ပွဲကျောင်းသိုင်းပညာဆိုတာ
ပွဲကျောင်းသိုင်းပညာဆိုတာနဲ့ မြန်မာတွေ တော်တေ်ာများများသိထားကြတာက ပုဂံခေတ် အရည်းကြီးတွေရဲ့ပညာလို့မြင်ကြပါတယ်။ ပုဂံခေတ် ပန်းဦးဆက်သရတဲ့ အရည်းကြီးတွေ အကြောင်းကိုပဲ လူတွေ မျက်စိထဲမြင်ကြမှာပါ။ ထို သမိုင်းမှားအတွက် ပွဲကျောင်းသားတစ်ဦးဖြစ်တဲ့ ကျွန်တော်မှာ ရှင်းလင်းဖို့ တာဝန်ရှိလာပါတယ်။
ပုဂံခေတ်မှာ အရည်ကြီးဆိုတဲ့အကြောင်းအရာရှိခဲ့တယ်ဆိုတာကို ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာ အစရှိတဲ့ ငြင်းပယ်လို့မရတဲ့ သမိုင်းသက်သေမရှိပါဘူး။ ပုဂံတစ်မြို့လုံးမှာလည်း ဂါမဝါသီပွဲကျောင်း အဆောက်အဦးနဲ့တူတာ တစ်ခုမှ တူးဖော်လို့မရရှိသေးပါဘူး။ အဲဒါကြောင့် သမိုင်းပညာရှင်က ပုဂံခေတ်မှာ အရည်ကြီးဆိုတာမရှိပါဘူး ရှိရင် သက်သေပြပါလို့ ပြောခဲ့ပါတယ်။ သမိုင်း မှတ်တမ်းများ အရ အရည်းကြီးဆိုတာ မရှိသလို ပွဲကျောင်းသိုင်းပညာကို တကယ်သင်ယူ ဖူးသူ အားလုံးဟာ တကယ့် ပွဲကျောင်းပညာရပ်ဟာ စာအုပ်ထဲက စိတ်ကူးယဉ်ပွဲကျောင်းပညာလို မဟုတ်ဘူးဆိုတာ သဘောပေါက်သွားကြပါတယ်။ မီးလှုံ၊ ရေငုပ်၊ ဇယ်ခတ်၊ တုန်းခုံဆိုတာက သိုင်းကျင့်စဉ်ပါ။ ထိုကျင့်စဉ်တွေကို သဘောမပေါက်ဘဲ အရည်းကြီးကျင့်စဉ်လိုလို ရေးခဲ့ကြတာပါ။
ပွဲကျောင်းသိုင်းပညာဟာ အခြားမြန်မာ့သိုင်း၊ ရှမ်းသိုင်း၊ အင်းသိုင်း၊ ရာမညသိုင်း အစရှိတဲ့ သိုင်းပညာများနဲ့ မတူဘဲ တမူထူးခြားတဲ့ သိုင်းပညာရပ်ပါ။ ပွဲကျောင်းသိုင်းပညာကို လူမျိုးခြား ဘာသာခြားများ သင်လို့မရသလို မြန်မာလူမျိုး ၁၀၀ဝ မှာ တစ်ယောက် တတ်ဖို့အထိ ခဲယာဉ်တဲ့ ပညာရပ်ဖြစ်လို့ ပွဲကျောင်းသိုင်းပညာမသင်ရတဲ့သူတွေရဲ့ သမိုင်းလိမ်ကြောင့် နာမည် ပျက်ခဲ့ရ တာပါ။
ပွဲကျောင်းသိုင်းပညာဟာ အခြေခံအဆင့်မှာတင် ကမ္မဌာန်းကျင့်စဉ်နဲ့ တွဲဖက်ပြီး စတင်လေ့ကျင့်ရ တဲ့ သိုင်းပညာရပ်တစ်ခုဖြစ်ပြီး ပွဲကျောင်းသိုင်းပညာရပ်မှာ ဒဿနပေါင်းများစွာ ဥပဒေသပေါင်းများစွာသော စည်းကမ်းတွေနဲ့ တင်းကျပ်စွာသင်ကြားရတဲ့ သိုင်းပညာရပ်ပါ။
သိုင်းပညာမှာ အဆင့် ၃ မျိုးရှိပါတယ်။
(က) သိုင်းသမား၊ စစ်သား
(ခ) သိုင်းဆရာ၊ သိုင်းပညာရှင်
(ဂ) သိုင်းဝိဇ္ဖာ ရသေ့ပညာရှင် အဆင့် ဆိုပြီး ၃ မျိုး ရှိပါတယ်။ (ဂ) သိုင်းဝိဇ္ဖာ ရသေ့ပညာရှင် အဆင့်က အမြင့်ဆုံးပါ။ အဲဒီအဆင့်ရောက်ဖို့ ဘယ်သိုင်းပညာရပ်မှာမဆို သမထစွမ်းအားလိုပါ တယ်။ မိန်းမနဲ့ ဖက်အိပ်နေလို့ရှိရင်တော့ အဲဒီအဆင့်ကို ဘယ်လိုမှ မရောက်နိုင်ပါဘူး။
ကျွန်တော်တို့ ပွဲကျောင်းသိုင်းပညာမှာ အဆင့် ၅ ဆင့်ခွဲထားပါတယ်။
(က) ဝိုင်းထွက် (၅ ယောက်၊ ရ ယောက် ကိုထွက်နိုင်ရပါမယ်)
(ခ) ခန်းဝင်၊ ခန်းထွက် (၁၂ ယောက်နှင့်အထက် ကိုထွက်နိုင်ရပါမယ်)
(ဂ) ရွာဝင်ရွာထွက် ( အယောက် ၁၀ဝ နှင့်အထက် ကိုထွက်နိုင်ရပါမယ်)
(ဃ) မြို့ဝင်မြို့ထွက် ( အယောက် ၁၀၀ဝ နှင့်အထက် ကိုထွက်နိုင်ရပါမယ်)
ရန်သူမြို့ထဲဝင်ပြီး ရန်သူ ခေါင်းဆောင်ကိုသတ်ဖြတ်ရပါတယ် ရန်သူခေါင်းဆောင် ရဲ့ ခေါင်းကိုပါအောင် ဖြတ်နိုင်ရင် မြန်မာဘုရင်လက်ထက်တွင် လကျ်ာပျံချီဘွဲ့ပေးပါတယ်။ ရန်သူခေါင်းဆောင် သေတယ် အလောင်းပါမလာရင် လက်ဝဲပျံချီပေးပါတယ်။ မွန်သူရဲကောင်း ဥပါကောင်း၊ သံလုံငယ် တို့လိုမျိုးပါ။
(င) နောက်ဆုံးအဆင့်ကတော့ တောဝင် တောထွက်ပါ။ ( ထိုအဆင့်တွင် ရသေ့ဝတ်ကြတာ များပါတယ်)
ပွဲကျောင်းသားတစ်ယောက် သိုင်းပညာစတင်ပြီဆိုထဲက ပထမအဆင့် အမျိုးဘာသာ သာသနာကိုကာကွယ်ဖို့နဲ့ အတူ သူ့ရဲ့ နောက်ဆုံးရည်ရွယ်ချက်က နောက်ဆုံး အဆင့် တောဝင်တောထွက် အောင်ပြီး ပညာစဉ်ကို မပျောက်မပျက်အောင် ထိန်းသိမ်းဖို့အထိ ဖြစ်ပါတယ်။ ရန်ဖြစ်ဖို့ သူတစ်ပါးကိုအနိုင်ကျင့်ဖို့အတွက်တော့ ပွဲကျောင်း သိုင်းပညာကို သင်ကြားလို့လုံးဝမရပါဘူး။ အဲဒီလို ဆန်းကောင်းမှာ ကြွက်ချေးမရောအောင် အဆင့်အဆင့် စမ်းသပ်မှုပေါင်းများစွာနဲ့ စိစစ်ပါတယ်။ နောက်ထပ် တားမြစ်ချက်က အဆင့် ၅ ဆင့်မှာ ဘယ်အဆင့်ပဲရောက်ရောက် အိမ်ထောင်ပြုခဲ့လျှင် နောက်တစ်ဆင့် ထပ်တက်လို့ မရတော့တာပါပဲ။ သာမာန်ပွဲကျောင်းသား တော်တော်များများဟာ အဆင့် ၃ နဲ့ ၄ မှာတင် ရပ်တန့် ကြရတာများပါတယ်။ အဆင့် ၅ ရောက်ဖို့က ပြင်းထန်းတဲ့ သထမကျင့်စဉ်တွေနဲ့အတူ တောရဲ့ သဘာဝ၊ သားကောင်တွေရဲ့ သဘာဝ၊ ဆေးဘက်ဝင်အပင်တွေရဲ့ အကြောင်း အဆိပ်ပင်တွေ အကြောင်း တွေကို လေ့လာသင်ယူရတဲ့အတွက် ရသေ့ဝတ်ကြရပါတယ်။
ဒီလို ပြင်းထန်းတဲ့ ဥပဒေသနဲ့ တားဖြစ်ထားတဲ့ ပညာရပ်ကို လေ့ကျင့်နေသူတွေကို ပန်းဦးဆက်သ ရတယ်ဆိုတဲ့ ရေးသားမှုဟာ အပုတ်ချခဲ့မှုသက်သက်ဆိုတာ ပွဲကျောင်းသားတိုင် သိရှိကြပါတယ်။
Credit: Min Thuyein
* ပညာစဉ်များနဲ့ လေ့ကျင့်ရမှုကို ထပ်မံဖေါ်ပြပါမယ်။ ထိုပညာစဉ်များ ဥပဒေသများကို လေ့လာရုံနှင့် ပွဲကျောင်းဆိုတာ မည်သို့သော သိုင်းပညာဆိုတာ သဘောပေါက်လာကြမှာပါ။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C) မှ ထပ်ဆင့် ကူယူလာပါသည်…
9 comments
P chogyi
February 11, 2013 at 7:07 pm
ပွဲကျောင်းနဲ့ အရည်းကြီးကိစ္စတော့မသိပါဘူး။
မြန်မာပွဲကျောင်းသိုင်းက သတ်သတ်ပါ။
အရည်းကြီးအုတ်ကျောင်းတွေ
မြင်းကပါရွာနားတစ်ဝိုက်မှာ ရှိတယ်ဗျ။
ကျွန်တော်ပြန်မေးကြည့်လိုက်ဦးမယ်။
မဟာရာဇာ အံစာတုံး
February 11, 2013 at 8:24 pm
ပွဲကျောင်း သိုင်းပညာကို
ရန်ကုန်မြို့က လူအများစု တတ်ကျွမ်းကြတယ်လို့ ပြောရင်
ယုံနိုင်ကြမလား ???????
မယုံလည်း နေကြပေါ့ ….
ကျုပ်ကတော့ ယုံတယ် ….
ဘယ်အဆင့်ထိတောင် တက်ကျွမ်းကြတယ်လို့ ဆိုနိုင်မလဲ ဆိုရင် ….
ခန်းဝင်၊ ခန်းထွက် အဆင့်လောက်တော့ အသာလေးပဲ ….
မယုံရင် လိုင်ကားသာ တက်စီးကြည့်လိုက်ပေတော့ …….
Mr. MarGa
February 11, 2013 at 8:37 pm
ပွဲကျောင်းသား ဆိုတာနဲ့
ိသိုင်းပညာကို တတ်ကျွမ်းပြီးတော့ မကောင်းသူပယ် ကောင်းသူကယ် အဖြစ်နဲ့ မြင်မိတာများပါတယ်ဗျာ
အဆိုးဘက်ကိုတော့ မမြင်တတ်ပါဘူး
uncle gyi
February 11, 2013 at 10:37 pm
အင်းကောသလမင်းအိမ်မက်မှန်လိုက်ပုံများ
သက်ငယ်စကားသက်ကြိီးကြားတဲ့
ဖတ်သွားပါတယ်ဗျာ
မှန်မမှန်တော့မယုံသေးဖူး
မဟုတ်ဖူးလို့လည်းမငြင်းဖူး
ကိုယ်တွေနဲ့စိမ်းတဲ့လိုင်းဖြစ်နေတယ်
kai
February 12, 2013 at 1:20 am
http://komoethee.blogspot.com/2013/01/blog-post_11.html
ဒေါက်တာသန်းထွန်းပြောသော အရည်းကြီးများအကြောင်း
by Ko Navana on Thursday, January 10, 2013 at 10:20am ·
နန္ဒာလှိုင်နဲ့ လူမင်း နဲ့ သရုပ်ဆောင်ထားတဲ့ အရိမဒ္ဒနပူရ (ထင်တယ်) ဆိုတဲ့ ဇာတ်ကားထဲမှာ နန္ဒာလှိုင်ကို ပန်းဦးလွှတ်ဖို့ ဇော်မှိုင်းခေါင်းဆောင်တဲ့ အရည်းကြီးတွေ တန်းစီကြတယ်..။ ဇော်မှိုင်းက ဆရာကြီးဆိုတော့ တိုကင်နံပါတ်ဝမ်းပေါ့..။ နန္ဒာလှိုင်က အခန်းထဲက ဒမ်းလော့ မွေ့ရာကြီးပေါ် တစောင်းလေး လဲလျောင်းနေတဲ့အချိန် ဇော်မှိုင်းက လျှာသပ်ပြီး ဝင်လာတော့ ပုရိတ်သတ်များက မဖြစ်နိုင်မှန်းသိပေမယ့် ပြူးတူးပြဲတဲနဲ့ ဒန့်တန်တန် ပေါ့လေ..။
ဒါပေမယ့် ဇော်မှိုင်းခမျာ (မြန်မာလူကြမ်းဆိုတော့ သနားပါရဲ ့) နန္ဒာလှိုင်ရဲ့ လက်ကလေးလောက်ပဲ ကိုင်ရသေးတယ်..။ နန္ဒာလှိုင်က ချောင်ဂျိုချောင်ကြား ဝှက်ထားတဲ့ဓါးနဲ့ ကောက်ထိုးလိုက်တော့ ပရိတ်သတ်တွေက တဝါးဝါးနဲ့ ရီလိုက်ကြတာ တရုံလုံး သောသောကိုညံလို့..။ ဇော်မှိုင်းကြီး ဓါးဒဏ်ရာနဲ့ ဂစ်ဂစ်ဆိုပြီးသေသွားတာကို ကြည့်ပြီး ရယ်ကြတာတော့မဟုတ်ပါဘူး..။
ဇော်မှိုင်းက နန္ဒာလှိုင်လက်ကိုင်တဲ့အချိန် တရုံလုံး အသံမထွက် တိတ်ဆိတ်ပြီး ကြည့်နေတုံး ဓါးနဲ့ သမ ခံလိုက်ရတော့ ပရိတ်သတ်ထဲက တစ်ယောက်က ” သေပြီ ဆရာ ” လို့ ထအော် လိုက်တာမို့ အားလုံး ပတ်တုတ်မရဖြစ်ကုန်တာ..။
ဆိုတော့ အရည်းကြီးတွေရဲ့ ဆိုးချက်ကို ပုံဖော်ရမှာ အဲဒီ ပန်းဦးလွှတ်တယ်ဆိုတဲ့ ကိစ္စက တော်တော်လေးကို ရှေ့တန်းရောက်တာ တွေ့ရပါတယ်..။
အဲဒါနဲ့ ဒေါက်တာသန်းထွန်း အနေနဲ့ အဲဒီကိစ္စကို ဘယ်လိုများ မြင်သလဲလို့ မွှေနှောက်ရှာကြည့်တော့.. ”သန်းထွန်းရှစ်ဆယ်ပြည့် ” ဆိုတဲ့ စာအုပ် စာမျက်နှာ ၂၉၄ မှာ သူ့တပည့်တစ်ယောက်က ပြန်ရေးတဲ့ ”ကျွန်တော်ပြောချင်သမျှ ကျွန်တော့်ဆရာ(သန်းထွန်း) အကြောင်း ” ဆိုတဲ့ ဆောင်းပါးမှာ –
”အရည်းကြီး ဂိုဏ်းနဲ့ ပတ်သက်လို့ ဆရာ့(ဒေါက်တာသန်းထွန်း) ပြင်ဆင်ချက်က အစဉ်အလာ စကားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားတယ်။
ဆရာ့ပြင်ဆင်ချက်က –
၁) အရည်းကြီးဂိုဏ်းဟာ လူအများ ပြောသလောက်မဆိုး၊ အရညဝါသီတွေဖြစ်တယ်။
၂) အရည်းကြီးကို ဘယ်ပုဂံမင်းကမှ မနှိပ်ကွပ်။
၃) ”ပန်းဦးလွှတ်” တယ်ဆိုတဲ့ စကား ကျောက်စာမှာ မတွေ့ (the right of first wedding-night ဆိုတာ အလယ်ခေတ် ဥရောပတချို့နိုင်ငံတွေမှာတော့ ရှိတယ်။ )
၄) ပုဂံခေတ်နောက်ပိုင်းနဲ့ ပုဂံပျက်တဲ့အချိန်၊ စိုက်ပျိုးရေးနဲ့ ပြန်လည်ထူထောင်ရေးမှာ (အရည်းကြီးတွေဟာ) ခေါင်းဆောင်တွေဖြစ်တယ်။
၅) ဓမ္မစေတီခေါ် ရာမာဓိပတိလက်ထက် အေဒီ ၁၄၈၈ မှာ ရှင်ဘုရင်က အာဏာစက်နဲ့ အားပေးလို့ သီဟိုဠ်ပြန် ဘုန်းကြီးတွေ အနိုင်ရပြီး အရည်းကြီးတွေကို ချိုးချိုးဖဲ့ဖဲ့ ပြောကြတာ ဖြစ်တယ်။
၆) ဒါကြောင့် ၁၆ ရာစုနှစ်မှာ ရေးတဲ့ ရာဇဝင်တွေမှာ မလိုလားတဲ့ အရည်းကြီးတွေကို အင်မတန်အဆိုးဖြစ်အောင် ရေးကြတာ ဖြစ်တယ်။
၇) အရည်းကြီးတွေကို အပြစ်ပြောမယ်ဆိုရင် ပြောစရာတစ်ချက်ပဲရှိတယ်။ စိုက်ပျိုးဖို့ မြေယာတွေ ဝယ်ယူပြီးရင် ‘သေသားစားသောက်ပွဲ’ ကျင်းပတာပဲ။ တခြား အပြစ်ပြောစရာ ဘာမှ မတွေ့ရ။
လို့ ရေးထားတာကို လေ့လာတွေ့ရှိရပါတယ်..။
အရည်းကြီးအကြောင်းကို ဒေါက်တာသန်းထွန်းက အကိုးအကားအထောက်အထား အားကိုးနဲ့ အဲသလို ကောက်ချက်ချပါတယ်..။ လက်ခံတာ လက်မခံတာကတော့ .. သဘောပေါ့။
အရည်းကြီးတွေရဲ့ သဘောတရားရေးရာနဲ့ ပါတ်သက်ပြီး ဒေါက်တာသန်းထွန်းရဲ့ ခေတ်ဟောင်းမြန်မာရာဇဝင်စာအုပ် စာမျက်နှာ – ၃၀၃ မှာ အခုလို တစွန်းတစ တွေ့ရှိရပြန်ပါတယ်..။
” တောကျောင်းရဟန်းတို့ကို အထူးကျေးဇူးတင်ထိုက်သော အချက်တစ်ခု ရှိသေး၏။ မြန်မာတို့ မူလနေရာကို ခရိုန်၊ ထိုမှ ချဲ့ထွင်နေထိုင်ရာကို တိုက်ဟုရှိရာ ပုဂံပျက်လျှင် တိုက် အရပ်များ၌ မြေယာများစွာသည် ထွန်ယက်စိုက်ပျိုးရန် လူမရှိခြင်း၊ လူရှိပြန်လည်း လုံခြုံမှု မရှိခြင်းတို့ကြောင့် တောအတိပြန်၍ ဖြစ်ရသည်။ တိုင်းပြည် မည်သို့အခြေအနေရှိမည်ကို အေဒီ ၁၃၇၅ ခုနှစ်ထိုး ကျောက်စာ၏ အောက်ပါ ကောက်နှုတ်ချက်ဖြင့်သိသာပါသည်။ ”
((—– ကျောက်စာ ———— ))
”တစ်ခါမျှ စိုက်ပျိုးခြင်းမပြုဖူးသော တောမြေ သို့မဟုတ် မြေစိမ်းနှင့်တကွ စိုက်ပျိုးဖူးလျက် တောပြန်ဖြစ်သော တောမြေတို့ကို ယခုတောကျောင်း ရဟန်းတို့က သက်ဆိုင်ရာအာဏာပိုင်တို့ထံတွင် ငွေ၊ အစား၊အသောက်၊ အဝတ်ပေး၍ယူ ပြန်၍ ထွန်ယက်နိုင်အောင် ကြံစည်အားထုတ်ပေးခဲ့ကြ၏။ ဤအချက်ကား ပြည်ရွာ ငြိမ်းချမ်း၍ အစာရေစာပေါများလျက် စီးပွားရေးကုံလုံအောင် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးခြင်းဖြစ်သဖြင့် ယင်းတို့သည် အထူးကျေးဇူးတင်ထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ ထိုခေတ် အစိုးရဝါဒနှင့်လည်း ကိုက်ညီသည်။ ထင်ရှားသော သာဓကတစ်ခုကား –
((——– ကျောက်စာ ———- ))
”ဤကျောက်စာအတိုင်းဆိုလျှင် တောကျောင်း သံဃာတို့၏ ခေါင်းဆောင်တစ်ဦး၏ လုံ့လဖြင့် ဧက ၅၀၀ဝ ကျော်ခန့်ရှိသော မြေသည် စိုက်ပျိုး၍ရသော မြေဖြစ်လာသည့်အပြင် ထိုအခါက အုပ်ချုပ်ဆဲဖြစ်သော ဘုရင် (မိုဝ်ညင်သတိုဝ် ၁၄၂၆-၃၉) ကိုယ်တော်တိုင်လည်း တောမြေကို ထွင်ရာ၌ ပါဝင်ဆောင်ရွက်ခြင်းကို မှတ်သား ဂရုပြုဖွယ် တစ်ရပ်ဖြစ်ပါသည်။ ဤပုဂ္ဂိုလ်မျိုး၏ ကြိုးစားချက်နှင့် ကောက်ပဲစိုက်ရန် ဘုရင်၏အားပေးခြင်းတို့ကြောင့် ၁၅ ရာစု မြန်မာနိုင်ငံသည် ပြန်လည်နေသားတကျရှိ၍ စည်ကားရသည် ဆိုလျှင် တစ်နည်းအားဖြင့် မှန်ကန်နိုင်စရာ အကြောင်းရှိပါသည်။ ”
ခေတ်ဟောင်းမြန်မာရာဇဝင် စာမျက်နှာ ၂၈၉ မှာလဲ အခုလိုလေး တွေ့ရပြန်ပါတယ်..။
တစီးရှင် သီဟသူ လက်ထက်၌ ပင်းယမြို့တွင် သီလဝန်ဂုဏဝန် လဇ္ဇီပေသလ ရဟန်းသံဃာများစွာမရှိ- ပုဂံအရည်းကြီးတို့က ကြွင်းကျန်သော ရှင်ယောင် အရည်းကြီးတို့သာ များပြားစွာသတည်း ။
”-ဟူသော အရေးအသားတွင် ပုဂံခေတ်ဦး အရည်းကြီးကို နှိမ်နင်း၍ ကြွင်းကျန်သမျှတို့သည် ပုဂံပျက်သည့်အခါတွင်မှ တစ်ဖန် အထင်အရှား နေပြန်သည်ဟူသော သဘောကို ဆောင်သောကြောင့် ထိုအရေးသားမျိုးကို ကန့်ကွက်လိုပါသည်။
ယခုအခါ ရှာဖွေတွေ့ရှိထားသော အထောက်အထားများအရ အရည်းဆိုသူတို့ ပုဂံခေတ်ဦး၌ မရှိချေ။
ပုဂံခေတ်နှောင်း၌သာ ယင်းတို့ပေါ်ပေါက်လာ၍ ပုဂံပျက်သည့်နောက် ကာလအတန်ကြာအောင်ပင် တိုးတက်ကြီးပွား၍နေကြသည်မှာ အထင်အရှားဖြစ်ပါသည်။ အရည်းခေတ်၏ အပိုင်းအခြားကား အေဒီ ၁၂၀ဝ ခန့်မှ အေဒီ ၁၅၀ဝ ကျော်အထိ ဖြစ်သည်။ ”
ကဲ..လာမယ့် ၃၁ ရက်နေ့ ဒီလ-ဒီနှစ်ထဲမှာပဲ.. လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က သေဒဏ်ကျခံခဲ့ရတဲ့ ဆိုကရေးတီး ကိစ္စ ပြန်အစဖော်ပြီး.. သေဒဏ်ကျခံသင့်-မသင့် ပြန်စစ်မေးကြမတဲ့..။ လက်မှတ်ဝယ်ပြီး ကိုယ်တိုင်ဝင်ရောက်နားထောင်ချင်ရင် ဒီမှာ လင့်ဗျား..။
http://www.nationalhellenicmuseum.org/events/trial-socrates/
surmi
February 12, 2013 at 2:50 pm
ဘပု ပြောသလိုဆိုရင် ရွာထဲမှာ နတ်ကတော်ပဲကျန်တော့တယ်
သိုင်း အကြောင်းရေးမည် ့သူတော ့ တွေ ့ပြီ
:harr:
ရဲစည်
February 13, 2013 at 1:15 pm
အရီးကြီးရှိမရှိတော့ မသိဘူး ..
အရီးလတ်ကတော့ သေချာပေါက်ရှိတယ် အဲ့ဒါ အမှန်အကန်ဘဲ ..
သိုင်းလဲ တတ်တယ် မယုံရင် သွားရန်စကြည့်ကျဗျို့
:harr:
kyeemite
February 13, 2013 at 2:33 pm
အရီးလတ်ကိုအားကျတယ်ပြောတဲ့
အရီးလေး ဆိုတာလေးလည်းတွေ့ မိပါ့ ကရဲစီ :harr:
Thu Wai
February 13, 2013 at 2:37 pm
သူကြီးဝင်မန့်သွားတာ ပိုတောင် ဗဟုသုတရသွားတယ်။
ဦးဆာမိ ပြောသလို သိုင်းအကြောင်း ဆက်ရေးမှာမဟုတ်ပါဘူး ကျွန်တော်လဲ ကျွန်တော်မသိသေးတာလေးကို ဖေ့ဘွတ်မှာတွေ့လို့ Copy/Paste နဲ့ တင်လိုက်တာပါ။
ကိုရဲစည်ပြောသလိုဆိုရင်တော့ အရီးလတ် က ဂျက်ကီချန်းကားထဲမှာပါတယ်ထင်တယ်။