Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စက်ရုပ်ငါးများအကန့်အသတ်မရှိငုပ်ဆင်းနိုင်ခြင်း

Mr WorldWideFebruary 11, 20131min1921

MSU (Machigan State University) မှ သိပ္ပံပညာရှင်များသည် ရေအောက်သို့ နက်ရှိုင်းစွာ ငုပ် နိုင်စွမ်းရှိသည့် ငါးများတီထွင်ပြုလုပ်ခြင်းဖြင့် အရေးပါသော ပြောင်းလဲမှုကို စတင်လိုက်ပါသည်။ ၎င်းငါးများ သည် ရေအောက်သို့ စွမ်းအင်အနည်းငယ်မျှဖြင့် ငုပ်ဆင်းသွားနိုင်ပြီး တစ်ချိန်တည်းမှာပင် တန်ဖိုးရှိသော အချက်အလက်များ စုဆောင်းခြင်းဖြင့် ကျွန်ုပ်တို့၏မြစ်များ၊ ကန်များဆယ်ခြင်းလုပ်ငန်းတွင် ကူညီနိုင်ပါ သည်။  MSU မှလျှပ်စစ်နှင့်ကွန်ပျူတာ အင်ဂျင်နီယာဌာန၏ တွဲဖက်ပါမောက္ခ ဟွာဘိုတန် (Xiabo Tan) နှင့် အဖွဲ့မှ ဒီဇိုင်းထုတ် တည်ဆောက်ထားသော ၎င်းငါးတွင် အလိုအလျောက်သွားလာနိုင်မှု သာမကရေ၏ အပူချိန်၊ အရည်အသွေးနှင့် အခြားအကျုံးဝင်သော အချက်များကိုပါ သိနိုင်သည့် အာရုံခံစနစ်များ  တပ်ဆင် ပေးထားပါသည်။

130116164517

          ကူးခတ်နိုင်ခြင်းအတွက် အမြှီးခတ်ခြင်း ပုံမှန်လုပ်ဆောင်ရန် လိုအပ်ပါသည်ဟု  Tan က ပြောခဲ့ပါ သည်။ ဆိုလိုခြင်းမှာ ဘက်ထရီအား ပုံမှန်အားသွင်းရန်လိုအပ်ပြီး အားသွင်းရန်အတွက် အချိန်အနည်းသာ ကြာမည်ဖြစ်ပါသည်။ ငုပ်ဆင်းခြင်းတွင် ဘက်ထရီ၏ အားနည်းချက်မှာ နှေးကွေးခြင်းနှင့် လှည့်ပတ်နိုင်မှု အားနည်းခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စက်ရုပ်တွင် ရွေ့လျားစနစ်ဖြစ်သည့် ငုပ်ဆင်းခြင်းနှင့် ကူးခတ်ခြင်းကို ပေါင်းစပ်ပေးခဲ့ပါသည်ဟု Tan ကပြောကြားခဲ့ပါသည်။ ယင်းပေါင်းစပ်ခြင်းသည် စက်ရုပ် အားပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်ရန် ပြုလုပ်ပေးခြင်းဖြစ်ပါသည်။ စမ်းချောင်းမှကန်ထဲသို့ ကူး ခတ်သွားသည်ဖြစ်စေ၊ ရေကန်မှမြစ်ထဲသို့ ကူးခတ်သွားသည်ဖြစ်စေ အဆင်ပြေအောင် ပြုလုပ်ထားပါ သည်။ စက်ရုပ်ရေအောက်သို့ ငုပ်ဆင်းနိုင်ခြင်းမှာ ငါးထဲတွင် ပန့်များဖြင့် ရေသွင်းရေထုတ်စနစ်ပြုလုပ် ထားခြင်းဖြင့် လိုအပ်သလို ငုပ်ခြင်း၊ပေါ်ခြင်း ပြုလုပ်နိုင်ပါသည်။

စက်ရုပ်ငါးအား ဂရေ့ (Grace) ဟု အမည်ပေးထားပြီး Gliding Robot ACE အား ကိုယ်စားပြုခြင်း ဖြစ်ပါသည်။ လွန်ခဲ့သောနှစ်တွင်  Tan နှင့် အဖွဲ့သည် ဂရေ့အား ကလမာဇူးမြစ် (Kalamazoo River) အ တွင်း စမ်းသပ်မောင်းနှင်ခြင်း ပြုလုပ်ခဲ့ရာ မျှော်လင့်သည်ထက် ပိုမိုအောင်မြင်ခဲ့ကြောင်း သိရပါသည်။ စက် ရုပ်ငါးသည် မြစ်ကြောင်းတစ်လျောက် သုံးနေရာတွင် ကူးခတ်ခဲ့ပြီး ဝါယာလက်စနစ်ဖြင့် အာရုံခံအချက် အလက်များ ပေးပို့ခဲ့ပါသည် ဟု Tanမှ ပြောကြားခဲ့ပါသည်။ ဂရေ့၏ ထူးခြားချက်မှာ ၎င်း၏ ရေငုပ်စွမ်းရည် အပြင် အခြားရေငုပ်ယာဉ်များထက် ၁ဝ ဆ ပိုမိုသေးငယ်ပြီး ပေါ့ပါးခြင်းဖြစ်ပါသည်။ ယခု သုတေသနလုပ် ငန်းအား အမျိုးသားသိပ္ပံအဖွဲ့ (National Science Foundation) မှထောက်ပံ့ပေးထားပါသည်။

New Robotic Fish Glides Indefinitely

MSU scientists have made a number of improvements on the fish, including the ability to glide long distances, which is the most important change to date. The fish now has the ability to glide through the water practically indefinitely, using little to no energy, while gathering valuable data that can aid in the cleaning of our lakes and rivers.

Designed and built by Xiaobo Tan, MSU associate professor of electrical and computer engineering, and his team, the fish is equipped with an array of sensors that not only allow it to travel autonomously, but also measure water temperature, quality and other pertinent facts.

http://www.sciencedaily.com/releases/2013/01/130116164517.htm

 

One comment

  • kai

    February 12, 2013 at 5:04 am

    တချိန်ချိန်မှာ.. တကယ့်ငါးကို.. အသားလည်းစား.. ခိုင်းလည်းစားတာဖြစ်လာမယ်လို့.. ထင်မိတယ်..
    ဒီအန်င်အေပြောင်းပေးယုံပဲလို့.. ထင်တာပဲ.. :harr:

Leave a Reply