၂၀၀၂-၂၀၀၃
၂၀၀၂-၂၀၀၃
ကြည်နူးရိပ် ကဖေး ဆိုတာ ရှိတယ်။
ဒီကစောင့်နေသူ ရှိတယ်။
နေပူပူ ဖယ်ရီကွင်းကြီး ရှိတယ်။
မလေးရှား ပိတောက်တွေ ရှိတယ်။
အဝေးရောက် ဘွဲ့ လျှောက်လွှာရှိတယ်။
မေဂျာပြောင်း ဖောင်တွေ ရှိတယ်။
ဆယ်တန်းဂိုက်ပြန်လုပ်နေတဲ့ ရင်ဖုံးအင်္ကျ ီလေး ရှိတယ်။
ငေးကြည့်ရတဲ့ ပတ်သက်မှု ရှိတယ်။
စိုးမြင့်ကြော်ရှိတယ်။
ဘားမားဦးထုပ်ဆောင်းရှိတယ်။
ရော့ခ်သီချင်း ဆိုတဲ့ ကင်န်တင်းရှိတယ်။
လမ်းမပေါ် ကျကျန်ခဲ့တဲ့ ပေတံလေးတစ်ချောင်းရှိတယ်။
ရောင်စုံဓါတ်ပုံဆိုင်ရှိတယ်။
ဂျိုကာဖြစ်ရင်နိုင်ပြီ ဆိုတဲ့ ကားသမားတွေ ရှိတယ်။
ကဗျာတူ မေဂျာကွဲ တွေ ရှိတယ်။
သီချင်းတူ ပုလင်းတူ တွေရှိတယ်။
ဝိုင်အရက်ပြင်းပြင်း လို ရက်ပ် သီချင်းတွေ ဆိုတဲ့အခါ
ထထ ပွင့်တတ်တဲ့ ပေါက်ပန်းဖြူဖြူတွေရှိတယ်။
နိုဝင်ဘာမှာတော့
ခြောက်ကပ်နေတဲ့ ရိုးပြတ်တွေကို
အလွမ်းဓါတ်တွေ မြူးအောင် ဆောင်မ တတ်တဲ့
ဒိုင်နာပေါ်က ရေသန့်ဗူးတွေ ရှိတယ်။
နှုတ်ဆက်ခြင်း လက်ရေး နဲ့ လွင်ပြင်ဝါပေါ်က ရေပူစမ်းအက်ဆေး ကို
စာဖြေလွှာတွေ ထဲ ထည့်ရေးခဲ့တုန်းက
သူမ ပေးခဲ့တဲ့ ငြင်းဆိုစာ တစ်စောင်ရှိတယ်။
လှိုင်သာယာ ပြန်မယ့် ဖယ်ရီနဲ့
မြောက်ဥက္ကလာပြန်မယ့် ဖယ်ရီရှိတယ်။
ကွင်းပြင်ကျယ်ကျယ်ထဲ နှောင်းနွေရက်တွေ က
ဆေးဆိုးလိုက်တဲ့ စိမ်းဝါနီ ဗာဓံရွက်တွေ
အခုထိ ရှိတယ်။
ကျော်ညိုသွေး
4 comments
ခင်ခ
February 11, 2013 at 3:24 pm
ဤကဗျာကို ဖတ်ခဲ့သူ ရှိတယ်
ဆိုတာ သိစေချင်လို့မန့်တာ ရှိတယ်။
ခိုင်ဇာ
February 11, 2013 at 4:12 pm
လွန်ခဲ့တဲ့ ၁ဝ နှစ်က မှတ်ဉာဏ်တွေ ဒီ စာထဲမှာရှိတယ်။
Mr. MarGa
February 11, 2013 at 8:31 pm
အဲဒီတုန်းက ပျော်မိခဲ့တယ်
မောင်ပေ
February 12, 2013 at 12:13 pm
၂၀၀၂ မှာ သူဌေးမဖြစ်သေးပါ
၂၀၁၃ မှာလဲ သူဌေးမဖြစ်သေးဘူး
အဲဒါ ဘယ်လို လုပ်ရပ