၂၁ ရာစု နေထိုင်မှု
Welcome to the 21st Century Where:
Our phones — wireless!
Cooking — fireless!
Cars — keyless!
Food — fatless!
Dress — sleeveless !
Youth — jobless!
Leaders — shameless!
Relationships — meaningless!
Attitude — careless!
Wives — fearless!
Feelings — heartless!
Education — valueless!
Children– mannerless !
But still, Our Hopes are — Endless.
Infact, I am speechless!!!
ဒါ Jokes ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာတဲ့ မေးလ်လေးတစ်ခုပါ … ။
Our phones — wireless!
Cooking — fireless!
Cars — keyless!
Food — fatless!
ဒီအချက်တွေက ကောင်းသော အချက်တွေ ဖြစ်ပေမယ့် ကျန်တာတွေကတော့ မကောင်းသော အချက်တွေလို့ ထင်ရတယ်။။
Education — valueless!
တဲ့ … ဟုတ်ပါတယ် ..။ ဘွဲ့ ရတွေ များအောင် ဆိုပြီး ဖောဖောသီသီအောင်ပေး.. ဘွဲ့တွေ ထုတ်ပေးနေပေမယ့် ဘွဲ့ရတိုင်း ပညာတက်တွေမှ
မဟုတ်တော့တာ….
အိမ်က အမေကတော့ ခဏခဏ ပြောလေရဲ့… သမီးရေ.. အမေတို့ ခေတ်တုန်းက တက္ကသိုလ်ဆိုတာ အရမ်းပျော်စရာကောင်းတာ တဲ့
လူငယ်တိုင်းကလည်း တက္ကသိုလ်ကျောင်းသားဆို အထင်ကြီးကြတယ်။။ ဖြစ်ချင်ကြတယ် .. ။ ကြိုးစား ကြတယ်တဲ့….။
အမေရေ…
သမီးတို့ ခေတ်မှာတော့ တက္ကသိုလ်ဆိုတာ ပျော်စရာ နေရာ တစ်ခုမဟုတ်ပါဘူး အမေ…။ မဲဇာ အရပ်ကို စေလွှတ်ခံလိုက်ရသလိုပါပဲ ။။
အမေတို့ ခေတ်တုန်းကလို ၁၀ဝ မှာ ရ ၊ ၈ ဆိုတဲ့ အောင်ချက်တွေလည်း မဟုတ်တော့ပါဘူး… ။ ၁၀ဝ ဖြေရင် ၉၉ လောက်တော့ အောင်နိုင်ကြတယ် အမေ…။
သမီးတို့ ရဲ့ တက္ကသိုလ်ကျောင်းကြီးလား အမေ… ။ လူကြီးသားသမီးတွေ လာတက်ပါစေလို့ ထိုင်ဆုတောင်းနေရမယ်… ။ ဒါမှ လမ်းတွေ ပြင်ပေးပြီး
ကျောင်းဆောင် အသစ်တွေ ဆောက်ပေးကြမှာလေ….။
တက္ကသိုလ်ကျောင်းသားဆို အထင်ကြီးကြတယ်တဲ့ .. ။ဟုတ်လား အမေ..။ ဒီမှာတော့ မျက်စိမှိတ်ပြီး လမ်းလျှောက်လို့ ဝင်တိုးမိရင်တောင် ၁ဝ ယောက်မှာ ၈
ယောက်က တက္ကသိုလ်ကျောင်းသားတွေ အမေ..။ လေးစား အထင်ကြီးရမယ် .. ဟုတ်လား အမေ..။ အဲဒီတောခေါင်ခေါင်က တက္ကသိုလ် ကျောင်းကြီးတွေရဲ့
ဘေးမှာ ထန်းရည်ဆိုင်တွေ ၊ ဖဲဝိုင်းတွေ ပြည့်နေလေရဲ့….။ ဒါကတော့ ဘယ်သူ့ အပြစ်လို့ ဆိုရမလဲ မသိဘူး ..။ အမေတို့ ခေတ်တုန်းကလို အဆောင်နေ
ကျောင်းသားတွေ ရဲ့ ဘဝ ၊ အင်းလျားကန်ဘောင် ၊ သစ်ပုတ်ပင် ဆိုတာ တွေ မရှိဘူး အမေ..။ လွင်တီးခေါင်ပြင် နဲ့ နေရောင်ပူပူ ကိုပဲ တွေ့ရမယ်။။။
….လို့ သာပြောလိုက်ချင်ပေရဲ့….။
အစကောင်းမှ အနှောင်းသေချာတဲ့… ကျောင်းအားရက် … အနီးအနားက မူလတန်းကျောင်းမှာ ဆရာမတစ်ယောက်ဆေးခွင့်ယူထားလို့ လုပ်အားပေးသုံးလ
ဝင်လုပ်လိုက်ပါရဲ့ …. ၂ တန်း ကို အတန်းပိုင် လုပ်ခိုင်းပြီး ၄ တန်းတွေကို အချိန်ပိုင်း ဝင်သင်ခိုင်းတယ်… ။ ၄ တန်းကျောင်းသားတွေ ကကြီး ကနေ အ အထိ
ရေးတက်ဖို့ နေနေသာသာ..။ အလွတ်တောင် ဖြောင့်အောင် မဆိုနိုင်ဘူး…. ။ ဒါ တိုင်းပြည် ရဲ့ အနာဂတ်တွေလေ… ။ ယနေ့ လူငယ် နောင်ဝယ် လူကြီး တဲ့…။
Youth — jobless!
ဒီလောက် ဘွဲ့ရတွေ များနေမျတော့.. အလုပ်လက်မဲ့ တွေ တောင်လိုရာလိုပုံလာပြီပေါ့… ။ သူတို့ လိုအပ်တဲ့ အလုပ် ၊ သင့်တော် တဲ့ အရာတွေ အတွက်ရော..
အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလို့လား…။
Children– mannerless ! တဲ့ …
ဒီနေ့ ခေတ်ကလေးတွေ သိလွယ် ၊ တတ်လွယ် ၊ သင်ယူလွယ်တယ်တဲ့ ..။ ဒါပေမယ့် သူတို့ သိလွယ် ၊ တတ်လွယ်နေတာတွေက အတတ်ကောင်းတွေမှ
ဟုတ်ပါလေစ…။ ငယ်ငယ်တုန်းက သင်ယူဖူးတဲ့ အရာလေးတစ်ခု…။ လူကြီးမိဘ ၊ မိမိထက်အသက်ရွယ်ကြီးသူတွေ ရှေ့က ဖြတ်လျှောက်ရင်
ခေါင်းငုံ့လျှောက်ရမယ်တဲ့…။ ခုခေတ်ကလေးတွေ သိပါလေစ…။
Relationships — meaningless!
ဒီခေတ်မှာ အပေါင်းအသင်း သူငယ်ချင်းဆိုတာ အသုံးချခံပစ္စည်းတစ်ခု ဖြစ်လာပြီ။ ကိုင်နေတဲ့ ph တစ်လုံး ၊ Computer တစ်လုံးလောက်တောင် သင်တို့ရဲ့
သူငယ်ချင်းတွေကို သံယောဇဉ် ရှိကြရဲ့လား…။
Feelings — heartless!
တဲ့……….
ဒါကတော့.. အားလုံးသိကြမှာပါ.. တစ်ယောက်ဆို တစ်ယောက် ၊ ပိတောက်ဆို ပိတောက် ခေတ်မဟုတ်တော့ သလို … ၊ မိသားစုတွေတောင် ထမင်းလက်ဆုံ
စားဖြစ်ကြရဲ့လားလို့…။
ဒါက ၂၁ ရာစုရဲ့ အသက်ရှင် နေထိုင် မှုပါပဲ….။
3 comments
မောင်ပေ
February 17, 2013 at 7:56 pm
ပြောရက်လိုက်တာ နီကီတာလေးရယ်
အက်ဒျူကေးရှင်း ကို ဗဲလူးလက် လို ့
ဒီနေ ့ လက်ရှိ 2013 2လပိုင်း နဲ ့ပဲ ဥပမာ ပြောရရင်
တစ်လကို သိန်းဂဏန်းရှိတဲ့ အင်တာနေရှင်နယ် မူကြို
တစ်လကို သိန်းဆယ်ချီတဲ့ ဂရိတ် 1 တူ ဘယ်လောက်လဲ မသိ
အန်းထရန် ့စာမေးပွဲအတွက် သွင်းရမယ့် ဒေါ်လာ
နိုင်ငံခြားထွက်ဖို ့သံရုံးဝင်ဖို ့ ပေးရမယ် စရိတ်စကတွေ
လင်ပျံ ဖိုး
ိဟိုရောက်ရင် နေဖို ့ အဆောင်ဖိုး
ကျောင်းတက်စဉ် ကာလတွင်းအတွက် စရိတ်အထွေထွေ + ကျောင်းလခ
သိန်းပေါင်း ၃ထောင်ကျော်လောက်တော့ ရှိမယ် ထင်ပါတယ်
အဲဒါပြီးရင်တော့ အင်တာနေရှင်နယ် အသိအမှတ်ပြု ၊ လခစား အလုပ် လုပ်လို ့ရပါပြီ
ဒန် တန်း တန်
Mobile
February 18, 2013 at 3:39 am
လက်စွမ်းပြမှုလေးကောင်းပါ၏ ပို့စ်ပိုင်ရှင်ရေ……
ဘာမှအထွေအထူးတော့ကာ ပြောမနေလိုဒေါ့ပါဘူး…….
Mr. MarGa
February 18, 2013 at 9:13 pm
အင်းးးးးးးးးးးးးးး
မကောင်းတာတွေကို ကောင်းတာနဲ့ ဖြည့်လို့ ရှေ့ဆက်သွားကြတာပေါ့ဗျာ
ဒီအချိန်မှာမှ မပြင်ခဲ့ မဖြည့်ခဲ့ရင် ဒီထက်သာ ဆိုးဖို့ ရှိနေတာကိုးးးးးးးးးးး