ..။
တောတွင်းပျော်
June 21, 2017 at 10:01 pm
တောထဲကရုံးမဟုတ်ပါဘူး။
မြို ့ပေါ်ကနေအုပ်ချုပ်နေတာ …
သူ ့လက်ထောက်တစ်ယောက်က မနက်တစ်ကြိမ် ညနေတစ်ကြိမ် သူ ့ဆီကို ဖုန်းဆက် သတင်းပို ့ပေးရတယ်။
သူ ့လက်ထောက်ကလည်း အသက် ၇၂ နှစ်။ လမ်းမြေညှိစက်ကြီးမောင်းနေတုန်း။
ကျန်းမာရေးက တကယ် ့ ဒေါင်ဒေါင်မြည် …
အားလုံးက မလေးရှားတရုတ်တွေ
ဦး လေး မန်း
June 16, 2017 at 6:52 am
ဆက်ရေးပါဗျို့ တောေတာင်အကြောင်းဆို အထူးစိတ်ဝင်စားတယ်။
ကွန်ကရစ်တောမှာ နေနေရတော့ အမေနဲ့ရွာကို လွမ်းသဗျ။
တောတွင်းပျော်
June 21, 2017 at 10:02 pm
ကြိုးစားနေပါတယ်ဗျို ့ ….
ဇီဇီ
June 16, 2017 at 8:53 am
တောရောက် တောင်ရောက် မရောက်ပဲ
ကျန်တဲ့ အပိုင်းတွေ မှန်မှန် ဆက်ရေးစေချင်
:k:
တောတွင်းပျော်
June 21, 2017 at 10:06 pm
သတိပေးတာ ကျေးဇူးပါခည။
စာရေးတာ ဝါသနာပါပေမယ် ့ အပျင်းကြီးတာက ခက်နေတာ :k:
သင့်အေးရိပ်
June 16, 2017 at 11:20 am
ဟင်
တွဲလောင်းကြီး
အဲလေ
တန်းလန်းကြီး
:k:
တောတွင်းပျော်
June 21, 2017 at 10:10 pm
ဒီအတိုင်းပဲ ….
ခပ်ချေချေဘဲ ???
Ma Ei
June 16, 2017 at 1:07 pm
ကိုယ်တော့ အသက် 90 ထိနေရမယ်မထင်
😥
တောတွင်းပျော်
June 21, 2017 at 10:11 pm
စိတ်မလျှော ့ပါနဲ ့ အမရယ်
ထင်တယ်ဆိုရင် ၉ဝ မက နေရမှာပါ။
surmi
June 16, 2017 at 3:02 pm
တောဆိုရင်တော့စိတ်ဝင်စားပြီးသားဘဲ ။
ဆက်ပါ ဆက်ပါ 🙂
တောတွင်းပျော်
June 21, 2017 at 10:12 pm
ဆက်ပါအုံးမယ်ဗျာ
Shar Thet Man
June 16, 2017 at 5:41 pm
ဆက်ရေးပါဦးဗျို ့
တောတွင်းပျော်
June 21, 2017 at 10:12 pm
ဟုတ်ကဲ ့ပါဗျို ့
လုံမလေးမွန်မွန်
June 17, 2017 at 12:10 am
မပြောသေးဘူး ကြည့်နေတယ်.. အဲ.. ဖတ်နေတယ်
တောတွင်းပျော်
June 21, 2017 at 10:14 pm
မဖတ်သေးဘူး … အဲ .. ရေးနေသေးတယ် :k:
အရင်ကကျော်စွာဦးကြီးမိုက်
June 21, 2017 at 1:50 pm
ဘာမန့်ရမှန်းမသိအောင်ဖြတ်ပစ်သကိုးဗျ…ကိုတောတွင်းဆိုး
တောတွင်းပျော်
June 21, 2017 at 10:16 pm
စိတ်ကူးပေါက်မှရေး စိတ်ကူးပေါက်ရာက ရပ်
စာရေးရတာ သိပ်တော ့ အဆင်မပြေသေးဘူး