Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လှူရတာများတော့ အရမ်းဆင်းရဲတာပေါ့

phone_kyawFebruary 10, 20131min106719

လာလိုက်တဲ့အလှူခံတွေဗျာ။ နဲတာမဟုတ်ဘူး။ အိမ်မှာ ဆန် တစ်ခွက်ကို အမြဲဆောင်ထားရတယ်။ ပုိုက်ဆံငါးဆယ်တန်တွေကို ခွက်ထဲမှာ ထည့်ထားရတယ်။ ဘုန်းကြီးက ဆွမ်းခံတယ်။ တချို ့ဘုန်းကြီးတွေကိုရင် ပိုက်ဆံအလှူခံတယ်။ မယ်သီလရှင်က ဆန်တောင်းတယ်။ တစ်ပါတည်းမဟုတ်ဘူးနော်။ တစ်ယောက်တည်းလည်း မဟုတ်ဘူး။ တစ်ရက်မှာ အနဲဆုံး ၁ဝ ယောက်ကျော်တယ်။

ရက်ကွက်ထဲမှာ လမ်းပြင်၊ လမ်းဖာတာလည်း မလွတ်ဘူး။ လှူရပြန်တယ်။

နေ ့တိုင်း ဒီလိုလူတွေက အနဲဆုံးဆယ်ယောက်အထက်မှာရှိတော့ ဘယ်လောက်ကုန်မလဲဆိုတာ တွက်ကြည့်။ အဲဒါက ထွက်ငွေ။ ဝင်ငွေကတော့ သိတဲ့အတိုင်းပဲ။

မလှူပြန်ရင်လည်း သူတို ့ကစိတ်ဆိုးသေးတယ်။ ပါးစပ်ကတော့ မဟြေဘူး။ မျက်နှာမှာ အထင်သားပေါ်လွင်နေတော့ မြင်ရတာ ရုပ်အတော်ဆိုးတာပဲ။

လှူပြန်ရင် ဆုတွေကပေးတာ နဲတာမဟုတ်ဘူး။ မလှူတော့ မပေးဘူးဗျာ။ ရှင်းရော။ သူတို ့ပဲကြောက်ရတော့မလိုပဲ။ ဖြစ်သင့်တာက လှူလှူမလှူလှူ ဆုပေးပေါ့။ ဟုတ်ဘူးလား။ အလှူခံတယ်ဆိုတာကလည်း သူတောင်းစားတမျိုးပဲ။ အလုပ်မလုပ်နိုင်လို ့၊ ငတ်နေလို ့လှူတာက ပြသနာမရှိဘူး။ သန်သန်မာမာတွေက ပိုဆိုးသလားပဲ။

အိမ်ရဲ ့ဝင်ငွေက သိတ်ကောင်းတာမဟုတ်ဘူး။ တစ်ခါတလေ ဟိုအမျိုးကိုပေးရ၊ ဒီအမျိူးကို ကမ်းရတာလည်းရှိသေးတယ်။ စားရတော့ မသေရုံတမယ်။

ဒါတင်မဟုတ်ဘူး။ မီတာခတဲ့။ မီးတော့ ပုံမှန်မလာဘူး။ မီတာခလာပြီးကောက်တာတော့ ပုံမှန်ပဲ။ ဒါတော့ အတော်သိတယ်။

ဆင်းရဲမှာပေါ့။ ရတဲ့လစာကနဲနဲ။ လှူရတာကများများ။ မြန်မာ့ယဉ်ကျေးမှု ့လို ့ပြောလို ့ရပေမဲ့၊ ဒိလောက်များတဲ့ အလှူအတန်းကိုကြတော့ ဘယ်လိုနာမည်ပေးရမလဲဆိုတော့ အားအားရှိရှိ အလုပ်မလုပ်ပဲတောင်းစားချင်နေတဲ့လူမျိူးတွေလို ့ပဲပြောရတော့မယ်။

နိုင်ငံခြားမှာ ဘာအလှူမှ မတွေ ့ပါဘူး။ ကျနော့်အိမ်မှာလာပြီး အလှူခံတဲ့လူလည်းမရှိဘူး။ လမ်းပြင်ဖို ့ ကောက်ခံတဲ့အဖွဲ ့လည်းမရှိဘူး။ ဒီတော့ ရတဲ့လစာက ကိုယ့်မိသားစုပဲ စားရတာပေါ့ဗျာ။ ကုသိုလ်ရတာ မရတာ အပထား။ လက်တလော စားဝတ်နေရေးအဆင်ပြေဖို ့က အဓိကပဲ။ နောင်ဘဝကိစ္စက နောင်ကြမှ ဖြစ်မှာ။

အခုဟာက မြန်မာတွေဟာ ဘုရားကို ခုတုံးလုပ်၊ တရားကိုခုတုံးလုပ်၊ သင်္ကန်းကို ခုတုံးလုပ်ပြီး ဝါးတီးမှန်အောင်လုပ်ကြသလိုဖြစ်နေတယ်။ ပိုဆိုးတာက ယူနီဖောင်းကို ခုတုံးလုပ်ပြီး တောင်းစားတာက အဆိုးဆုံးပဲ။

ဘယ်နေရာသွားသွား သူတောင်းစားနဲ ့လည်းမလွတ်။ ဇွတ်ချစ်ကြလေတယ်။

တခါတုန်းက ရွှေတိဂုံဘုရားပေါ်တက်တယ်။ လမ်းလည်ခေါင်မှာ သူတောင်းစားအုပ်စုက သူ ့အမေ့လင်အပိုင်စားပေးထားတဲ့ နေရာ ကြနေတာပဲ။ အလည်ခေါင်တည့်တည်မှာ ခန် ့တည်တည်နဲ ့တောင်းစားလို ့ဗျာ။ ကျနော်လည်း မူးနေတော့ သူတောင်းစားတွေကို အကုန်လုံးမောင်းထုတ်ပစ်လိုက်တယ်။ အမယ်…ဆရားသမားတွေက စိတ်တောင်ဆိုးသေးတယ်ဗျာ။ ပါးစပ်ကလည်း ပွစိပွစိနဲ ့။ ပိုက်ဆံသာပေးကြည့်ပါလား။ ထိုင်ပြီးရှစ်ခိုးမဲ့အထိလုပ်အုံးမှာ။

သူတို ့ခန္ဓာကိုယ်ကြည့်တော့လည်းကျားကိုးစီးစားလို ့မကုန်တဲ့ရုပ်တွေနဲ ့။ ရွှေတိဂုံဆိုတာက နိုင်ငံပေါင်းစုံကလာပြီး ဖူးရတဲ့အထိ အထင်ကရရှိတဲ့နေရာ။ အခုတော့ သူတောင်းစားတွေကြောင့် တိုင်းပြည်ပါ သိက္ခာကြမဲ့ပုံဖြစ်နေပြီ။ ဂေါပကတွေကိုများ လာဘ်ထိုးထားသလားမသိဘူး။ ဒါ့ကြောင့် လမ်းလည်ခေါင်မှာတောင်းစားရဲ သတ္တိရှိတာပေါ့ဗျာ။ ရှင်းနေတာပဲ။

မော်လမြိုင်ကနေ ရန်ကုန်ကို ရထားစီးတော့ နောက်တခါ ကြုံပြန်သေးတယ်။ တောင်းစားတဲ့အမျိုးသမီးက ဒီလိုတောင်းတယ်။

ပိုက်ဆံလေးငါးကျပ်တစ်ဆယ်လောက်ပဲပေးပါ။ သူများတွေလို တစ်ရာနှစ်ရာမတောင်းပါဘူးတဲ့ဗျာ။ ဟိုက်ရှားပါ။ သူပြောမှပဲ ပြုံးမိတော့တယ်။ ငါးကျပ်တန်၊ တဆယ်တန်မှ မရှိတာ။ အနဲဆုံးအကြွေဆိုလို ့ငါးဆယ်တန်ခေတ်ရောက်နေပြီပဲ။ အဲဒါကို တောင်းစားတဲ့အမျိုးသမီးက မေ့နေပုံရတယ်။ ဘယ်လောက်လည်တဲ့အမျိူးသမီးလဲ။

ဒီတော့ ဒီမှာ အမကြီး…ခင်ဗျားတောင်းပုံကလည်း ရီရတယ်။ အခုခေတ်က ငါးကျပ်တန်ကော မြင်ဘူးလို ့လားဆိုပြီး မေးတော့ မျက်နှာပျက်လို ့။ သူ ့ကြည့်တော့ သန်သန်မာမာကြီးနဲ ့။ ဒီလိုလူမျိုးတွေ မြန်မာပြည်အနှံ ့မှာ နဲတာမဟုတ်ဘူး။

ဒါနဲ ့ရော့ရော့ နှစ်ရာတန်နှစ်ရွက်ပဲ ကျနော့်မှာအကြွေရှိတယ်ဆိုပြီးပေးမှ ကျေနပ်သွားတယ်။ မပေးကြည့်ပါလား။ ဆဲလိုက်မဲ့ဖြစ်ခြင်း။

ရထားကလည်း အထူးတန်းသာပြောတယ်….နိုင်ငံခြားက ရိုးရိုးတန်းတောင် သူ ့ထက်သာသေးတယ်။ လမ်းဘေးမှာလည်း အီးပုံတွေက နဲတာမဟုတ်ဘူး။

ရထားပေါ်မှာ ဈေးရောင်းတဲ့သူ၊ ဆေးရောင်းတဲ့သူ၊ ကွမ်းယာဆေးလိပ်ရောင်းတဲ့သူစတဲ့ လူတွေက နေရာတိုင်းလိုလိုမှာ တွေ ့ရတယ်။ ခရီးသွားတဲ့သူတွေ ဘယ်လောက်စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုတာကို သိသိကြီးနဲ ့မရောင်းနဲ ့လို ့ဘယ်ဝန်ထမ်းမှ မပြောတာက အတော်ဆိုးတယ်။

မြန်မာပြည်သူတွေဟာ ဘာနဲ ့တူသလဲဆိုတော့ မျှော်လင့်ချက်မဲ့နေတဲ့လူသားတွေလိုပဲ။

တက္ကသိုလ်ကျောင်းသားတွေကို မေးကြည့်တယ်။ ခင်ဗျားတို ့ဘွဲ ့ရရင် ဘာအလုပ်ရလဲဆိုတော့… မသိဘူးတဲ့ဗျာ။ ကောင်းရောပဲ။ ဒါဆိုရင် အချိန်ကုန်ခံပြီး ဘွဲ ့ယူတာ ဘာလုပ်ဖို ့လဲ။ လူငယ်တွေ ဘွဲ ့ဝတ်စုံကြီးနဲ ့ဓာတ်ပုံရိုက် အိမ်ဦးခန်းမှာ ခန် ့ခန် ့ကြီး ချိတ်ထားပြီး အလုပ်ကြတော့ မရှိတဲ့လူတွေဟာနဲတာမဟုတ်ဘူး။

သူများနိုင်ငံတွေမှာ သူတို ့တွေကျောင်းမပြီးခင်အလုပ်ရအောင် Graduate Program လို ့ခေါ်တဲ့ အစီအစဉ်တွေကို အစိုးရက စဉ်းစားပေးတယ်။ စီစဉ်ပေးတယ်။ အခု ကျနော်တို ့တိုင်းပြည်က လူကြီးများ စဉ်းစားထားချက်တောင် မရှိသလိုပဲ။ Company တွေ၊ လုပ်ငန်းရှင်တွေနဲ ့ကျောင်းတွေက ချိတ်ဆက်ပြီး အလုပ်သင်လိုမျိူးကို ဖြစ်အောင်အစိုးရက ကြားဝင်ပေးဖို ့လိုနေတယ်။ ဒါမှ သူတို ့ကျောင်းပြီးတာနဲ ့အလုပ်ရမှာပေါ့။ နိုင်ငံခြားက တက္ကသိုလ်တွေက မြန်မာပြည်လို မဟုတ်ဘူး။ တက္ကသိုလ်တိုင်းဟာ Industry တွေနဲ ့ချိန်ဆက်ထားတော့ ကျောင်းသားတွေအလုပ်ရတယ်။

ညွန်ကြားရေးမှုးတွေနဲ ့တွေ ့တော့ အကြံပေးတာတော့မဟုတ်ဘူး။ သိတာကို ဖလှယ်ပေးတာ။ တော်ကြာနေ ဆရာလုပ်တယ်ဆိုပြီး ဆဲချင်ဆဲနေအုံးမှာ။ ဒါနဲ ့ ခင်ဗျားတို ့လိုလူမျိုးတွေဟာ နိုင်ငံခြားမှ ပညာတော်သင်သွားသင့်တယ်လို ့ပြောဘူးတယ်။ ဒါမှ သူများနိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတာသိပြီး ကောင်းတာကို ယူလာနိုင်မှာပေါ့။ ညွန်ကြားရေးမူးကဘာပြောတယ်မှတ်လဲ။ အင်္ဂလိပ်စကားမှ မတတ်တာတဲ့။ နောက်ပြီး အစိုးရမှာ သူတို ့ကိုပို ့ပေးဖို ့ငွေမရှိဘူးလို ့ဆိုတယ်။

ညွန်မှုးတွေတောင် အရည်အချင်းမရှိမှတော့ အောက်က မန်နေဂျာလိုကောင်တွေက ပိုဆိုးပြီပေါ့ဗျာ။ ဒါ့ကြောင့်လည်းပဲ ရုံးတိုင်းက ရုံးနဲ ့မတူ။ ဝန်ထမ်းတိုင်းက ဝန်ထမ်းနဲ ့မတူပဲ အထက်ကဆိုတဲ့အတိုင်း သူတောင်းစားလိုမျိူးဖြစ်ပြီး လုပ်ပိုင်ခွင့်နဲ ့ယူနီဖောင်းကို ခုတုံးလုပ် အလှူခံတဲ့လူမျိုးတွေဖြစ်နေတာပေါ့။

အခုလည်းပဲ အစိုးရက နိုင်ငံတကာကို လိုက်ပြီး တောင်းနေတော့ သူတို ့လည်း သန်သန်မာမာကြီးနဲ ့တောင်းစားတဲ့လူတွေပဲပေါ့ဗျာ။

ပြည်သူတွေရဲ ့ဘဝ ဘယ်တော့များမှ အဆင်ပြေပါ့မလဲမသိဘူး။ အလှူခံကများ၊ တောင်းစားတဲ့လူကများပြီး ပေးမဲ့ကမ်းမဲ့လူကအရမ်းနဲနေတော့ ဝင်ငွေနဲ ့ထွက်ငွေမမျှဘူးပေါ့။

ဒီကြားထဲ နိုင်ငံရေးအကြောင်းပြပြီး တောင်းစားတဲ့လူ၊ အလှူခံတဲ့လူတွေကလည်း ၂၀၁၃-မှာ ပိုလို ့ခေတ်စားလာနေတော့ ဒိထက်ပိုပြီး ဆင်းရဲအုံးမှာပဲလို ့တွေးမိပါတော့သည်။

19 comments

  • Mr. MarGa

    February 10, 2013 at 6:17 pm

    ငြင်းရခက်တဲ့ အမှန်တရားပါလား
    ဆက်လက် လုပ်ဆောင်နေပါကြောင်းးးးးးးးး
    တိုးတက်အောင် ကြိုးစားနေပါကြောင်းးးးးးးးးးးးးးး

  • min khant

    February 10, 2013 at 6:53 pm

    when you say nothing at all

  • padonmar

    February 10, 2013 at 7:29 pm

    (သူများနိုင်ငံတွေမှာ သူတို ့တွေကျောင်းမပြီးခင်အလုပ်ရအောင် Graduate Program လို ့ခေါ်တဲ့ အစီအစဉ်တွေကို အစိုးရက စဉ်းစားပေးတယ်။ စီစဉ်ပေးတယ်။ အခု ကျနော်တို ့တိုင်းပြည်က လူကြီးများ စဉ်းစားထားချက်တောင် မရှိသလိုပဲ။ Company တွေ၊ လုပ်ငန်းရှင်တွေနဲ ့ကျောင်းတွေက ချိတ်ဆက်ပြီး အလုပ်သင်လိုမျိူးကို ဖြစ်အောင်အစိုးရက ကြားဝင်ပေးဖို ့လိုနေတယ်။ ဒါမှ သူတို ့ကျောင်းပြီးတာနဲ ့အလုပ်ရမှာပေါ့။ နိုင်ငံခြားက တက္ကသိုလ်တွေက မြန်မာပြည်လို မဟုတ်ဘူး။ တက္ကသိုလ်တိုင်းဟာ Industry တွေနဲ ့ချိန်ဆက်ထားတော့ ကျောင်းသားတွေအလုပ်ရတယ်။)

    တတ်အောင်လည်းသင်ပေး၊
    ၊ပြီးရင် အလုပ်ပေးဖို့ စဉ်းစားကြရမယ်။
    ခက်တာက ဘွဲ့မရခင် လုပ်တဲ့ အလုပ်ကို ဘွဲ့လည်းရပြီးရော နိုင်ငံခြားသွားမယ်ချည်း ဖြစ်ကြတာပဲ။
    အဲဒီလောက်လစာလည်း ပြည်တွင်းမှာ မရနိုင်သေးဘူးကိုး။

  • P chogyi

    February 10, 2013 at 8:47 pm

    ဗုဒ္ဓဘာသာတိုင်းပြည်မှာ အလှူခံရှိမှာပါပဲ
    ဗုဒ္ဓဘာသာမဟုတ်တဲ့ တိုင်းပြည်မှာ အလှူခံမလာတာ နှိုင်းယှဉ်စရာမဟုတ်ပါ။
    “အလှူခံတယ်ဆိုတာကလည်း သူတောင်းစားတမျိုးပဲ။“ ဆိုတော့
    ဘာ ဘာသာဝင်လဲစဉ်းစားစရာပဲ။

  • တောတွင်းပျော်

    February 10, 2013 at 9:10 pm

    မကြာသေးခင်က ရွာက ကျနော်တို ့အိမ်ကို ဘယ်ကမှန်းမသိတဲ ့
    ဘုန်းကြီးတစ်ယောက်( အစစ်လား၊ အတုလားမသိလို ့ ဒီလိုခေါ်တာ) လာအလှူခံတော ့
    အမေက တစ်ရာလှူလိုက်တယ်။
    မှန်းချက်နဲ ့ နှမ်းထွက်မကိုက်လို ့လားမသိ ကွက်ကနဲ မျက်နှာပျက်သွားပြီး နည်းလိုက်တာဆိုရင်း
    ထွက်သွားတယ်…….

    ဟင်း..ဟင်း…ဟင်း တောတွင်းပျော် ကိုယ်တွေ ့နော်… တကယ် ့ ကိုယ်တွေ ့။ ။။

  • မောင်ပေ

    February 10, 2013 at 9:27 pm

    ဖင်မနိုင်ပဲနဲ ့ပဲကြီးဟင်း စားရင်တော့
    စအိုနာပြီး ရှောဘရားသားဖြစ်မှာပေါ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 10, 2013 at 10:12 pm

    ( လှူရတာများတော့ အရမ်းဆင်းရဲတာပေါ့ )
    အဲ့သည်အတွေးက အဘိဓမ္မာဖက်ကတွေးရင်မှားတယ်
    ( ဓမ္မဖက်ကဆိုပိုတောင်ဝေးသေးတယ် )
    တစ်ခါတစ်လေသတိထားမိမလားဘဲ ကိုယ်က ပေးခြင်ကြွေးခြင်ပေမယ့်
    ကိုယ်တစ်ကယ်သဒ္ဓါရှိတဲ့သူက ကိုယ့်ရဲ့ ပေးခြင်း ( အလှူ ) ကိုအလိုမရှိဘူး
    အနီးစပ်ဆုံးပြောရရင်
    ဥပမာပါနော
    ကိုယ့်မိဖတွေကို ကိုယ်က တစ်ခုခုသော ပစ္စည်းအဟာရ ကိုပေးလိုက်တယ် ( လှူတယ် ) ဆိုပါစို့
    မိဖတွေက ကိုယ်ပေးလိုက်တာ ( လှူလိုက်တာ ) ကို အကုန်မသုံးစွဲဘူး
    အခြား သူ့သားသမီး ( ကိုယ့်ညီကိုယ်မောင်နှမတွေ ) တူသားမြေးမြစ်တွေကို ပေးလိုက်ရော
    ( အစိုရအာဏာရှိသူတွေ ) ရဲလိုသတ္တဝါတွေနဲ့ ( အချို့သော ) အလှူခံတွေကနေ အ ဓမ္မအလှူခံလို့
    ပေးလိုက်ရတာကိုတော့
    ဓမ္မ ဖက်ကအလှူနဲ့ လုံးဝမတူးဘူး
    ကိုယ့်ရဲ့ အပြုခံရတဲ့သဘောလည်းရှိပေသေးသပေါ့
    သူများနိုင်ငံတွေမှာ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာကတော့
    သဘောအရပြောရရင်
    ကျုပ်အဘိုးက ထန်းပင်စိုက်ထားတဲ့အတွက် ကျုပ်အဘကထန်းရည်သောက်ရတယ်
    ဒီတော့ကာ ကျုပ်အဘအစီမှာ အသိတရားတစ်ခုဝင်လာတယ်
    ထန်းပင်စိုက်ရင် ထန်းရည်သောက်ရတယ်
    သူလည်းထန်းပင်ထပ်စိုက်တယ်
    ကျုပ်အဘထန်းပင်စိုက်တော့ ကျုပ်လည်းထန်းရည်သောက်ရတယ်
    အဲ့သည်နေရာမှာ ထန်းရည်မသောက်ရတာက ကျုပ်အဘိုးဘဲ
    ဆိုတော့ကာ
    သူတို့နိုင်ငံတွေမှာ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာကတော့ သမ္ဘာ့သမိုင်းကြီးနဲ့ ပြန်တွေးရင်
    သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဟာ အာဏာရှင်တွေကိုတော်လှန်နိုင်ခဲ့တယ်ပြောရမလားဘဲ
    ဒါကအလွယ်ပြောတာပါ
    ဒီတော့
    ကျုပ်တို့လည်း ကျုပ်တို့ရဲ့ နောင်လာနောင်သားတွေတွက် ထန်ပင်စိုက်ဘို့ဘဲလိုလိမ့်မယ်
    သူများနိုင်ငံနဲ့ကိုယ့်နိုင်ငံကို ယှဉ်ပြီးညီးညူနေတာဘဲဆိုရင်တော့
    ကိုယ့်စီမှာထန်းပင်မရှိလို့ သူများထန်းပင်ပေါ်တက် သူများရဲ့ထန်းရည်ခိုးသောက်ပြီး
    ခင်ဗျားကြီး ထန်းပင်မစိုက်ခဲ့ရကောင်းလားဆိုပြီး
    ကိုယ့်အဘကို ကိုယ်ပြန်ဆဲတာနှင့်အလွန်တူပါကြောင်း :mrgreen:
    ( ဘာဘဲဖြစ်ဖြစ် ဆုမရလို့ ညစ်နေတယ်နော်……. 👿 )

    • မဟာရာဇာ အံစာတုံး

      February 10, 2013 at 11:25 pm

      ကဘုန်းကျော်ရဲ့ အမြင်ကို အမြင်အတိုင်း
      ရေးပြ၊ တွေးပြသွားတာလည်း မိုက်တာပဲ …

      ဘပုရဲ့ မတူသော အမြင်နဲ့ မန့်ချက်ကလည်း
      လန်ထွက်နေတာပဲ …..

      ဘာပဲဖြစ်ဖြစ် …
      ဒီပို့စ် ဝင်ဖတ်ရတာ ကျုပ်အတွက်တော့ တန်သွားပြီ …။

      ++++++++++++

      စကားမစပ် …
      ဘပု ဆုရရင် လာယူမလားလို့ မေးဂျင်ဘာဒယ် …
      မှန်မှန်ဖြေဘာ … :mrgreen:

  • MAUNG

    February 11, 2013 at 7:49 am

    ကိုယ်မှန်တယ် ထင်တဲ့အမြင်ကို ခပ်ဆတ်ဆတ် လေးရေးချပြသွား တဲ့ ရေးဟန်ကိုကြိုက် ပါတယ်။ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဆိုပေမဲ့ လဲ အလှူခံ အတုတွေ၊ အလွန် အကျွံဖြစ် လာတဲ့တောင်းစား သူတွေကြောင့် ပြောစရာ ဖြစ်လာတယ်၊ စိတ် အနှောင့်အရှက် ဖြစ် ရတယ်ဆိုတာ ကြုံဘူးသူတိုင်း ဘယ်သူမှ ငြင်းမရ ပါဘူး။ ကျွန်တော့ အမြင်ပြောရရင် ဥပမာ .. ဘာကြောင့်သန်သန် မာမာကြီးတွေလိုက်တောင်း စားလဲ ? ပေးတဲ့သူ ရှိလို့ပေါ့၊ ဟုတ် တယ်ဟုတ် ? ကျွန်တော်လဲ ပေးခဲ့မိ ဘူးပါတယ်၊ ဒါပေမဲ့ အစောက ပြောတဲ့ အတွေးမျိုး တွေးမိက တဲက လာတောင်း ရင်မပေး တော့ဘူး။ သူ့ဟာ သူစိတ်ဆိုး ရုံမက လဲဘဲသေ သေ ဗျာ။ ကျွန်တော် ကျောင်းသား ဘဝ က တစ်ခါ အဲလိုဘဲ၊ သန်သန် မာမာ ကြီးနဲ့ လာတောင်းဘူး တယ်၊ ခင်ဗျား ကလဲတစ် မျိုး ကိုယ့်ဟာ ကိုယ် တောင်၊ မုန့် စားဖို့ မ ရှိတာလို့ ပြောမိ လို့၊ ကိုရွှေ သူတောင်းစားက ဘာလဲ သူဝယ် ကျွေးရ မလားတဲ့ ။ လုပ်လိုက် လေကြာသလားလို့ ဆိုတော့ ရူးချင်ယောင် ဆောင်နေတယ်။ တစ်ကယ် လဲကျွန်တော့ဆီ မှာ အဲဒီတုံး ကပိုက်ဆံ တစ်ပြားမှ ရှိမနေ ခဲ့ပါဘူး ။ ခင်ဗျား မုန့် ဝယ်မကျွေး ဘဲ၊ ဘယ်မှ မသွား ရဘူးဆို ပြီး ညစ်ညစ် နဲ့လိုက်တွန်း တာထွက်ပြေး လိုက်တာ တန်းနေတာဘဲ ။

    စကား မစပ် မူးနေရက် ကြီးနဲ့ဘုရား တက်တာတော့သိပ် မမိုက်ဘူးနော်။

    ကိုအောင်ပု ရဲ့ ထန်းပင် ဥပမာ လေးကြိုက်ပါ၏ ။

  • Ghi Ghi ThE KiD

    February 11, 2013 at 8:35 am

    ဗရာဗိုဗျာ.
    ကျနော် အတိအလင်းအားပေးပါတယ်

    Cheers.

  • kyeemite

    February 11, 2013 at 11:05 am

    ကောင်းပါလေ့ ကဖုန်းကျော်…

  • ခင်ခ

    February 11, 2013 at 11:47 am

    မှောင်နေရင်လေ မီးထွန်းလိုက်၊
    နာကျင်သူကို ပြုစုလိုက်၊
    ဆာလောင်သူကို ကိုယ့်ထဲက တစ်ဝက်ဝေမျှလိုက်….။
    ( ကြိုက်နှစ်သက်တဲ့ သီချင်းလေးတစ်ပုဒ်ထဲက စာသားလေးပါ။)
    ပကာသန လူထင်ကြီးတဲ့ အလှုပေးခြင်းမဟုတ်ဘဲ
    ကိုယ်ရှိတဲ့ထဲက နိုင်သလောက်လေး မရှိသူများထံ သို့မဟုတ် လိုအပ်နေသူများထံ
    မျှဝေရုံလေး မျှဝေမှု့ မျှသာ။

  • kai

    February 11, 2013 at 3:44 pm

    မြန်မာပြည်ဘုန်းကြီးဦးရေ.. ၅သိန်းလို့ထင်ပါတယ်..
    ဘုန်းကြီးကျောင်းနေ..ကိုရင်..ကပ္ပိယတွေပေါင်းရင်.. ကုန်ထုတ်လုပ်မှုမရှိတဲ့.. လူဦးရေ ၁သန်းအသာလေးလို့..ခန့်မှန်းမိပါတယ်..
    ထမင်းတနှပ် ၁ ဒေါ်လာ(ကျပ် ၈၀ဝကျော်) လို့တွက်ရင်.. တရက် ၂ဒေါ်လာကုန်ကျစရိပ်လို့တွက်နိုင်မှာပါ..
    လူသားမှာလိုအပ်တာက.. စား၊ဝတ်၊နေ၊ရေးပါ.. အဲဒီအထဲ.. စားရေး(စားရေး)တခုထဲ.. ဘုန်းကြီးများအတွက် မြန်မာတွေပေးလှူနေတာ တရက်ဒေါ်လာ ၂သန်းဖိုးရှိပါတယ်..
    တနှစ်ကို.. ၃၆၅ရက်မို့.. ဒေါ်လာ သန်းပေါင်း ၇၃ဝလို့မြင်သာပါလိမ့်မယ်..။
    ဟိုလျှော့ဒီလျှော့..အစွမ်းကုန်လျှော့ချရင်တောင်.. သန်း၅၀ဝ အသာလေးရှိပါတယ်..

    ကမ္ဘာအဆင်းရဲဆုံးဖြစ်ခဲ့တဲ့တိုင်းပြည်.. အကြွေးဘီလီယံ၁ဝမကရှိနေတဲ့တိုင်းပြည်က… ပေးလှူပေးဆပ်နေတာတွေပါ..။
    တနှစ်မဟုတ်..၁ဝနှစ်မဟုတ်.. နှစ်၁၀ဝ မဟုတ်(မက)ပါ…

    နောက်တခု..
    နတ်တင်နေတာတွေ..
    မြန်မာပြည်မယ်.. လူဦးရေ..သန်း၅၀.. အိမ်ထောင်စု.. ၁ဝသန်းလို့အကြမ်းဖျင်းတွက်ပါမယ်..
    ဗုဒ္ဓဘာသာနဲ့နတ်ကိုးကွယ်သူ.. အိမ်ထောင်စု.. ၅ပုံ၁ပုံ.. ၂သန်းအသာလေးရှိမယ်လို့..ခန့်မှန်းပါတယ်..
    ဆိုတော့… အုန်းသီး..ငှက်ပျောသီး.. ငွေ..ရွှေ..

    ကိန်းဂဏန်းများက..မလိမ်ကြောင်း..
    ကြုံရင်.. တွက်ကြည့်ပြီး.. ဂဏန်းစားသွားကြစေလိုပါကြောင်း… :kwi:
    ထလော့မြန်မာ.. အိုမြန်မာတို့…
    သခင်မျိုးဟေ့.. ဒို့Burman
    =====

    ထလော့ မြန်မာ ထလော့..။
    တို့တိုင်းပြည်
    ထလော့မြန်မာ အိုမြန်မာတို့
    တို့ရွာတို့မြေ တို့ရွာမြေဝယ်
    စေတီစပါး များလည်းများ၏
    များပါလေလည်း တမွဲမွဲနှင့်

    ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
    တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
    ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်

    မစားလေရ ဝမ်းမဝ၍
    ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

    ထလော့မြန်မာ အိုမြန်မာတို့
    တို့ရွာတို့မြေ တို့ရွာမြေဝယ်
    ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
    သီးနှံချိုပျား များလည်းများ၏
    များပါလေလည်း တမွဲမွဲနှင့်
    ဆင်းရဲကာသာ ကာလကြာလျှင်
    မြင်သာမြင်ရ မစားရ၍
    တောက ပြိတ္တာဖြစ်မည်တည်း။

    ထလော့မြန်မာ မြန်မာထလော့
    အားမပျော့နှင့် မလျှော့လုံ့လ
    သူကစ၍ ငါကအားလုံး
    လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့်
    စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
    ဤမြေဤရွာ ဘယ်သူ့ရွာလဲ
    ဤယာစပါး ဘယ်သူ့စပါးလဲ
    ထားလော့တာဝန် ပွန်လော့လုပ်ငန်း
    ဉာဏ်ရှေ့ပန်း၍ တဝမ်းတစိတ် ညီစေသတည်း။

    ဆရာဇော်ဂျီ

    • ခင်ခ

      February 11, 2013 at 4:12 pm

      သူကြီးကတော့ လက်စွဲတော်ကဗျာကြီး
      ထုတ်ထုတ်ပြရတာအမောဘဲ…..။
      ဒါပေသည့် မြန်မာပြည်မှာ
      အလှုမင်္ဂလာ ဆိုင်းဝိုင်းတွေတော့ သောသောညံတီးနေစဲ၊
      နတ်ကန္နားတွေကလည်း ကနေစဲ၊
      ဘုရားတွေလည်း တည်နေစဲ၊
      ဇရပ်တစ်စောင်းလည်း ဆောက်လုပ်မြဲ
      ကဲ ဘယ်လိုလုပ်ရပ သူကြီးရေ။
      ရဲဘော် ဆက်လုပ် …… လိုဘဲပြောရမလား၊
      ရဲဘော် သက်သာ အေးဆေး တန်းဖြုတ်ဘဲ …………ဆိုရမလား သိတော့ဘူးဗျာ။

      • kai

        February 11, 2013 at 4:21 pm

        အခုကအသည်းအသန်စပြင်ကြ..လုပ်ကြ..သိကြ..ပါရင်.. နောင်မျိုးဆက် ၂ခုလောက်မှာ.. ကောင်းသွားနိုင်ရဲ့ဆိုပြီးလုပ်နေတာပါ..
        လက်ဆွဲတော်ကဗျာကြီးကို..ထုတ်ထုတ်ပြနေတာက.. ဒါတွေကို ဆရာကြီးဇော်ဂျီမြင်ခဲ့တယ်လို့.. ထင်လို့ပါ..
        သူကနေ.. မျိုးဆက်.. ၂ခုမကကျော်ခဲ့ပြီလေ…

        ဘာဘာဘာမှမဖြစ်လာတဲ့အပြင်..ပိုလို့..ဆိုးလာလေရဲ့… :buu:

        • ခင်ခ

          February 11, 2013 at 4:28 pm

          ဆရာဇော်ဂျီမြင်ခဲ့တဲ့ ကာလကိုမှန်းကြည့်ရင်
          အလွန်ကြာပြီဆိုတော့ သူကြီးရေ မြန်မာပြည်အတွက်တော့
          ရင်မောစရာ အမောမပြေနိုင်ပါလားဗျာ။
          ပြုပြင်မှု့တွေ အတော်ကို လိုတယ်လေ……….။
          ခက်တော့ ခက်သား ပါးလားနော်။

  • kthwinzayarmyo

    February 11, 2013 at 8:59 pm

    ၉ ရက်နေ့ ရန်ကုန်က ရွှေတောင်ကားနဲ့ အသွား အောင်မင်္ဂလာကားကြီးဝင်း
    မှာ ကားထွက်ခါနီး ကိုရင်တစ်ပါး တက်လာတယ်။စာအိတ်ကလေးတွေ လိုက်ဝေတယ်။
    စာသင် သံဃာများ စာအုပ်စာတမ်း မလုံလောက်သဖြင့် ဆိုပြီး အလှူခံတယ်။
    တကယ် စာသင်တိုက်တွေက အလှူခံခိုင်းထားလို့လား။
    ငွေလိုနေတဲ့ ကျောင်းသေးလေးတွေက အလှူခံခိုင်းထားတာလား။
    သင်္ဃန်းခြုံပြီး လိမ်ညာ အလှူခံတာလား။ ဘာပဲဖြစ်ဖြစ် သဘောမကျလို့
    တားဆီးချင်လာတယ်။ ဒါနဲ့ လာဝေတဲ့စာအိတ်လေး သိမ်းထားလိုက်တယ်။
    မန်းဂေဇက်မှာတင်ဖို့ ရည်ရွယ်ရင်း။ ဒါပေမယ့် ဆင်းတော့ ကားပေါ်မှာ မေ့ကျန်ခဲ့တယ်။
    ပြောချင်တာက ကျွန်တော်တို့ ရေလိုက်ငါးလိုက် မျှောမလိုက်ပဲ ဝိုင်းတားဆီးကြရင်
    ဒါမျိုးတွေ ပျောက်သွားမှာပါ။လူတိုင်းမှာ တာဝန်ကိုယ်စီ ရှိကြပါသည်။

  • 1 ဘာသာရေး အရေခြုံပြီးလုပ်စားနေသူတွေရှိတယ် ။
    (အဲလိုလူမှန်းသိပါရဲ့နဲ့ သနားပါတယ်ဆိုပြီးလှူနေတဲ့လူတွေလဲအသေအချာရှိတယ်။)
    2 လူတွေကလဲ ငါလှူလိုက်တယ်ဟေ့ဆိုပြီးလက်ခမောင်းခတ်ချင်တော့ ကိုယ့်ရှေ့လာသမျှလူကို
    အကုန်ထည့်တယ်(ကိုယ်ခြင်းစာနာစိတ်ဖြင့် အမှန်တကယ်ဒုက္ခရောက်သူကို ကူညီသူများမပါဝင်ပါ)
    3 သေရင်ကိုယ့်နောက်ပါတာ ဒါနဘဲရှိတဲ့ဆိုတဲ့ အယူအဆကို ကိုင်စွဲပြီးနောက်ဘဝအတွက်ကြိုတင်လို့
    စုဆောင်းသူတွေကလဲ ရက်ရက်ရောရောလှူကြတာလဲ ငြင်းမရဘူးနော်။
    (ဒါကလဲ ဘာသာပြန်လွဲနေကြတယ်လို့ထင်ပါတယ်)
    4 သာသနာတည်မြဲဘို့အတွက် (ဘယ်ဘာသာဝင်မဆို)သာသနာကိုထိန်းသိမ်းစောင့်ရှောက်ပေးသူကတော့
    အမှန်တကယ်လိုအပ်ပါတယ်။
    5 ဒါပေမယ့် သာသနာအရေခြုံတွေကို ဖယ်ယှားရမှာကတော့ အားလုံးမှာ တာဝန်ရှိပါတယ်။
    6 တကယ်လို့များ သူကြီးပြောသလို စစ်ပွဲတွေရပ်ခိုင်းပြီး စစ်သားတွေကို တပ်က ထွက်ခိုင်းလိုက်မယ် နောက်ပြီးတော့ သာသာနာပြုနေတဲ့ရဟန်းအစစ်တွေရော
    အရေခြံရဟန်းအတုတွေကိုပါ လူဝတ်လဲခိုင်းလိုက်မယ်ဆိုရင် အလုပ်အကိုင် ပေးနိုင်ပါမလားလို့စဉ်းစားမိပါတယ်။
    လက်ရှိအနေအထားက တက္ကသိုလ်ပေါင်းစုံကကျောင်းပီးထားတဲ့
    ဘွဲ့ရလူငယ်များမှာတော့ ထမင်းဝဝစားရမယ် အလုပ်ကို မရနိုင်သေးတာကတော့ အမှန်ပါဘဲ။
    တိုင်းပြည်မှာပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်များထူထောင်ထားတဲ့လုပ်ငန်းတွေရော အစိုးရထောင်ထားတဲ့လုပ်ငန်းတွေမှာပါ အလုပ်လုပ်ချင်သူကို အလုပ်မပေးနိုင်သေးပါဘူး။
    အဲတော့ စကားပုံခပ်ရိုင်းရိုင်းနဲ့နိုင်းရင် ဆင့် ဟိုဟာ ခွေးမျော်ဆိုသလို သူများနိုင်ငံကလာပြီးရင်းနှီးမြုတ်နှံမယ့်သူကိုဘဲ ထပ်မျှော်နေတဲ့ဘဝကိုရောက်နေအုံးမှာပါဘဲ။

Leave a Reply