အချစ်တဲ့………….. အချစ်ဆိုတာကို လူတွေက အမျိုးမျိုး ပြောကြတယ်..။ အမျိုးမျိုးဖွင့်ဆိုခဲ့ကြတယ်..။ သူ့ကို မချစ်ခင်က အချစ်ဆိုတာ အဲလောက်နက်နဲတဲ့ အရာဆိုတာ မသိခဲ့ဘူး..။ တကယ်တမ်းအချစ်ဆိုတာ ဖော်ပြစရာစာလုံးတောင် ရှာမရတော့သလိုပဲ..။ ကျွန်မတို့ အတူတူ ငိုခဲ့ဖူးသလို…..အတူတူ ရယ်ခဲ့ဖူးတယ်..။ အတူတူရှုံးနိမ့်ခဲ့ဖူးသလို အတူူတူအနို်င်ယူခဲ့ဖူးတယ်…။ အတူတူ မျှော်လင့်ဖူးသလို… အတူတူ ပျောက်ဆုံးဖူးတယ်..။ ကျွန်မတို့နှစ်ယောက်ရဲ့ အချစ်ကို လက်ခံပုံတွေမတူဘူး။ ကျွန်မက စိတ်ကူးယဉ်ဆန်တယ်..။ သူက လက်တွေ့ဆန်တယ်..။ ကျွန်မက အချစ်ကို စိတ်ကူးပြီး ပုံဖော်တယ်..။ သူက လက်တွေ့ ပုံဖော်တယ်…။ ကျွန်မရဲ့ စိတ်ကူးမျှော်လင့်မှုတွေ ဖြစ်မလာတဲ့ အခါ ဝမ်းနည်းတယ် .. အားငယ်တယ်…။ သူရဲ့ လက်တွေ့ဆန်မှုတွေကို ကျွန်မ မစွမ်းဆောင်နိုင်တဲ့ အခါ သူ .. ဒေါသထွက်တယ်.. ပေါက်ကွဲတယ်…။ […]