ငါဘာလုပ်ရမလဲ…..
မျက်စိမှိတ်စွန့်လွှတ်လိုက်တယ်…
အသစ်စက်စက် ပစ္စုပ္ပန်ကိုပေါ့…
တဒင်္ဂ အသက်ရှုဝ ခဲ့တာကိုမှ..
ငါက ဘဝ လို့ ထင်မှတ်ခဲ့တာ…
ကြက်ခြေခတ်တွေကို အတိတ်မှာ
ငါ အသုံးလွန်ခဲ့တယ်….
မလတ်ဆတ်နိုင်တဲ့ အနာဂတ်မှာ
ငါ့မာယာတွေ ဟန်ပျက်ပြိုလဲပေါ့…
အရာရာ အသစ်ကပြန်စဖို့မျှော်လင့်တတ်တာ…
ငါ့မွေးရာပါ အကျင့်တစ်ခု….၊
ကြက်ခြေခတ် အကြီးကြီးတစ်ခုကို..
ခြေမြန်လက်မြန် ရေးဆွဲပြီးမှ
နောင်တက ရင်ဘတ်ကို
မညှာမတာ ဝင်ဆောင့်တယ်…. ရှိစေတော့…၊
ရှေ့ကိုသွားရမှာလား..
နောက်ပြန်လှည့်ရမှာလား..
ရပ်နေတာနဲ့ကို…ငါ့အချိန်တွေတော်တော်..
လောင်ကျွမ်းနေပေါ့…
ကိုယ်ထင်ရာကိုယ်စိုင်းပြီးမှတော့..
ဆုံးဖြတ်ချက်လေးတစ်ခုကိုတောင်
ငါ မရဲဝံ့တော့ဘူး..
ကျေးဇူးပြုပြီး…
ငါ့မွေးရာပါ အကျင့်တစ်ခုကို…
မြှောက်စားပေးပါ…….။ ။
6 comments
P chogyi
February 16, 2013 at 4:16 pm
မောင်တင့်တယ်ရေ
ကျန်တဲ့နေရာဆိုရင် ပြသနာမရှိဘူး။
မီးပွိုင်မှာတော့ အဲဒီစိတ်နဲ့နေလို့မရဘူးကွယ်။
မောင်တင့် တယ်
February 16, 2013 at 4:35 pm
ဗျာ ဟုတ်ဟုတ် နောက်ဆိုလိုက်နာပါမယ်ခင်ဗျာ… :p
TheWinner
February 16, 2013 at 6:17 pm
ရှေ့သာရဲရဲဆက်သွားပါ။
Mr. MarGa
February 16, 2013 at 8:54 pm
ဘေးကို ခဏထွက်ထိုင်ပြီး တွေးလိုက်ပါဗျာ
အဲဒီနေရာမှာပဲ တွေးရင် အဖြေကို သိပ် မတွေ့နိုင်ဘူးဗျ
niki ta
February 16, 2013 at 10:28 pm
ဟုတ်ကဲ့ မြှောက်စားပေးပါ့မယ်…. 😉
မဟာရာဇာ အံစာတုံး
February 17, 2013 at 11:09 am
အရာရာ …
အစက ပြန်ရလို့ ရရင် ..
အရင်လို မျှော်လင့်ချက်နဲ့ …
ရှင်သန် .. အားမွေးလိုက်ချင် …
ဒီလိုမျိုး အဆုံးသတ်မှုကိုလည်း …
ကြိုပြီးတော့ … မသိချင် ….
ဘယ်တော့မှ မမေ့ဘူး .. ဘယ်တော့မှ .. မမေ့ဘူး …
ဟူးးးး ဟူးးးး ဟူးးးး