မညီမျှခြင်း အပို်င်းအစ (၁)
တိတ်တဆိတ် ဝင်ပြီး တိတ်တဆိတ်ပဲ ပြန်ထွက်သွားချင်တယ်
ငါ့ကြောင့် ဘယ်သူမှ ဒုက္ခမရောက်စေချင်သလို .. ဘယ်သူ့ကိုမှလည်း မခံစားစေချင်ဘူး..
ပျော်ရွှင်မှုတွေ ပေးနိုင်ပါ့မလားဆိုတာ မသေချာတော့.. ဝမ်းနည်းမှုတွေလည်း မထားခဲ့ချင်တော့ဘူး….
နောင်တနဲ့ မျက်ရည်တွေကို ငါမုန်းသလို .. စစ်ပွဲနဲ့ သွေးစက်တွေကိုလည်း မမြင်ချင်ဘူး..
ဟာ……ထည်ဝါလိုက်တဲ့ ခမ်းနားမှုတွေနဲ့ .. စိန်ရောင် ရွှေရောင်တွေလက်လို့…
မာနတွေ တလူလူနဲ့ …. ကြွားဝင့်နေတဲ့မျက်နှာတွေ…
စားစရာဆိုတာ ..သူတို့အတွက် အလျှံပယ်.. ထမင်းတစ်နပ်အတွက် ဘယ်တော့မှ မပူပင်ဖူးဘူး…
သိန်းရာချီအကုန်အကျခံပြီး စားပွဲသောက်ပွဲတွေနဲ့ သူတို့ရဲ့ ချမ်းသာမှုကို ဖော်ပြကြတယ်………
ဟော..ဟိုမှာ ကြည့်လိုက်ပါဦး… စာလောင်မွတ်သိပ်နေတဲ့ ကလေးငယ်တွေရဲ့ မျက်နှာတွေ…
သူတို့အတွက် နက်ဖြန်ခါ မပြောနဲ့ ဒီနေ့အတွက် ထမင်းတလုတ်တောင် အနိုင်နိုင်….
ဟင်.. ညမီးရောင်တွေ… အို … ငွေကြေးတွေနဲ့ အသွေးအသားလဲလှယ်မှုတွေ…
တစ်ချို့က မိသားစုဝမ်းဆာ အတွက် ၊ တစ်ချို့က ပျှော်ရွှင်မှုအတွက် ၊ တစ်ချို့က ဘဝကို ရေစုန်မျှောခြင်းအတွက်..
တစ်ချိုု့က ခေတ်ရေစီးကြောင်းရဲ့ ငွေကြေးလိုအပ် မှုတွေအတွက်…. သူတို့ အသွေးအသားတွေရောင်းကြတယ်…
တစ်ချို့က အာသာရမ္မက် အတွက် ၊ တစ်ချို့က ငွေကြေးသုံးဖြုံးနိုင်မှုအတွက် ၊ တစ်ချို့က ခဏတာ ပျော်ပါးမှုအတွက် ..
အသွေးအသားတွေ ဝယ်ယူကြတယ်…
အို.. ဒီမှာလည်း တစ်မျိုးပါလား.. လျှပ်ပေါ်လော်လီမှုတွေနဲ့ … ယမကာ ကြားက အကအခုန်တွေ…
ဟင် .. ဒါလူငယ်တွေရဲ့ လွတ်လပ်စွာ ပျော်ရွှင်မှုတဲ့လား…
ပေါင်လယ်လောက်တောင် မရှိတော့တဲ့ အတိုအပြတ်တွေနဲ့ ခေတ်သစ်လူရိုင်းခေတ်လား…
အို… စစ်ပွဲကြားက မျက်ရည်တွေ … သူတို့တွေအတွက် အနာဂတ်ဆိုတာ ပျောက်ဆုံးနေတယ်…
ကျောင်း.. ဟုတ်လား.. ကျောင်းတက်ဖို့ မပြောနဲ့ အသက်ရှင်ခြင်းတောင် ဒီနေ့နဲ့ မနက်ဖြန်မသေချာဘူး…
ဟင် .. ဟိုမှာ လူတွေ စုရုံးစုရုံးနဲ့ ဘာဖြစ်ကြတာလဲ ..
ဪ .. အကြီးအကဲကတော် ခေါင်းမူးလို့တဲ့…
ဒါလူချမ်းသာတွေရဲ့ ရောဂါလေ… အထူးကုမှာ သွားပြကြမှာပေါ့…
အို.. ဒဏ်ရာတွေနဲ့ လူနာတွေ.. ဆေး.. ဆေးဘယ်မှာလဲ… သူတို့အတွက် ဆေးဘယ်မှာလဲ…
ဆေးမရှိဘူး ဟုတ်လား.. ဆရာဝန်လဲ မရှိဘူး….
သူတို့ရဲ့ အပြင်ဒဏ်ရာတွေ ကုသပေးနိုင်ရင်တောင် … စိတ်ဒဏ်ရာတွေအတွက်…….
အား… ဘာတွေလဲ… သေချာတာကတော့…
ဒါလောကကြီးရဲ့ မညီမျှခြင်း မဟုတ်ရင် ..
လူသားတွေရဲ့ မညီမျှခြင်းပဲ….
ဒါမှမဟုတ် ငါ့ဦးနှောက်ရဲ့ မညီမျှခြင်း အပိုင်းအစတစ်ခု……..
13 comments
မောင်တင့် တယ်
February 16, 2013 at 2:55 pm
ကောင်းပါတယ်ဗျာ…ဒီနေ့ခေတ်နဲ့..လုံးဝ အကိုက်ပဲ..
အခုလည်းအားပေးခဲ့ပြီး..
နောက်လည်းအားပေးပါဦးမည်ဖြစ်ကြောင်း…
niki ta
February 17, 2013 at 10:16 am
အားပေးတာ ကျေးဇူးတင်ပါတယ်… နောင်လည်း ဆက်လက်အားပေးပါဦး….
ကိုရင်စည်သူ
February 16, 2013 at 5:43 pm
ကိုယ့်ဟာ့ကိုယ်ပဲ အဲ့ထဲမဝင်သွားအောင်
ဂရုစိုက်ပါ.. ဒေါ်နီကီရေ…
စကားမစပ် မိုက်ကယ်ကိုရင်ကော နေကောင်းရဲ့လားဗျ… 😆
niki ta
February 17, 2013 at 10:14 am
မိုက်ကယ်ကိုရင် အရေးပေါ်ခန်းထဲရောက်နေတယ်…
[ဟိုနေ့က ပြောမရ၊ ဆိုမရဖြစ်နေလို့ သေနတ်နဲ့ နှစ်ချက်ပစ်ပြီး စံနက်တံလေးပဲ မီးရှို့လိုက်တဲ့ဟာကို.. သူက ခုတော့ အရေးပေါ်ခန်းမှာ သွားအနားယူနေတယ်… ] 🙂 🙂
မောင်ပေ
February 16, 2013 at 7:14 pm
နီကီတာ ဆိုတော့
အပေါ်က ကရင်စည်ရဲ ့ ရင်ခုန်သံလေးများလားလို ့
နာမည်ချင်း ဆင်လို ့ပါ
niki ta
February 16, 2013 at 7:19 pm
ဟုတ်… ကျန်းမာရေး အခြေနေကြောင့် အလုပ်တွေ ၊ အင်တာနက် သုံးတာတွေ ရပ်ထားတာလေ
ခုမှ ပြန်သုံးဖြစ်တာ…
ကိုပေကြီးရော.. နေကောင်းပါစ…
TheWinner
February 16, 2013 at 8:59 pm
အမရယ် ၊ လောက -ပတ်ဝန်ကျင်မှာ မညီမျှခြင်းတွေက အမစာဖွဲ့လို့ ကုန်နိုင်ပါ့မလားဟင်။
niki ta
February 16, 2013 at 9:35 pm
စာဖွဲ့လို့ မကုန်နိုင်လောက်အောင် များလွန်းလို့ အပိုင်းတွေတောင် ခွဲထားရတာပေါ့ ကွယ်…. 🙁
padonmar
February 16, 2013 at 11:10 pm
ကိုရင်တော့ နောက်ဆို နျူးဘာဂိုဏ်းက ထွက်ရတော့မှာပေါ့။
တကျော့ပြန် နီကီတာလေးရဲ့ အပိုင်း(၂) မျျော်နေပါ့မယ်။
niki ta
February 17, 2013 at 10:08 am
အားပေးတာ ကျေးဇူးတင်ပါတယ်…
အခုလည်း ကိုရင်ရဲ့ နျူးဘာဂိုဏ်းအမှုကို ခြေရာခံဖို့ ပြန်ရောက်လာတာ… ဟဲ..ဟဲ..
မဟာရာဇာ အံစာတုံး
February 17, 2013 at 9:05 am
နီကီတာ ဆိုမှ …
ဟိုဇာတ်ကား သွားသတိရမိတယ် ….
အဲဒီဇာတ်ကား အပိုင်း အရှည်ကြီးပဲ ….
အခု နီကီတာ ကတော့ အပိုင်း ၁ ပေါ့နော် …
အားပေးသွားပါတယ်ဗျာ …
niki ta
February 17, 2013 at 10:11 am
ဟိုဇာတ်ကားဆိုတာ ဘယ်ဇာတ်ကားလဲ ဟင်…
အခုက နီကီတာ အပိုင်း ၁ မဟုတ်ပါဘူး.. မညီမျှခြင်း အပိုင်း ၁ ပါ… 😉
အားပေးတာ ကျေးဇူးတင်ပါတယ်…. 🙂
kyeemite
February 18, 2013 at 11:49 am
အဲဒီမညီမျှချင်းတွေကို…ညီအောင်လုပ်လို့တော့မရနိုင်ပေဘူး..
မညီမျှခြင်း ကွာဟမှု့နဲနိုင်သမျှနဲအောင်ပဲ ကျိုးစားသွားရမှာပါ…